Macbook Air 2018 Preview

<Zawgyi> Macbook Air 2018 Preview အောက်တိုဘာလ ၃၀ ရက်တုန်းက ကျင်းပသွားတဲ့ Apple Special Event မှာ New Macbook Air, Mac Mini နဲ့ New iPad Pro တို့ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီ ပစ္စည်းသုံးမျိုးမှာ iPad Pro ကို လူတွေက ပိုစိတ်ဝင်စားကြပေမဲ့ New Macbook Air ကို စောင့်နေကြတဲ့သူတွေလည်း မနည်းပါဘူး။ ဒီနေ့မှာတော့ New Macbook Air ရဲ့ အချက်အလက်တွေ၊ တခြားစိတ်ဝင်စားစရာ feature တွေ အပါအဝင် အရင် Macbook Air ထက် ဘယ်နေရာတွေမှာ ပိုကောင်းလာတယ်ဆိုတာကို အကြိုသုံးသပ်ချက်တစ်ခုအဖြစ် ရေးပေးသွားမှာဖြစ်ပါတယ်။ […]

Samsung Galaxy S10 Lite

<Zawgyi> Samsung Galaxy S10 ရဲ့ ဈေးပိုသက်သာမယ့် Version ထွက်လာနိုင်ဖွယ်ရှိ မကြာသေးခင်ကပဲ Samsung Galaxy S10 မော်ဒယ် အသစ်တစ်မျိုးအကြောင်း သတင်းအရိပ်အမြွက်တစ်ခု ထွက်လာခဲ့ပါတယ်။ ဒီသတင်းကတော့ အခုလိုမျိုးသတင်းတွေကို ဖွင့်ချရာမှာ နာမည်ကြီးတဲ့ Leaker Ben Geskin ဆီကနေ လာတာပါ။ ထွက်လာတဲ့ သတင်းအရ Samsung က Galaxy S10 အပြင် သူ့ထက်ပိုဈေးသက်သာမယ့် (budget version) S10 Lite ကိုပါ ထုတ်လုပ်သွားမယ်လို့ ဆိုထားပါတယ်။ S10 Lite မှာ dual camera နဲ့ infinity-O display ကို သုံးထားပြီး  fingerprint scanner ကို ဘေးဘက်မှာ တပ်ဆင်ထားမယ်၊ […]

Mac Mini 2018 Preview

<Zawgyi> Mac Mini 2018 Preview Mac Mini ကွန်ပျူတာလေးတွေဟာ အရွယ်အစားသေးပြီး နေရာသိပ်မယူတဲ့အပြင် သယ်ယူရတာလည်း လွယ်တဲ့အတွက် လူကြိုက်များပါတယ်။ ဒါပေမဲ့ Mac Mini ဗားရှင်းအဟောင်းကို ၂၀၁၄ ခုနှစ်မှာ နောက်ဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ပြီတဲ့နောက် ၄ နှစ်လောက်အထိ Apple ဆီက Mac Mini နဲ့ ပတ်သတ်တဲ့ သတင်းတွေကို သိပ်မကြားရခဲ့တာက ပရိတ်သတ်တွေအတွက် မချိတင်ကဲဖြစ်စရာပါ။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှာ ကျင်းပခဲ့တဲ့ Apple Special Event မှာတော့ Mac Mini ရဲ့ နောက်ဆုံးပေါ်ဗားရှင်းကို မိတ်ဆက်ပေးလိုက်ပါပြီ။ ၄ နှစ်လောက် စောင့်ခဲ့ရတဲ့ Apple ပရိတ်သတ်တွေအတွက် စောင့်ရကျိုး နပ် […]

Here’s What’s New in iOS 12.1

<Zawgyi> iOS 12 ထွက်ခဲ့တာ သိပ်မကြာသေးဘူးဆိုပေမဲ့ အခုဆိုရင် iOS 12.1 ကလည်း မရှေးမနှောင်းဆိုသလို ထပ်ပြီးထွက်လာပါပြီ။ ဒီ update အသစ်မှာ Group FaceTime, dual SIM support, ပိုကောင်းလာတဲ့ Camera app နဲ့ Emoji အသစ်တွေ လိုမျိုး feature အသစ်တွေ ပါလာတာကို တွေ့ရပါတယ်။ Group FaceTime ဇွန်လတုန်းက ကျင်းပခဲ့တဲ့ WWDC ပွဲမှာ ပထမဆုံး ကြေညာခဲ့တဲ့ Group FaceTime ကို အခု iOS 12.1 မှာ ထည့်ပေးထားပါတယ်။ Group FaceTime feature ကို သုံးပြီး လူပေါင်း ၃၂ ယောက်အထိ တစ်ပြိုင်တည်း […]

Mobile Broadband vs Fiber internet in Myanmar

<Zawgyi> Mobile Broadband vs Fiber internet in Myanmar ဆင်းမ်ကဒ်တွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရလာတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ အင်တာနက်အသုံးပြုသူ အရေအတွက်ကလည်း အလျင်အမြန်လိုက်ပြီး တိုးတက်လာပါတယ်။ ဒါပေမဲ့ ဆင်းမ်ကဒ်နဲ့ သုံးရတဲ့ 3G, 4G mobile data တွေကို အကန့်အသတ်နဲ့ အသုံးပြုရတာဖြစ်ပြီး ဈေးကလည်း အရမ်းကြီးတယ်ပြောလို့ရပါတယ်။ ဒါကြောင့် ဒေတာအသုံးများတဲ့သူတွေက ဒေတာပမာဏ ကန့်သတ်မထားတဲ့ fibre အင်တာနက်လိုင်းတွေကို တပ်လာကြပါတယ်။ အခုနောက်ပိုင်းမှာတော့ Ananda, Ooredoo နဲ့ Telenor Broadband တို့လို broadband တွေကိုပါ တပ်လို့ရနေပါပြီ။ ဒီနေ့ ဆောင်းပါးလေးမှာတော့ အကန့်အသတ်မဲ့ အင်တာနက် (unlimited internet) သုံးချင်တဲ့ သူတွေအတွက် ဖိုင်ဘာ (fiber) […]

Samsung’s One UI

<Zawgyi> Samsung ရဲ့ သုံးရတာ လွယ်ကူပြီး ရိုးရှင်းမယ့် One UI နိုဝင်ဘာ ၇ ရက်တုန်းက ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပသွားတဲ့ Samsung Developer Conference မှာ Samsung Experience UI ကို အသစ်ပြန်ပြင်ပြီး ရေးဆွဲမယ်လို့ Samsung က ကြေညာခဲ့ပါတယ်။ UI အသစ်ရဲ့ နာမည်ကတော့ One UI ပါ။ သုံးရတာ လွယ်ကူဖို့၊ ရိုးရှင်းဖို့နဲ့ ဆွဲဆောင်မှုရှိဖို့ကို ဦးစားပေးပြီး ရေးဆွဲထားတယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအသစ်က အရေးသိပ်မကြီးတဲ့ အရာတွေထက် အရေးကြီးတဲ့အရာတွေကို ပိုပြီး ထင်သာမြင်သာရှိစေမယ်လို့ သိရပါတယ်။ နောက်ပိုင်းထွက်ဖုန်းတွေက အရွယ်အစားကြီးလာတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ သုံးနိုင်ဖို့ အဆင်သိပ်မပြေတော့ပါဘူး။ ဒါကြောင့် One UI မှာ […]

Honor 8X Review

Honor 8X Review နိုဝင်ဘာလ ၅ ရက်နေ့တုန်းက အလယ်အလတ်တန်းဖုန်းတစ်လုံးဖြစ်တဲ့ Honor 8X ကို Huawei ရဲ့ brand အခွဲတစ်ခုဖြစ်တဲ့ Honor က မြန်မာနိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ဈေးနှုန်းတွေကတော့ RAM 4GB, Internal 128 GB ကို 359000 ကျပ်နဲ့ RAM 6GB, Internal 128 GB ကို 399000 ကျပ် ကျသင့်မှာပါ။ ဒီဈေးနှုန်းဝန်းကျင်နဲ့ ထွက်ထားတဲ့ ဖုန်းတွေက မြန်မာနိုင်ငံမှာ အဝယ်အလိုက်ဆုံးဖြစ်တာကြောင့် သူနဲ့ယှဉ်ရမယ့် ပြိုင်ဘက်တွေက တော်တော်များတယ် ပြောလို့ရပါတယ်။ သူနဲ့ ဈေးနှုန်းမတိမ်းမယိမ်းထဲမှာ Xiaomi Mi8 SE, Huawei Nova 3i, Vivo V11, […]

Nokia 9 Leaked

<Zawgyi> Rear Camera 5 လုံးနဲ့ Nokia 9 ရဲ့သတင်းများထပ်မံပေါက်ကြားလာ ဒီနှစ်အစောပိုင်းမှာ ထွက်ခဲ့တဲ့ သတင်းတွေအရ Nokia 9 မှာ ကင်မရာ ၅ လုံးအထိ သုံးမယ်လို့ သိခဲ့ရပါတယ်။ အခုအချိန်မှာတော့ Nokia 9 ကို ပတ်ပတ်လည် ၃၆၀ ဒီဂရီ ပြသထားတဲ့ ဗီဒီယိုတစ်ခုပါ ထပ်ပြီး ထွက်လာပြန်ပါပြီ။ Nokia 9 ရဲ့ ဒီဇိုင်းနဲ့ ကင်မရာ အပြင်အဆင်တွေကို ဖော်ပြထားတဲ့ ဒီဗီဒီယိုကို OnLeaks နဲ့ 91 Mobiles ဆိုတဲ့ ဝက်ဘ်ဆိုက်တွေမှာ တင်ထားတာဖြစ်ပါတယ်။ အရင်က ထွက်ခဲ့တဲ့ပုံတွေအတိုင်းပဲ Nokia 9 ရဲ့ နောက်ကျောဘက်မှာ ကင်မရာငါးလုံး၊ flash နဲ့ ဘာ […]

Asus Zenfone 5 Review

<Zawgyi> Asus Zenfone 5 Review ဒီနှစ်အတွင်း Asus က ထုတ်ခဲ့တဲ့ ဖုန်းတွေထဲမှာ Zenfone 5Z, Zenfone 5 နဲ့ Max Pro M1 တို့က သူတို့အရင်ထွက်ခဲ့တဲ့ ဖုန်းတွေနဲ့ ယှဉ်ရင် အများကြီးတိုးတက်လာတာကို တွေ့ရပါတယ်။ အဲဒီဖုန်းတွေထဲကမှာ Zenfone 5 က နည်းနည်းတော့ ထူးခြားနေပါတယ်။ ဘာကြောင့်လည်းဆိုရင် သူက စွမ်းဆောင်ရည်ပိုင်းထက် built quality, display နဲ့ audio ပိုင်းတွေမှာ ပိုပြီး ဂရုတစိုက်နဲ့ အသေးစိတ်ပြင်ဆင်ထားတဲ့အတွက်ကြောင့်ပါ။ ဒါဆိုရင် Asus Zenfone 5 ရဲ့ အကြောင်း အသေးစိတ်ကို အောက်မှာ ဆက်ပြီး ကြည့်လိုက်ရအောင်! Design Asus Zenfone […]

Mate 20 , Mate 20 Pro Preview

<Zawgyi> Mate 20 , Mate 20 Pro Preview ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ကင်မရာအကောင်းဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ P20 Pro ကို ပွဲထုတ်နိုင်ခဲ့တာဟာ Huawei အတွက် ကြီးကြီးမားမား အောင်မြင်မှုလို့ ပြောရမှာပါ။ အခုလည်း သူ့ရဲ့ flagship series နောက်တစ်ခုဖြစ်တဲ့ Mate series ကို Mate 20, Mate 20 Pro, Mate 20 X တို့နဲ့ ထပ်ပြီး မိတ်ဆက်ထားပါပြီ။ Mate 20 X ကတော့ မြန်မာနိုင်ငံကို ဝင်မှာ မဟုတ်တဲ့အတွက် ဒီနေ့တော့ Mate 20 နဲ့ Mate 20 Pro […]