Useful Chrome Extensions

Chrome မွာအသုံး၀င္တဲ့ extensions မ်ား
.
ဖုန္းထဲမွာျဖစ္ျဖစ္ PC ၊ Laptop ေတြထဲမွာျဖစ္ျဖစ္ Chrome browser ဟာလူအသုံးအမ်ားဆုံးနဲ႔၊ အေကာင္းဆုံး browser တစ္ခုပါ။ ျမန္ဆန္တဲ့ browsing speed, ရွင္းလင္းတဲ့ user interface ေတြအျပင္ user ေတြအတြက္အရမ္းအသုံးဝင္တဲ့ extension ပါဝင္တာေၾကာင့္မလို႔လည္း ေတာ္ေတာ္ေလးလူႀကိဳက္မ်ားပါတယ္။  ဒီတစ္ေခါက္ article ေလးကေတာ့ PC ဒါမွမဟုတ္ Laptop မွာ browser အသုံးျပဳသူေတြအတြက္ အသုံးဝင္ေစမယ့္ Chrome extensions ေတြအေၾကာင္းကို ေျပာျပေပးမွာပဲျဖစ္ပါတယ္။ ခုေျပာသြားမယ့္ extension ေတြအားလုံးက Chromium Based browser ေတြျဖစ္တဲ့ Opera နဲ႔ Vivaldi browser ေတြမွာလည္း အသုံးျပဳလို႔ရပါတယ္။ ဘယ္ extensions ေတြပါမလဲ ဆိုတာေအာက္မွာ ဆက္ၾကည့္လိုက္ရေအာင္….
.
1. Full Page Screen Capture
.
.
Chrome web store မွာ screen capture အတြက္လုပ္ေပးႏိုင္တဲ့ extension ေတြအမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ webpage တစ္ခုလုံးကို screenshot ႐ိုက္ဖို႔အတြက္ဆို scroll အမ်ားႀကီးလုပ္ရၿပီး ပုံေတြ အမ်ားႀကီး႐ိုက္ရနဲ႔ အခ်ိန္လည္းၾကာသလို အလုပ္လည္းရႈတ္ပါတယ္။ ဒီ extension ေလးကေတာ့ webpage တစ္ခုလုံးကို ပုံတစ္ပုံတည္းနဲ႔ရေအာင္ ႐ိုက္ယူႏိုင္တဲ့အျပင္ Images ကိုလည္း jpeg or png format ေ႐ြးခ်ယ္ၿပီး save လုပ္လို႔ရပါေသးတယ္။

.
2. AdGuard
.

.
AdGuard ကေတာ့ website ေတြမွာ ခဏခဏေပၚလာတတ္တဲ့ ေၾကာ္ျငာေတြကို Block လုပ္ေပးတဲ့ ads blocker ပါ။ ေၾကာ္ျငာေတြကိုႏွိပ္မိလို႔ တျခား webpage ေတြကိုေရာက္သြားတတ္တာ ေတြကို ကာကြယ္ေပးၿပီး Internet package ကိုလည္း အထိုက္အေလ်ာက္သက္သာေစပါတယ္။ Browser အၿမဲသုံးေနရတဲ့သူေတြ ထည့္ထားသင့္တဲ့ extension တစ္ခုပါ။
.
3. Hover zoom+
..
တခ်ိဳ႕ webpage မွာ ပုံေလးေတြက ေသးေသးေလးေတြပဲေပၚတာမ်ားၿပီး ပုံအႀကီးကိုျမင္ရဖို႔အတြက္ click ႏွိပ္ၿပီးၾကည့္ရပါတယ္။ ဒီ extension ေလးသြင္းထားရင္ ပုံေတြေပၚမွာ mouse ကို တင္လိုက္ တာနဲ႔ပုံႀကီးခ်ဲ႕ေပးမွာျဖစ္လို႔ click ႏွိပ္စရာ မလိုေတာ့ဘဲအလြယ္တကူၾကည့္ႏိုင္မွာပါ။ Screen ထက္ resolution မ်ားၿပီးပိုႀကီးေနတဲ့ image ေတြကိုလည္း screen size အတိုင္းေပၚေအာင္ျပေပးပါတယ္။
.
4. Mercury Reader
.
.
သတင္း website ေတြပဲျဖစ္ျဖစ္၊ blog ေတြပဲျဖစ္ျဖစ္ webpage ေတြဟာ ရႈပ္ေထြးေနတတ္ၿပီး ၾကည့္ရတာသိပ္အဆင္မေျပတာမ်ားပါတယ္။ ဒီ extension ေလးကေတာ့ webpage မွာရႈပ္ေနတာ ေတြကို အစီအစဥ္တက်စီေပးၿပီး စာအုပ္ဖတ္ေနရသလိုျဖစ္ေအာင္ ဖန္တီးေပးပါတယ္။ မလိုအပ္တဲ့ ပုံေတြ တျခား link ေတြကိုပါ ဖယ္ထုတ္ေပးတာျဖစ္လို႔ ကိုယ္ဖတ္ခ်င္တဲ့ အေၾကာင္းအရာကိုပိုၿပီးအာ႐ုံ စိုက္ႏိုင္မွာပါ။
.
Ref; Useful Chrome Extensions – TechGumbo


.
<Unicode>

Chrome မှာအသုံးဝင်တဲ့ extensions များ
.
ဖုန်းထဲမှာဖြစ်ဖြစ် PC ၊ Laptop တွေထဲမှာဖြစ်ဖြစ် Chrome browser ဟာလူအသုံးအများဆုံးနဲ့၊ အကောင်းဆုံး browser တစ်ခုပါ။ မြန်ဆန်တဲ့ browsing speed, ရှင်းလင်းတဲ့ user interface တွေအပြင် user တွေအတွက်အရမ်းအသုံးဝင်တဲ့ extension ပါဝင်တာကြောင့်မလို့လည်း တော်တော်လေးလူကြိုက်များပါတယ်။  ဒီတစ်ခေါက် article လေးကတော့ PC ဒါမှမဟုတ် Laptop မှာ browser အသုံးပြုသူတွေအတွက် အသုံးဝင်စေမယ့် Chrome extensions တွေအကြောင်းကို ပြောပြပေးမှာပဲဖြစ်ပါတယ်။ ခုပြောသွားမယ့် extension တွေအားလုံးက Chromium Based browser တွေဖြစ်တဲ့ Opera နဲ့ Vivaldi browser တွေမှာလည်း အသုံးပြုလို့ရပါတယ်။ ဘယ် extensions တွေပါမလဲ ဆိုတာအောက်မှာ ဆက်ကြည့်လိုက်ရအောင်….
.
1. Full Page Screen Capture
..
Chrome web store မှာ screen capture အတွက်လုပ်ပေးနိုင်တဲ့ extension တွေအများကြီးရှိပါတယ်။ ဒါပေမယ့် webpage တစ်ခုလုံးကို screenshot ရိုက်ဖို့အတွက်ဆို scroll အများကြီးလုပ်ရပြီး ပုံတွေ အများကြီးရိုက်ရနဲ့ အချိန်လည်းကြာသလို အလုပ်လည်းရှုတ်ပါတယ်။ ဒီ extension လေးကတော့ webpage တစ်ခုလုံးကို ပုံတစ်ပုံတည်းနဲ့ရအောင် ရိုက်ယူနိုင်တဲ့အပြင် Images ကိုလည်း jpeg or png format ရွေးချယ်ပြီး save လုပ်လို့ရပါသေးတယ်။

.
2. AdGuard
..
AdGuard ကတော့ website တွေမှာ ခဏခဏပေါ်လာတတ်တဲ့ ကြော်ငြာတွေကို Block လုပ်ပေးတဲ့ ads blocker ပါ။ ကြော်ငြာတွေကိုနှိပ်မိလို့ တခြား webpage တွေကိုရောက်သွားတတ်တာ တွေကို ကာကွယ်ပေးပြီး Internet package ကိုလည်း အထိုက်အလျောက်သက်သာစေပါတယ်။ Browser အမြဲသုံးနေရတဲ့သူတွေ ထည့်ထားသင့်တဲ့ extension တစ်ခုပါ။
.
3. Hover zoom+
..
တချို့ webpage မှာ ပုံလေးတွေက သေးသေးလေးတွေပဲပေါ်တာများပြီး ပုံအကြီးကိုမြင်ရဖို့အတွက် click နှိပ်ပြီးကြည့်ရပါတယ်။ ဒီ extension လေးသွင်းထားရင် ပုံတွေပေါ်မှာ mouse ကို တင်လိုက် တာနဲ့ပုံကြီးချဲ့ပေးမှာဖြစ်လို့ click နှိပ်စရာ မလိုတော့ဘဲအလွယ်တကူကြည့်နိုင်မှာပါ။ Screen ထက် resolution များပြီးပိုကြီးနေတဲ့ image တွေကိုလည်း screen size အတိုင်းပေါ်အောင်ပြပေးပါတယ်။
.
4. Mercury Reader
.
.
သတင်း website တွေပဲဖြစ်ဖြစ်၊ blog တွေပဲဖြစ်ဖြစ် webpage တွေဟာ ရှုပ်ထွေးနေတတ်ပြီး ကြည့်ရတာသိပ်အဆင်မပြေတာများပါတယ်။ ဒီ extension လေးကတော့ webpage မှာရှုပ်နေတာ တွေကို အစီအစဉ်တကျစီပေးပြီး စာအုပ်ဖတ်နေရသလိုဖြစ်အောင် ဖန်တီးပေးပါတယ်။ မလိုအပ်တဲ့ ပုံတွေ တခြား link တွေကိုပါ ဖယ်ထုတ်ပေးတာဖြစ်လို့ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာကိုပိုပြီးအာရုံ စိုက်နိုင်မှာပါ။
.
Ref; Useful Chrome Extensions – TechGumbo