iPhone Fast Charging

<Zawgyi>
.
iPhone 8 ေနာက္ပိုင္း model ေတြကို Fast Charging လုပ္ဖို႔ ဘာေတြလိုမလဲ?
.
iPhone ေတြဟာ သုံးရတာ အဆင္ေျပေပမဲ့ Android သုံးထားတဲ့ အျမင့္ပိုင္းဖုန္းေတြ ေလာက္ အားသြင္းရင္ မျမန္ဘူးဆိုတဲ့ျပႆနာက iPhone 7, 7+ ထြက္လာတဲ့အခ်ိန္ထိ ရွိေနခဲ့ပါတယ္။ ဒါကိုေျဖရွင္းဖို႔ iPhone 8 ေနာက္ပိုင္းဖုန္းေတြမွာ အားအျမန္သြင္းႏိုင္တဲ့ fast charging နည္းပညာ တစ္ခုကို Apple က ထည့္ေပးလိုက္ပါတယ္။ အခုလို ထည့္ေပးလိုက္တယ္ဆိုေပမဲ့ fast charging နည္းပညာသက္သက္သာ ပါဝင္လာတာျဖစ္ပါတယ္။ အဲဒီ ေမာ္ဒယ္ေတြအတြက္ ဘူးထဲမွာေတာ့ အရင္ iPhone 5W (5V, 1A) adapter နဲ႔ ႀကိဳးကိုပဲ ထည့္ေပးထားၿပီး fast charging သြင္းခ်င္တယ္ဆိုရင္ေတာ့ adapter နဲ႔ ႀကိဳးကို သီးသန႔္ဝယ္ယူရမွာပါ။ ဖုန္းတစ္လုံးကို $1000 ေက်ာ္ေပးရေပမဲ့ fast charge ကို နည္းပညာပဲထည့္ေပးၿပီး charger ေလးေတာင္ထည့္မေပးရေကာင္းလားဆိုၿပီး လူေတာ္ေတာ္မ်ားမ်ားက ေဝဖန္တာကိုလည္း ခံခဲ့ရပါတယ္။
.
တကယ္လို႔သာ Apple ရဲ႕ fast charging ကို သုံးမယ္ဆိုရင္ ႐ိုး႐ိုးတန္းတန္း အားသြင္းတာထက္ အမ်ားႀကီးပိုျမန္မွာျဖစ္ၿပီး နာရီဝက္အတြင္း ၅၀ ရာခိုင္ႏႈန္းေလာက္အထိ အားျပန္ျပည့္ႏိုင္ပါတယ္။ ဒါေပမဲ့ အခုလိုအားသြင္းဖို႔အတြက္ အေပၚမွာေျပာခဲ့သလိုပဲ USB C to lightning cable ရယ္၊ USB C Port ကို သုံးထားတဲ့ charger ရယ္ကို သပ္သပ္ထပ္ဝယ္ရမွာပါ။ Apple ရဲ႕ Original ကိုပဲ သုံးမယ္ဆိုရင္
● Type C to lightning cable ကို $30,
● USB C charger (30W model အတြက္) ကို $55 ေပးရမွာပါ။
.
ကိုယ့္မွာ USB C ပါတဲ့ MacBook ရွိရင္ေတာ့
● $77 တန္ 61W model ဒါမွမဟုတ္
● $87 တန္ 87W model ကို ဝယ္မယ္ဆိုရင္ MacBook အတြက္လည္း သုံးလို႔ရမွာျဖစ္ပါတယ္။ iPhone ေတြကို အားသြင္းဖို႔ဆိုရင္ေတာ့ 18W နဲ႔တင္ လုံေလာက္ေနပါၿပီ။ အဲဒီထက္ Watt ပိုမ်ားရင္လည္း ပိုၿပီးမျမန္လာေတာ့ပါဘူး။
.
ေဈးပိုသက္သာတာ ဝယ္မယ္ဆိုရင္…
.
Apple ရဲ႕ original accessory ေတြကို ေဈးႀကီးလို႔ မသုံးခ်င္ဘူးဆိုရင္လည္း 18W USB PD (Power Delivery) ကို အေထာက္အပံ့ေပးၿပီး ေဈးပိုသက္သာတဲ့ တျခား third party charger ေတြကို သုံးလို႔ရပါတယ္။ ဒီမွာ အလြယ္တကူဝယ္လို႔ရတဲ့ တံဆိပ္ေတြကို ၫႊန္းေပးရမယ္ဆိုရင္ Anker နဲ႔ Aukey charger ေတြပဲ ျဖစ္ပါတယ္။
အဲဒီႏွစ္ခုထဲမွာမွ Aukey က ပိုၿပီးေဈးသက္သာတဲ့အတြက္ ေခြၽတာခ်င္တဲ့သူေတြနဲ႔ ပိုၿပီးသင့္ေတာ္ပါတယ္။
● Fast charging ၁ ေပါက္၊ ႐ိုး႐ိုး ၂ ေပါက္ ပါတဲ့ model ကို 28,000 Kyats,
● Fast charging ၁ ေပါက္၊ ႐ိုး႐ိုး ၁ ေပါက္ ပါတဲ့ model ကို 28,000 Kyats,
● Fast charging ၁ ေပါက္တည္း  ပါတဲ့ model ကို 24,200 Kyats နဲ႔ Technoland ဆိုင္ခြဲေတြမွာ ဝယ္ယူလို႔ရပါတယ္။
.
ႀကိဳးကေတာ့ original ဝယ္သုံးရင္ သုံး၊ မသုံးခ်င္ရင္ တျခား Hoco, Remax နဲ႔ Rock တို႔လိုမ်ိဳး တံဆိပ္ေတြက ထုတ္တဲ့ ႀကိဳးေတြနဲ႔ အဆင္ေျပပါတယ္။
.
Original charger နဲ႔ သြင္းမယ္ဆိုရင္ တစ္နာရီသြင္းမွ ၄၀ ရာခိုင္ႏႈန္းေလာက္ပဲ အားျပန္ျပည့္တဲ့ iPhone X လိုဖုန္းေတြအတြက္ကေတာ့ $30 ေလာက္ ထပ္သုံးၿပီး fast charging ရေအာင္ လုပ္ထားသင့္ပါတယ္။
.

.
<Unicode>
.
iPhone 8 နောက်ပိုင်း model တွေကို Fast Charging လုပ်ဖို့ ဘာတွေလိုမလဲ?

.
iPhone တွေဟာ သုံးရတာ အဆင်ပြေပေမဲ့ Android သုံးထားတဲ့ အမြင့်ပိုင်းဖုန်းတွေ လောက် အားသွင်းရင် မမြန်ဘူးဆိုတဲ့ပြဿနာက iPhone 7, 7+ ထွက်လာတဲ့အချိန်ထိ ရှိနေခဲ့ပါတယ်။ ဒါကိုဖြေရှင်းဖို့ iPhone 8 နောက်ပိုင်းဖုန်းတွေမှာ အားအမြန်သွင်းနိုင်တဲ့ fast charging နည်းပညာ တစ်ခုကို Apple က ထည့်ပေးလိုက်ပါတယ်။ အခုလို ထည့်ပေးလိုက်တယ်ဆိုပေမဲ့ fast charging နည်းပညာသက်သက်သာ ပါဝင်လာတာဖြစ်ပါတယ်။ အဲဒီ မော်ဒယ်တွေအတွက် ဘူးထဲမှာတော့ အရင် iPhone 5W (5V, 1A) adapter နဲ့ ကြိုးကိုပဲ ထည့်ပေးထားပြီး fast charging သွင်းချင်တယ်ဆိုရင်တော့ adapter နဲ့ ကြိုးကို သီးသန့်ဝယ်ယူရမှာပါ။ ဖုန်းတစ်လုံးကို $1000 ကျော်ပေးရပေမဲ့ fast charge ကို နည်းပညာပဲထည့်ပေးပြီး charger လေးတောင်ထည့်မပေးရကောင်းလားဆိုပြီး လူတော်တော်များများက ဝေဖန်တာကိုလည်း ခံခဲ့ရပါတယ်။
.
တကယ်လို့သာ Apple ရဲ့ fast charging ကို သုံးမယ်ဆိုရင် ရိုးရိုးတန်းတန်း အားသွင်းတာထက် အများကြီးပိုမြန်မှာဖြစ်ပြီး နာရီဝက်အတွင်း ၅၀ ရာခိုင်နှုန်းလောက်အထိ အားပြန်ပြည့်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုအားသွင်းဖို့အတွက် အပေါ်မှာပြောခဲ့သလိုပဲ USB C to lightning cable ရယ်၊ USB C Port ကို သုံးထားတဲ့ charger ရယ်ကို သပ်သပ်ထပ်ဝယ်ရမှာပါ။ Apple ရဲ့ Original ကိုပဲ သုံးမယ်ဆိုရင်
● Type C to lightning cable ကို $30,
● USB C charger (30W model အတွက်) ကို $55 ပေးရမှာပါ။
.
ကိုယ့်မှာ USB C ပါတဲ့ MacBook ရှိရင်တော့
● $77 တန် 61W model ဒါမှမဟုတ်
● $87 တန် 87W model ကို ဝယ်မယ်ဆိုရင် MacBook အတွက်လည်း သုံးလို့ရမှာဖြစ်ပါတယ်။ iPhone တွေကို အားသွင်းဖို့ဆိုရင်တော့ 18W နဲ့တင် လုံလောက်နေပါပြီ။ အဲဒီထက် Watt ပိုများရင်လည်း ပိုပြီးမမြန်လာတော့ပါဘူး။
.
ဈေးပိုသက်သာတာ ဝယ်မယ်ဆိုရင်…
.
Apple ရဲ့ original accessory တွေကို ဈေးကြီးလို့ မသုံးချင်ဘူးဆိုရင်လည်း 18W USB PD (Power Delivery) ကို အထောက်အပံ့ပေးပြီး ဈေးပိုသက်သာတဲ့ တခြား third party charger တွေကို သုံးလို့ရပါတယ်။ ဒီမှာ အလွယ်တကူဝယ်လို့ရတဲ့ တံဆိပ်တွေကို ညွှန်းပေးရမယ်ဆိုရင် Anker နဲ့ Aukey charger တွေပဲ ဖြစ်ပါတယ်။
အဲဒီနှစ်ခုထဲမှာမှ Aukey က ပိုပြီးဈေးသက်သာတဲ့အတွက် ချွေတာချင်တဲ့သူတွေနဲ့ ပိုပြီးသင့်တော်ပါတယ်။
● Fast charging ၁ ပေါက်၊ ရိုးရိုး ၂ ပေါက် ပါတဲ့ model ကို 28,000 Kyats,
● Fast charging ၁ ပေါက်၊ ရိုးရိုး ၁ ပေါက် ပါတဲ့ model ကို 28,000 Kyats,
● Fast charging ၁ ပေါက်တည်း  ပါတဲ့ model ကို 24,200 Kyats နဲ့ Technoland ဆိုင်ခွဲတွေမှာ ဝယ်ယူလို့ရပါတယ်။
.
ကြိုးကတော့ original ဝယ်သုံးရင် သုံး၊ မသုံးချင်ရင် တခြား Hoco, Remax နဲ့ Rock တို့လိုမျိုး တံဆိပ်တွေက ထုတ်တဲ့ ကြိုးတွေနဲ့ အဆင်ပြေပါတယ်။
.
Original charger နဲ့ သွင်းမယ်ဆိုရင် တစ်နာရီသွင်းမှ ၄၀ ရာခိုင်နှုန်းလောက်ပဲ အားပြန်ပြည့်တဲ့ iPhone X လိုဖုန်းတွေအတွက်ကတော့ $30 လောက် ထပ်သုံးပြီး fast charging ရအောင် လုပ်ထားသင့်ပါတယ်။
.