Mate 20 , Mate 20 Pro Preview

<Zawgyi>

Mate 20 , Mate 20 Pro Preview

၂၀၁၈ ခုႏွစ္ ႏွစ္ဦးပိုင္းေလာက္မွာ ကင္မရာအေကာင္းဆုံး ဖုန္းတစ္လုံးျဖစ္တဲ့ P20 Pro ကို ပြဲထုတ္ႏိုင္ခဲ့တာဟာ Huawei အတြက္ ႀကီးႀကီးမားမား ေအာင္ျမင္မႈလို႔ ေျပာရမွာပါ။ အခုလည္း သူ႔ရဲ႕ flagship series ေနာက္တစ္ခုျဖစ္တဲ့ Mate series ကို Mate 20, Mate 20 Pro, Mate 20 X တို႔နဲ႔ ထပ္ၿပီး မိတ္ဆက္ထားပါၿပီ။ Mate 20 X ကေတာ့ ျမန္မာႏိုင္ငံကို ဝင္မွာ မဟုတ္တဲ့အတြက္ ဒီေန႔ေတာ့ Mate 20 နဲ႔ Mate 20 Pro အေၾကာင္းကိုပဲ အဓိက ေရးေပးမွာ ျဖစ္ပါတယ္။

Design and Display

Huawei ရဲ႕ ဖုန္းဒီဇိုင္းေတြက အၿမဲလိုလို ေခတ္ေရစီးေၾကာင္းနဲ႔ အမီလိုက္ႏိုင္တယ္လို႔ ေျပာရမွာပါ။ အခုတစ္ခါမွာလည္း Mate 20 နဲ႔ Mate 20 Pro တို႔ရဲ႕ ေနာက္ေက်ာဘက္ကို ဖန္သားျပင္နဲ႔ အုပ္ထားၿပီး Aluminium ေဘာင္ေတြကို သုံးထားပါတယ္။

တျခားဖုန္းေတြနဲ႔ မတူတာကေတာ့ ကင္မရာကို ေနရာခ်ထားတဲ့ ပုံစံပါ။ အရင္ဖုန္းေတြမွာလို ဘယ္ဘက္ျခမ္းမွာ ကင္မရာသုံးလုံးကို ေဒါင္လိုက္တန္းထားတဲ့ ပုံစံမ်ိဳးမဟုတ္ေတာ့ဘဲ flash ကိုပါ ထပ္ေပါင္းၿပီး ၂x၂ ကို စတုရန္းပုံစံနဲ႔ ဖုန္းကိုယ္ထည္ရဲ႕ အလယ္မွာ ေနရာခ်ထားပါတယ္။ ဒါေၾကာင့္ တျခားဖုန္းေတြနဲ႔ မတူေတာ့ဘဲ ၾကည့္လိုက္တာနဲ႔ “ဒါက Mate 20/ Mate 20 Pro ပါလား” ဆိုၿပီး ကြဲျပားသြားေစပါတယ္။

ေနာက္ေက်ာဘက္က ဖန္သားျပင္မွာလည္း အေျပာင္းအလဲတခ်ိဳ႕ကို ေတြ႕ရပါတယ္။ ဖုန္းႏွစ္ခုလုံးမွာ Huawei ရဲ႕ magic color changing glass back လို႔ေခၚတဲ့ အေရာင္ေျပာင္းတဲ့ ဖန္သားေတြကို သုံးထားတာျဖစ္ပါတယ္။ ဒါ့အျပင္ featherline pattern လို႔ေခၚတဲ့ အစင္းေၾကာင္းေလးေတြကို ေပါင္းထည့္ၿပီး မွန္ေပၚမွာ လက္ေဗြရာေတြ မထင္ေအာင္ လုပ္ထားပါတယ္။ ၿပီးေတာ့ vinyl tactility ဆိုတဲ့ အလႊာတစ္ခုကိုပါ ထည့္ထားၿပီး ဖုန္းကိုကိုင္တဲ့အခါ ေခ်ာ္မေနေအာင္လည္း လုပ္ေပးထားပါတယ္။

Display ဘက္အျခမ္းကို ၾကည့္ရင္ေတာ့ ဒီ ဖုန္းႏွစ္လုံးကို ကြဲျပားသြားေစတဲ့ notch ေတြကို ေတြ႕ရမွာပါ။  Mate 20 မွာ ပိုၿပီးေသးတဲ့ Dewdrop notch နဲ႔ 6.53 inches RGBW HDR , 2244×1080 resolution ရွိတဲ့ 18:7:9 ratio display ထည့္သြင္းေပးထားပါတယ္။ Mate 20 Pro ရဲ႕ display ကေတာ့ နည္းနည္းပိုေသးေပမဲ့ 6.37 inch curved OLED display ပါဝင္ၿပီး 3120×1440 resolution နဲ႔ပါ။ P20 pro ရဲ႕ notch ကေတာ့ 3D depth sensing array ပါတဲ့အတြက္ ပိုႀကီးပါတယ္။

အျခား ကြဲျပားခ်က္ေတြကေတာ့ –

Mate 20 ရဲ႕ ေနာက္ေက်ာဘက္မွာ fingerprint scanner နဲ႔ ျဖစ္ၿပီး Mate 20 Pro မွာေတာ့ in-display fingerprint scanner ျဖစ္သြားပါတယ္။
ေရစိုတာကိုေတာ့ IP 68 rating ရွိတဲ့ Mate 20 Pro ကပဲ ခံႏိုင္မွာျဖစ္ပါတယ္။ Mate 20 ကေတာ့ IP 54 rating ပဲ ရွိလို႔ နည္းနည္းပါးပါး ေရစင္တာေလာက္ကိုပဲ ခံႏိုင္မွာပါ။
Headphone jack ကေတာ့ Mate 20 မွာပဲ ပါၿပီး Mate 20 Pro မွာ မပါေတာ့ပါဘူး။
Mate 20 series ဖုန္းေတြကို Black, Twilight, Midnight Blue, Emerald Green နဲ႔ Pink Gold ဆိုၿပီး အေရာင္ငါးေရာင္ထဲက ေ႐ြးၿပီးဝယ္ႏိုင္မွာပါ။

Spec and Battery

SoC ကိုေတာ့ Huawei က သူရဲ႕ကိုယ္ပိုင္ Kirin processor ကိုပဲ သုံးထားတာေတြ႕ရပါတယ္။ Mate 20 series ေတြက Huawei ရဲ႕ kirin 980 processor ပါဝင္လာတဲ့ ပထမဆုံး ဖုန္းေတြပါ။ 8 core ပါဝင္ၿပီး 7nm architecture ကို အသုံးျပဳထားပါတယ္။ Small task ေတြအတြက္ 4 core , middle task ေတြအတြက္ 2 core နဲ႔ heavy task ေတြအတြက္ 2 core ခြဲျခားလုပ္ေဆာင္မွာျဖစ္ပါတယ္။ Huawei ရဲ႕အဆိုအရ အရင္ Kirin 970 ထက္ speed 20 % နဲ႔ power effiency 40% အထိ ပိုေကာင္းလာတယ္လို႔သိရပါတယ္။ Kirin 980 ေၾကာင့္ raw performance တစ္ခုတည္း တက္လာတာမဟုတ္ဘဲ AI အတြက္ Neural processing units(NPUS) ႏွစ္ခု ပါဝင္လာပါတယ္။ ဒါေၾကာင့္ Mate 20 series ေတြမွာ video နဲ႔ photo ေတြအတြက္  real-time image processing, object recognition and segmentation စတဲ့ လုပ္ေဆာင္ခ်က္ေတြလည္း ပိုေကာင္းလာမွာပါ။

RAM ကိုေတာ့ Mate 20 မွာ 4GB နဲ႔  6GB ႏွစ္မ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး Mate 20 Pro မွာေတာ့ 6GB တစ္မ်ိဳးတည္းကိုပဲ standard model အျဖစ္ ရႏိုင္မွာပါ။ Storage ကေတာ့ ဘယ္ ေမာ္ဒယ္ကို ေ႐ြးေ႐ြး 128 GB ပဲ ရမွာျဖစ္ပါတယ္။ Nano memory ကိုအသုံးျပဳၿပီး 256 GB ထပ္တိုးလို႔ရမယ္လို႔ သိရပါတယ္။ ဒါေပမဲ့ micro SD card ေတြသုံးလို႔ရမွာမဟုတ္ဘဲ nano SD card ကိုအသုံးျပဳရမွာျဖစ္ပါတယ္။ (Pre-Order မွာယူသူေတြရမယ့္ လက္ေဆာင္ပစၥည္းေတြထဲမွာ 128GB ရွိတဲ့ nano SD card လည္း ပါဝင္ပါတယ္။)

ဘက္ထရီကေတာ့ Mate 20 အတြက္ 4000 mAh နဲ႔ Mate 20 Pro အတြက္ 4200 mAh သုံးထားတဲ့အတြက္ တစ္ရက္စာေလာက္ကို ေကာင္းေကာင္းသုံးႏိုင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Mate 20 Pro မွာ 30 min အတြင္း 70% battery သြင္းႏိုင္တဲ့ Huawei supercharge 40W charger လည္း မွာပါ။ Mate 20 မွာေတာ့ 22.5 W charger ပဲ ပါဝင္ပါတယ္။ ဒါေပမဲ့ iPhone XS Max ရဲ႕ original charger က 5W ပဲရွိလို႔ ယွဥ္ၾကည့္မယ္ဆို ကြာျခားခ်က္က အေတာ္ေလးႀကီးပါတယ္။ ဖုန္းႏွစ္ခုလုံးမွာ 15W fast wireless charging support ပါဝင္ၿပီး iPhone X ထက္ ႏွစ္ဆပိုျမန္တယ္လို႔လည္း ဆိုပါတယ္။ ပိုထူးဆန္းတာက Mate 20 Pro မွာ တျခားဖုန္းေတြ ကို wireless charger အေနနဲ႔ အားျပန္သြင္းေပးႏိုင္တဲ့စနစ္ပါဝင္လာတာပါ။

Camera

P20 pro ဟာ ကင္မရာအေကာင္းဆုံးဖုန္းေတြထဲမွာပါဝင္ခဲ့တဲ့အတြက္ Mate 20 နဲ႔ mate 20 pro တို႔ရဲ႕ ကင္မရာေတြကလည္း အရမ္းကိုေကာင္းမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Mate 20 နဲ႔ Mate 20 Pro မွာ နာမည္ေက်ာ္ Leica ကုမၸဏီရဲ႕ camera ေတြ သုံးထားၿပီး wide angle lens, ultra wide-ganle lens နဲ႔ telephoto lens setup အေနနဲ႔ တပ္ဆင္ထားပါတယ္။ ဒါေပမဲ့ တစ္လုံးနဲ႔ တစ္လုံးကေတာ့မတူညီပါဘူး။

Mate 20 ရဲ႕ triple camera system မွာ

16MP ultra wide-angle lens with f/2.2 aperture
12MP wide-angle lens with an f/1.8 aperture နဲ႔
8MP 2-times telephoto zoom lens with optical image stabilization (OIS), f/2.4 aperture ပါဝင္တဲ့ setup ကို သုံးထားပါတယ္။

Mate 20 Pro မွာေတာ့ resolution ပိုမ်ားတဲ့

40MP wide-angle lens with an f/1.8 aperture,
20MP ultra wide-angle lens with an f/2.2 aperture, နဲ႔
8-MP 3-times telephoto zoom lens with OIS and an f/2.2 aperture ပါဝင္တဲ့ setup နဲ႔ပါ။

ဒီ setup ဟာ P20 Pro မွာ သုံးထားတာနဲ႔ တူေပမဲ့ monochrome lens ေနရာမွာ ultra wide-angle lens ေတြ နဲ႔ အစားထိုးထားတာကို ေတြ႕ရပါတယ္။ Huawei အဆိုအရေတာ့ monochrome data ေတြဟာ ထင္ထားတာထက္ အသုံးနည္းတဲ့အတြက္ ျဖဳတ္လိုက္တာလို႔ ဆိုပါတယ္။ အစားထိုးထားတဲ့ Ultra wide-angle lens ေတြေၾကာင့္ macro shots ေတြ အတြက္ focal length ပို ေကာင္းလာၿပီး viewing angle ေတြလည္း ပိုက်ယ္လာမွာပါ။

Mate 20 ရဲ႕ camera performance ဟာ AI ေပၚမွာလည္း အမ်ားႀကီးမူတည္လာတယ္လို႔ ေျပာရမွာပါ။ Thinking Lens လို႔ နာမည္ေပးထားတဲ့ AI ဟာ camera ကို ပိုထိန္းခ်ဳပ္ႏိုင္လာၿပီး ပုံေကာင္းေကာင္းထြက္ဖို႔ အတြက္ပိုၿပီးလြယ္ကူေစမွာျဖစ္ပါတယ္။ Lens ေတြကို manually ေ႐ႊ႕ေျပာင္းလို႔ရတဲ့အျပင္ AI ကလိုအပ္ တယ္ထင္ရင္ ultra wide angle lens ကို အလိုလိုေျပာင္းေပးမွာပါ။ Focus ထားရမယ့္ primary object ကိုလည္း သိႏိုင္ၿပီး cinematic effects ေတြပါ ထည့္ႏိုင္မွာျဖစ္ပါတယ္။ (ဥပမာ- ေဘးကအရာေတြကို black and white ေျပာင္းၿပီးလူေတြကိုပဲ color နဲ႔ထားတာမ်ိဳးပါ။)

ဖုန္းႏွစ္ခုလုံးမွာ selfie ကင္မရာေတြက 24MP စီ ရွိမွာပါ။ Mate 20 pro မွာ iPhone XS လိုမ်ိဳး 3D depth sensing tech လည္း ပါဝင္လာပါ တယ္။ Notch ထဲမွာ infrared camera, dot projector, time of flight proximity sensors ေတြပါဝင္လို႔ unlock speed အေတာ္ေလးျမန္ပါတယ္။ ဦးထုပ္ဝတ္ထားရင္ ဒါမွမဟုတ္ မုတ္ဆိတ္ေမြးေတြ ရွည္လာရင္ေတာင္ camera ကမွတ္မိမယ္လို႔ လည္းဆိုပါတယ္။

Huawei Mate 20 နဲ႕ Mate 20 Pro တုိ႕ကို Technoland ဆိုင္ေတြမွာ pre-oreder အေနနဲ႕စတင္လက္ခံေနပါၿပီခင္ဗ်ာ။

မွာယူရမယ့္အခ်ိန္ကေတာ့ ႏိုဝင္ဘာလ ၁ ရက္ ကေန ၉ ရက္ အတြင္း ပါ။
⭕ Huawei Mate 20 ကို မွာယူမယ္ဆိုရင္ေတာ့
♦ စရံေငြအျဖစ္ 90,000 Kyats ေပးရမွာျဖစ္ပါတယ္။
♦ ဖုန္းရဲ႕တန္ဖိုးကေတာ့ 1,099,000 Kyats ပါ။
♦ Huawei Talkband B5, Huawei NM Card 128GB နဲ႔ Telenor WiFi Broadband တို႔ကို လက္ေဆာင္ရပါမယ္ခင္ဗ်ာ။ 😀

⭕ Huawei Mate 20 Pro ကို မွာယူမယ္ဆိုရင္ေတာ့
♦ စရံေငြအျဖစ္ 120,000 Kyats ေပးရမွာျဖစ္ပါတယ္။
♦ ဖုန္းရဲ႕တန္ဖိုးကေတာ့ 1,499,000 Kyats ပါ။
♦ လက္ေဆာင္အျဖစ္ Huawei Wireless Charger, Huawei Talkband B5, Huawei NM Card 128GB နဲ႔ Telenor WiFi Broadband တို႔ကို ရမွာျဖစ္ပါတယ္။

မွာယူႏိုင္မည့္ Technoland ဆိုင္ခြဲမ်ား
● ၃၆ လမ္း ● လွည္းတန္းစင္တာ ● ဦးခ်စ္ေမာင္လမ္း ● သမိုင္း ● ျပည္ေထာင္စုရိပ္သာလမ္း
● မႏၲေလး ၇၈ လမ္း ● မႏၲေလး Ocean
● ေနျပည္ေတာ္ ● ေမာ္လၿမိဳင္ ● ပုသိမ္

Ref: Huawei Mate 20, Pro, and X: Everything you need to know

<Unicode>

Mate 20 , Mate 20 Pro Preview

၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ ကင်မရာအကောင်းဆုံး ဖုန်းတစ်လုံးဖြစ်တဲ့ P20 Pro ကို ပွဲထုတ်နိုင်ခဲ့တာဟာ Huawei အတွက် ကြီးကြီးမားမား အောင်မြင်မှုလို့ ပြောရမှာပါ။ အခုလည်း သူ့ရဲ့ flagship series နောက်တစ်ခုဖြစ်တဲ့ Mate series ကို Mate 20, Mate 20 Pro, Mate 20 X တို့နဲ့ ထပ်ပြီး မိတ်ဆက်ထားပါပြီ။ Mate 20 X ကတော့ မြန်မာနိုင်ငံကို ဝင်မှာ မဟုတ်တဲ့အတွက် ဒီနေ့တော့ Mate 20 နဲ့ Mate 20 Pro အကြောင်းကိုပဲ အဓိက ရေးပေးမှာ ဖြစ်ပါတယ်။

Design and Display

Huawei ရဲ့ ဖုန်းဒီဇိုင်းတွေက အမြဲလိုလို ခေတ်ရေစီးကြောင်းနဲ့ အမီလိုက်နိုင်တယ်လို့ ပြောရမှာပါ။ အခုတစ်ခါမှာလည်း Mate 20 နဲ့ Mate 20 Pro တို့ရဲ့ နောက်ကျောဘက်ကို ဖန်သားပြင်နဲ့ အုပ်ထားပြီး Aluminium ဘောင်တွေကို သုံးထားပါတယ်။

တခြားဖုန်းတွေနဲ့ မတူတာကတော့ ကင်မရာကို နေရာချထားတဲ့ ပုံစံပါ။ အရင်ဖုန်းတွေမှာလို ဘယ်ဘက်ခြမ်းမှာ ကင်မရာသုံးလုံးကို ဒေါင်လိုက်တန်းထားတဲ့ ပုံစံမျိုးမဟုတ်တော့ဘဲ flash ကိုပါ ထပ်ပေါင်းပြီး ၂x၂ ကို စတုရန်းပုံစံနဲ့ ဖုန်းကိုယ်ထည်ရဲ့ အလယ်မှာ နေရာချထားပါတယ်။ ဒါကြောင့် တခြားဖုန်းတွေနဲ့ မတူတော့ဘဲ ကြည့်လိုက်တာနဲ့ “ဒါက Mate 20/ Mate 20 Pro ပါလား” ဆိုပြီး ကွဲပြားသွားစေပါတယ်။

နောက်ကျောဘက်က ဖန်သားပြင်မှာလည်း အပြောင်းအလဲတချို့ကို တွေ့ရပါတယ်။ ဖုန်းနှစ်ခုလုံးမှာ Huawei ရဲ့ magic color changing glass back လို့ခေါ်တဲ့ အရောင်ပြောင်းတဲ့ ဖန်သားတွေကို သုံးထားတာဖြစ်ပါတယ်။ ဒါ့အပြင် featherline pattern လို့ခေါ်တဲ့ အစင်းကြောင်းလေးတွေကို ပေါင်းထည့်ပြီး မှန်ပေါ်မှာ လက်ဗွေရာတွေ မထင်အောင် လုပ်ထားပါတယ်။ ပြီးတော့ vinyl tactility ဆိုတဲ့ အလွှာတစ်ခုကိုပါ ထည့်ထားပြီး ဖုန်းကိုကိုင်တဲ့အခါ ချော်မနေအောင်လည်း လုပ်ပေးထားပါတယ်။

Display ဘက်အခြမ်းကို ကြည့်ရင်တော့ ဒီ ဖုန်းနှစ်လုံးကို ကွဲပြားသွားစေတဲ့ notch တွေကို တွေ့ရမှာပါ။  Mate 20 မှာ ပိုပြီးသေးတဲ့ Dewdrop notch နဲ့ 6.53 inches RGBW HDR , 2244×1080 resolution ရှိတဲ့ 18:7:9 ratio display ထည့်သွင်းပေးထားပါတယ်။ Mate 20 Pro ရဲ့ display ကတော့ နည်းနည်းပိုသေးပေမဲ့ 6.37 inch curved OLED display ပါဝင်ပြီး 3120×1440 resolution နဲ့ပါ။ P20 pro ရဲ့ notch ကတော့ 3D depth sensing array ပါတဲ့အတွက် ပိုကြီးပါတယ်။

အခြား ကွဲပြားချက်တွေကတော့ –

Mate 20 ရဲ့ နောက်ကျောဘက်မှာ fingerprint scanner နဲ့ ဖြစ်ပြီး Mate 20 Pro မှာတော့ in-display fingerprint scanner ဖြစ်သွားပါတယ်။
ရေစိုတာကိုတော့ IP 68 rating ရှိတဲ့ Mate 20 Pro ကပဲ ခံနိုင်မှာဖြစ်ပါတယ်။ Mate 20 ကတော့ IP 54 rating ပဲ ရှိလို့ နည်းနည်းပါးပါး ရေစင်တာလောက်ကိုပဲ ခံနိုင်မှာပါ။
Headphone jack ကတော့ Mate 20 မှာပဲ ပါပြီး Mate 20 Pro မှာ မပါတော့ပါဘူး။
Mate 20 series ဖုန်းတွေကို Black, Twilight, Midnight Blue, Emerald Green နဲ့ Pink Gold ဆိုပြီး အရောင်ငါးရောင်ထဲက ရွေးပြီးဝယ်နိုင်မှာပါ။

Spec and Battery

SoC ကိုတော့ Huawei က သူရဲ့ကိုယ်ပိုင် Kirin processor ကိုပဲ သုံးထားတာတွေ့ရပါတယ်။ Mate 20 series တွေက Huawei ရဲ့ kirin 980 processor ပါဝင်လာတဲ့ ပထမဆုံး ဖုန်းတွေပါ။ 8 core ပါဝင်ပြီး 7nm architecture ကို အသုံးပြုထားပါတယ်။ Small task တွေအတွက် 4 core , middle task တွေအတွက် 2 core နဲ့ heavy task တွေအတွက် 2 core ခွဲခြားလုပ်ဆောင်မှာဖြစ်ပါတယ်။ Huawei ရဲ့အဆိုအရ အရင် Kirin 970 ထက် speed 20 % နဲ့ power effiency 40% အထိ ပိုကောင်းလာတယ်လို့သိရပါတယ်။ Kirin 980 ကြောင့် raw performance တစ်ခုတည်း တက်လာတာမဟုတ်ဘဲ AI အတွက် Neural processing units(NPUS) နှစ်ခု ပါဝင်လာပါတယ်။ ဒါကြောင့် Mate 20 series တွေမှာ video နဲ့ photo တွေအတွက်  real-time image processing, object recognition and segmentation စတဲ့ လုပ်ဆောင်ချက်တွေလည်း ပိုကောင်းလာမှာပါ။

RAM ကိုတော့ Mate 20 မှာ 4GB နဲ့  6GB နှစ်မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး Mate 20 Pro မှာတော့ 6GB တစ်မျိုးတည်းကိုပဲ standard model အဖြစ် ရနိုင်မှာပါ။ Storage ကတော့ ဘယ် မော်ဒယ်ကို ရွေးရွေး 128 GB ပဲ ရမှာဖြစ်ပါတယ်။ Nano memory ကိုအသုံးပြုပြီး 256 GB ထပ်တိုးလို့ရမယ်လို့ သိရပါတယ်။ ဒါပေမဲ့ micro SD card တွေသုံးလို့ရမှာမဟုတ်ဘဲ nano SD card ကိုအသုံးပြုရမှာဖြစ်ပါတယ်။ (Pre-Order မှာယူသူတွေရမယ့် လက်ဆောင်ပစ္စည်းတွေထဲမှာ 128GB ရှိတဲ့ nano SD card လည်း ပါဝင်ပါတယ်။)

ဘက်ထရီကတော့ Mate 20 အတွက် 4000 mAh နဲ့ Mate 20 Pro အတွက် 4200 mAh သုံးထားတဲ့အတွက် တစ်ရက်စာလောက်ကို ကောင်းကောင်းသုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Mate 20 Pro မှာ 30 min အတွင်း 70% battery သွင်းနိုင်တဲ့ Huawei supercharge 40W charger လည်း မှာပါ။ Mate 20 မှာတော့ 22.5 W charger ပဲ ပါဝင်ပါတယ်။ ဒါပေမဲ့ iPhone XS Max ရဲ့ original charger က 5W ပဲရှိလို့ ယှဉ်ကြည့်မယ်ဆို ကွာခြားချက်က အတော်လေးကြီးပါတယ်။ ဖုန်းနှစ်ခုလုံးမှာ 15W fast wireless charging support ပါဝင်ပြီး iPhone X ထက် နှစ်ဆပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ပိုထူးဆန်းတာက Mate 20 Pro မှာ တခြားဖုန်းတွေ ကို wireless charger အနေနဲ့ အားပြန်သွင်းပေးနိုင်တဲ့စနစ်ပါဝင်လာတာပါ။

Camera

P20 pro ဟာ ကင်မရာအကောင်းဆုံးဖုန်းတွေထဲမှာပါဝင်ခဲ့တဲ့အတွက် Mate 20 နဲ့ mate 20 pro တို့ရဲ့ ကင်မရာတွေကလည်း အရမ်းကိုကောင်းမယ်လို့ မျှော်လင့်ရပါတယ်။ Mate 20 နဲ့ Mate 20 Pro မှာ နာမည်ကျော် Leica ကုမ္ပဏီရဲ့ camera တွေ သုံးထားပြီး wide angle lens, ultra wide-ganle lens နဲ့ telephoto lens setup အနေနဲ့ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ တစ်လုံးနဲ့ တစ်လုံးကတော့မတူညီပါဘူး။

Mate 20 ရဲ့ triple camera system မှာ

16MP ultra wide-angle lens with f/2.2 aperture
12MP wide-angle lens with an f/1.8 aperture နဲ့
8MP 2-times telephoto zoom lens with optical image stabilization (OIS), f/2.4 aperture ပါဝင်တဲ့ setup ကို သုံးထားပါတယ်။

Mate 20 Pro မှာတော့ resolution ပိုများတဲ့

40MP wide-angle lens with an f/1.8 aperture,
20MP ultra wide-angle lens with an f/2.2 aperture, နဲ့
8-MP 3-times telephoto zoom lens with OIS and an f/2.2 aperture ပါဝင်တဲ့ setup နဲ့ပါ။

ဒီ setup ဟာ P20 Pro မှာ သုံးထားတာနဲ့ တူပေမဲ့ monochrome lens နေရာမှာ ultra wide-angle lens တွေ နဲ့ အစားထိုးထားတာကို တွေ့ရပါတယ်။ Huawei အဆိုအရတော့ monochrome data တွေဟာ ထင်ထားတာထက် အသုံးနည်းတဲ့အတွက် ဖြုတ်လိုက်တာလို့ ဆိုပါတယ်။ အစားထိုးထားတဲ့ Ultra wide-angle lens တွေကြောင့် macro shots တွေ အတွက် focal length ပို ကောင်းလာပြီး viewing angle တွေလည်း ပိုကျယ်လာမှာပါ။

Mate 20 ရဲ့ camera performance ဟာ AI ပေါ်မှာလည်း အများကြီးမူတည်လာတယ်လို့ ပြောရမှာပါ။ Thinking Lens လို့ နာမည်ပေးထားတဲ့ AI ဟာ camera ကို ပိုထိန်းချုပ်နိုင်လာပြီး ပုံကောင်းကောင်းထွက်ဖို့ အတွက်ပိုပြီးလွယ်ကူစေမှာဖြစ်ပါတယ်။ Lens တွေကို manually ရွှေ့ပြောင်းလို့ရတဲ့အပြင် AI ကလိုအပ် တယ်ထင်ရင် ultra wide angle lens ကို အလိုလိုပြောင်းပေးမှာပါ။ Focus ထားရမယ့် primary object ကိုလည်း သိနိုင်ပြီး cinematic effects တွေပါ ထည့်နိုင်မှာဖြစ်ပါတယ်။ (ဥပမာ- ဘေးကအရာတွေကို black and white ပြောင်းပြီးလူတွေကိုပဲ color နဲ့ထားတာမျိုးပါ။)

ဖုန်းနှစ်ခုလုံးမှာ selfie ကင်မရာတွေက 24MP စီ ရှိမှာပါ။ Mate 20 pro မှာ iPhone XS လိုမျိုး 3D depth sensing tech လည်း ပါဝင်လာပါ တယ်။ Notch ထဲမှာ infrared camera, dot projector, time of flight proximity sensors တွေပါဝင်လို့ unlock speed အတော်လေးမြန်ပါတယ်။ ဦးထုပ်ဝတ်ထားရင် ဒါမှမဟုတ် မုတ်ဆိတ်မွေးတွေ ရှည်လာရင်တောင် camera ကမှတ်မိမယ်လို့ လည်းဆိုပါတယ်။

Huawei Mate 20 နဲ့ Mate 20 Pro တို့ကို Technoland ဆိုင်တွေမှာ pre-oreder အနေနဲ့စတင်လက်ခံနေပါပြီခင်ဗျာ။

မှာယူရမယ့်အချိန်ကတော့ နိုဝင်ဘာလ ၁ ရက် ကနေ ၉ ရက် အတွင်း ပါ။
⭕ Huawei Mate 20 ကို မှာယူမယ်ဆိုရင်တော့
♦ စရံငွေအဖြစ် 90,000 Kyats ပေးရမှာဖြစ်ပါတယ်။
♦ ဖုန်းရဲ့တန်ဖိုးကတော့ 1,099,000 Kyats ပါ။
♦ Huawei Talkband B5, Huawei NM Card 128GB နဲ့ Telenor WiFi Broadband တို့ကို လက်ဆောင်ရပါမယ်ခင်ဗျာ။ 😀

⭕ Huawei Mate 20 Pro ကို မှာယူမယ်ဆိုရင်တော့
♦ စရံငွေအဖြစ် 120,000 Kyats ပေးရမှာဖြစ်ပါတယ်။
♦ ဖုန်းရဲ့တန်ဖိုးကတော့ 1,499,000 Kyats ပါ။
♦ လက်ဆောင်အဖြစ် Huawei Wireless Charger, Huawei Talkband B5, Huawei NM Card 128GB နဲ့ Telenor WiFi Broadband တို့ကို ရမှာဖြစ်ပါတယ်။

မှာယူနိုင်မည့် Technoland ဆိုင်ခွဲများ
● ၃၆ လမ်း ● လှည်းတန်းစင်တာ ● ဦးချစ်မောင်လမ်း ● သမိုင်း ● ပြည်ထောင်စုရိပ်သာလမ်း
● မန္တလေး ၇၈ လမ်း ● မန္တလေး Ocean
● နေပြည်တော် ● မော်လမြိုင် ● ပုသိမ်

Ref: Huawei Mate 20, Pro, and X: Everything you need to know