Window Insider builds and Green Screen of Death

<Zawgyi>
.
Window insider builds and Green Screen of Death
.
Windows 10 သုံးေနတဲ့သူေတြဆိုရင္ Blue Screen of Death (BSOD) လို႔ေခၚတဲ့ အျပာေရာင္ေနာက္ခံႀကီး ေပၚလာၿပီး စက္က restart က်သြားတာကို တစ္ႀကိမ္မဟုတ္ တစ္ႀကိမ္ေတာ့ ႀကဳံဖူးရင္ ႀကဳံဖူးၾကမွာပါ။ ဒါေပမဲ့ အျပာေရာင္မဟုတ္တဲ့ အစိမ္းေရာင္ Green Screen of Death ကို ႀကဳံဖူးတဲ့သူကေတာ့ ေတာ္ေတာ္ရွားလိမ့္မယ္ထင္ပါတယ္။
.
ဘာေၾကာင့္လဲဆိုရင္ Green Screen of Death က Windows Insider Preview version ကို သုံးတဲ့သူေတြမွာပဲ ေပၚတာေၾကာင့္မို႔လို႔ပါ။ အေရာင္က အစိမ္းေရာင္ျဖစ္သြားတာကလြဲရင္ ျဖစ္ရတဲ့အေၾကာင္းအရင္းေတြရယ္ ေပၚတဲ့ error message ရယ္က အတူတူပါပဲ။ တစ္နည္းအားျဖင့္ ႐ိုး႐ိုး Windows 10 မွာ BOSD ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြက Windows 10 Insider version မွာဆိုရင္ Green Screen of Death ကို ျဖစ္ေစမွာ ျဖစ္ပါတယ္။
.
အစိမ္းေရာင္ဆိုတာက မတည္ၿငိမ္ေသးတဲ့ developer build ေတြကို ရည္ၫႊန္းပါတယ္။ Window Insider Build ဆိုတာ public ကို ထုတ္မေပးေသးတဲ့ feature ေတြကို အရင္ အစမ္းသုံးလို႔ရတဲ့ Window Developer version ျဖစ္ပါတယ္။ ဒါေၾကာင့္ Insider Build ေတြမွာ error ေတြ bug ေတြ ပါဝင္ေနတတ္ၿပီး Green Screen of Death တို႔လို error မ်ိဳးေတြ မၾကာခဏ ျဖစ္တတ္ပါတယ္။ Insider Build ကို အစမ္းသုံးေနတဲ့သူေတြက error ေတြ ေတြ႕တဲ့အခါ Microsoft ဆီကို အသိေပးပါတယ္။ အဲဒီ error ေတြကို Microsoft က အကုန္ျပင္ဆင္ၿပီးၿပီဆိုမွ ကြၽန္ေတာ္တို႔ သုံးေနတဲ့ stable update ေတြကို ထုတ္ေပးတာျဖစ္ပါတယ္။

Windows Insider Build ေတြကို လူတိုင္း လြယ္လြယ္ကူကူပဲ ရႏိုင္ပါတယ္။ Search bar မွာ Windows Insider လို႔႐ိုက္လိုက္ရင္ get insider preview ဆိုၿပီး Microsoft account ဝင္တဲ့ေနရာေပၚလာမွာျဖစ္ၿပီး သူျပထားတဲ့ လမ္းၫႊန္ခ်က္ေတြအတိုင္း လုပ္တာနဲ႔ ေနာက္ update ေပးတဲ့အခါမွာ Windows Insider built အျဖစ္ ရရွိမွာျဖစ္ပါတယ္။ Window Insider program ကေန normal built ကို ျပန္ဆင္းဖို႔ကေတာ့ ခက္ပါတယ္။ တစ္ခါတေလ Windows ျပန္တင္ရတာမ်ိဳးရွိႏိုင္ပါတယ္။
.
Windows Insider built ေတြရဲ႕ ေကာင္းကြက္ကေတာ Microsoft ကထုတ္ေပးတဲ့ features အသစ္ေတြ ကို ပထမဆုံးစမ္းသပ္ၿပီး သုံးႏိုင္တဲ့အခ်က္ပါ။ ဒါ့အျပင္ error ေတြ bug ေတြကို feedback ျပန္ေပးၿပီး သူမ်ားေတြအတြက္ အက်ိဳးျပဳႏိုင္ပါေသးတယ္။ တကယ္လို႔ ကိုယ္က နည္းပညာနဲ႔ရင္းႏွီးၿပီး အထိုက္အေလာ်က္ ကြၽမ္းက်င္တယ္ဆိုရင္ေတာ့ Windows Insider built ေတြကိုစမ္းသပ္ၾကည့္သင့္ပါတယ္။ သာမန္ user ေတြအေနနဲ႔ေတာ့ stable မျဖစ္ေသးတဲ့ Windows Insider built ကို သုံးဖို႔ အႀကံမျပဳခ်င္ပါဘူး။
.

.
<Unicode>
.
Windows Insider builds and Green Screen of Death
.
Windows 10 သုံးနေတဲ့သူတွေဆိုရင် Blue Screen of Death (BSOD) လို့ခေါ်တဲ့ အပြာရောင်နောက်ခံကြီး ပေါ်လာပြီး စက်က restart ကျသွားတာကို တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ကြုံဖူးရင် ကြုံဖူးကြမှာပါ။ ဒါပေမဲ့ အပြာရောင်မဟုတ်တဲ့ အစိမ်းရောင် Green Screen of Death ကို ကြုံဖူးတဲ့သူကတော့ တော်တော်ရှားလိမ့်မယ်ထင်ပါတယ်။
.
ဘာကြောင့်လဲဆိုရင် Green Screen of Death က Windows Insider Preview version ကို သုံးတဲ့သူတွေမှာပဲ ပေါ်တာကြောင့်မို့လို့ပါ။ အရောင်က အစိမ်းရောင်ဖြစ်သွားတာကလွဲရင် ဖြစ်ရတဲ့အကြောင်းအရင်းတွေရယ် ပေါ်တဲ့ error message ရယ်က အတူတူပါပဲ။ တစ်နည်းအားဖြင့် ရိုးရိုး Windows 10 မှာ BOSD ဖြစ်စေတဲ့ အကြောင်းအရင်းတွေက Windows 10 Insider version မှာဆိုရင် Green Screen of Death ကို ဖြစ်စေမှာ ဖြစ်ပါတယ်။
.
အစိမ်းရောင်ဆိုတာက မတည်ငြိမ်သေးတဲ့ developer build တွေကို ရည်ညွှန်းပါတယ်။ Window Insider Build ဆိုတာ public ကို ထုတ်မပေးသေးတဲ့ feature တွေကို အရင် အစမ်းသုံးလို့ရတဲ့ Window Developer version ဖြစ်ပါတယ်။ ဒါကြောင့် Insider Build တွေမှာ error တွေ bug တွေ ပါဝင်နေတတ်ပြီး Green Screen of Death တို့လို error မျိုးတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ Insider Build ကို အစမ်းသုံးနေတဲ့သူတွေက error တွေ တွေ့တဲ့အခါ Microsoft ဆီကို အသိပေးပါတယ်။ အဲဒီ error တွေကို Microsoft က အကုန်ပြင်ဆင်ပြီးပြီဆိုမှ ကျွန်တော်တို့ သုံးနေတဲ့ stable update တွေကို ထုတ်ပေးတာဖြစ်ပါတယ်။
.
Windows Insider Build တွေကို လူတိုင်း လွယ်လွယ်ကူကူပဲ ရနိုင်ပါတယ်။ Search bar မှာ Windows Insider လို့ရိုက်လိုက်ရင် get insider preview ဆိုပြီး Microsoft account ဝင်တဲ့နေရာပေါ်လာမှာဖြစ်ပြီး သူပြထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း လုပ်တာနဲ့ နောက် update ပေးတဲ့အခါမှာ Windows Insider built အဖြစ် ရရှိမှာဖြစ်ပါတယ်။ Window Insider program ကနေ normal built ကို ပြန်ဆင်းဖို့ကတော့ ခက်ပါတယ်။ တစ်ခါတလေ Windows ပြန်တင်ရတာမျိုးရှိနိုင်ပါတယ်။
.
Windows Insider built တွေရဲ့ ကောင်းကွက်ကတော Microsoft ကထုတ်ပေးတဲ့ features အသစ်တွေ ကို ပထမဆုံးစမ်းသပ်ပြီး သုံးနိုင်တဲ့အချက်ပါ။ ဒါ့အပြင် error တွေ bug တွေကို feedback ပြန်ပေးပြီး သူများတွေအတွက် အကျိုးပြုနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ်က နည်းပညာနဲ့ရင်းနှီးပြီး အထိုက်အလောျက် ကျွမ်းကျင်တယ်ဆိုရင်တော့ Windows Insider built တွေကိုစမ်းသပ်ကြည့်သင့်ပါတယ်။ သာမန် user တွေအနေနဲ့တော့ stable မဖြစ်သေးတဲ့ Windows Insider built ကို သုံးဖို့ အကြံမပြုချင်ပါဘူး။
.