Samsung will open Bixby to developers

<Zawgyi>

Bixby Development အတြက္ developer ေတြဆီကို လမ္းဖြင့္ေပးလိုက္တဲ့ Samsung

Samsung ရဲ႕ ကိုယ္ပိုင္ AI assistant ျဖစ္တဲ့ Bixby က လက္ရွိအခ်ိန္မွာ ၿပိဳင္ဘက္ေတြျဖစ္တဲ့ Google Assistant , Amazon’s Alexa နဲ႔ Apple ရဲ႕ Siri တို႔ရဲ႕ ေနာက္မွာ ျပတ္က်န္ေနခဲ့ပါၿပီ။ ေျပာရရင္ Microsoft ရဲ႕ Cortana ကေတာင္ Bixby ထက္ လူသုံးပိုမ်ားတဲ့ အေျခအေနမွာ ရွိေနပါတယ္။ ဒါေၾကာင့္လည္း ေနာက္တစ္ပတ္ထဲမွာ Samsung က Developer Conference တစ္ခုလုပ္ဖို႔ ျပင္ဆင္ေနပါၿပီ။ အဲဒီပြဲမွာ Bixby ကို feaure အသစ္ေတြ ဖန္တီးၿပီး ပိုတိုးတက္ေအာင္လုပ္ဖို႔ third party developer ေတြဆီ လမ္းဖြင့္ေပးေတာ့မယ္လို႔ သိရပါတယ္။

အရင္ကလည္း အခုလိုမ်ိဳး Bixby ကို ပိုၿပီး တိုးတက္ေစဖို႔အတြက္ Samsung က third-party developer ေတြနဲ႔ လက္တြဲခဲ့ဖူးပါတယ္။ ဒါေပမဲ့ အခုတစ္ေခါက္ကေတာ့ ပိုၿပီး ပြင့္လင္းျမင္သာမႈရွိလာတယ္လို႔ ဆိုရမွာပါ။ Google Assistant, Alexa , Siri တို႔လို အင္အားႀကီး ၿပိဳင္ဘက္ေတြကို အမီလိုက္ဖို႔ third-party developer ေတြရဲ႕ အကူအညီကို Samsung က ေမွ်ာ္လင့္ေနပုံပါပဲ။

ပြဲကိုတက္မယ့္ အင္ဂ်င္နီယာေတြကို Bixby အတြက္ “Capsules” ေတြ ဖန္တီးဖို႔ကိုလည္း Samsung က နည္းလမ္းျပေပးမယ္လို႔ သိရပါတယ္။ အဲဒီ Capsule ေတြက Bixby ကို သတင္းေတြဖတ္တာ၊ ဂိမ္းကစားတာနဲ႔ စားေသာက္ဆိုင္ေတြမွာ စားပြဲေနရာ ႀကိဳတင္မွာယူတာ စတဲ့ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ႏိုင္ေစမွာ ျဖစ္ပါတယ္။
အခုအခ်ိန္မွာ Bixby ကို သုံးတဲ့သူ အရမ္းနည္းေနေသးတယ္ဆိုေပမဲ့ Samsung မွာ အျခားဝွက္ဖဲတစ္ခု ရွိေနပါေသးတယ္။ ဒါကေတာ့ Samsung ဟာ ဖုန္းတင္မကဘဲ အျခားလွ်ပ္စစ္ပစၥည္းေတြကိုလည္း ထုတ္လုပ္ေရာင္းခ်ေနတယ္ဆိုတဲ့ အခ်က္ပါ။ Samsung က ထုတ္တဲ့ လွ်ပ္စစ္ပစၥည္းေတြရဲ႕ ေရာင္းအားက တစ္ႏွစ္ကို သန္း ၅၀၀ ေလာက္ရွိေနၿပီး ၂၀၂၀ ခုႏွစ္ အမီ အဲဒီပစၥည္းအားလုံးမွာ Bixby ကို ထည့္သြင္းဖို႔ လုပ္ေနတယ္လို႔ ဆိုပါတယ္။

ဒီအခ်က္ေတြကို third-party developer ေတြရဲ႕ အကူအညီနဲ႔ ေပါင္းစပ္လိုက္တဲ့အခါ Samsung က Alexa နဲ႔ Google Assistant တို႔ရဲ႕ အဓိကၿပိဳင္ဘက္ ျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းလို႔ ရပါတယ္။ ဒါေပမဲ့ Bixby ကို ပါဝင္မယ္လို႔ဆိုတဲ့ Samsung Galaxy Home smart speaker အခုခ်ိန္ထိ ထြက္လာျခင္းမရွိတာကို ၾကည့္ရင္ ဒီၿပိဳင္ပြဲဟာ Samsung အတြက္ တကယ္ခက္ခဲမယ္ဆိုတာ သိႏိုင္ပါတယ္။ Samsung Developers Conference မွာ Samsung ရဲ႕ ေကြးၫြတ္ႏိုင္တဲ့ဖုန္းအသစ္အေၾကာင္း ၾကားရမယ္လို႔လည္း ေမွ်ာ္လင့္ရပါ တယ္။

Ref: Samsung will open Bixby to developers, hopefully make it better

<Unicode>

Bixby Development အတွက် developer တွေဆီကို လမ်းဖွင့်ပေးလိုက်တဲ့ Samsung

Samsung ရဲ့ ကိုယ်ပိုင် AI assistant ဖြစ်တဲ့ Bixby က လက်ရှိအချိန်မှာ ပြိုင်ဘက်တွေဖြစ်တဲ့ Google Assistant , Amazon’s Alexa နဲ့ Apple ရဲ့ Siri တို့ရဲ့ နောက်မှာ ပြတ်ကျန်နေခဲ့ပါပြီ။ ပြောရရင် Microsoft ရဲ့ Cortana ကတောင် Bixby ထက် လူသုံးပိုများတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့်လည်း နောက်တစ်ပတ်ထဲမှာ Samsung က Developer Conference တစ်ခုလုပ်ဖို့ ပြင်ဆင်နေပါပြီ။ အဲဒီပွဲမှာ Bixby ကို feaure အသစ်တွေ ဖန်တီးပြီး ပိုတိုးတက်အောင်လုပ်ဖို့ third party developer တွေဆီ လမ်းဖွင့်ပေးတော့မယ်လို့ သိရပါတယ်။

အရင်ကလည်း အခုလိုမျိုး Bixby ကို ပိုပြီး တိုးတက်စေဖို့အတွက် Samsung က third-party developer တွေနဲ့ လက်တွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတစ်ခေါက်ကတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာတယ်လို့ ဆိုရမှာပါ။ Google Assistant, Alexa , Siri တို့လို အင်အားကြီး ပြိုင်ဘက်တွေကို အမီလိုက်ဖို့ third-party developer တွေရဲ့ အကူအညီကို Samsung က မျှော်လင့်နေပုံပါပဲ။

ပွဲကိုတက်မယ့် အင်ဂျင်နီယာတွေကို Bixby အတွက် “Capsules” တွေ ဖန်တီးဖို့ကိုလည်း Samsung က နည်းလမ်းပြပေးမယ်လို့ သိရပါတယ်။ အဲဒီ Capsule တွေက Bixby ကို သတင်းတွေဖတ်တာ၊ ဂိမ်းကစားတာနဲ့ စားသောက်ဆိုင်တွေမှာ စားပွဲနေရာ ကြိုတင်မှာယူတာ စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေမှာ ဖြစ်ပါတယ်။
အခုအချိန်မှာ Bixby ကို သုံးတဲ့သူ အရမ်းနည်းနေသေးတယ်ဆိုပေမဲ့ Samsung မှာ အခြားဝှက်ဖဲတစ်ခု ရှိနေပါသေးတယ်။ ဒါကတော့ Samsung ဟာ ဖုန်းတင်မကဘဲ အခြားလျှပ်စစ်ပစ္စည်းတွေကိုလည်း ထုတ်လုပ်ရောင်းချနေတယ်ဆိုတဲ့ အချက်ပါ။ Samsung က ထုတ်တဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ ရောင်းအားက တစ်နှစ်ကို သန်း ၅၀၀ လောက်ရှိနေပြီး ၂၀၂၀ ခုနှစ် အမီ အဲဒီပစ္စည်းအားလုံးမှာ Bixby ကို ထည့်သွင်းဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကို third-party developer တွေရဲ့ အကူအညီနဲ့ ပေါင်းစပ်လိုက်တဲ့အခါ Samsung က Alexa နဲ့ Google Assistant တို့ရဲ့ အဓိကပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလို့ ရပါတယ်။ ဒါပေမဲ့ Bixby ကို ပါဝင်မယ်လို့ဆိုတဲ့ Samsung Galaxy Home smart speaker အခုချိန်ထိ ထွက်လာခြင်းမရှိတာကို ကြည့်ရင် ဒီပြိုင်ပွဲဟာ Samsung အတွက် တကယ်ခက်ခဲမယ်ဆိုတာ သိနိုင်ပါတယ်။ Samsung Developers Conference မှာ Samsung ရဲ့ ကွေးညွတ်နိုင်တဲ့ဖုန်းအသစ်အကြောင်း ကြားရမယ်လို့လည်း မျှော်လင့်ရပါ တယ်။

Ref: Samsung will open Bixby to developers, hopefully make it better