Realme U1

<Zawgyi>
.
Helio P70 chipset နဲ႔ 25MP selfie ကင္မရာကို အသုံးျပဳထားတဲ့ Realme U1 ကို ေၾကညာ
.
Realme ဆိုတာက OPPO ရဲ႕ brand ခြဲ တစ္ခုျဖစ္ၿပီး price to performance ကို အသားေပးဖို႔အတြက္ ရည္႐ြယ္ပါတယ္။ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံေဈးကြက္မွာ ဝယ္ယူလို႔မရေသးေပမဲ့ သိပ္မၾကာခင္မွာပဲ ဝင္ေရာက္လာဖို႔ ရွိပါတယ္။
.
ႏိုဝင္ဘာလ ၂၈ ရက္က အိႏၵိယေဈးကြက္မွာ Realme က Helio P70 chipset နဲ႔ 25MP selfie ကင္မရာကို အသုံးျပဳထားတဲ့ Realme U1 ကို ျပသခဲ့ပါတယ္။ Helio P70 ဆိုတာက Helio P60 ကို အဆင့္ျမႇင့္ထားတဲ့ chipset တစ္ခုပါ။ စြမ္းေဆာင္ရည္အရ ၾကည့္မယ္ဆိုရင္ေတာ့ Snapdragon 670 ရဲ႕ စြမ္းေဆာင္ရည္နဲ႔ နီးစပ္ပါတယ္။
.
Realme U1 ရဲ႕ အဓိက အားသာခ်က္ကေတာ့ selfie ကင္မရာပါ။ OPPO F9 မွာ သုံးထားတဲ့ 25MP f/2.0 selfie camera (IMX576) ကိုပဲ သုံးထားပါတယ္။ အဲဒီ selfie ကင္မရာမွာေတာ့ –
– four-in-one pixel binning,
– real-time beautification/ bokeh/ HDR preview,
– multi-frame noise reduction နဲ႔
– night shot function ေတြလည္း ပါဝင္ပါတယ္။
.
ေနာက္ေက်ာဘက္ကင္မရာေတြကေတာ့ ၂၀၁၈ ခုႏွစ္ထုတ္ အျခား အလယ္အလတ္တန္း ဖုန္းေတြနဲ႔ မတိမ္းမယိမ္းပါပဲ။ 13MP နဲ႔ 2MP ကင္မရာ ႏွစ္လုံးကို တြဲလ်က္ထည့္ေပးထားၿပီး aperture ေတြကေတာ့ f/2.2 နဲ႔ f/2.4 အသီးသီးရွိပါတယ္။ ဒီ dual camera setup က Bokeh effect, AI scene detection, နဲ႔ portrait lighting စတဲ့ feature ေတြကို လုပ္ေဆာင္ႏိုင္မွာျဖစ္ၿပီး 90fps-slowmotion video ေတြလည္း႐ိုက္ကူးလို႔ ရႏိုင္ဦးမွာပါ။ ဒါေပမဲ့ တျခားၿပိဳင္ဘက္ဖုန္းေတြမွာ 120fps နဲ႔ 240 fps  low-mo ေတြေတာင္ရေနၿပီျဖစ္လို႔ သိပ္အားရစရာေတာ့မရွိပါဘူး။
.
Realme U1 မွာ ပါဝင္တဲ့ အဓိကအခ်က္အလက္ေတြကို ေျပာရမယ္ဆိုရင္ –
– Helio p70 chipset,
– 6.3 full HD+ LCD display with waterdrop notch,
– 3GB or 4GB RM,
– 32GB or 64 GB expandable storage နဲ႔
– 3500 mAh battery တို႔ပါဝင္မွာျဖစ္ပါတယ္။ Fingerprint scanner ကိုလည္း ဖုန္းရဲ႕ေက်ာဘက္မွာထည့္ေပးထားပါတယ္။ AI Face unlock function လည္း အသုံးျပဳႏိုင္မွာပါ။
.
နည္းနည္းေျပာစရာရွိတာကေတာ့ အခုခ်ိန္ထိ USB Type-C ကို မသုံးေသးဘဲ micro USB ကို သုံးထားတဲ့အခ်က္နဲ႔ Bluetooth version 5 အစား Bluetooth version 4.2 ကို သုံးထားတာပါ။ Android version ကလည္း Oreo နဲ႔ ျဖစ္ေနပါတယ္။ Headphone jack ေလး ပါေနေသးတာကေတာ့ ေတာ္ေသးတယ္ေျပာရမွာပါ။ ေဈးႏႈန္းေတြကေတာ့ 3/32GB model အတြက္ $170 က်သင့္မွာျဖစ္ၿပီး 4/64GB အတြက္ $205 က်သင့္မွာျဖစ္ပါတယ္။ အျပာ၊ ေ႐ႊေရာင္နဲ႔ အမည္းေရာင္ဆိုၿပီး အေရာင္သုံးေရာင္ ေ႐ြးခ်ယ္ႏိုင္မွာပါ။
.

.
<Unicode>
.

Helio P70 chipset နဲ့ 25MP selfie ကင်မရာကို အသုံးပြုထားတဲ့ Realme U1 ကို ကြေညာ
.
Realme ဆိုတာက OPPO ရဲ့ brand ခွဲ တစ်ခုဖြစ်ပြီး price to performance ကို အသားပေးဖို့အတွက် ရည်ရွယ်ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံဈေးကွက်မှာ ဝယ်ယူလို့မရသေးပေမဲ့ သိပ်မကြာခင်မှာပဲ ဝင်ရောက်လာဖို့ ရှိပါတယ်။
.
နိုဝင်ဘာလ ၂၈ ရက်က အိန္ဒိယဈေးကွက်မှာ Realme က Helio P70 chipset နဲ့ 25MP selfie ကင်မရာကို အသုံးပြုထားတဲ့ Realme U1 ကို ပြသခဲ့ပါတယ်။ Helio P70 ဆိုတာက Helio P60 ကို အဆင့်မြှင့်ထားတဲ့ chipset တစ်ခုပါ။ စွမ်းဆောင်ရည်အရ ကြည့်မယ်ဆိုရင်တော့ Snapdragon 670 ရဲ့ စွမ်းဆောင်ရည်နဲ့ နီးစပ်ပါတယ်။
.
Realme U1 ရဲ့ အဓိက အားသာချက်ကတော့ selfie ကင်မရာပါ။ OPPO F9 မှာ သုံးထားတဲ့ 25MP f/2.0 selfie camera (IMX576) ကိုပဲ သုံးထားပါတယ်။ အဲဒီ selfie ကင်မရာမှာတော့ –
– four-in-one pixel binning,
– real-time beautification/ bokeh/ HDR preview,
– multi-frame noise reduction နဲ့
– night shot function တွေလည်း ပါဝင်ပါတယ်။
.
နောက်ကျောဘက်ကင်မရာတွေကတော့ ၂၀၁၈ ခုနှစ်ထုတ် အခြား အလယ်အလတ်တန်း ဖုန်းတွေနဲ့ မတိမ်းမယိမ်းပါပဲ။ 13MP နဲ့ 2MP ကင်မရာ နှစ်လုံးကို တွဲလျက်ထည့်ပေးထားပြီး aperture တွေကတော့ f/2.2 နဲ့ f/2.4 အသီးသီးရှိပါတယ်။ ဒီ dual camera setup က Bokeh effect, AI scene detection, နဲ့ portrait lighting စတဲ့ feature တွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး 90fps-slowmotion video တွေလည်းရိုက်ကူးလို့ ရနိုင်ဦးမှာပါ။ ဒါပေမဲ့ တခြားပြိုင်ဘက်ဖုန်းတွေမှာ 120fps နဲ့ 240 fps  low-mo တွေတောင်ရနေပြီဖြစ်လို့ သိပ်အားရစရာတော့မရှိပါဘူး။
.
Realme U1 မှာ ပါဝင်တဲ့ အဓိကအချက်အလက်တွေကို ပြောရမယ်ဆိုရင် –
– Helio p70 chipset,
– 6.3 full HD+ LCD display with waterdrop notch,
– 3GB or 4GB RM,
– 32GB or 64 GB expandable storage နဲ့
– 3500 mAh battery တို့ပါဝင်မှာဖြစ်ပါတယ်။ Fingerprint scanner ကိုလည်း ဖုန်းရဲ့ကျောဘက်မှာထည့်ပေးထားပါတယ်။ AI Face unlock function လည်း အသုံးပြုနိုင်မှာပါ။
.
နည်းနည်းပြောစရာရှိတာကတော့ အခုချိန်ထိ USB Type-C ကို မသုံးသေးဘဲ micro USB ကို သုံးထားတဲ့အချက်နဲ့ Bluetooth version 5 အစား Bluetooth version 4.2 ကို သုံးထားတာပါ။ Android version ကလည်း Oreo နဲ့ ဖြစ်နေပါတယ်။ Headphone jack လေး ပါနေသေးတာကတော့ တော်သေးတယ်ပြောရမှာပါ။ ဈေးနှုန်းတွေကတော့ 3/32GB model အတွက် $170 ကျသင့်မှာဖြစ်ပြီး 4/64GB အတွက် $205 ကျသင့်မှာဖြစ်ပါတယ်။ အပြာ၊ ရွှေရောင်နဲ့ အမည်းရောင်ဆိုပြီး အရောင်သုံးရောင် ရွေးချယ်နိုင်မှာပါ။

.