MacBook Air in 2019

<Zawgyi>
.
၂၀၁၉ မွာ Macbook Air ကို ဝယ္သင့္ေသးလား?
.
တကယ္လို႔ ကိုယ့္ရဲ႕ လက္ထဲမွာ ေငြေလး ပိုပိုလွ်ံလွ်ံလည္း ရွိေနမယ္။ Laptop ေလးတစ္လုံးေလာက္လည္း လိုေနမယ္။ Apple product ကိုလည္း သုံးခ်င္တယ္ဆိုပါစို႔။ အရင္ဆုံး စဥ္းစားမိမွာက MacBook series ေတြထဲမွာ ေဈးအသက္သာဆုံး MacBook Air ပဲ ျဖစ္မယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ 8th Gen Intel CPU ပါတဲ့၊ အမ်ားႀကီးပိုၿပီး စြမ္းေဆာင္ရည္ေကာင္းတဲ့ Core i5 laptop ေတြကို ေဒၚလာ ၁,၀၀၀ ေအာက္နဲ႔ ဝယ္လို႔ရႏိုင္တဲ့ အခုလိုအခ်ိန္မွာ ပန္းသီးတံဆိပ္ေလးကို မက္ၿပီး MacBook Air ကို ဝယ္သင့္ေသးရဲ႕လားဆိုတာ တစ္ခ်က္ျပန္စဥ္းစားၾကည့္ရေအာင္။
.
တကယ္လို႔ ကိုယ္က ေပါ့ေပါ့ပါးပါးနဲ႔ သုံးရတာကို ႀကိဳက္တယ္။ ဘက္ထရီအားခံတာကို ႀကိဳက္တယ္။ ႐ုံးအလုပ္ေလး ဘာေလး နည္းနည္းပါးပါးလုပ္မယ္။ ဗီဒီယိုေလးဘာေလး ၾကည့္မယ္။ ဂိမ္းေတြဘာေတြ သိပ္မေဆာ့ဘူး။ Program အႀကီးႀကီးေတြ မသုံးဘူးဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။
.
ဒါေပမဲ့ ကြၽန္ေတာ့ရဲ႕ အျမင္မွာေတာ့ MacBook Air က built quality ေကာင္းၿပီး battery ခံတာကလြဲရင္ တျခားေနရာေတြမွာ သိပ္ၿပီးအဆင္မေျပႏိုင္ေတာ့ပါဘူး။ ဘာေၾကာင့္လဲဆိုတာကို ေအာက္ကအခ်က္ေတြနဲ႔ ရွင္းျပပါမယ္။
.
1. Retina Screen မပါပါဘူး။
.
MacBook Air ရဲ႕ resolution ဟာ 1440×900 ပဲ ရွိပါတယ္။ Retina Screen မဟုတ္ပါဘူး။ Pixel density ကလည္း 127ppi ပဲရွိပါတယ္။ 13.3 inches screen မွာ 127 ppi density ဆိုေတာ့ ပုံရိပ္ေတြမျပတ္သားတာက လုံးဝသိသာပါတယ္။ ႐ုပ္ရွင္ၾကည့္ဖို႔ေလာက္ပဲသုံးမယ္ဆို အဆင္ေျပတယ္လို႔ ေျပာခဲ့ေပမဲ့ 1080p ႐ုပ္ရွင္ ေတြၾကည့္ရင္ေတာင္ resolution အျပည့္ရမွာ မဟုတ္ပါဘူး။
.
2. ေဘးေဘာင္ေတြက အရမ္းထူပါတယ္။

.
MacBook Air ကို အေနာက္ဘက္ကၾကည့္မယ္ဆိုရင္ လွပေက်ာ့ရွင္းတဲ့ design ကို ျမင္ရမွာျဖစ္ေပမဲ့
screen ေဘးပတ္လည္မွာရွိတဲ့ ေဘာင္ေတြက အရမ္းကိုထူလြန္းပါတယ္။ ၂၀၁၉ မွာ အဲ့လို design မ်ိဳးက သိပ္ၿပီး
လက္ခံခ်င္စရာေကာင္းမွာ မဟုတ္ေတာ့ပါဘူး။
.
3. Type – C port မပါပါဘူး။
.
MacBook Air  မွာ type A port ပါတယ္ဆိုတာက အားသာခ်က္တစ္ခုျဖစ္ေနေပမဲ့ Type – C နဲ႔ Thunderbolt port မပါတာကေတာ့ အားနည္းခ်က္တစ္ခုလို႔ ျမင္မိပါတယ္။ Type C port ပါတယ္ဆိုရင္ အားသြင္းတာေရာ၊ တျခားဖုန္းေတြဆီ data ကူးေျပာင္းတာေရာ၊ monitor ေတြနဲ႔ခ်ိတ္ဆက္တာေတြကိုပါ port တစ္ခုတည္းနဲ႔ သုံးႏိုင္တဲ့အတြက္ future proof ျဖစ္ေအာင္ Type – C port ေလးေတာ့ ထည့္ထားေပးသင့္ပါတယ္။
.
အဆုံးသတ္အေနနဲ႔ေျပာရရင္ MacBook Air ရဲ႕ အဓိက ေကာင္းကြက္ေတြက keyboard, built quality နဲ႔ battery life ျဖစ္တာေၾကာင့္ laptop နဲ႔ စာေရးေလ့ရွိတဲ့ စာေရးဆရာေတြ၊ assignment ေတြ လုပ္ရတဲ့ ေက်ာင္းသားေတြ၊ accounting software နည္းနည္းပါးပါးသုံးရတဲ့ စာရင္းကိုင္ေတြအတြက္ေလာက္ပဲ အဆင္ေျပမွာပါ။ dedicated GPU မပါတဲ့အတြက္ 3D rendering လုပ္ခ်င္တဲ့သူေတြ၊ game ေဆာ့ခ်င္တဲ့သူေတြအတြက္ အဆင္မေျပႏိုင္ပါဘူး။ photo editing အတြက္ကလည္း screen က သိပ္အေကာင္းႀကီးမဟုတ္တာေၾကာင့္ အလုပ္လုပ္ရတာအဆင္ေျပမွာမဟုတ္ပါဘူး။ အဲ့ဒီအစား performance အမ်ားႀကီးပိုေကာင္းလာတဲ့ 8th gen processor ပါတဲ့ ေဈးႏႈန္းတူ Windows laptop တစ္လုံးကို သုံးလိုက္တာက အမ်ားႀကီးပိုအဆင္ေျပမွာပါ။ ဒါေၾကာင့္မို႔လို႔ ၂၀၁၉ ခုႏွစ္မွာ MacBook Air ဝယ္မယ္ဆိုရင္ ေသေသခ်ာခ်ာ စဥ္းစားဖို႔လိုၿပီလို႔ အႀကံေပးရင္း မနက္ျဖန္မွာ ဘာအေၾကာင္းေတြတင္မလဲဆိုတာ ေစာင့္ဖတ္ၾကပါဦး။
.

.
<Unicode>
.

၂၀၁၉ မှာ Macbook Air ကို ဝယ်သင့်သေးလား?
.
တကယ်လို့ ကိုယ့်ရဲ့ လက်ထဲမှာ ငွေလေး ပိုပိုလျှံလျှံလည်း ရှိနေမယ်။ Laptop လေးတစ်လုံးလောက်လည်း လိုနေမယ်။ Apple product ကိုလည်း သုံးချင်တယ်ဆိုပါစို့။ အရင်ဆုံး စဉ်းစားမိမှာက MacBook series တွေထဲမှာ ဈေးအသက်သာဆုံး MacBook Air ပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ 8th Gen Intel CPU ပါတဲ့၊ အများကြီးပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Core i5 laptop တွေကို ဒေါ်လာ ၁,၀၀၀ အောက်နဲ့ ဝယ်လို့ရနိုင်တဲ့ အခုလိုအချိန်မှာ ပန်းသီးတံဆိပ်လေးကို မက်ပြီး MacBook Air ကို ဝယ်သင့်သေးရဲ့လားဆိုတာ တစ်ချက်ပြန်စဉ်းစားကြည့်ရအောင်။
.
တကယ်လို့ ကိုယ်က ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာကို ကြိုက်တယ်။ ဘက်ထရီအားခံတာကို ကြိုက်တယ်။ ရုံးအလုပ်လေး ဘာလေး နည်းနည်းပါးပါးလုပ်မယ်။ ဗီဒီယိုလေးဘာလေး ကြည့်မယ်။ ဂိမ်းတွေဘာတွေ သိပ်မဆော့ဘူး။ Program အကြီးကြီးတွေ မသုံးဘူးဆိုရင်တော့ တစ်မျိုးပေါ့။
.
ဒါပေမဲ့ ကျွန်တော့ရဲ့ အမြင်မှာတော့ MacBook Air က built quality ကောင်းပြီး battery ခံတာကလွဲရင် တခြားနေရာတွေမှာ သိပ်ပြီးအဆင်မပြေနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတာကို အောက်ကအချက်တွေနဲ့ ရှင်းပြပါမယ်။
.
1.Retina Screen မပါပါဘူး။
.
MacBook Air ရဲ့ resolution ဟာ 1440×900 ပဲ ရှိပါတယ်။ Retina Screen မဟုတ်ပါဘူး။ Pixel density ကလည်း 127ppi ပဲရှိပါတယ်။ 13.3 inches screen မှာ 127 ppi density ဆိုတော့ ပုံရိပ်တွေမပြတ်သားတာက လုံးဝသိသာပါတယ်။ ရုပ်ရှင်ကြည့်ဖို့လောက်ပဲသုံးမယ်ဆို အဆင်ပြေတယ်လို့ ပြောခဲ့ပေမဲ့ 1080p ရုပ်ရှင် တွေကြည့်ရင်တောင် resolution အပြည့်ရမှာ မဟုတ်ပါဘူး။
.
2. ဘေးဘောင်တွေက အရမ်းထူပါတယ်။
.
MacBook Air ကို အနောက်ဘက်ကကြည့်မယ်ဆိုရင် လှပကျော့ရှင်းတဲ့ design ကို မြင်ရမှာဖြစ်ပေမဲ့
screen ဘေးပတ်လည်မှာရှိတဲ့ ဘောင်တွေက အရမ်းကိုထူလွန်းပါတယ်။ ၂၀၁၉ မှာ အဲ့လို design မျိုးက သိပ်ပြီး
လက်ခံချင်စရာကောင်းမှာ မဟုတ်တော့ပါဘူး။
.
3. Type – C port မပါပါဘူး။
.
MacBook Air  မှာ type A port ပါတယ်ဆိုတာက အားသာချက်တစ်ခုဖြစ်နေပေမဲ့ Type – C နဲ့ Thunderbolt port မပါတာကတော့ အားနည်းချက်တစ်ခုလို့ မြင်မိပါတယ်။ Type C port ပါတယ်ဆိုရင် အားသွင်းတာရော၊ တခြားဖုန်းတွေဆီ data ကူးပြောင်းတာရော၊ monitor တွေနဲ့ချိတ်ဆက်တာတွေကိုပါ port တစ်ခုတည်းနဲ့ သုံးနိုင်တဲ့အတွက် future proof ဖြစ်အောင် Type – C port လေးတော့ ထည့်ထားပေးသင့်ပါတယ်။
.
အဆုံးသတ်အနေနဲ့ပြောရရင် MacBook Air ရဲ့ အဓိက ကောင်းကွက်တွေက keyboard, built quality နဲ့ battery life ဖြစ်တာကြောင့် laptop နဲ့ စာရေးလေ့ရှိတဲ့ စာရေးဆရာတွေ၊ assignment တွေ လုပ်ရတဲ့ ကျောင်းသားတွေ၊ accounting software နည်းနည်းပါးပါးသုံးရတဲ့ စာရင်းကိုင်တွေအတွက်လောက်ပဲ အဆင်ပြေမှာပါ။ dedicated GPU မပါတဲ့အတွက် 3D rendering လုပ်ချင်တဲ့သူတွေ၊ game ဆော့ချင်တဲ့သူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ photo editing အတွက်ကလည်း screen က သိပ်အကောင်းကြီးမဟုတ်တာကြောင့် အလုပ်လုပ်ရတာအဆင်ပြေမှာမဟုတ်ပါဘူး။ အဲ့ဒီအစား performance အများကြီးပိုကောင်းလာတဲ့ 8th gen processor ပါတဲ့ ဈေးနှုန်းတူ Windows laptop တစ်လုံးကို သုံးလိုက်တာက အများကြီးပိုအဆင်ပြေမှာပါ။ ဒါကြောင့်မို့လို့ ၂၀၁၉ ခုနှစ်ဟာ MacBook Air ဝယ်မယ်ဆိုရင် သေသေချာချာ စဉ်းစားဖို့လိုပြီလို့ အကြံပေးရင်း မနက်ဖြန်မှာ ဘာအကြောင်းတွေတင်မလဲဆိုတာ စောင့်ဖတ်ကြပါဦး။
.