Microsoft’s Project xCloud

<Zawgyi>

ေအာက္တိုဘာ လဆန္းပိုင္းေလာက္က Project xCloud ဆိုတဲ့ console-quality ဂိမ္းေတြကို smartphone လိုမ်ိဳး device ေတြမွာ ေဆာ့လို႔ရမယ့္ game streaming ဝန္ေဆာင္မႈ တစ္ခုကို ေၾကညာခဲ့ပါတယ္။

Streaming နည္းပညာကို အၾကမ္းမ်ဥ္း ရွင္းျပရမယ္ဆိုရင္ ကိုယ္ဂိမ္းကစားမယ့္ စက္မွာ လိုအပ္တဲ့ processing power ေတြကို cloud ကေနတဆင့္ အျခား စူပါကြန္ပ်ဴတာႀကီးေတြကေနတဆင့္ ယူသုံးႏိုင္မယ့္ နည္းပညာပါ။ ေျပာရရင္ ကိုယ့္ဆီမွာ ဂိမ္းကစားဖို႔ရွိရမယ့္ CPU ေတြ၊ GPU ေတြ၊ RAM ေတြကို cloud ေပၚမွာရွိတဲ့ စူပါကြန္ပ်ဴတာႀကီးေတြကေန ခဏယူသုံးတဲ့သေဘာပါပဲ။  ဂိမ္းကစားသူအေနနဲ႔ကေတာ့ အဲဒီ စူပါကြန္ပ်ဴတာႀကီးေတြကေန ျပန္လာတဲ့ video feedback streaming ကို ေဆာ့ရမွာပါ။

ဒီလိုကစားဖို႔အတြက္ အင္တာနက္လိုင္းကေတာ့ ေတာ္ေတာ္ေလး ေကာင္းဖို႔လိုမွာပါ။ local gaming လို မဟုတ္တဲ့ အားနည္းခ်က္က အင္တာနက္လိုင္းကေနတဆင့္ ကစားရမွာျဖစ္တဲ့အတြက္ လိုင္းမေကာင္းရင္ lag သြားတာမ်ိဳး၊ ကိုယ္ႏွိပ္တာထက္ ေနာက္က်ၿပီးမွ ဂိမ္းက တုန႔္ျပန္တာမ်ိဳးေတာ့ ႀကဳံရမွာေသခ်ာပါတယ္။ ဒါေပမဲ့ streaming service သာ တကယ္အလုပ္ျဖစ္ၿပီး အင္တာနက္ connection လည္း ပိုေကာင္းလာမယ္ဆိုရင္ေတာ့ စမတ္ဖုန္းေပၚမွာ အေကာင္းစားဂိမ္းေတြေဆာ့ရဖို႔က အိပ္မက္တစ္ခု မဟုတ္ေတာ့ပါဘူး။

စမတ္ဖုန္းေတြမွာ ဂိမ္းအျမင့္ေတြ ကစားႏိုင္မယ္ဆိုတာကေတာ့ ဟုတ္ေပမဲ့ touch screen ေပၚမွာ console level ဂိမ္းေတြကစားဖို႔ဆိုတာက ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ ဒါေၾကာင့္လည္း Microsoft က စမတ္ဖုန္းေတြနဲ႔ တြဲၿပီး သုံးလို႔ရတဲ့ joystick controller တစ္ခုကို ဖန္တီးေနပါတယ္။

သိရသေလာက္ေတာ့ Microsoft ရဲ႕ controller ဒီဇိုင္းက Nintendo switch ရဲ႕ Joy-Con လိုမ်ိဳး စမတ္ဖုန္း ဒါမွမဟုတ္ တက္ဘလက္ရဲ႕ ေဘးတစ္ဖက္တစ္ခ်က္မွာ တပ္ရမယ့္ ပုံစံမ်ိဳး ျဖစ္ပါလိမ့္မယ္။ ၾကည့္ရတာေတာ့ Microsoft က Nintendo Switch ရဲ႕ Joy-Con design ကိုအေတာ္ေလးသေဘာက်ေနပုံပါပဲ။ Nintendo Switch ရဲ႕ ေအာင္ျမင္မႈက physical control ေတြကို အသုံးျပဳၿပီးကစားရတဲ့ mobile gaming ရဲ႕ အဆင့္အတန္းကို မွတ္ေက်ာက္တင္ခံႏိုင္ေစခဲ့တယ္လို႔လည္း Microsoft က ခ်ီးက်ဴးခဲ့ပါေသးတယ္။ လက္ရွိေဈးကြက္မွာေရာင္းခ်ေနတဲ့ မိုဘိုင္းဖုန္းနဲ႔ ခ်ိတ္ဆက္ၿပီး ကစားလို႔ရတဲ့ controller ေတြကိုေတာ့ အ႐ြယ္အစားႀကီးၿပီး အံဝင္ခြင္က်မျဖစ္ဘူးလို႔ Microsoft က ဆိုပါတယ္။

ProjectxCloud ဆိုတဲ့ streaming technology နဲ႔သာ Xbox game ေတြကို smartphone မွာ ကစားႏိုင္ေတာ့မယ္ဆိုရင္ Microsoft က ထုတ္မယ့္ controller မ်ိဳးဟာလည္း တကယ္လိုအပ္လာမွာ ျဖစ္ပါတယ္။

<Unicode>

အောက်တိုဘာ လဆန်းပိုင်းလောက်က Project xCloud ဆိုတဲ့ console-quality ဂိမ်းတွေကို smartphone လိုမျိုး device တွေမှာ ဆော့လို့ရမယ့် game streaming ဝန်ဆောင်မှု တစ်ခုကို ကြေညာခဲ့ပါတယ်။

Streaming နည်းပညာကို အကြမ်းမျဉ်း ရှင်းပြရမယ်ဆိုရင် ကိုယ်ဂိမ်းကစားမယ့် စက်မှာ လိုအပ်တဲ့ processing power တွေကို cloud ကနေတဆင့် အခြား စူပါကွန်ပျူတာကြီးတွေကနေတဆင့် ယူသုံးနိုင်မယ့် နည်းပညာပါ။ ပြောရရင် ကိုယ့်ဆီမှာ ဂိမ်းကစားဖို့ရှိရမယ့် CPU တွေ၊ GPU တွေ၊ RAM တွေကို cloud ပေါ်မှာရှိတဲ့ စူပါကွန်ပျူတာကြီးတွေကနေ ခဏယူသုံးတဲ့သဘောပါပဲ။  ဂိမ်းကစားသူအနေနဲ့ကတော့ အဲဒီ စူပါကွန်ပျူတာကြီးတွေကနေ ပြန်လာတဲ့ video feedback streaming ကို ဆော့ရမှာပါ။

ဒီလိုကစားဖို့အတွက် အင်တာနက်လိုင်းကတော့ တော်တော်လေး ကောင်းဖို့လိုမှာပါ။ local gaming လို မဟုတ်တဲ့ အားနည်းချက်က အင်တာနက်လိုင်းကနေတဆင့် ကစားရမှာဖြစ်တဲ့အတွက် လိုင်းမကောင်းရင် lag သွားတာမျိုး၊ ကိုယ်နှိပ်တာထက် နောက်ကျပြီးမှ ဂိမ်းက တုန့်ပြန်တာမျိုးတော့ ကြုံရမှာသေချာပါတယ်။ ဒါပေမဲ့ streaming service သာ တကယ်အလုပ်ဖြစ်ပြီး အင်တာနက် connection လည်း ပိုကောင်းလာမယ်ဆိုရင်တော့ စမတ်ဖုန်းပေါ်မှာ အကောင်းစားဂိမ်းတွေဆော့ရဖို့က အိပ်မက်တစ်ခု မဟုတ်တော့ပါဘူး။

စမတ်ဖုန်းတွေမှာ ဂိမ်းအမြင့်တွေ ကစားနိုင်မယ်ဆိုတာကတော့ ဟုတ်ပေမဲ့ touch screen ပေါ်မှာ console level ဂိမ်းတွေကစားဖို့ဆိုတာက ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့်လည်း Microsoft က စမတ်ဖုန်းတွေနဲ့ တွဲပြီး သုံးလို့ရတဲ့ joystick controller တစ်ခုကို ဖန်တီးနေပါတယ်။

သိရသလောက်တော့ Microsoft ရဲ့ controller ဒီဇိုင်းက Nintendo switch ရဲ့ Joy-Con လိုမျိုး စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ တပ်ရမယ့် ပုံစံမျိုး ဖြစ်ပါလိမ့်မယ်။ ကြည့်ရတာတော့ Microsoft က Nintendo Switch ရဲ့ Joy-Con design ကိုအတော်လေးသဘောကျနေပုံပါပဲ။ Nintendo Switch ရဲ့ အောင်မြင်မှုက physical control တွေကို အသုံးပြုပြီးကစားရတဲ့ mobile gaming ရဲ့ အဆင့်အတန်းကို မှတ်ကျောက်တင်ခံနိုင်စေခဲ့တယ်လို့လည်း Microsoft က ချီးကျူးခဲ့ပါသေးတယ်။ လက်ရှိဈေးကွက်မှာရောင်းချနေတဲ့ မိုဘိုင်းဖုန်းနဲ့ ချိတ်ဆက်ပြီး ကစားလို့ရတဲ့ controller တွေကိုတော့ အရွယ်အစားကြီးပြီး အံဝင်ခွင်ကျမဖြစ်ဘူးလို့ Microsoft က ဆိုပါတယ်။

ProjectxCloud ဆိုတဲ့ streaming technology နဲ့သာ Xbox game တွေကို smartphone မှာ ကစားနိုင်တော့မယ်ဆိုရင် Microsoft က ထုတ်မယ့် controller မျိုးဟာလည်း တကယ်လိုအပ်လာမှာ ဖြစ်ပါတယ်။