Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

Samsung ရဲ့ ခေါက်လို့ရတဲ့ Foldable ဖုန်းအသစ်တွေက ဘယ်လိုနေလဲ?

Z-Fold-4-PreOrder-3-1

မနေ့ညက လုပ်သွားတဲ့ Galaxy unpacked event မှာ Samsung က Galaxy watch အသစ်တွေရယ်၊ Galaxy Buds ရယ်အပြင်ခေါက်ဖုန်း အသစ် ၂ လုံးကို ထပ်ပြီး မိတ်ဆက်သွားပါတယ်။ ခေါက်ဖုန်းလောကကို ဦးဆောင်ခဲ့တယ်လို့ပြောရမယ့် Samsung က ဒီနှစ်မှာရော ဘာတွေထပ်ပြီး ပိုကောင်းအောင်လုပ်ပေးထားလဲ? ၄ ခုမြောက်မျိုးဆက်ဖြစ်တဲ့ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တို့မှာ ဘာတွေထူးခြားနေလဲဆိုတာကို ကြည့်ကြည့်ရအောင်။

ဒီနှစ် fold နဲ့ flip မှာ ကြီးကြီးမားမားပြောင်းလဲမှုအများကြီးတော့မရှိနေဘူး။ Samsung အနေနဲ့ features အသစ်တွေ၊ innovations အသစ်တွေကိုချပြတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ အရင်ရှိထားပြီးသား features တွေကိုပဲ ပိုကောင်းအောင်၊ user တွေလက်ထဲမှာပိုကျစ်လျစ်နေအောင်၊ ပိုကြာကြာခံအောင် ကြိုးစားထားတဲ့ဘက်ကို ပိုရောက်တယ်။ အထူးသဖြင့် Flip 4 မှာဆိုရင် ပြောရလောက်အောင်ဘာမှတောင်သိပ်မပြောင်းသွားဘူး။ changes သေးသေးလေးတွေပဲ။ ဒါပေမယ့် အဲ့ဒီ အပြောင်းအလဲ သေးသေးလေးတွေကနေပဲ အများကြီးသုံးလို့ပိုကောင်းတဲ့ user experience တွေကို ပေးနိုင်အောင် လုပ်ထားတယ်။

Z Flip 3 မှာ 3300 mAh ပဲရှိလို့ battery life အားနည်းတယ်ဆိုတာမျိုးဖြစ်ခဲ့တာကို Z flip 4 မှာ 3700 mAh အထိ battery ပမာဏတိုးပေးလိုက်တယ်၊ charging speed လဲပိုမြန်လာပြီးတော့ နာရီဝက်အားသွင်းတာနဲ့ 50% အထိပြည့်မယ်လို့ဆိုတယ်။ Battery တိုးထားရတဲ့အတွက် ပိုထူပြီး ပိုကြီးလာရမယ့်အစား ပိုသေးပြီး ကိုင်လို့ပိုကောင်းတဲ့ dimension တွေရအောင်ဖန်တီးထားတယ်။ အလေးချိန်ကလဲနည်းနည်းလေးပိုပေါ့တယ်။ Design ပိုင်းမှာ ဘောင်တွေကပို flat ဖြစ်သွားတဲ့အတွက် ပိုပြီးခေတ်ဆန်တဲ့ looks ကို ရစေတယ်။ Z flip 4 ရဲ့အတွင်းဘက် display က ဘေးဘောင်တွေက အရင်ကထက်ပိုသေးသွားတဲ့အပြင် ပိုလဲအကြမ်းခံလာတယ်။ Water resistant လဲရနေတုန်းပဲ။ Cover display လို့ခေါ်တဲ့အပြင်ဘက် display မှာလဲ message ပို့တာ၊ ဖုန်းခေါ်တာ နဲ့ smart home devices တွေကိုထိန်းချုပ်တာလိုမျိုး ပိုပြီး အသုံးဝင်တဲ့ function တွေထည့်ပေးထားတယ်။ Performance ပိုင်းမှာလဲ Snapdragon 8+ gen 1 ကိုသုံးပေးလာတဲ့အတွက်၊ overall performance မှာရော battery efficiency မှာရောပိုမိုက်လာတယ်။ Camera ပိုင်းမှာလဲ ISP ပိုကောင်းလာတာ၊ low-light photography အဝွက် software improvement တွေရှိလာတာက Z Flip 4 မှာပိုကောင်းတဲ့ဓာတ်ပုံတွေရိုက်ကူးလာနိုင် ဖို့အထောက်အကူပြုတယ်။ ဆိုတော့ Z Flip 4 က လက်ရှိ Z Flip 3 ကိုင်ထားတဲ့သူတွေအတွက် upgrade လုပ်ချင်စရာဖြစ်နေအောင် ကြီးကြီးမားမားအပြောင်းအလဲတော့မရှိဘူး။ ဒါပေမယ့် အခုမှ foldable ဖုန်းတစ်လုံးကိုစဝယ်မယ်ဆိုတဲ့သူတွေအတွက်ကတော့ တကယ်ပဲ အကြမ်းခံတဲ့၊ သုံးလို့ကောင်းတဲ့ ၊ ခေတ်ရှေ့ပြေးနေတဲ့ဖုန်းတစ်လုံးကို ကိုင်ရတဲ့ခံစားချက်မျိုးရစေပါလိမ့်မယ်။

Z Fold 4 မှာတော့ Flip ထက်ပိုပြီးအပြောင်းအလဲလေးတွေပိုရှိလာတယ်။ သိသာတာက အရင်က အပြင်ဘက် display က ရှည်မျောမျောပုံစံရှိခဲ့ရာကနေ အခုဖုန်းတွေမှာ 23.1:9 aspect ratio ဖြစ်သွားပြီးတော့ နည်းနည်းပိုကျယ်သွားတယ်။ ဆိုတော့ ပုံမှန်ဖုန်းတွေကိုသုံးရတဲ့ experience နဲ့နည်းနည်းပိုတူလာတယ်။ အတွင်းဘက် display မှာလဲ ဘေးဘောင်တွေ နည်းနည်းပိုပါးသွားတယ်။ နောက်ထပ် သိသာစေမယ့် အပြောင်းအလဲကတော့ camera ပါ။ ဒီနှစ် Z Fold 4 က camera ပိုင်းမှာ အဆင့်မြှင့်တင်လာပြီး flagship level ဖုန်းတွေကိုအမှီလိုက်ဖို့ကြိုးစားလာတဲ့ပုံစံရှိတယ်။ Main camera က ဒီနှစ်မှာ 50MP ဖြစ်လာပြီးတော့ OIS လဲပါတယ်။ ကျန်တဲ့ ၂ လုံးကတော့ 12 MP ultrawide တစ်လုံးနဲ့ 10MP telephoto တစ်လုံးထည့်ပေးထားတယ်။ 10MP telephoto က 3x optical zoom ရပြီး digital zoom မှာ 30x အထိရတယ်။ ဆိုတော့ camera quality မှာအရင်နှစ်ကထက်တော့ သိသိသာသာပိုကောင်းလာမယ့်သဘောပဲ။ အတွင်း display မှာမြှုပ်ထားတဲ့ 4MP underdisplay camera ကလဲ scatter-type sub-pixel arrangement ကြောင့် အရင်ကလောက်မသိသာတော့တဲ့အပြင် image quality ပိုတိုးတက်လာတယ်လို့ပြောသွားတယ်။ ဒါတွေအပြင်ကို အရင်က ဖုန်းကိုခေါက်ဖို့သုံးတဲ့ gear mechanism အစား ပတ္တာလိုမျိုး hinge mechanism ကိုပြောင်းသုံးလာတဲ့အတွက် ပိုပြီး durable ဖြစ်လာတဲ့အပြင် flexible display ရဲ့ material ကိုလဲ ပြောင်းသုံးထားတဲ့အတွက် 8g လောက်ပိုပေါ့သွားတယ်။ Water resistant ရနေတုန်းပဲ၊ Spen support လဲလုပ်တုန်းပဲ၊ ဒါပေမယ့် Spen ကိုထည့်ဖို့နေရာတို့ ကပ်ဖို့နေရာတို့တော့မပါဘူး။ Software ပိုင်းမှာ app တစ်ခုနဲ့တစ်ခုအလွယ်တကူပြောင်းလို့ရမယ့် task bar လေးပါလာတာတော့တော်တော်လေးမိုက်တယ်။ ဆိုတော့ Z fold 4 မှာလဲ Z fold 3 ကိုင်တဲ့သူတွေအတွက် သိပ်ပြီးတော့ မက်လောက်စရာ အပြောင်းအလဲမရှိဘူး။ ဒါပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ အခုမှ fold series ကိုစကိုင်မယ့်သူတွေအတွက်ကတော့ Z fold 4 က အကောင်းဆုံး foldable ဖုန်းတွေထဲက တစ်ခုပါပဲ။

ဈေးနှုန်းတွေကတော့ Z fold 4 ကို 4,759,000 MMK , Z flip 4 ကို 2,959,000 MMK တို့နဲ့ ရောင်းချသွားမယ်လို့သိရပါတယ်။ Pre-order က ဒီနေ့က စပြီးလက်ခံနေပါပြီ။

AUTHOR

RELATED NEWS

may-23-news-01

Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?

AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။  AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။

may-10-news

iPad တွေနဲ့ယှဉ်ပြိုင်ဖို့ထွက်လာတဲ့ One Plus Pad

ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem

Article-Phone-Lost

Color Printer သုံးတဲ့သူတွေ Error နည်းအောင်သိထားသင့်တဲ့အချက်များ

Color Printer သုံးတဲ့သူတွေ error နည်းအောင်သိထားသင့်တဲ့အချက်များ ပုံမှန်အားဖြင့် Color printer တွေမှာဖြစ်လေ့ရှိတဲ့ error တွေကတော့.. မှင်မထင်တာအရောင်မမှန်တာစာရွက်ညှပ်တာPrinter ကိုစက်ကမသိတာ စတာတွေဖြစ်ပါတယ်။ ဆိုတော့ မှင်မထင်တာနဲ့ပတ်သက်တဲ့ဖြေရှင်းနည်းကတော့

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x