- Apple ကအနေနဲ့ ဒီနေ့မှာပဲ iOS 14.5 developer beta update ကိုထုတ်ပေးလိုက်တယ်။ အဲ့ဒီ update မှာ iPhone user တော်တော်များများ ကြုံနေရတဲ့ Mask တပ်ထားတုန်းမှာ Face ID သုံးလို့မရတဲ့ပြသနာကိုဖြေ ရှင်းပေးထားတဲ့ feature တစ်ခုလဲပါလာပါတယ်။
- ဒါပေမယ့် ဖြေရှင်းထားတဲ့နည်းလမ်းက iPhone တစ်ခုတည်းနဲ့တော့ အသုံးမဝင်ဘူး။ Apple Watch ကိုပါ ဝတ်ထားတော့မှပဲ အလုပ်ဖြစ်မှာပါ။ Apple Watch ကို ဝတ်ထားပြီး အရင်လိုပဲ iPhone ကို Face unlock အတွက်မျက်နှာပြရမယ်၊ unlock ဖြစ်သွားပြီဆိုရင် apple watch ကတစ်ချက်တုန်ခါပြီး သတိပေးမယ်။ ကျွန်တော်တို့ နားလည်ရသလောက်တော့ အနားမှာ ကိုယ့်ရဲ့ Apple Watch ကရှိနေပြီးသားဖြစ်တဲ့ အတွက် facial recognition မှာ mask ဝတ်ထားလို့ မျက်နှာတစ်ဝက်လောက်ပဲမြင်နေရတာကို bypass လုပ်ပေး လိုက်တဲ့သဘောပဲ။ ဒါပေမယ့် ဒီ feature က တခြား App Store purchase လိုမျိုး နေရာမျိုးတွေမှာ approve လုပ်ပေးတာမျိုးတော့လုပ်လို့ရမှာမဟုတ်ဘူး Passcode unlock အတွက်ပဲသုံးလို့ရမှာပါ။
- Apple က အရင်တုန်းက မျက်နှာမှာ mask ကွယ်နေရင် Face ID ကိုကျော်ပြီး passcode ရိုက်တဲ့နေရာကိုတန်းရောက်သွားစေတဲ့နည်းနဲ့ဖြေရှင်းပေးခဲ့ဖူးတယ်။ ဒါပေမယ့် passcode ပြန်ရိုက်နေရသေးတယ်ဆိုတော့အရမ်းတော့အလုပ်မဖြစ်ဘူး။ ကိုယ့်မှာ apple watch ရှိမယ်ဆိုရင် တော့ အခု feature ပါလာတာက အများကြီးပိုကောင်းသွားစေမှာသေချာပါတယ်။
Ref : Engadget.com
Leave Your Comment