How to speed up Windows?
.
.
.
.
.
.
.
.
4. Update drivers
.
.
5 . Reinstall Windows
.
.
<Unicode>
.
PC တွေဟာအသစ်ဝယ်ခါစမှာတော့ မြန်ပြီးသုံးရတာအဆင်ပြေပေမဲ့ အချိန်ကြာလာတာနဲ့အမျှ နှေးလာလေ့ရှိပါတယ်။ ဒီ article လေးမှာတော့ performance ကျလာပြီး နှေးလာတဲ့ Windows PC တွေကို ပိုက်ဆံတစ်ပြားမှမကုန်ပဲ ပြန်မြန်လာအောင်ဘယ်လိုလုပ်ရမလဲ ဆိုတာကို ရေးပေးသွားမှာပဲဖြစ်ပါတယ်။ ကဲ စလိုက်ရအောင်….
..
1. Remove startup programs
.
PC တွေ စဖွင့်လိုက်တဲ့အချိန်မှာအရမ်းနှေးပြီး ထစ်နေတယ်ဆိုတာ install လုပ်ထားတဲ့ application, software တွေထဲမှာမှ သူ့အလိုလို auto run နေတဲ့ software တွေကြောင့်ပါ။ မလိုအပ်ပဲ auto run ဖြစ်နေတဲ့ software တွေကို ပိတ်လိုက်ရင်နှေးတာ၊ ထစ်နေတာမျိုးတွေသိပ်မဖြစ်တော့ပါဘူး။ Taskbar ရဲ့ ညာဘက်ထောင်က မြားလေးကိုနှိပ်လိုက်မယ်ဆိုရင် background မှာ run နေတဲ့ software တွေကိုမြင်ရမှာပါ။ အဲ့ထဲကမှ မလိုအပ်တာတဲ့ software ရဲ့ icon ကို right click > setting > auto startup ဆိုတာကို ပိတ်လိုက်ရင် Windows စတက်တက်ချင်းမှာ အဲ့ဒီ software က startup မဖြစ်တော့ပါဘူး။ နောက်တစ်နည်းကတော့ ctrl+shit+esc ကိုတွဲနှိပ်ပြီး task manager ခေါ်ပါ။ task manager မှာ startup ဆိုတဲ့ bar လေးရှိပါတယ်။ အဲ့ကနေ မလိုအပ်တဲ့ startup applications တွေကိုပိတ် ထားလိုက်ရင် နှေးနေတာတွေပျောက်ပြီး အရင်လို ဖလန်းဖလန်းပြန်ဖြစ်လာနိုင်ပါတယ်။ Anti-virus Apps တွေ၊ system app တွေကိုတော့ disable မလုပ်မိအောင်သတိထားဖို့လိုပါမယ်။
.
2. Defrag and clean your hard drive
.
Defragment လုပ်တယ်ဆိုတာ ကွန်ပြူတာက files တွေကိုပြန်စီတာဖြစ်ပြီး performance ကိုအနည်း နဲ့အများတော့ တက်စေပါတယ်။ ပြီးတော့ disk cleanup လုပ်တာကလည်း မလိုအပ်တဲ့ file တွေကိုဖျက်ပေးတာဖြစ်လို့ နှစ်လ တစ်ခါလောက်တော့အမြဲတမ်းလုပ်ပေးသင့်ပါတယ်။ အခုလို ပြုလုပ်ဖို့ Tools တွေကလည်း Windows မှာပါဝင်ပြီးသားဖြစ်တာကြောင့် Windows key နှိပ်ပြီး disk defragment, disk cleanup လို့ရိုက်လိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
.
3. Check for malwares and virus
.
သင်သုံးနေတုန်းမှာပဲ အလကားနေရင် computer ကနှေးလာတယ်ဆိုရင်တော့ virus ဝင်နေတာ ဖြစ်နိုင်ပါတယ်။ ကွန်ပြူတာမှာ တခြား anti-virus မရှိဘူးဆိုရင်တော့ window defender ကို update လုပ်ပြီး scan ဖတ်ကြည့်သင့်ပါတယ်။ သာမာန် virus တွေကိုတော့ Windows defender က ကောင်းကောင်း ချေမှုန်းနိုင်ပေမယ့် ၊ တချို့ malware outbreak တွေအတွက်တော့ malware byte ဆိုတဲ့ software ကိုအသုံးပြုဖို့လိုအပ်ပါလိမ့်မယ်။ Virus ကိုရှင်းပြီးသွားရင်တော့ သင့် computer ပြန်မြန်လာနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ တချို့ anti-virus software တွေကြောင့် စက်လေးနေတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့် rating ကောင်းမွန်တဲ့ anti-virus ကိုပဲအသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။
.
4. Update drivers
.
Out of date ဖြစ်နေတဲ့ driver တွေကလဲ PC ကိုနှေးစေပါတယ်။ Video card driver တွေအနေနဲ့ bugs fix တွေ performance boost တွေအတွက် မကြာခဏ update ပေးလေ့ရှိပြီး latest version ကိုအမြဲ update တင်ထားသင့်ပါတယ်။ Licensed Windows ဆိုရင်တော့ window update ကိုပါ အမြဲတမ်းလုပ်သင့်ပါတယ်။ Driver တွေ update တင်ရတာဟာ ရှုပ်ထွေးပြီး ခက်ခဲပါတယ်။ တကယ်လို့ hardware အကြောင်း၊ version number တွေအကြောင်းမသိဘူး၊ manufacture website တွေကနေ download မဆွဲတတ်ဖူးဆိုရင်တော့ driver booster လို software တွေအသုံးပြုလို့ရပါတယ်။ Driver booster က hardware ကို identifiy လုပ်ပေးပြီး driver updates ကို install လုပ်ပေးသွားမှာပါ။
.
5 . Reinstall Windows
.
အထက်က နည်းလမ်းတွေအနေနဲ့ တစ်ခုမှအလုပ်မဖြစ်ဖူးဆိုရင်တော့ Windows ပြန်တင်လိုက်တာက အကောင်းဆုံးဖြစ်မှာပါ။ Windows အခွေတွေကို ကျပ် တစ်ထောင်လောက်နဲ့အလွယ်တကူဝယ်နိုင်ပြီး တင်နည်းကိုတော့ youtube ကနေအလွယ်တကူကြည့်နိုင်ပါတယ်။ Windows တင်ပြီးလို့ driver တွေမတင်တတ်ရင်လည်း အပေါ်ကအတိုင်းပဲ driver booster နဲ့ အလွယ်တကူ install လုပ်လို့ရပါတယ်။ စိတ်ညစ်မခံချင်ရင်တော့ computer service တစ်ခုခုမှာ Windows ပြန်တင်ခိုင်းလိုက်ရင်လည်း အဆင်ပြေပါတယ်။
ဒီအချက်လေးတွေလုပ်ပြီးရင်တော့ နှေးနေတဲ့ pc လေးတွေအဆင်ပြန်ပြေလာမယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါမှ စိတ်တိုင်းမကျသေးဘူးဆိုရင်တော့ Hard disk drive နေရာမှာ Solid state drive(SSD) ပြောင်းတပ်ဖို့ အကြံပေးချင်ပါတယ်။ (SSD တွေလည်း Promotion တွေချပေးနေတုန်းအချိန် ဆိုတော့ ဒီအကြံကအကောင်းဆုံးဖြစ်မှာပါ :P) SSD ပြောင်းတပ်ပြီး Windows ကို SSD ပေါ်မှာတင်လိုက်ရင်တော့ ကွန်ပြူတာက သိသိသာသာကို မြန်လာမှာပါ။ File storage အတွက်တော့ HDD ကိုသုံးလို့ရပါတယ်။