Interesting products from CES 2019 Part-I

.

.
.


2. Dell’s Alienware m17
.
.

3. Razer’s new blade 15
.
.

.

.

.

.

6. Asus Studio Book S
.
.
.
.


.
<Unicode>

CES 2019 မှာပြသသွားတဲ့ အမိုက်စား Products များ (Part – I)
.
CES လို့ခေါ်တဲ့ Consumer Electronics Shows ဟာနှစ်စဉ် January လမှာ Las Vegas မြို့မှာကျင်းပလေ့ရှိပြီး အကြီးမား ဆုံး tech event တွေထဲကတစ်ခုဖြစ်ပါတယ်။ Major technology brand တွေဟာ သူတို့ရဲ့ အဲ့ဒီနှစ်အတွင်းမှာထွက်မဲ့ကုန်ပစ္စည်းတွေ, နည်းပညာအသစ်တွေကို CES မှာ ကြွားလုံးထုတ် ပြသလေ့ရှိကြပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ CES 2019 ကိုစောင့်ကြည့်ရင် 2019 မှာထွက်လာမယ့် tech product တွေကို ခန့်မှန်းသိရှိနိုင်မှာပါ။
January 6 ရက် နဲ့ 7 ရက် အတွင်း CES 2019 မှာကြေငြာခဲ့တဲ့ products တွေထဲက ကျွန်တော်တို့အတွက်စိတ်ဝင်စားစရာ product တွေကို ဒီ article လေးမှာဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အရင်ဆုံး အမြည်းအနေနဲ့ပဲ ပြောပြီး ကျန်တဲ့ အလန်းစားတွေကို နောက်ရက်မှာ ဆက်ရေးပေးသွားပါဦးမယ်ခင်ဗျာ။

1. Samsung Notebook Odyssey
..

ဒီ GAMING NOTEBOOK ဟာ Samsung ရဲ့ powerful အဖြစ်ဆုံး laptop တစ်ခုလို့ဆိုရမှာဖြစ်ပါ တယ်။ 19.99mm အထူပဲရှိတဲ့ chassis , 144hz refresh 1080p display, 8th gen core i7 six-core processor နဲ့ new generation Nvidia GPU RTX 2080 graphics card တွေပါဝင်ပါတယ်။ ဒီ laptop ကို 2019 အစောပိုင်းမှာ US မှာစတင်ရောင်းချဖို့ရှိပြီး Samsung HMD ODyssey VR headset နဲ့တွဲဖက်အသုံး ပြုနိုင်ဖို့လည်းရည်ရွယ်ထားပုံပါပဲ။

2. Dell’s Alienware m17
..
Dell ဟာ CES ပွဲတိုင်းမှာ ကောင်းမွန်တဲ့ products တွေကို ထုတ်ပြနေကျ company တစ်ခု ဖြစ်ပါတယ်။ ဒီ 2019 မှာလဲ 17 inches gaming laptop တွေထဲမှာအပါးဆုံးနဲ့အပေါ့ဆုံးဖြစ်တဲ့ Alienware m17 ကို မိတ်ဆက်သွားပါတယ်။ Intel 8th gen H series CPU, Nvidia Turing graphics နဲ့ 17 inches display တွေကို 23mm ပဲထူတဲ့ chassis ထဲမှာထည့်သွင်းထားပြီး 5.79 pound ပဲအလေးချိန်ရှိပါတယ်။ Cooling အတွက်လည်း Alienware’s Cryo-Tech v2.0 cooler ကိုအသုံးပြုထားတယ်လို့ဆိုပါတယ်။

3. Razer’s new blade 15
..
CES 2019 မှာ Nvidia RTX gpu တွေ laptop တွေမှာစတင်ပါဝင်လာမယ်ဆိုတဲ့နောက်မှာတော့ Razer အနေနဲ့ သူ့ရဲ့ Blade 15 gaming laptop ကို RTX 2080 Max-Q gpu နဲ့ ထပ်မံထုတ်လုပ်ခဲ့ပါတယ်။ Specification တွေအရတော့ core i7-8750H, 16GB RAM နဲ့ up to 512 gb ssd တို့အသုံးပြုထား မှာဖြစ်ပြီး 0.7 inch(17.78mm) အထူပဲရှိပါတယ်။

4. Acer Predator Triton 900
..
August လမှာကျင်းပခဲ့တဲ့ IFA 2018 မှာအရိပ်အမြွက်မြင်တွေ့ခဲ့ရတဲ့ Acer Predator Triton 900 gaming laptop အကြောင်းကို CES 2019 မှာတိတိကျကျသိရပြီဖြစ်ပါတယ်။ Acer Predator Triton 900 မှာ Nvidia Turing graphic cards (up to RTX 2080 GPU) , 8th gen H series processors နဲ့ 4K UHD Gsync display တို့ကိုအသုံးပြု ထားတာဖြစ်ပါတယ်။ ပိုပြီးထူးခြားတာတစ်ခုကတော့ သူ့ရဲ့ screen မှာ “ Ezel Aero Hinge” လို့ခေါ်တဲ့ feature ပါဝင်လာတာဖြစ်ပြီး display ကိုကိုယ်ကြိုက်သလို လှည့်နိုင် ရွှေ့နိုင်မှာပါ။

5. Nvidia ရဲ့ RTX 2060 gpu
..
Nvidia ရဲ့ RTX 2070, 2080 series gpu တွေဟာလောလောဆယ်မှာ ဈေးနှုန်းအရမ်းကြီးမြင့်နေတာကြောင့် အားလုံးက budget option ကိုမျှော်လင့်နေခဲ့တာဖြစ်ပါတယ်။ CES 2019 မှာတော့ အားလုံးမျှော်လင့်နေတဲ့ RTX 2060 ကိုကြေငြာလိုက်ပါပြီ။ ဈေးနှုန်းအနေနဲ့လဲ $349 ခန့်သာကျသင့်မှာဖြစ်တဲ့အတွက် upgrade လုပ်ချင်တဲ့သူတွေအတွက်တော့ပျော်စရာပါပဲ။ RTX 2060 ရဲ့ Specification တွေကိုတိတိကျကျမကြေငြာသွားပေမဲ့ GTX 1070 ti ထက်ပိုပြီးကောင်းတယ်လို့တော့က တိပေးသွားပါတယ်။ Battle field V ကို Ultra setting 60fps with RTX on and DLSS enable ရတာကို လည်းပြသသွားခဲ့ပါတယ်။

6. Asus Studio Book S
..
နောက်ထပ် ရေလည်ကြမ်းတဲ့ product တစ်ခုကတော့ Asus ရဲ့ workstation class laptop တစ်ခုအနေနဲ့ထုတ်လုပ်ထားတဲ့ Asus Studio Book S ပါ။ Intel Xeon processor နဲ့ Nvidia Quadro P3200 graphics တွေကို 64 GB RAM , 4TB ssနဲ့တွဲဖက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ screen to body ratio 97 percent ထိရှိပြီး ပုံမှာမြင်ရသလို 18.29 mm ပဲထူပါတယ်။ အလေးချိန်ကလဲ 5.27 pound ပဲရှိ လို့ သယ်ယူရတာအဆင်ပြေလွယ်ကူဦးမှာပါ။
.
ဒါကတော့ CES 2019 မှာ ပြသသွားခဲ့တဲ့ products တွေထဲကကျွန်တော်တို့စိတ်ဝင်စားတဲ့ product တွေအကြောင်း ပထမပိုင်းလေးပဲဖြစ်ပါတယ်။ နောက်နေ့မှာလည်း နောက်ထပ်ကြေညာသွားတဲ့ products တွေအကြောင်းကိုဆက် လက်တင်ဆက်ပေးသွားပါဦးမယ်။
.
Ref; CES 2019: all the latest news and reviews