ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem ရဲ့အားသာချက်၊ iOS ရဲ့ professional ပိုဆန်တဲ့ software တွေကြောင့် iPad တွေကို ယှဉ်ပြိုင်ရတာ တော်တော်လေးခက်ပါတယ်။ အခုအသစ်ထွက်လာတဲ့ One Plus Pad ကတော့ iPad တွေမှာ လူကြိုက်များတဲ့ features တွေကို တိုက်ရိုက်ရော၊သွယ်ဝိုက်ပြီးပါ အတုခိုးထားပါတယ်။ ဈေးကလဲ iPad တွေထက်သက်သာပြီး တစ်ချို့နေရာတွေမှာ ပိုကောင်းတဲ့ hardware တွေထည့်ပေးထားတယ်ဆိုတော့ Android ပဲကြိုက်တဲ့သူတွေ အထူးသဖြင့် One Plus Fan တွေအတွက် ရွေးချယ်ချင်စရာဖြစ်နေမလား ကြည့်လိုက်ရအောင်..
One Plus Pad ရဲ့display size က 11.61 inches ရှိပြီးတော့ ဈေးက $479 ဖြစ်တဲ့အတွက် Apple ရဲ့ 599$ တန် iPad Air ဒါမှမဟုတ် $449 တန် 10th gen iPad နဲ့ယှဉ်ဖို့ထွက်လာတယ်လို့ကောက်ချက်ချလို့ရတယ်။ Android ဘက်ခြမ်းမှာယှဉ်ပြိုင်စရာ tablet တွေဆိုရင် Xiaomi ရဲ့ Mi Pad series တွေနဲ့ Samsung ရဲ့ mid-range tablet တွေ ရှိပါလိမ့်မယ်။ Xiaomi ရဲ့ MIUI ကိုမကြိုက်တဲ့သူတွေနဲ့ Samsung ရဲ့ mid-range spec တွေကိုသဘောမကျတဲ့သူတွေ အတွက်ဆိုရင် One Plus Pad ရွေးချယ်ချင်စရာဖြစ်နေနိုင်တယ်။ ဆိုတော့ သူ့ spec လေးတွေ တစ်ချက်ကြည့်ကြည့် ရအောင်..
Display က ကျွန်တော်တို့ပုံမှန်မြင်နေကျ aspect ratio မဟုတ်တဲ့ 7:5 aspect ratio ကိုသုံးထားတယ်။ ဆိုတော့ ပုံမှန် မြင်နေကျ tablet တွေထက် “ဗြက်” ကျယ်တယ်လို့ပြောရမယ်။ ဒါက portrait mode မှာ ထားပြီးသုံးတဲ့အချိန် အထူးသဖြင့် စာအုပ်ဖတ်တာလိုမျိုး၊ website ကြည့်တာလိုမျိုးတွေမှာ သုံးလို့ပိုကောင်းသွားစေတယ်။ Bezel လေးတွေက တော်တော်လေးသေးတဲ့အတွက် အခုခေတ်မှာထွက်တဲ့ modern tablet တစ်လုံးဆိုတာကို ကောင်းကောင်းသိသာတယ်။
2800 x 2000 pixel density ရှိတဲ့ LCD display ကိုသုံးထားပြီးတော့ 144Hz refresh rate ရတာက တော်တော်လေးမိုက်တယ်။ 500 nits brightness , Dolby Vision, HDR10+ support တွေပါပါတဲ့ Display quality ကလဲ အားမရစရာအကြောင်းမရှိဘူး။
အဲဒီ display နဲ့လိုက်အောင် speaker 4 လုံးပါတဲ့ quad speaker system ထည့်ထားပေးပြီး Dolby atmos support လဲပါတယ်။
SoC ကို flagship performance ရတဲ့ dimensity 9000 4nm chipset ကိုသုံးထားတယ်။ သူက snapdragon ဘက်မှာဆို 8 plus gen 1 ဝန်းကျင်လောက် performance ရှိတယ်။ ဆိုတော့ Tablet အကြီးကြီးနဲ့ ဂိမ်းဆော့ချင်တယ် ဆိုတဲ့သူတွေအတွက်က performance လုံလုံလောက်လောက်ပဲ။ thermal ပိုင်းမှာ မပူအောင် OnePlus ဘက်က ဘယ်လောက်ထိလုပ်ထားပေးနိုင်လဲဆိုတာပဲကြည့်ရမယ်။
Tablet ရဲ့ ကျောဘက်ခြမ်းမှာ 13MP rear camera ရယ်၊ flash ရယ်ကိုထည့်ပေးထားတယ်။ သူ့ camera ထားတဲ့ပုံစံက landscape mode ကိုမှ အလယ်လောက်မှာဆိုတော့ ကျွန်တော်တို့ပုံမှန်တွေ့နေကျနေရာတော့ မဟုတ်ဘူး။ 8MP Selfie camera ကိုလဲ landscape mode ရဲ့ အပေါ်ဘက်အလယ်ခြမ်းမှာထည့်ထားတယ်။
Battery က 9510 mAh တောင်ပါတဲ့အတွက် tablet တွေထဲမှာတောင် အားတော်တော်ခံတဲ့ထဲမှာပါတယ်။ အားပြန်သွင်းဖို့ကိုလဲ 67 w fast charging ပါလို့ 0 to 100 ကို 80 min အတွင်းပြည့်မယ်လို့ ကြေငြာထားတယ်။
Accessories တွေအနေနဲ့ $149 တန် keyboard case , 99$ တန် pen တွေနဲ့တွဲသုံးလို့ရမယ်။ Apple pencil လိုမျိုးပဲ magnetic charging ပါတဲ့အတွက် One Plus Pad မှာကပ်လိုက်ရုံပဲ။ Tilt support ပါပြီးတော့ Pressure sensitive လဲဖြစ်တယ်။ Magnetic keyboard က မြင်နေကျအတိုင်းပဲ pogo connector ကိုသုံးပြီး ချိတ်ရတာ၊ထူးခြားတာက magnetic keyboard မှာ trackpad သေးသေးလေးပါ ပါသေးတယ်။
ဆိုတော့ iPad ကိုမကြိုက်တဲ့သူတွေအနေနဲ့ $500 ဝန်းကျင်မှာ ဒါမျိုး accessories support ကောင်းကောင်း၊ display , speaker ကောင်းကောင်း tablet တစ်ခုကိုရှာနေတဲ့သူတွေဆိုရင် One Plus Pad က မဆိုးဘူးလို့ပြောရမယ်။ မြန်မာနိုင်ငံထဲမှာ ဝယ်လို့ရနိုင်မရနိုင်ကတော့ မသေချာသေးပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ technoland မှာတော့ ဝယ်လို့ရတဲ့ တခြား in-stock tablet တွေအများကြီးရှိနေတာမိုလို့ စိတ်ကြိုက် လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
#Technoland #knowledgesharing