- Samsung အနေနဲ့မနေ့ကကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲမှာ သူ့ရဲ့ flagship series အသစ်ဖြစ်တဲ့ S21 series ကိုမိတ်ဆက်သွားပါတယ်။ Galaxy S21, S21 Plus နဲ့ S21 Ultra ဆိုပြီးစုစုပေါင်းဖုန်း ၃ လုံးမိတ်ဆက် သွားခဲ့ပြီး Design အပြောင်းအလဲတွေ၊ Camera system တွေ၊ SoC အသစ်တွေနဲ့ဆိုတော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။
- S21 နဲ့ S21 Plus တွေက Design ပိုင်းမှာတော်တော်လေးဆင်တူပြီး ၂ ခုလုံးမှာ Flat display တွေပဲသုံးထား တယ်၊ အလယ်မှာ punch-hole front camera ကိုထည့်ထားတာချင်းလဲတူတယ်။ ဖုန်းရဲ့ကျောဘက်ခြမ်းမှာ တော့ Contour Cut Camera လို့ Samsung ကနာမည်ပေးထားတဲ့ camera housing ကိုတွေ့ရမယ်။ Camera housing က metal frame နဲ့တစ်ဆက်တည်းဖြစ်နေတာက ဒီဖုန်းရဲ့ထူးခြားချက်ပဲ။ ကြိုက်တဲ့သူတွေ ရှိသလို သိပ်သဘောမကျတဲ့သူတွေလဲရှိလိမ့်မယ်။ S21 နဲ့ S21 Plus မှာအဓိကကွာခြားတာကတော့ display size မှာ S21 က 6.2 inches , S21 Plus က 6.7 inches ဖြစ်တဲ့အတွက် display ပိုကြီးတယ်၊ resolution ကတော့ 1080p ပဲ။ ပြီးတော့ သုံးထားတဲ့ material ကလဲ S21 Plus က Glass back ကိုသုံးထားပြီး S21 က plastic back ကိုပဲသုံးထား တယ်။
- S21 Ultra ကတော့ ဒီ ဖုန်း ၃ မျိုးထဲမှာအကြီးဆုံးဖြစ်ပြီး 1440p 6.8 inches AMOLED display ကိုသုံးထားတယ်။ S21 Ultra မှာ curved display ဖြစ်သွားတဲ့အတွက် curved display ကိုမကြိုက်တဲ့သူတွေကတော့ S21 နဲ့ S21 Plus ထဲကနေပဲရွေးရပါလိမ့်မယ်။ ပြီးတော့ Camera Housing ကလဲ S21/S21 Plus တွေထက်အများ ကြီးပိုကြီးတယ်၊ ဖုန်းကလဲ တော်တော်ကြီးပိုထူသွားတယ်။ ဆိုတော့ အဓိကအားဖြင့်တော့ ကိုင်ရတဲ့ hand feeling မှာ S21/S21 Plus တွေကပေါ့ပေါ့ပါးပါးပိုဖြစ်ပါလိမ့်မယ်။
- ဖုန်း ၃ လုံးစလုံးမှာ Snapdragon 888 သို့မဟုတ် Exynos 2100 ကိုသုံးထားမယ်။ ဒီကိုဝင်မယ့်အလုံးတွေက တော့ ထုံးစံအတိုင်း Exynos 2100 နဲ့ပဲဖြစ်ဖို့များပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ Snapdragon 888 နဲ့ Exynos 2100 ရဲ့ performance ကွာခြားချက်ကတော်တော်လေးနည်းသွားပြီလို့သိရတယ်။ ဒါကတော့ဝမ်းသာစရာလို့ ပြောရမှာပါ။ S21 နဲ့ S21 Plus မှာ 8GB RAM နဲ့ 128/256 storage တွေပါမယ်။ S21 Ultra မှာတော့ base model က RAM 12 GB ရှိပြီး အမြင့်ဆုံး 16GB/512GB အထိရွေးချယ်လို့ရမယ်။
- Camera တွေက S21 နဲ့ S21 Plus မှာ 12MP Main sensor, 65MP telephoto နဲ့ 12MP Ultrawide lens ဆိုပြီး triple camera setup ထည့်ပေးထားတယ်။ S21 Ultra မှာတော့ 12 MP main sensor, 108MP ultrawide နဲ့ 10MP telephoto lens ၂ လုံးပါမယ်။ Telephoto lens တွေက 3x optical zoom အတွက်တစ်လုံး 10x optical zoom အတွက်တစ်လုံးထည့်ပေးထားတယ်။ S21 Ultra မှာ 100x Space Zoom ကိုလဲ support လုပ်တယ်။ ကျန်တဲ့ ၂ လုံးမှာတော့ 30x Space Zoom ပဲရမယ်။ Selfie camera က လဲ S21 တွေမှာ 10MP ပဲရှိပြီး S21 Ultra မှာတော့ 40 MP ထည့်ပေးထားတယ်။ ဆိုတော့ Detail တွေပိုကျန်လိမ့်မယ်။ S21 series မှာ Camera တွေ တော်တော်လေးကြမ်းလာသလို၊ Video features အသစ်တွေပါလာတာကိုလဲတွေ့ရတယ်။ Directors View လိုမျိုး ကြိုက်တဲ့ main , ultrawide , telephoto, selfie တွေရဲ့ preview ကိုတစ်ပြိုင်တည်းမြင်နေရပြီး ကြိုက်တဲ့ camera ကနေ record လှမ်းယူလို့ ရတာကတော်တော်လေးမိုက်တယ်။
- Battery က S21 မှာ 4000 mAh, S21 Plus မှာ 4800 mAh, S21 Ultra မှာ 5000 mAh အထိထည့်ပေး လာတယ်။ S21 Ultra မှာ 120Hz နဲ့ WQHD+ display ကိုတစ်ပြိုင်တည်းသုံးလို့ရသွားတာကလဲမိုက်တယ်။ S pen support လဲပေးလာတယ်။ ဒါပေမယ့် S pen ကတော့ သပ်သပ်ပြန်ဝယ်ရမှာပါ၊ ဖုန်းထဲမှာတော့ပါမှာမဟုတ်ဘူး။ IP68 လဲထုံးစံအတိုင်းပါနေတုန်းပဲ။ Ultrasonic fingerprint scanner သုံးထား တာကလဲ Samsung Signature အတိုင်းပဲ။
- ဈေးနှုန်းတွေကတော့ S21 ကို $799, S21 Plus ကို $999 နဲ့ S21 Ultra ကို $1199 အသီးသီးကျသင့်မှာပါ။ မြန်မာနိုင်ငံကိုဝင်လာမယ့်ဈေးတွေကတော့မသိရသေးပါဘူး။
Leave Your Comment