Some Interesting Products in CES 2019 Part III

CES 2019 မွာျပသသြားတဲ့ အမိုက္စား Products မ်ား (Part – III)
.
1.Royole flexible QWERTY keyboard
.

.
2018 မွာေခါက္လို႔ရတဲ့ဖုန္းေတြထြက္လာၿပီး သိပ္မၾကာခင္မွာပဲ ေခါက္႐ုံတင္မက လိပ္လို႔ပါရတဲ့ Royle flexible keyboard ေပၚလာတာပါ။ Royole keyboard မွာ ႀကိဳက္တဲ့ flat surface ေပၚမွာ ျဖန႔္ခ်ၿပီးသုံးလို႔ရ တဲ့ flexible screen ပါဝင္ပါတယ္။ Device ေတြနဲ႔ခ်ိတ္ဖို႔အတြက္ေတာ့ bluetooth connection ကိုအသုံးျပဳ ထားပါတယ္။ keyaboard ကိုသိမ္းမယ္ဆို handle မွာပါတဲ့ ခလုတ္တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ျပန္လိပ္သြားမွာပါ။ Royole keyboard ရဲ႕ေဈးႏႈန္းကိုေတာ့ မသိရေသးေပမဲ့ 2019 ရဲ႕ဒုတိယႏွစ္ဝက္မွာေရာင္းခ်သြားမယ္လို႔ ဆိုပါ တယ္။
.
2. LG Signature Series OLED TV R (65R9)
.

.
ေခါက္လို႔ရတဲ့ဖုန္း၊ လိပ္လို႔ရတဲ့ keyboard ေတြအၿပီးမွာေတာ့ LG ရဲ႕လိပ္သိမ္းလို႔ရတဲ့ TV ပါေပၚ ထြက္လာပါၿပီ။ LG ရဲ႕ signature series OLED TV မွာလိပ္လို႔ရတဲ့ 65 လက္မ OLED panel ကိုအသုံးျပဳ ထားပါတယ္။ Storage facility , unfurling mechanism, sound system ပါဝင္တဲ့ base တစ္ခုလဲပါဝင္ၿပီး base က ခလုတ္ကိုႏွိပ္လိုက္တာနဲ႔ လိပ္ထားတဲ့ TV ကိုအေပၚကို ျဖန႔္ေပးမွာပါ။ ျဖန္တဲ့ေနရာမွာလည္း 65 လက္မလုံးကိုျဖန႔္ၿပီး full form အေနနဲ႔ သုံးလို႔ရသလို အနည္းငယ္ပဲ ျဖန႔္ၿပီး line view နဲ႔ၾကည့္လို႔ရမယ္လို႔ ဆိုပါတယ္။ Line view ကေတာ့ သီခ်င္းနားေထာင္တဲ့အခါမွာ ဒါမွမဟုတ္ LG ရဲ႕ nature-theamed audio soundtracks ေတြကိုနားေထာင္တဲ့အခါမ်ိဳးမွာ အသုံးဝင္မွာပါ။
.
3. Foldimate
.
.
2019 ကေတာ့ တကယ္ကိုေခါက္တဲ့ႏွစ္ပါပဲ။ ေခါက္လို႔ရတဲ့ဖုန္း၊ လိပ္လို႔ရတဲ့ TV , လိပ္လို႔ရတဲ့ Keyboard ေတြထြက္လာ႐ုံနဲ႔အားမရေသးပဲ အဝတ္ေခါက္တဲ့ Foldimate ဆိုတဲ့စက္ပါ ေပၚလာပါတယ္။ အဝတ္ အစားေတြကိုစက္ထဲပစ္ထည့္လိုက္႐ုံနဲ႔ 5 second အတြင္းမွာ ေခါက္ၿပီးသားထြက္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ေလ်ာ္ၿပီးသားအဝတ္ေတြအကုန္လုံးကို ငါးမိနစ္အတြင္းၿပီးေအာင္ေခါက္ႏိုင္မယ္လို႔ company က ခန႔္မွန္းထားပါတယ္။ CES 2019 မွာကြၽန္ေတ္ာတို႔ျမင္ေတြ႕ခဲ့ရတဲ့ Foldimate ကေလာေလာဆယ္မွာေတာ့ စမ္းသပ္ဆဲမွာပဲရွိေနၿပီး 2019 ႏွစ္ကုန္ပိုင္းေလာက္မွဝယ္ယူႏိုင္ပါလိမ့္မယ္။ ေဈးႏႈန္းကေတာ့ $980 ဝန္းက်င္ရွိ မယ္လို႔ဆိုပါတယ္။
.
4. Kohler Numi 2.0 Intelligent Toilet
.

.
ေနာက္တစ္ခ်ိန္မွာ စကားေျပာႏိုင္တဲ့အိမ္သာမ်ိဳးေပၚလာမယ္ဆိုတာ အရင္ေခတ္ကစိတ္ေတာင္ကူးခဲ့ဖူး မယ္မထင္ပါဘူး။ Kohler ရဲ႕ Numi 2.0 intelligent Toilet မွာ high quality speakers ေတြပါဝင္တဲ့အတြက္ အိမ္သာတက္ေနတုန္းမွာ amazon’s ရဲ႕ Alexa ကိုအသုံးျပဳၿပီး စကားေျပာ ႏိုင္ပါတယ္။ ဒါတင္မကေသးပဲ အပူေပးႏိုင္တဲ့ထိုင္ခုံ၊ personal dryer, ambient lighting နဲ႔ သီခ်င္းဖြင့္ႏိုင္တဲ့ features ေတြပါဝင္ပါတယ္။ အိမ္သာကိုတကယ္ဇိမ္နဲ႔တက္ႏိုင္ဖို႔အတြက္ တီထြင္ဖန္တီးထားတဲ့ပုံပါပဲ။ လူမ်ားတဲ့အိမ္ဆိုရင္ေတာ့ အိမ္သာထဲကမထြက္ခ်င္တာနဲ႔ကို အိမ္သာလုေနရမွာျမင္ ေယာင္မိပါေသးတယ္။ ဒီ smart toilet ရဲ႕ေဈးကေတာ့ $7000 က်သင့္မွာျဖစ္ပါတယ္။ အနည္းဆုံးေတာ့ “ငါကသိန္းရာေက်ာ္တန္အိမ္သာမွာ တက္တာ” လို႔ ႂကြားလို႔ရတာေပါ့။
.
5. Google assistant ရဲ႕ interpreter mode အသစ္
.
.
Google ရဲ႕ ဘာသာစကားေတြကို translate လုပ္ႏိုင္တဲ့ interpreter mode အသစ္ကိုလဲ CES 2019 မွာမိတ္ဆက္သြားပါတယ္။ interpreter mode အသစ္ဟာ ဘာသာစကား 27 မ်ိဳးကို ခ်က္ခ်င္းဘာသာျပန္ႏိုင္စြမ္းရွိၿပီး မွန္ကန္တိက်ပါတယ္။ ဒါေၾကာင့္ ကမာၻကိုက်ဥ္းသြားေစတဲ့ furture chaning technology တစ္ခုအေနနဲ႔လူတိုင္းခ်ီးက်ဴးခဲ့ၾကပါတယ္။ အခုေလာေလာဆယ္မွာေတာ့ Interpreter mode ကို Google Home speakers ေတြမွာပဲအသုံးျပဳႏိုင္ဦးမွာပါ။ ေနာက္ပိုင္းမွာေတာ့ third-party speaker ေတြနဲ႔ smartphone ေတြမွာပါအသုံးျပဳလာႏိုင္မယ္လို႔ဆိုပါတယ္။ Smartphone ေတြမွာ interpreter mode ရလာရင္ေတာ့ ႀကိဳက္တဲ့ႏိုင္ငံကို ဖုန္းတစ္လုံးသယ္ၿပီးခရီးထြက္၊ေဈးဝယ္လို႔ရလာမွာျဖစ္ပါတယ္။

Ref; Google Assistant’s Interpreter Mode is a world-changing, real-time translator

The weirdest gadgets from CES 2019

LG Signature OLED TV R
.

.
<Unicode>
.

CES 2019 မှာပြသသွားတဲ့ အမိုက်စား Products များ (Part – III)
.
1.Royole flexible QWERTY keyboard
..
2018 မှာခေါက်လို့ရတဲ့ဖုန်းတွေထွက်လာပြီး သိပ်မကြာခင်မှာပဲ ခေါက်ရုံတင်မက လိပ်လို့ပါရတဲ့ Royle flexible keyboard ပေါ်လာတာပါ။ Royole keyboard မှာ ကြိုက်တဲ့ flat surface ပေါ်မှာ ဖြန့်ချပြီးသုံးလို့ရ တဲ့ flexible screen ပါဝင်ပါတယ်။ Device တွေနဲ့ချိတ်ဖို့အတွက်တော့ bluetooth connection ကိုအသုံးပြု ထားပါတယ်။ keyaboard ကိုသိမ်းမယ်ဆို handle မှာပါတဲ့ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ပြန်လိပ်သွားမှာပါ။ Royole keyboard ရဲ့ဈေးနှုန်းကိုတော့ မသိရသေးပေမဲ့ 2019 ရဲ့ဒုတိယနှစ်ဝက်မှာရောင်းချသွားမယ်လို့ ဆိုပါ တယ်။
.
2. LG Signature Series OLED TV R (65R9)
..
ခေါက်လို့ရတဲ့ဖုန်း၊ လိပ်လို့ရတဲ့ keyboard တွေအပြီးမှာတော့ LG ရဲ့လိပ်သိမ်းလို့ရတဲ့ TV ပါပေါ် ထွက်လာပါပြီ။ LG ရဲ့ signature series OLED TV မှာလိပ်လို့ရတဲ့ 65 လက်မ OLED panel ကိုအသုံးပြု ထားပါတယ်။ Storage facility , unfurling mechanism, sound system ပါဝင်တဲ့ base တစ်ခုလဲပါဝင်ပြီး base က ခလုတ်ကိုနှိပ်လိုက်တာနဲ့ လိပ်ထားတဲ့ TV ကိုအပေါ်ကို ဖြန့်ပေးမှာပါ။ ဖြန်တဲ့နေရာမှာလည်း 65 လက်မလုံးကိုဖြန့်ပြီး full form အနေနဲ့ သုံးလို့ရသလို အနည်းငယ်ပဲ ဖြန့်ပြီး line view နဲ့ကြည့်လို့ရမယ်လို့ ဆိုပါတယ်။ Line view ကတော့ သီချင်းနားထောင်တဲ့အခါမှာ ဒါမှမဟုတ် LG ရဲ့ nature-theamed audio soundtracks တွေကိုနားထောင်တဲ့အခါမျိုးမှာ အသုံးဝင်မှာပါ။
.
3. Foldimate
..
2019 ကတော့ တကယ်ကိုခေါက်တဲ့နှစ်ပါပဲ။ ခေါက်လို့ရတဲ့ဖုန်း၊ လိပ်လို့ရတဲ့ TV , လိပ်လို့ရတဲ့ Keyboard တွေထွက်လာရုံနဲ့အားမရသေးပဲ အဝတ်ခေါက်တဲ့ Foldimate ဆိုတဲ့စက်ပါ ပေါ်လာပါတယ်။ အဝတ် အစားတွေကိုစက်ထဲပစ်ထည့်လိုက်ရုံနဲ့ 5 second အတွင်းမှာ ခေါက်ပြီးသားထွက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် လျော်ပြီးသားအဝတ်တွေအကုန်လုံးကို ငါးမိနစ်အတွင်းပြီးအောင်ခေါက်နိုင်မယ်လို့ company က ခန့်မှန်းထားပါတယ်။ CES 2019 မှာကျွန်တေ်ာတို့မြင်တွေ့ခဲ့ရတဲ့ Foldimate ကလောလောဆယ်မှာတော့ စမ်းသပ်ဆဲမှာပဲရှိနေပြီး 2019 နှစ်ကုန်ပိုင်းလောက်မှဝယ်ယူနိုင်ပါလိမ့်မယ်။ ဈေးနှုန်းကတော့ $980 ဝန်းကျင်ရှိ မယ်လို့ဆိုပါတယ်။
.
4. Kohler Numi 2.0 Intelligent Toilet
..
နောက်တစ်ချိန်မှာ စကားပြောနိုင်တဲ့အိမ်သာမျိုးပေါ်လာမယ်ဆိုတာ အရင်ခေတ်ကစိတ်တောင်ကူးခဲ့ဖူး မယ်မထင်ပါဘူး။ Kohler ရဲ့ Numi 2.0 intelligent Toilet မှာ high quality speakers တွေပါဝင်တဲ့အတွက် အိမ်သာတက်နေတုန်းမှာ amazon’s ရဲ့ Alexa ကိုအသုံးပြုပြီး စကားပြော နိုင်ပါတယ်။ ဒါတင်မကသေးပဲ အပူပေးနိုင်တဲ့ထိုင်ခုံ၊ personal dryer, ambient lighting နဲ့ သီချင်းဖွင့်နိုင်တဲ့ features တွေပါဝင်ပါတယ်။ အိမ်သာကိုတကယ်ဇိမ်နဲ့တက်နိုင်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့ပုံပါပဲ။ လူများတဲ့အိမ်ဆိုရင်တော့ အိမ်သာထဲကမထွက်ချင်တာနဲ့ကို အိမ်သာလုနေရမှာမြင် ယောင်မိပါသေးတယ်။ ဒီ smart toilet ရဲ့ဈေးကတော့ $7000 ကျသင့်မှာဖြစ်ပါတယ်။ အနည်းဆုံးတော့ “ငါကသိန်းရာကျော်တန်အိမ်သာမှာ တက်တာ” လို့ ကြွားလို့ရတာပေါ့။
.
5. Google assistant ရဲ့ interpreter mode အသစ်
..
Google ရဲ့ ဘာသာစကားတွေကို translate လုပ်နိုင်တဲ့ interpreter mode အသစ်ကိုလဲ CES 2019 မှာမိတ်ဆက်သွားပါတယ်။ interpreter mode အသစ်ဟာ ဘာသာစကား 27 မျိုးကို ချက်ချင်းဘာသာပြန်နိုင်စွမ်းရှိပြီး မှန်ကန်တိကျပါတယ်။ ဒါကြောင့် ကမ္ဘာကိုကျဉ်းသွားစေတဲ့ furture chaning technology တစ်ခုအနေနဲ့လူတိုင်းချီးကျူးခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ Interpreter mode ကို Google Home speakers တွေမှာပဲအသုံးပြုနိုင်ဦးမှာပါ။ နောက်ပိုင်းမှာတော့ third-party speaker တွေနဲ့ smartphone တွေမှာပါအသုံးပြုလာနိုင်မယ်လို့ဆိုပါတယ်။ Smartphone တွေမှာ interpreter mode ရလာရင်တော့ ကြိုက်တဲ့နိုင်ငံကို ဖုန်းတစ်လုံးသယ်ပြီးခရီးထွက်၊ဈေးဝယ်လို့ရလာမှာဖြစ်ပါတယ်။
.
Ref; Google Assistant’s Interpreter Mode is a world-changing, real-time translator

The weirdest gadgets from CES 2019

LG Signature OLED TV R