MIUI 10 Global Stable rolls out next week for the Xiaomi POCO F1

<Zawgyi>



POCO Launcher Updates




Widevine L1 Fix


MIUI system issues


Camera Improvements


MIUI 10 Global Stable



<Unicode>

MIUI 10 Global Stable Version မကြာခင်ရတော့မယ့် POCO F1

အသုံးပြုသူတွေအတွက် နောက်ဆုံးပေါ် MIUI version တွေကို Xiaomi က အမြဲတမ်းလိုလို ပုံမှန်ထုတ်ပေးလေ့ ရှိပါတယ်။ MIUI 10 ရဲ့ software update တွေမှာ အရေးပါတဲ့ အပြောင်းအလဲတွေနဲ့ bug fix တွေ ပါဝင်နေတတ်ပြီး MIUI 9 ထက် အများကြီး ပိုကောင်းလာတာကိုလည်း တွေ့ရပါတယ်။ Xiaomi ရဲ့ sub-brand ဖြစ်တဲ့ POCO က ထုတ်ထားတဲ့ POCO F1 ဟာ Android 8.1 Oreo-based MIUI 9.6 နဲ့ ထွက်လာခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ MIUI 10 global beta version တင်လို့ရခဲ့ပါတယ်။ Beta version တွေမှာ bug တွေ အနည်းငယ် ပါဝင်တတ်ပြီး မကြာခဏလည်း update ပေးလေ့ရှိပါတယ်။ နောက်တစ်ပတ်ထဲမှာတော့ POCO F1 အတွက် ပိုပြီးကောင်းမွန်တဲ့ MIUI 10 Global Stable version ထွက်လာမယ်လို့ သိရပါတယ်။ MIUI 10 stable version မှာ ဘာတွေပါလာမလဲ ကြည့်ရအောင်။

POCO Launcher Updates

POCO F1 မှာ သုံးထားတဲ့ POCO launcher ကို custom app icon size, desktop grid, နဲ့ dark mode ထပ်ပေါင်းပြီး update လုပ်ပေးထားမှာ ဖြစ်ပါတယ်။ ဒီ update ပါဝင်တဲ့ version ကိုတော့ Playstore မှာ နောက်တစ်ပတ်ထဲမှာ ဒေါင်းလို့ရမှာ ဖြစ်ပါတယ်။

App incompatibilities fix

Asphalt 8 နဲ့ Asphalt 9 game တွေ ဆော့တဲ့အခါမှာ ကြုံရတဲ့ ပြဿနာတွေကို မကြာခင်မှာ ဖြေရှင်းပေးသွားမှာပါ။ PUBG ဆော့တဲ့အခါမှာ notch ကွယ်နေတဲ့ ပြဿနာကိုလည်း ပြင်ဆင်ပေးသွားမယ်လို့ သိရပါတယ်။ အခုလို ကြုံနေရတာတွေကို အသုံးပြုသူတွေက လွန်ခဲ့တဲ့တစ်ပါတ်ကမှ report တင်ခဲ့ကြတာပါ။ Xiaomi အနေနဲ့ မြန်မြန်ဆန်ဆန်ပဲ ပြုပြင်ပေးဖို့ကြိုးစားနေပါတယ်။ မကြာခင် ထွက်မယ့် update အသစ်မှာ fix လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Widevine L1 Fix

POCO F1 မှာ Netflix, Amazon video စတဲ့ အွန်လိုင်းဗီဒီယို ဝန်ဆောင်မှုတွေကို သုံးတဲ့အခါ HD content တွေကို ကြည့်လို့မရပါဘူး။ အဲ့ဒီအတွက် Widevine for drm support လိုအပ်တာကြောင့် Google နဲ့ Qualcomm တို့နဲ့ တိုင်ပင်ပြီး ပြင်ဆင်ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ထွက်လာမယ့် update မှာ ပါလာမယ့် အလားအလာတော့ မရှိသေးပါဘူး။

MIUI system issues

Status bar မှာ icon မပေါ်တဲ့ ပြဿနာကိုလည်း အခုလာမယ့် MIUI 10 update မှာ ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ Notch အတွက် optimized မလုပ်ရသေးတဲ့ app တွေကိုလည်း full screen display နဲ့ အသုံးပြုနိုင်မယ့် feature တစ်ခုလည်း ပါလာနိုင်ပါတယ်။ OK Google support နဲ့ battery percentage indicator တို့ဟာ MIUI 10 Global Beta ROM 8.9.13 မှာ ထည့်ပေးပြီးသားဖြစ်တဲ့အတွက် stable version မှာလည်း ပါဝင်လာဖို့ သေချာသလောက်ရှိပါတယ်။ Keyboard မှာ စာရိုက်တဲ့အခါ နည်းနည်းကြာတာနဲ့ စာလုံးတွေမှားနေတယ်ဆိုတဲ့ bug ကိုလည်း ပြင်ပေးထားပါတယ်။

Camera Improvements

Camera ပိုင်းမှာလည်း နောက်ကျောဘက် ကင်မရာကို သုံးပြီး 4K ဗီဒီယိုတွေကို 60fps မှာ ရိုက်ကူးနိုင်မယ့် camera app update ကို ထုတ်ပေးဖို့လည်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ Snapdragon 845 နဲ့ Sony imx363 ကင်မရာကိုပဲ သုံးထားတဲ့ POCO F1 က Pixel 3 နဲ့ Pixel 3 XL မှာတောင်မပါဝင်တဲ့ အခုလို feature မျိုးကို Xiaomi က တကယ်ထုတ်ပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

MIUI 10 Global Stable

POCO F1 အတွက် နောက်တစ်ပတ်ထဲမှာ ထွက်ရှိလာမယ့် MIUI 10 global stable မှာ အပေါ်က ပြောခဲ့တာတွေအပြင် full screen gesture, AI portrait mode, nature-inspired sounds and effects စတဲ့ feature တွေ ပါလာဦးမှာပါ။ UI (User Interface) ပိုင်းမှာလည်း အတော်လေးပြောင်းလဲသွားပြီး ဖုန်းအသစ်တစ်လုံးလို ဖြစ်သွားတဲ့ ခံစားချက်မျိုးရပါတယ်။ ဒါကြောင့် ဒီ update ဟာ POCO F1 user တွေ မဖြစ်မနေတင်သင့်တဲ့ update တစ်ခုအဖြစ် အကြံပြုချင်ပါတယ်။

Ref: MIUI 10 Global Stable rolls out next week for the Xiaomi POCO F1