The New iPad Pro 2018

<Zawgyi>

ပရိတ္သတ္ေတြ သေဘာက်ခဲ့တဲ့ Apple ရဲ႕ New iPad Pro

မေန႔က က်င္းပခဲ့တဲ့ Apple ရဲ႕ Special Event မွာ ပစၥည္းသစ္ ၃ မ်ိဳးကို မိတ္ဆက္သြားခဲ့ပါတယ္။ အဲဒီပစၥည္းသစ္ေတြကေတာ့
– ေဘးေဘာင္ေတြ ပါးသြားၿပီး touch ID နဲ႔ Retina display ပါဝင္လာတဲ့ New MacBook
– 6-core CPU ပါဝင္လာတဲ့ Mac Mini နဲ႔
– Fingerprint sensor ကို ျဖဳတ္လိုက္ၿပီး 3D face unlock ကိုသာ အသုံးျပဳမယ့္ New iPad Pro တို႔ပဲ ျဖစ္ပါတယ္။

အားလုံးထဲမွာ ဒီဇိုင္းအသစ္ေျပာင္းထားတဲ့ New iPad Pro က လူေတြရဲ႕ အာ႐ုံစိုက္တာကို အမ်ားဆုံး ခံခဲ့ရပါတယ္။ Fingerprint scanner ရယ္၊ home button ရယ္ကို ျဖဳတ္လိုက္ၿပီး 3D face unlock ကိုသာ သုံးထားတာေၾကာင့္ ေဘာင္ေတြက မရွိသေလာက္ ေသးသြားတဲ့ New iPad Pro က အရင္ iPad ေတြနဲ႔ လုံးဝကို ကြဲျပားေနပါတယ္။

New iPad Pro မွာ lightning connector အစား USB Type C ကို သုံးေပးထားတာေၾကာင့္ အျခား monitor ေတြနဲ႔လည္း ခ်ိတ္ဆက္ၿပီး သုံးလို႔ရသြားပါတယ္။ 5K monitor ေတြနဲ႔အထိ သုံးလို႔ရမယ္လို႔လည္း ဆိုပါတယ္။ Headphone jack ေတာ့ ပါမလာေတာ့ပါဘူး။ ထြက္ခဲ့ဖူးသမွ် ipad ေတြထဲမွာ အပါးဆုံးျဖစ္တဲ့အျပင္ မႏွစ္က A12 bionic chip ထက္ပိုေကာင္းတဲ့ A12X bionic chip ကို သုံးထားတာေၾကာင့္ လက္ရွိအခ်ိန္မွာ စြမ္းေဆာင္ရည္ အေကာင္းဆုံး tablet တစ္ခုလည္း ျဖစ္ပါတယ္။

iPhone ေတြမွာ သုံးထားတဲ့ face unlock ေတြနဲ႔ မတူဘဲ New iPad Pro ရဲ႕ 3D face unlock က screen ကို အလ်ားလိုက္ပဲထားထား၊ ေဒါင္လိုက္ပဲထားထား အလုပ္လုပ္ပါတယ္။ Display ကို iPhone XR မွာသုံးထားတဲ့ liquid retina display ကို သုံးထားတဲ့အတြက္ အလင္းဆုံးနဲ႔ ကာလာအမွန္ဆုံး iPad display ျဖစ္တယ္လို႔လည္း Apple ကေျပာထားပါတယ္။

ကင္မရာအေနနဲ႔လည္း 4K ကို 60 fps မွာ ႐ိုက္ကူးႏိုင္တဲ့ 12MP ေနာက္ေက်ာဘက္ ကင္မရာကို သုံးေပးထားလို႔ အရင္ iPad model ေတြထက္ အမ်ားႀကီးပိုေကာင္းလာမွာပါ။ iPhone XR လိုေတာ့ portrait mode ႐ိုက္ကူးလို႔ မရဘူးလို႔ သိရပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာက နည္းနည္းထူေနၿပီး ကိုယ္ထည္ရဲ႕ အျပင္ကို နည္းနည္းေလးထြက္ေနတာကေတာ့ သိပ္အဆင္မေျပတဲ့အခ်က္ပါ။ အေရွ႕ကင္မရာမွာေတာ့ true depth sensor ပါဝင္လို႔ portrait mode ႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။ iPad pro အသစ္မွာ wider stereo sound ထုတ္ေပးႏိုင္တဲ့ speaker ေလးလုံးပါဝင္လာတာေၾကာင့္ အသံပိုင္းမွာလည္း ပိုေကာင္းလာပါတယ္။ Battery life ကေတာ့ ဆက္တိုက္အသုံးျပဳရင္ 10 နာရီထိခံမယ္လို႔ ေၾကညာသြားပါတယ္။

New iPad Pro နဲ႔တြဲသုံးဖို႔အတြက္ Apple Pencil ရဲ႕ 2nd generation ကိုလည္း မိတ္ဆက္ခဲ့ပါေသးတယ္။ 2nd gen Apple Pencil မွာ tap-based controls, New iPad Pro ရဲ႕ ကိုယ္ထည္မွာ သံလိုက္နဲ႔ကပ္လိုက္တာနဲ႔ အားသြင္းေပးမယ့္ wireless charging စတဲ့ features ေတြ ပါလာပါတယ္။ tap-based controls အေနနဲ႔ Notes app မွာဆို ႏွစ္ခ်က္ ထိလိုက္တာနဲ႔ tools ေျပာင္းေပးတာမ်ိဳး၊ Photoshop မွာ zoom in or zoom out လုပ္ေပးတာမ်ိဳး စတာေတြကို စိတ္ႀကိဳက္ customize လုပ္ထားႏိုင္မွာျဖစ္ပါတယ္။ iPad Pro နဲ႔တြဲသုံးဖို႔ keyboard ကိုေတာ့ smart folio လို႔ေခၚတဲ့ protective, polyurethane folio design keyboard ကိုဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

မ်က္ႏွာျပင္ အ႐ြယ္အစား ၁၁ လက္မနဲ႔ ၁၂.၉ လက္မ ႏွစ္မ်ိဳးထြက္ထားၿပီး အေရာင္ကို silver နဲ႔ space gray, storage ကို 64GB, 256GB, 512GB, 1TB စသည္ျဖင့္ ေ႐ြးခ်ယ္ၿပီး ဝယ္ႏိုင္မွာပါ။ ေဈးႏႈန္းေတြ ကေတာ့ 11 inches base models ေတြမွာ $799 (Wifi) နဲ႔ $949 (Wifi+cellular) နဲ႔ 12.9 inches base model ေတြမွာ $999(wifi) နဲ႔ $1,149 (wifi+cellular) က်သင့္မွာျဖစ္ပါတယ္။ Pencil နဲ႔ Folio keyboard ေတြကိုေတာ့ pencil($129) နဲ႔ keyboard (၁၁ လက္မ အတြက္ $179 နဲ႔ ၁၂.၉ လက္မအတြက္ $199) ေပးၿပီး ထပ္မံဝယ္ယူရမွာျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံအေရာက္ ေဈးႏႈန္းေတြကိုေတာ့ လက္ရွိအခ်ိန္မွာ မသိရေသးပါဘူး)

Adobe Photoshop full version ကို iPad ေပၚမွာ အသုံးျပဳ ႏိုင္ေတာ့မယ္ဆိုတဲ့ သတင္းထြက္လာၿပီး မၾကာခင္မွာပဲ ဒီလို New iPad Pro ကို မိတ္ဆက္ခဲ့တာကို ၾကည့္ရင္ Apple က iPad ရဲ႕ လုပ္ႏိုင္စြမ္းကို notebook level ေတြထိ ဆြဲတင္ခ်င္ေနတယ္လို႔ ယူဆလို႔ရပါတယ္။ ဒါေၾကာင့္ New iPad Pro က ကြၽန္ေတာ္တို႔အရင္ကေျပာခဲ့သလို “productivity အတြက္ဆိုရင္ Microsoft surface ေတြက ပိုေကာင္းၿပီး tablet experience အတြက္ဆို ipad ေတြကပိုေကာင္းတယ္” ဆိုတဲ့အယူအဆကို ပယ္ဖ်က္ႏိုင္မယ့္ tablet တစ္လုံးလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Apple ရဲ႕ New iPad Pro ဟာ (ေဈးကလြဲရင္) ပရိတ္သတ္ေတြရဲ႕ စိတ္ေက်နပ္မႈကိုရခဲ့တယ္ဆိုတာက ျငင္းလို႔မရတဲ့အခ်က္ပါပဲ။

Ref 1: Apple’s new iPad Pro has Face ID, USB-C, and slimmer bezels than ever before
Ref 2: Apple Reveals New 11-Inch and 12.9-Inch iPad Pro Models With Slim Bezels and Face ID
Ref 3: Apple Announces New Magnetic Apple Pencil Featuring Tap Gestures and Wireless Charging

<Unicode>

ပရိတ်သတ်တွေ သဘောကျခဲ့တဲ့ Apple ရဲ့ New iPad Pro

မနေ့က ကျင်းပခဲ့တဲ့ Apple ရဲ့ Special Event မှာ ပစ္စည်းသစ် ၃ မျိုးကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲဒီပစ္စည်းသစ်တွေကတော့
– ဘေးဘောင်တွေ ပါးသွားပြီး touch ID နဲ့ Retina display ပါဝင်လာတဲ့ New MacBook
– 6-core CPU ပါဝင်လာတဲ့ Mac Mini နဲ့
– Fingerprint sensor ကို ဖြုတ်လိုက်ပြီး 3D face unlock ကိုသာ အသုံးပြုမယ့် New iPad Pro တို့ပဲ ဖြစ်ပါတယ်။

အားလုံးထဲမှာ ဒီဇိုင်းအသစ်ပြောင်းထားတဲ့ New iPad Pro က လူတွေရဲ့ အာရုံစိုက်တာကို အများဆုံး ခံခဲ့ရပါတယ်။ Fingerprint scanner ရယ်၊ home button ရယ်ကို ဖြုတ်လိုက်ပြီး 3D face unlock ကိုသာ သုံးထားတာကြောင့် ဘောင်တွေက မရှိသလောက် သေးသွားတဲ့ New iPad Pro က အရင် iPad တွေနဲ့ လုံးဝကို ကွဲပြားနေပါတယ်။

New iPad Pro မှာ lightning connector အစား USB Type C ကို သုံးပေးထားတာကြောင့် အခြား monitor တွေနဲ့လည်း ချိတ်ဆက်ပြီး သုံးလို့ရသွားပါတယ်။ 5K monitor တွေနဲ့အထိ သုံးလို့ရမယ်လို့လည်း ဆိုပါတယ်။ Headphone jack တော့ ပါမလာတော့ပါဘူး။ ထွက်ခဲ့ဖူးသမျှ ipad တွေထဲမှာ အပါးဆုံးဖြစ်တဲ့အပြင် မနှစ်က A12 bionic chip ထက်ပိုကောင်းတဲ့ A12X bionic chip ကို သုံးထားတာကြောင့် လက်ရှိအချိန်မှာ စွမ်းဆောင်ရည် အကောင်းဆုံး tablet တစ်ခုလည်း ဖြစ်ပါတယ်။

iPhone တွေမှာ သုံးထားတဲ့ face unlock တွေနဲ့ မတူဘဲ New iPad Pro ရဲ့ 3D face unlock က screen ကို အလျားလိုက်ပဲထားထား၊ ဒေါင်လိုက်ပဲထားထား အလုပ်လုပ်ပါတယ်။ Display ကို iPhone XR မှာသုံးထားတဲ့ liquid retina display ကို သုံးထားတဲ့အတွက် အလင်းဆုံးနဲ့ ကာလာအမှန်ဆုံး iPad display ဖြစ်တယ်လို့လည်း Apple ကပြောထားပါတယ်။

ကင်မရာအနေနဲ့လည်း 4K ကို 60 fps မှာ ရိုက်ကူးနိုင်တဲ့ 12MP နောက်ကျောဘက် ကင်မရာကို သုံးပေးထားလို့ အရင် iPad model တွေထက် အများကြီးပိုကောင်းလာမှာပါ။ iPhone XR လိုတော့ portrait mode ရိုက်ကူးလို့ မရဘူးလို့ သိရပါတယ်။ နောက်ကျောဘက် ကင်မရာက နည်းနည်းထူနေပြီး ကိုယ်ထည်ရဲ့ အပြင်ကို နည်းနည်းလေးထွက်နေတာကတော့ သိပ်အဆင်မပြေတဲ့အချက်ပါ။ အရှေ့ကင်မရာမှာတော့ true depth sensor ပါဝင်လို့ portrait mode ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ iPad pro အသစ်မှာ wider stereo sound ထုတ်ပေးနိုင်တဲ့ speaker လေးလုံးပါဝင်လာတာကြောင့် အသံပိုင်းမှာလည်း ပိုကောင်းလာပါတယ်။ Battery life ကတော့ ဆက်တိုက်အသုံးပြုရင် 10 နာရီထိခံမယ်လို့ ကြေညာသွားပါတယ်။

New iPad Pro နဲ့တွဲသုံးဖို့အတွက် Apple Pencil ရဲ့ 2nd generation ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ 2nd gen Apple Pencil မှာ tap-based controls, New iPad Pro ရဲ့ ကိုယ်ထည်မှာ သံလိုက်နဲ့ကပ်လိုက်တာနဲ့ အားသွင်းပေးမယ့် wireless charging စတဲ့ features တွေ ပါလာပါတယ်။ tap-based controls အနေနဲ့ Notes app မှာဆို နှစ်ချက် ထိလိုက်တာနဲ့ tools ပြောင်းပေးတာမျိုး၊ Photoshop မှာ zoom in or zoom out လုပ်ပေးတာမျိုး စတာတွေကို စိတ်ကြိုက် customize လုပ်ထားနိုင်မှာဖြစ်ပါတယ်။ iPad Pro နဲ့တွဲသုံးဖို့ keyboard ကိုတော့ smart folio လို့ခေါ်တဲ့ protective, polyurethane folio design keyboard ကိုဝယ်ယူနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင် အရွယ်အစား ၁၁ လက်မနဲ့ ၁၂.၉ လက်မ နှစ်မျိုးထွက်ထားပြီး အရောင်ကို silver နဲ့ space gray, storage ကို 64GB, 256GB, 512GB, 1TB စသည်ဖြင့် ရွေးချယ်ပြီး ဝယ်နိုင်မှာပါ။ ဈေးနှုန်းတွေ ကတော့ 11 inches base models တွေမှာ $799 (Wifi) နဲ့ $949 (Wifi+cellular) နဲ့ 12.9 inches base model တွေမှာ $999(wifi) နဲ့ $1,149 (wifi+cellular) ကျသင့်မှာဖြစ်ပါတယ်။ Pencil နဲ့ Folio keyboard တွေကိုတော့ pencil($129) နဲ့ keyboard (၁၁ လက်မ အတွက် $179 နဲ့ ၁၂.၉ လက်မအတွက် $199) ပေးပြီး ထပ်မံဝယ်ယူရမှာဖြစ်ပါတယ်။ (မြန်မာနိုင်ငံအရောက် ဈေးနှုန်းတွေကိုတော့ လက်ရှိအချိန်မှာ မသိရသေးပါဘူး)

Adobe Photoshop full version ကို iPad ပေါ်မှာ အသုံးပြု နိုင်တော့မယ်ဆိုတဲ့ သတင်းထွက်လာပြီး မကြာခင်မှာပဲ ဒီလို New iPad Pro ကို မိတ်ဆက်ခဲ့တာကို ကြည့်ရင် Apple က iPad ရဲ့ လုပ်နိုင်စွမ်းကို notebook level တွေထိ ဆွဲတင်ချင်နေတယ်လို့ ယူဆလို့ရပါတယ်။ ဒါကြောင့် New iPad Pro က ကျွန်တော်တို့အရင်ကပြောခဲ့သလို “productivity အတွက်ဆိုရင် Microsoft surface တွေက ပိုကောင်းပြီး tablet experience အတွက်ဆို ipad တွေကပိုကောင်းတယ်” ဆိုတဲ့အယူအဆကို ပယ်ဖျက်နိုင်မယ့် tablet တစ်လုံးလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple ရဲ့ New iPad Pro ဟာ (ဈေးကလွဲရင်) ပရိတ်သတ်တွေရဲ့ စိတ်ကျေနပ်မှုကိုရခဲ့တယ်ဆိုတာက ငြင်းလို့မရတဲ့အချက်ပါပဲ။

Ref 1: Apple’s new iPad Pro has Face ID, USB-C, and slimmer bezels than ever before
Ref 2: Apple Reveals New 11-Inch and 12.9-Inch iPad Pro Models With Slim Bezels and Face ID
Ref 3: Apple Announces New Magnetic Apple Pencil Featuring Tap Gestures and Wireless Charging