Interesting Products from CES 2019 Part II

CES 2019 မွာျပသသြားတဲ့ အမိုက္စား Products မ်ား (Part – II)
.
1. Hyundai’s walking car
.
CES ဟာ အနာဂါတ္မွာေပၚလာမယ့္ technology ေတြကိုတစ္စိတ္တစ္ပိုင္းေဖာ္ျပတဲ့ပြဲတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ South Korea car company တစ္ခုျဖစ္တဲ့ Hyundai အေနနဲ႔ သဘာဝေဘးအႏၲရာယ္ေတြျဖစ္ လာရင္ အေရးေပၚလူနာတင္ယဥ္အျဖစ္ေဆာင္႐ြက္ေပးႏိုင္မယ့္ concept vehicle တစ္ခုကိုျပသခဲ့ပါတယ္။ အဲ့ဒီ ကားဟာ ေရႀကီးတာ၊ မီးေလာင္တာနဲ႔ ငလ်င္လႈပ္တာေတြေၾကာင့္ လမ္းေတြပ်က္စီးေနရင္ေတာင္ articulated legs ေတြကို သုံးၿပီးလမ္းေလ်ာက္သြားႏိုင္မွာပါ။

2. Aftershokz Xtrainerz underwater headphones
.
ေရေအာက္မွာသီခ်င္းနားေထာင္ဖို႔ စိတ္ကူးၾကည့္ဖူးပါသလား? CES 2019 မွာျပသခဲ့တဲ့ Xtrainerz ဆိုတဲ့ headphone ကေတာ့ေရးကူးရင္းနဲ႔သီခ်င္းနားေထာင္ဖို႔အတြက္အထူးထုတ္လုပ္ထားတဲ့ headphone တစ္ခုျဖစ္ပါတယ္။
ထူးျခားခ်က္ကေတာ့ ဒီ earphone ကိုနားမွာတပ္ဆင္ထားဖို႔မလိုအပ္ပဲ နားထင္ေပၚညႇပ္ ထားလိုက္တာနဲ႔ ဦးေခါင္းခြံဆီ အသံကို တုန္ခါမႈနဲ႔ပို႔ေပးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ေရကူးတဲ့အခါမွာ အလြယ္တ ကူျပဳတ္က်သြားတာမ်ိဳးမျဖစ္ႏိုင္ေတာ့ပါဘူး။ Xtrainerz မွာ 4GB internal mermory ပါဝင္တဲ့အတြက္ MP3, WMA နဲ႔ တျခား file format ေတြကိုအသုံးျပဳၿပီး သီခ်င္းေတြထည့္လို႔ရပါတယ္။ Spotify လိုမ်ိဳး stream လုပ္ တဲ့ service ေတြကိုေတာ့အသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။
.

.
3. Asus Mothership GZ700 gaming laptop
.
Asus ရဲ႕ တီထြင္ဖန္တီးမႈအလန္းစားတစ္ခုကိုလည္း CES 2019 မွာျမင္ေတြ႕ခဲ့ရပါတယ္။ အဲ့ဒါက ေတာ့ Mothership GZ700 gaming laptop ပါ။ Gaming laptop ေတြဟာပုံမွန္အားျဖင့္ regular clamshell laptop ပုံစံေတြပဲေတြ႕ရေလ့ရွိပါတယ္။ Asus ရဲ႕ mothership GZ700 ကေတာ့ ေတြ႕ေနက်ပုံစံေတြကေနခြဲ ထြက္ၿပီး all in one desktop တစ္ခုပုံစံမ်ိဳးဖန္တီးထားတာပါ။ Mothership laptop ကိုအသုံးျပဳဖို႔အတြက္ သူရဲ႕ေနာက္ကေဒါက္ကိုေထာက္ၿပီး keyboard ကို လွန္ခ်လိုက္ရမွာျဖစ္ပါတယ္။ Keyboard ကိုတပ္ၿပီး laptop တစ္ခုလိုသုံးလို႔ရသလို၊ keyboard ကိုျဖဳတ္ၿပီး all in one pc တစ္ခုပုံစံလဲသုံးႏိုင္မွာပါ။ ဒီလို design ပိုင္းကို ေျပာင္းလဲလိုက္တဲ့အတြက္ cooling ပိုင္းမွာ သာမာန္ laptop ေတြထက္အမ်ားႀကီးပိုေကာင္းသြားပါတယ္။ ဒါ ေၾကာင့္ powerful အရမ္းျဖစ္တဲ့ i9-8950K processor , RTX 2080 GPU စတာေတြကို အပူလြန္ကဲမႈမရွိပဲ ေကာင္းေကာင္းအသုံးျပဳႏိုင္မွာပါ။ Raid 0 array နဲ႔ ဆင္ထားတဲ့ NVME SSD set up နဲ႔ Gigabit networking လဲပါဝင္ပါတယ္။

4. Huawei’s matebook 13
.
Huawei ရဲ႕ matebook ေတြဟာ ultrabook ေလာကမွာနာမည္ေကာင္းရထားၿပီး macbook အစား ထိုး window laptop အေနနဲ႔နာမည္ႀကီးပါတယ္။ အခုလည္း Huawei ရဲ႕ matebook 13 အသစ္ ကို CES 2019 မွာမိတ္ဆက္ခဲ့ၿပီး Macbook Air killer အျဖစ္နာမည္အေပးခံရျပန္ပါၿပီ။ Mate book 13 မွာ 8th gen processors , 8gb ram နဲ႔ 512GB storage ပါဝင္ၿပီး Mx 150 gpu အသုံးျပဳထားပါတယ္။ Display ကေတာ့ 13.3 inches 2K touch panel နဲ႔ပါ။ Matebook ေတြရဲ႕ထုံးစံအတိုင္း built quality ေတာ္ေတာ္ေလးေကာင္း ၿပီး apple ထက္လည္းေဈးသက္သာပါတယ္။ ေဈးႏႈန္းက 999$ ကေန 1299$ အထိရွိမွာျဖစ္ပါတယ္။

5. Groove X’s cuddly lovot robot
.
သိပ္မၾကာခင္အနာဂတ္မွာစက္႐ုပ္ေတြဟာ လူသားေတြရဲ႕အခ်စ္ေတာ္ျဖစ္လာႏိုင္တာကို Groove X ရဲ႕ cuddly lovot robot ကျပသခဲ့ပါတယ္။ Lovot robot ဟာ နာမည္ႀကီး႐ုပ္ရွင္ဇာတ္ကားတစ္ခုက ဇာတ္ေကာင္ နဲ႔တူၿပီး ခ်စ္ဖို႔အရမ္းေကာင္းပါတယ္။ သူ႔ကိုအဓိက design ဆြဲထားတာကေတာ့ လူသားေတြဆီက အခ်စ္ကို ရဖို႔ျဖစ္ပါတယ္။ လူကိုေတြ႕တာနဲ႔ သူ႔လက္ေလးႏွစ္ဖက္ကိုေျမႇာက္ျပၿပီး အခ်ီခံခ်င္တတ္တဲ့ lovot ဟာ CES 2019 မွာလူေတြရဲ႕စိတ္ဝင္စားမႈကိုရရွိခဲ့ပါတယ္။ ေဈးက $5500 ဝန္းက်င္ခန႔္ရွိမွာျဖစ္တဲ့အတြက္ လူတိုင္း အတြက္ေတာ့ မဟုတ္ပါဘူး။

REF; CES 2019: all the latest news and reviews


.
<Unicode>

CES 2019 မှာပြသသွားတဲ့ အမိုက်စား Products များ (Part – II)
.
1. Hyundai’s walking car
.
CES ဟာ အနာဂါတ်မှာပေါ်လာမယ့် technology တွေကိုတစ်စိတ်တစ်ပိုင်းဖော်ပြတဲ့ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ South Korea car company တစ်ခုဖြစ်တဲ့ Hyundai အနေနဲ့ သဘာဝဘေးအန္တရာယ်တွေဖြစ် လာရင် အရေးပေါ်လူနာတင်ယဉ်အဖြစ်ဆောင်ရွက်ပေးနိုင်မယ့် concept vehicle တစ်ခုကိုပြသခဲ့ပါတယ်။ အဲ့ဒီ ကားဟာ ရေကြီးတာ၊ မီးလောင်တာနဲ့ ငလျင်လှုပ်တာတွေကြောင့် လမ်းတွေပျက်စီးနေရင်တောင် articulated legs တွေကို သုံးပြီးလမ်းလျောက်သွားနိုင်မှာပါ။

2. Aftershokz Xtrainerz underwater headphones
.
ရေအောက်မှာသီချင်းနားထောင်ဖို့ စိတ်ကူးကြည့်ဖူးပါသလား? CES 2019 မှာပြသခဲ့တဲ့ Xtrainerz ဆိုတဲ့ headphone ကတော့ရေးကူးရင်းနဲ့သီချင်းနားထောင်ဖို့အတွက်အထူးထုတ်လုပ်ထားတဲ့ headphone တစ်ခုဖြစ်ပါတယ်။
ထူးခြားချက်ကတော့ ဒီ earphone ကိုနားမှာတပ်ဆင်ထားဖို့မလိုအပ်ပဲ နားထင်ပေါ်ညှပ် ထားလိုက်တာနဲ့ ဦးခေါင်းခွံဆီ အသံကို တုန်ခါမှုနဲ့ပို့ပေးမှာဖြစ်ပါတယ်။ ဒါကြောင့်ရေကူးတဲ့အခါမှာ အလွယ်တ ကူပြုတ်ကျသွားတာမျိုးမဖြစ်နိုင်တော့ပါဘူး။ Xtrainerz မှာ 4GB internal mermory ပါဝင်တဲ့အတွက် MP3, WMA နဲ့ တခြား file format တွေကိုအသုံးပြုပြီး သီချင်းတွေထည့်လို့ရပါတယ်။ Spotify လိုမျိုး stream လုပ် တဲ့ service တွေကိုတော့အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
.
.
3. Asus Mothership GZ700 gaming laptop
.
Asus ရဲ့ တီထွင်ဖန်တီးမှုအလန်းစားတစ်ခုကိုလည်း CES 2019 မှာမြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါက တော့ Mothership GZ700 gaming laptop ပါ။ Gaming laptop တွေဟာပုံမှန်အားဖြင့် regular clamshell laptop ပုံစံတွေပဲတွေ့ရလေ့ရှိပါတယ်။ Asus ရဲ့ mothership GZ700 ကတော့ တွေ့နေကျပုံစံတွေကနေခွဲ ထွက်ပြီး all in one desktop တစ်ခုပုံစံမျိုးဖန်တီးထားတာပါ။ Mothership laptop ကိုအသုံးပြုဖို့အတွက် သူရဲ့နောက်ကဒေါက်ကိုထောက်ပြီး keyboard ကို လှန်ချလိုက်ရမှာဖြစ်ပါတယ်။ Keyboard ကိုတပ်ပြီး laptop တစ်ခုလိုသုံးလို့ရသလို၊ keyboard ကိုဖြုတ်ပြီး all in one pc တစ်ခုပုံစံလဲသုံးနိုင်မှာပါ။ ဒီလို design ပိုင်းကို ပြောင်းလဲလိုက်တဲ့အတွက် cooling ပိုင်းမှာ သာမာန် laptop တွေထက်အများကြီးပိုကောင်းသွားပါတယ်။ ဒါ ကြောင့် powerful အရမ်းဖြစ်တဲ့ i9-8950K processor , RTX 2080 GPU စတာတွေကို အပူလွန်ကဲမှုမရှိပဲ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။ Raid 0 array နဲ့ ဆင်ထားတဲ့ NVME SSD set up နဲ့ Gigabit networking လဲပါဝင်ပါတယ်။

4. Huawei’s matebook 13
.
Huawei ရဲ့ matebook တွေဟာ ultrabook လောကမှာနာမည်ကောင်းရထားပြီး macbook အစား ထိုး window laptop အနေနဲ့နာမည်ကြီးပါတယ်။ အခုလည်း Huawei ရဲ့ matebook 13 အသစ် ကို CES 2019 မှာမိတ်ဆက်ခဲ့ပြီး Macbook Air killer အဖြစ်နာမည်အပေးခံရပြန်ပါပြီ။ Mate book 13 မှာ 8th gen processors , 8gb ram နဲ့ 512GB storage ပါဝင်ပြီး Mx 150 gpu အသုံးပြုထားပါတယ်။ Display ကတော့ 13.3 inches 2K touch panel နဲ့ပါ။ Matebook တွေရဲ့ထုံးစံအတိုင်း built quality တော်တော်လေးကောင်း ပြီး apple ထက်လည်းဈေးသက်သာပါတယ်။ ဈေးနှုန်းက 999$ ကနေ 1299$ အထိရှိမှာဖြစ်ပါတယ်။

5. Groove X’s cuddly lovot robot
.
သိပ်မကြာခင်အနာဂတ်မှာစက်ရုပ်တွေဟာ လူသားတွေရဲ့အချစ်တော်ဖြစ်လာနိုင်တာကို Groove X ရဲ့ cuddly lovot robot ကပြသခဲ့ပါတယ်။ Lovot robot ဟာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုက ဇာတ်ကောင် နဲ့တူပြီး ချစ်ဖို့အရမ်းကောင်းပါတယ်။ သူ့ကိုအဓိက design ဆွဲထားတာကတော့ လူသားတွေဆီက အချစ်ကို ရဖို့ဖြစ်ပါတယ်။ လူကိုတွေ့တာနဲ့ သူ့လက်လေးနှစ်ဖက်ကိုမြှောက်ပြပြီး အချီခံချင်တတ်တဲ့ lovot ဟာ CES 2019 မှာလူတွေရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။ ဈေးက $5500 ဝန်းကျင်ခန့်ရှိမှာဖြစ်တဲ့အတွက် လူတိုင်း အတွက်တော့ မဟုတ်ပါဘူး။

REF; CES 2019: all the latest news and reviews