Sony Xperia XZ4

Benchmark ေတြ ေပါက္ၾကားလာတဲ့ Sony Xperia XZ4
.
Sony အေနနဲ႔သူ႔ရဲ႕ flagship ဖုန္းအသစ္ Sony Xperia XZ4 ကို ဒီႏွစ္ February လမွာ က်င္းပမယ့္ MWC 2019 မွာမိတ္ဆက္ဖြယ္ရွိေနပါတယ္။
..
ကြၽန္ေတာ္တို႔အတြက္ အနည္းငယ္အံ့ၾသဖို႔ ေကာင္းေနတာကေတာ့ XZ4 ရဲ႕ performance ဟာ Samsung Galaxy S10 ထက္ေတာင္ ပိုေကာင္းေနတာပါ။ ဒါ့အျပင္ XZ4 ရဲ႕ display ဟာ 21:9 ratio ျဖစ္တဲ့အတြက္ သာမန္ဖုန္းေတြထက္ရွည္ၿပီး notch လည္း မပါဝင္ပါဘူး။ 2019 မွာ trend ျဖစ္ေနမယ့္ display hole လည္းပါဝင္မွာ မဟုတ္တဲ့အတြက္ design ကသီးသန႔္ ခြဲထြက္ေနဦးမွာပါ။ AnTuTu Benchmark မွာထြက္ေပၚလာတဲ့အမွတ္ေတြအရ XZ4 ဟာ 395721 အထိရရွိ ထားတာေၾကာင့္ Exynos 9820 အသုံးျပဳထားတဲ့ Galaxy S10 ရဲ႕ 325076 ထက္သိသိ သာသာပိုမ်ားေနတာေတြ႕ရပါတယ္။ လက္ရွိ Android Soc ေတြမွာ powerful အျဖစ္ဆုံး Kirin 980 Soc သုံးထားတဲ့ Mate 20 pro ရဲ႕ ရမွတ္ကေတာ့ 309628 ျဖစ္ပါတယ္။ Apple ရဲ႕ A12 Bionic chip သုံးထားတဲ့ Iphone XS ရဲ႕ ရမွတ္က 358091 ျဖစ္ၿပီး အခုအခ်ိန္ေဈးကြက္ထဲရွိေနတဲ့ ဖုန္းေတြထဲမွာေတာ့အမွတ္အမ်ားဆုံးပါ ။
.
Sony Xperia XZ4 ရဲ႕ရမွတ္ေတြအရ Processor ကို Qualcomm ရဲ႕ Snapdragon 855 SOC ကို အသုံးျပဳထားတာျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ Snapdragon 855 ရဲ႕ အရင္ကထြက္လာတဲ့ Benchmark ေတြမွာ 360000 ဝန္းက်င္ပဲ ရရွိထားတာေၾကာင့္ XZ4 ရဲ႕ရမွတ္က 10% ေလာက္ပိုမ်ားေနတာ ေတြ႕ရပါတယ္။ ဒါကိုေတာ့ Benchmark ထြက္လာတဲ့ device ဟာ overclock လုပ္ထားတဲ့ test device တစ္ခုျဖစ္ႏိုင္တယ္လို႔ထင္ေၾကးေပးေနၾကပါတယ္။ XZ 4 မွာ Triple camera setup နဲ႔ fingerprint scanner ပါဝင္တဲ့ side button တစ္ခုလည္းပါဝင္လာမယ္လို႔သိရပါတယ္။ In-display fingerprint scanner လည္းပါဝင္လာႏိုင္ဖြယ္ရွိပါေသးတယ္။ တျခားအခ်က္အလက္ေတြကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ Sony ဟာ လက္ရွိအေျခအေနမွာ smartphone ပိုင္းမွာ ေရာင္းအား က်ဆင္းေနတာျဖစ္တဲ့အတြက္ ဒီ XZ4 ဟာ company ရဲ႕ နာမည္ကိုျပန္လည္ျမႇင့္ တင္ႏိုင္မလား ဆိုတာကိုေတာ့ February လမွာက်င္းပမဲ့MWC 2019 ပြဲမွာေစာင့္ၾကည့္ရ ဦးမွာပါ။
.
Ref; Sony’s Xperia XZ4 crushes benchmarks, beating other Snapdragon 855 phones


.
<Unicode>
.
Benchmark တွေ ပေါက်ကြားလာတဲ့ Sony Xperia XZ4
.
Sony အနေနဲ့သူ့ရဲ့ flagship ဖုန်းအသစ် Sony Xperia XZ4 ကို ဒီနှစ် February လမှာကျင်းပမယ့် MWC 2019 မှာမိတ်ဆက်ဖွယ်ရှိနေပါတယ်။
.
.
ကျွန်တော်တို့အတွက် အနည်းငယ်အံ့သြဖို့ ကောင်းနေတာကတော့ XZ4 ရဲ့ performance ဟာ Samsung Galaxy S10 ထက်တောင် ပိုကောင်းနေတာပါ။
ဒါ့အပြင် XZ4 ရဲ့ display ဟာ 21:9 ratio ဖြစ်တဲ့အတွက် သာမန်ဖုန်းတွေထက်ရှည်ပြီး notch လည်း မပါဝင်ပါဘူး။ 2019 မှာ trend ဖြစ်နေမယ့် display hole လည်းပါဝင်မှာ မဟုတ်တဲ့အတွက် design ကသီးသန့် ခွဲထွက်နေဦးမှာပါ။ AnTuTu Benchmark မှာထွက်ပေါ်လာတဲ့အမှတ်တွေအရ XZ4 ဟာ 395721 အထိရရှိ ထားတာကြောင့် Exynos 9820 အသုံးပြုထားတဲ့ Galaxy S10 ရဲ့ 325076 ထက်သိသိ သာသာပိုများနေတာတွေ့ရပါတယ်။ လက်ရှိ Android Soc တွေမှာ powerful အဖြစ်ဆုံး Kirin 980 Soc သုံးထားတဲ့ Mate 20 pro ရဲ့ ရမှတ်ကတော့ 309628 ဖြစ်ပါတယ်။ Apple ရဲ့ A12 Bionic chip သုံးထားတဲ့ Iphone XS ရဲ့ ရမှတ်က 358091 ဖြစ်ပြီး အခုအချိန်ဈေးကွက်ထဲရှိနေတဲ့ ဖုန်းတွေထဲမှာတော့အမှတ်အများဆုံးပါ ။
.
Sony Xperia XZ4 ရဲ့ရမှတ်တွေအရ Processor ကို Qualcomm ရဲ့ Snapdragon 855 SOC ကို အသုံးပြုထားတာဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Snapdragon 855 ရဲ့ အရင်ကထွက်လာတဲ့ Benchmark တွေမှာ 360000 ဝန်းကျင်ပဲ ရရှိထားတာကြောင့် XZ4 ရဲ့ရမှတ်က 10% လောက်ပိုများနေတာ တွေ့ရပါတယ်။ ဒါကိုတော့ Benchmark ထွက်လာတဲ့ device ဟာ overclock လုပ်ထားတဲ့ test device တစ်ခုဖြစ်နိုင်တယ်လို့ထင်ကြေးပေးနေကြပါတယ်။ XZ 4 မှာ Triple camera setup နဲ့ fingerprint scanner ပါဝင်တဲ့ side button တစ်ခုလည်းပါဝင်လာမယ်လို့သိရပါတယ်။ In-display fingerprint scanner လည်းပါဝင်လာနိုင်ဖွယ်ရှိပါသေးတယ်။ တခြားအချက်အလက်တွေကိုတော့ သေချာမသိရသေးပါဘူး။ Sony ဟာ လက်ရှိအခြေအနေမှာ smartphone ပိုင်းမှာ ရောင်းအား ကျဆင်းနေတာဖြစ်တဲ့အတွက် ဒီ XZ4 ဟာ company ရဲ့ နာမည်ကိုပြန်လည်မြှင့် တင်နိုင်မလား ဆိုတာကိုတော့ February လမှာကျင်းပမဲ့MWC 2019 ပွဲမှာစောင့်ကြည့်ရ ဦးမှာပါ။
.
Ref; Sony’s Xperia XZ4 crushes benchmarks, beating other Snapdragon 855 phones