Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

Printer တစ်လုံးအတွက် Original ဆေးသုံးဖို့က ဘာကြောင့်အရေးပါတာလဲ??

Printer

Printer တွေဆိုတာက သုံးရင်ဆေးကုန်တတ်တဲ့အမျိုးတွေဆိုတော့ ပြန်ပြန်ဖြည့်ရတာကမဆန်းပါဘူး။

အဲ့လိုပြန်ဖြည့်တဲ့နေရာမှာ ကိုယ်သုံးနေတဲ့ printer ကိုထုတ်တဲ့မူရင်း company ကနေရောင်းပေးတဲ့ original ဆေးတွေရှိသလို၊ တခြား third party company တွေကနေ ထုတ်တဲ့ဆေးမျိုးတွေလဲရှိတယ်။ အဲ့လိုမှာမှ သုံးပြီးသားမှင်ဘူးကို ပြန်ပြီး refill လုပ်ရတဲ့အမျိုးအစားတွေရှိသလို၊ ဘူးပါပြီးသား cartridges တွေလဲရှိတတ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အကြံပေးချင်တာတော့ original ဆေးတွေကိုပဲသုံးဖို့ပါပဲ။

Original ဆေးတွေက ပုံမှန်အားဖြင့် ဈေးနည်းနည်းပိုကြီးတယ်ဆိုပေမယ့် third-party company တွေကနေထုတ်တဲ့ဆေးတွေထက်ပို သုံးသင့်တဲ့အချက်တွေအများကြီးရှိပါတယ်။

Original မဟုတ်တဲ့ Third party ဆေးတွေကဈေးသက်သာတယ်ဆိုပေမယ့် အဓိကဖြစ်တတ်တဲ့ပြသနာတွေကတော့ Print nozzles တွေ ပိတ်တာ၊ Ink Cartridges တွေက printer နဲ့မဆန့်တာ၊ ဆေး quality မညီတာ၊ မကောင်းတာ၊ ပုံတွေဝါးနေတာ၊ အရောင်မမှန် တာ၊ အရောင်မှိန်တာ၊ detail တွေဆုံးရှုံးတာ၊ ဆေးသားကြာကြာမခံတာတွေပါပဲ။

တစ်ချို့ Quality တော်တော် မကောင်းတဲ့ third-party ဆေးတွေသုံးမိမယ်ဆိုရင် ဆေးယိုတာ၊ စာရွက်ညပ်တာမျိုးတွေအထိဖြစ်နိုင်ပြီး မူရင်း company ကပေးတဲ့ warranty မရတာမျိုးတွေအထိဖြစ်သွားနိုင်ပါတယ်။

Original ဆေးတွေမှာတော့ အပေါ်ကပြသနာမျိုးတွေဖြစ်တာ မရှိသလောက်နည်းပါတယ်။ ဒါကြောင့် ကိုယ့် ရုံး ဒါမှမဟုတ် အိမ်က printer ကို သက်တမ်းကြာကြာသုံးချင်တယ်၊ သုံးတဲ့အချိန်မှာလဲ စိတ်ရှုပ်မခံချင်ဘူးဆိုရင် မူရင်း company ကထုတ်တဲ့ original ဆေးတွေကိုပဲသုံးကြပါလို့တိုက်တွန်းချင်ပါတယ်။

AUTHOR

RELATED NEWS

may-23-news-01

Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?

AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။  AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။

may-10-news

iPad တွေနဲ့ယှဉ်ပြိုင်ဖို့ထွက်လာတဲ့ One Plus Pad

ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem

Article-Phone-Lost

Color Printer သုံးတဲ့သူတွေ Error နည်းအောင်သိထားသင့်တဲ့အချက်များ

Color Printer သုံးတဲ့သူတွေ error နည်းအောင်သိထားသင့်တဲ့အချက်များ ပုံမှန်အားဖြင့် Color printer တွေမှာဖြစ်လေ့ရှိတဲ့ error တွေကတော့.. မှင်မထင်တာအရောင်မမှန်တာစာရွက်ညှပ်တာPrinter ကိုစက်ကမသိတာ စတာတွေဖြစ်ပါတယ်။ ဆိုတော့ မှင်မထင်တာနဲ့ပတ်သက်တဲ့ဖြေရှင်းနည်းကတော့

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x