Windows 10’s Next Update Will Make Your PC Faster

<Zawgyi>

Update အသစ္တြင္ပိုမိုျမန္ဆန္လာမည့္ Windows 10 PC မာ်း

၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွာ Microsoft က Spectre flaw လို႔ ေခၚတဲ့ လုံၿခဳံေရးဆိုင္ရာ ယိုေပါက္ေတြကို ဖာေထးႏိုင္ခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ သုံးခဲ့တဲ့ patch က ကြၽန္ေတာ္တို႔ Windows PC ေတြကို သိသိသာသာေႏွးသြားေစခဲ့ပါတယ္။ အထူးသျဖင့္ ၂၀၁၅ ခုႏွစ္ မတိုင္ခင္ထြက္ခဲ့တဲ့ PC ေတြမွာ ပိုဆိုးပါတယ္။ အခုအခ်ိန္မွာေတာ့ Microsoft ရဲ႕ Windows 10 အတြက္ ထြက္ရွိလာမယ့္ update အသစ္မွာ Windows 10 ကို ေႏွးသြားေစတဲ့ အားနည္းခ်က္ေတြကို ျပင္ဆင္ထားတဲ့အတြက္ ပိုၿပီး ျမန္ဆန္လာေတာ့မယ္လို႔ ဆိုပါတယ္။

ဒီျပင္ဆင္မႈကို Windows 10 version 19H1 မွာ ထည့္ေပးထားမွာျဖစ္ၿပီး ေလာေလာဆယ္မွာေတာ့ ႀကိဳးစားတဲ့အဆင့္မွာပဲ ရွိေနပါေသးတယ္။ Window insider program မွာ ပါဝင္ထားတဲ့သူေတြအေနနဲ႔ unstable version ကို download ဆြဲလို႔ရေနပါၿပီ။ Official stable release ကိုေတာ့ ၂၀၁၉ ခုႏွစ္ ဧၿပီလမွာ ထုတ္ေပးမယ္လို႔ သိရပါတယ္။

ဒီသတင္းကို Microsoft ရဲ႕ Windows kernel team မွာ အလုပ္လုပ္တဲ့ Mehmet Iyigun ဆိုတဲ့သူ ဆီကသိရတာပါ။ သူ႔ရဲ႕ twitter account မွာ Microsoft ဟာ 19H1 update မွာ slow down ျဖစ္ေနတာကို အဆုံးသတ္ႏိုင္ခဲ့ၿပီလို႔ဆိုထားပါတယ္။

လုံၿခဳံေရးပိုင္းဆိုင္ရာ သုေတသနျပဳလုပ္သူတစ္ဦးျဖစ္တဲ့ Alex lonescu ကလည္း file အေသးေလးေတြကို အေရအတြက္အမ်ားႀကီးကူးတဲ့ေနရာမွာ သိသိသာသာကိုျမန္လာတယ္လို႔ သူ႔ရဲ႕ twitter account မွာတင္ထားပါတယ္။ အရင္ patch ေတြမွာ small file ေတြကိုကူးရင္ 23% ေလာက္ ပိုေႏွးေပမဲ့ အခု update အသစ္မွာေတာ့ အဆင္ေျပသြားပါၿပီ။

ကိုယ္က Windows 7 ကို အခုထိ သုံးေနေသးတယ္ဆိုရင္ အခုအခ်ိန္မွာ Windows 10 ကို ေျပာင္းသင့္ေနပါၿပီ။ ဘာေၾကာင့္လည္းဆိုရင္ အခုလို ေႏွးသြားတဲ့ ျပႆနာက Windows 7 နဲ႔ 8 မွာလည္း ရွိခဲ့ေပမဲ့ Windows 10 အတြက္ကိုပဲ ျပင္ဆင္ေပးထားတာေၾကာင့္ပါ။ Generation ျမင့္တဲ့စက္ေတြမွာေတာ့ ပိုျမန္သြားတယ္ဆိုတာ အရမ္းႀကီးသိသာမွာမဟုတ္ေပမဲ့ 2015 မတိုင္ခင္ထြက္ခဲ့တဲ့ စက္ေတြအတြက္ကေတာ့ တကယ္ကို သတင္းေကာင္းျဖစ္လို႔ မွ်ေဝေပးလိုက္ပါတယ္။

Ref: Windows 10’s Next Update Will Make Your PC Faster, Thanks to Better Spectre Fixes

<Unicode>

Update အသစ်တွင်ပိုမိုမြန်ဆန်လာမည့် Windows 10 PC မာျး

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ Microsoft က Spectre flaw လို့ ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ယိုပေါက်တွေကို ဖာထေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သုံးခဲ့တဲ့ patch က ကျွန်တော်တို့ Windows PC တွေကို သိသိသာသာနှေးသွားစေခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် မတိုင်ခင်ထွက်ခဲ့တဲ့ PC တွေမှာ ပိုဆိုးပါတယ်။ အခုအချိန်မှာတော့ Microsoft ရဲ့ Windows 10 အတွက် ထွက်ရှိလာမယ့် update အသစ်မှာ Windows 10 ကို နှေးသွားစေတဲ့ အားနည်းချက်တွေကို ပြင်ဆင်ထားတဲ့အတွက် ပိုပြီး မြန်ဆန်လာတော့မယ်လို့ ဆိုပါတယ်။

ဒီပြင်ဆင်မှုကို Windows 10 version 19H1 မှာ ထည့်ပေးထားမှာဖြစ်ပြီး လောလောဆယ်မှာတော့ ကြိုးစားတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ Window insider program မှာ ပါဝင်ထားတဲ့သူတွေအနေနဲ့ unstable version ကို download ဆွဲလို့ရနေပါပြီ။ Official stable release ကိုတော့ ၂၀၁၉ ခုနှစ် ဧပြီလမှာ ထုတ်ပေးမယ်လို့ သိရပါတယ်။

ဒီသတင်းကို Microsoft ရဲ့ Windows kernel team မှာ အလုပ်လုပ်တဲ့ Mehmet Iyigun ဆိုတဲ့သူ ဆီကသိရတာပါ။ သူ့ရဲ့ twitter account မှာ Microsoft ဟာ 19H1 update မှာ slow down ဖြစ်နေတာကို အဆုံးသတ်နိုင်ခဲ့ပြီလို့ဆိုထားပါတယ်။

လုံခြုံရေးပိုင်းဆိုင်ရာ သုတေသနပြုလုပ်သူတစ်ဦးဖြစ်တဲ့ Alex lonescu ကလည်း file အသေးလေးတွေကို အရေအတွက်အများကြီးကူးတဲ့နေရာမှာ သိသိသာသာကိုမြန်လာတယ်လို့ သူ့ရဲ့ twitter account မှာတင်ထားပါတယ်။ အရင် patch တွေမှာ small file တွေကိုကူးရင် 23% လောက် ပိုနှေးပေမဲ့ အခု update အသစ်မှာတော့ အဆင်ပြေသွားပါပြီ။

ကိုယ်က Windows 7 ကို အခုထိ သုံးနေသေးတယ်ဆိုရင် အခုအချိန်မှာ Windows 10 ကို ပြောင်းသင့်နေပါပြီ။ ဘာကြောင့်လည်းဆိုရင် အခုလို နှေးသွားတဲ့ ပြဿနာက Windows 7 နဲ့ 8 မှာလည်း ရှိခဲ့ပေမဲ့ Windows 10 အတွက်ကိုပဲ ပြင်ဆင်ပေးထားတာကြောင့်ပါ။ Generation မြင့်တဲ့စက်တွေမှာတော့ ပိုမြန်သွားတယ်ဆိုတာ အရမ်းကြီးသိသာမှာမဟုတ်ပေမဲ့ 2015 မတိုင်ခင်ထွက်ခဲ့တဲ့ စက်တွေအတွက်ကတော့ တကယ်ကို သတင်းကောင်းဖြစ်လို့ မျှဝေပေးလိုက်ပါတယ်။

Ref: Windows 10’s Next Update Will Make Your PC Faster, Thanks to Better Spectre Fixes