Huawei’s StorySign app

<Zawgyi>
.
အၾကားအာ႐ုံခ်ိဳ႕တဲ့ေနတဲ့ကေလးေတြ စာဖတ္တတ္ေအာင္ AI နည္းပညာသုံးၿပီး ကူညီေပးမယ့္ Huawei ရဲ႕ StorySign App
.
နားမၾကားတဲ့ကေလးငယ္ေတြအတြက္ Hauwei ကေနၿပီး StorySign လို႔ ေခၚတဲ့ App တစ္ခုကို မိတ္ဆက္လိုက္ပါတယ္။ StorySign မွာပါဝင္တဲ့ Function ကေတာ့ ကေလးငယ္ေတြဖတ္တဲ့ စာအုပ္ေတြကို လက္ဟန္ျပဘာသာစကား (Sign Language) အျဖစ္ ေျပာင္းလဲေပးၿပီး နားမၾကားတဲ့ကေလးငယ္ေတြကို စာဖတ္ႏိုင္ေအာင္ သင္ေပးမွာ ျဖစ္ပါတယ္။
.
StorySign App ဟာ စာအုပ္မွာေရးထားတဲ့စကားလုံးေတြကို Huawei ရဲ႕ AI နဲ႔ Smartphone Camera ေတြကို သုံးၿပီး သိရွိႏိုင္တာျဖစ္ပါတယ္။ အသုံးျပဳသူမ်ဥ္းတားလိုက္တဲ့ စကားလုံးကို App ရဲ႕ Star လို႔ေခၚတဲ့ ဇာတ္ေကာင္ (Avatar) က Sign Language နဲ႔ ျပန္လည္ေဖာ္ျပေပးမွာပါ။ British, French, German, Italian, Spanish, Dutch, Portuguese, Irish, Belgian နဲ႔ Swiss-German ဆိုၿပီး ဘာသာစကားဆယ္မ်ိဳးနဲ႔ အသုံးျပဳႏိုင္မယ္လို႔လည္း သိရပါတယ္။ Huawei နဲ႔ European Union of the Deaf and the British Deaf Association နဲ႔ တြဲဖက္ၿပီး ဖန္တီးထားတဲ့ App ျဖစ္တဲ့အတြက္ ဘာသာစကားအေထာက္အပံ့ေတြ ကေတာ့ ဥေရာပမွာအသုံးမ်ားတဲ့ ဘာသာစကားေတြ ျဖစ္ေနတာကို ေတြ႕ရပါတယ္။
.
အခုေလာေလာဆယ္မွာ ဘာသာစကားတစ္ခုစီအတြက္ စာအုပ္တစ္အုပ္စီပဲ အသုံးျပဳႏိုင္ပါေသးတယ္။ ဒါေပမဲ့ အနာဂတ္မွာေတာ့ စာအုပ္ေတြအမ်ားႀကီး အသုံးျပဳႏိုင္ေအာင္လုပ္သြားမယ္လို႔ Huawei က ေျပာထားပါတယ္။ English ဘာသာစကားနဲ႔ အသုံးျပဳသူေတြအတြက္ ဖတ္ရႈလို႔ရမယ့္ စာအုပ္ကေတာ့ Eric Hill ရဲ႕ “Where’s Spot” ဆိုတဲ့စာအုပ္ ျဖစ္ပါတယ္။ (Application ကိုအသုံးျပဳဖို႔ ပုံႏွိပ္ထားတဲ့စာအုပ္ေတာ့ လိုအပ္ပါတယ္။)
.
StorySign App ကို Google ရဲ႕ Playstore ဒါမွမဟုတ္ Huawei AppGallery မွာရရွိႏိုင္ပါတယ္။ ဒီ App ကိုအသုံးျပဳဖို႔ အတြက္ဖုန္းက Huawei က ထုတ္ထားတဲ့ဖုန္း ျဖစ္ေနဖို႔ မလိုအပ္ပါဘူး။ Android verison 6.0 အထက္ရွိတဲ့ဖုန္းတိုင္း အသုံးျပဳႏိုင္မယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ Playstore မွာေဖာ္ျပထားတဲ့ Description Note အရေတာ့ Huawei Device ေတြကို အသုံးျပဳတဲ့အခါမွာ စာလုံးေတြကိုပိုၿပီး ျမန္ျမန္နဲ႔မွန္မွန္ ေဖာ္ျပေပးႏိုင္တယ္လို႔ ေရးထားတာေတြ႕ရပါတယ္။ StorySign အေၾကာင္းကို Christmas Theme နဲ႔ ပုံေဖာ္႐ိုက္ကူးထားတဲ့ Short Video ေလးကိုေအာက္က Link မွာၾကည့္ႏိုင္ပါတယ္။
.

.
Ref 1: Discover the magic of StorySign
Ref 2: Huawei’s StorySign app uses AI to teach deaf kids to read
.

.
<Unicode>
.
အကြားအာရုံချို့တဲ့နေတဲ့ကလေးတွေ စာဖတ်တတ်အောင် AI နည်းပညာသုံးပြီး ကူညီပေးမယ့် Huawei ရဲ့ StorySign App
.
နားမကြားတဲ့ကလေးငယ်တွေအတွက် Hauwei ကနေပြီး StorySign လို့ ခေါ်တဲ့ App တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ StorySign မှာပါဝင်တဲ့ Function ကတော့ ကလေးငယ်တွေဖတ်တဲ့ စာအုပ်တွေကို လက်ဟန်ပြဘာသာစကား (Sign Language) အဖြစ် ပြောင်းလဲပေးပြီး နားမကြားတဲ့ကလေးငယ်တွေကို စာဖတ်နိုင်အောင် သင်ပေးမှာ ဖြစ်ပါတယ်။
.
StorySign App ဟာ စာအုပ်မှာရေးထားတဲ့စကားလုံးတွေကို Huawei ရဲ့ AI နဲ့ Smartphone Camera တွေကို သုံးပြီး သိရှိနိုင်တာဖြစ်ပါတယ်။ အသုံးပြုသူမျဉ်းတားလိုက်တဲ့ စကားလုံးကို App ရဲ့ Star လို့ခေါ်တဲ့ ဇာတ်ကောင် (Avatar) က Sign Language နဲ့ ပြန်လည်ဖော်ပြပေးမှာပါ။ British, French, German, Italian, Spanish, Dutch, Portuguese, Irish, Belgian နဲ့ Swiss-German ဆိုပြီး ဘာသာစကားဆယ်မျိုးနဲ့ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။ Huawei နဲ့ European Union of the Deaf and the British Deaf Association နဲ့ တွဲဖက်ပြီး ဖန်တီးထားတဲ့ App ဖြစ်တဲ့အတွက် ဘာသာစကားအထောက်အပံ့တွေ ကတော့ ဥရောပမှာအသုံးများတဲ့ ဘာသာစကားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
.
အခုလောလောဆယ်မှာ ဘာသာစကားတစ်ခုစီအတွက် စာအုပ်တစ်အုပ်စီပဲ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမဲ့ အနာဂတ်မှာတော့ စာအုပ်တွေအများကြီး အသုံးပြုနိုင်အောင်လုပ်သွားမယ်လို့ Huawei က ပြောထားပါတယ်။ English ဘာသာစကားနဲ့ အသုံးပြုသူတွေအတွက် ဖတ်ရှုလို့ရမယ့် စာအုပ်ကတော့ Eric Hill ရဲ့ “Where’s Spot” ဆိုတဲ့စာအုပ် ဖြစ်ပါတယ်။ (Application ကိုအသုံးပြုဖို့ ပုံနှိပ်ထားတဲ့စာအုပ်တော့ လိုအပ်ပါတယ်။)
.
StorySign App ကို Google ရဲ့ Playstore ဒါမှမဟုတ် Huawei AppGallery မှာရရှိနိုင်ပါတယ်။ ဒီ App ကိုအသုံးပြုဖို့ အတွက်ဖုန်းက Huawei က ထုတ်ထားတဲ့ဖုန်း ဖြစ်နေဖို့ မလိုအပ်ပါဘူး။ Android verison 6.0 အထက်ရှိတဲ့ဖုန်းတိုင်း အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Playstore မှာဖော်ပြထားတဲ့ Description Note အရတော့ Huawei Device တွေကို အသုံးပြုတဲ့အခါမှာ စာလုံးတွေကိုပိုပြီး မြန်မြန်နဲ့မှန်မှန် ဖော်ပြပေးနိုင်တယ်လို့ ရေးထားတာတွေ့ရပါတယ်။ StorySign အကြောင်းကို Christmas Theme နဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Short Video လေးကိုအောက်က Link မှာကြည့်နိုင်ပါတယ်။
.

.
Ref 1: Discover the magic of StorySign
Ref 2: Huawei’s StorySign app uses AI to teach deaf kids to read
.