- သင့်အနေနဲ့အိမ်က monitor လေးဟောင်းနေလို့အသစ်ဝယ်တော့မယ်စိတ်ကူးရင်တော့ အဟောင်းကိုပြန်ရောင်းတာဖြစ်ဖြစ်၊ ချောင်ထိုးထားတာဖြစ်ဖြစ်မလုပ်ပဲ အသစ်တစ်လုံးနဲ့ တွဲပြီး Monitor ၂ လုံးတစ်ပြိုင်တည်းသုံးတဲ့ dual monitor setup အနေနဲ့ အသုံးပြုကြည့်ဖို့အကြံပေးချင်ပါတယ်။ dual monitor အသုံးပြုဖို့အတွက်က ပုံမှန်အားဖြင့် ဈေးကြီးတဲ့ GPU တွေ မလိုအပ်ပါဘူး။ Motherboard မှာပါတဲ့ VGA နဲ့ HDMI ပေါက်တွေမှာပဲ monitor နှစ်ခုကိုတပ်လိုက်လို့ရပါ တယ်။ Dual monitor setup ကိုသုံးခြင်းအားဖြင့်….
- 1. Productivity ကိုတိုးလာစေပါတယ်လေ့လာချက်တွေအရ dual monitor နဲ့အလုပ်လုပ်တဲ့သူတွေဟာ 20%-50%အထိ productivity မှာတိုးတက်လာကြောင်းတွေ့ရှိရပါတယ်။ ဥပမာအနေနဲ့ပြောရရင် computer programmer တွေအနေနဲ့ screen တစ်ခုကို source coding အတွက်အသုံးပြုပြီး နောက်တစ်ခုကို programming အတွက်အသုံးပြုလိုက် ရင် tabs တစ်ခုနဲ့တစ်ခုကြားပြောင်းရွှေ့ပြီး ကြည့်နေစရာမလိုအပ်တော့ပါဘူး။ အလုပ်လုပ်ရတာ ပိုမြန်သွားသလို အမှားတွေလဲနည်းသွားစေပါတယ်။ အဲ့လိုပဲ စာရိုက်ရင်းနဲ့ web browsing လုပ်တာတို့၊ excel သုံးရင်း စာရင်းတွေစစ်တာတို့မှာ monitor 2 ခုနဲ့သုံးတာက အများကြီး ပို အထောက်အကူဖြစ်ပါလိမ့်မယ်။
- 2. Multitasking ပိုကောင်းလာပါတယ်။Multitasking ဆိုတာ အလုပ်အများကြီးကိုတစ်ပြိုင်တည်းလုပ်တာကိုခေါ်တာပါ။ ဥပမာ video ကြည့် နေရင်းနဲ့ mail စစ်တာ၊ facebook သုံးတာမျိုးပေါ့။ အဲ့လိုမျိုး multiple application တွေကို တစ်ပြိုင်တည်းဖွင့် ထားဖို့အတွက် monitor တစ်ခုတည်းက သိပ်မလုံလောက်ပါဘူး။ ဒါကြောင့် multitasking အတွက် dual monitor setup က တကယ်ကိုအသုံးဝင်ပါတယ်။
- 3. Cutting တို့ Pasting တို့လုပ်ရာမှာပိုလွယ်ကူစေပါတယ် စာကြောင်းတွေကို copy , cut, paste လုပ်တဲ့အချိန်မျိုးမှာ montor ၂ ခုလုံးကိုတစ်ပြိုင်တည်းမြင် နေရတာက အမှားပိုနည်းသွားစေပါတယ်။ ဥပမာ- powerpoint အတွက်ပြင်ဆင်တာမျိုး၊ ကျောင်း assignment အတွက်စာရေးရတာမျိုးဆို စာတွေ copy paste လုပ်ရတာတော်တော်လွယ်သွားပါ လိမ့်မယ်။
- 4. Image and video editing အတွက် ပိုအဆင်ပြေစေပါတယ် Dual monitor setup နဲ့ဆိုရင် သင် edit လုပ်နေတဲ့ video ဒါမှမဟုတ် image ပေါ်မှာ editing tools တွေထပ်နေတာမျိုးကို တာ့တာလုပ်လိုက်လို့ရပါပြီ။ Editing tools တွေကို screen တစ်ခုမှာထားလိုက်ပြီး image ဒါမှမဟုတ် video ကိုတခြား screen တစ်ခုပေါ်မှာထားလိုက်ရင် ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရသလို အလုပ်လုပ်ရတာလဲအများကြီးပိုအဆင်ပြေသွားပါတယ်။
- 5. Product တွေယှဉ်ကြည့်ရတာပိုကောင်းစေတယ်။ သင်ဟာတကယ်လို့ product နှစ်ခုကိုနှိုင်းယှဉ်ပြီး လုပ်ရတဲ့ အလုပ်မျိုးလုပ်တဲ့သူဆိုလို့ရှိရင် monitor တစ်ခုတည်းမှာ product တစ်ခုကိုကြည့်ပြီး spec တွေမှတ်ပြီးရင် နောက် tab တစ်ခုက product တစ်ရဲ့ spec တွေနဲ့သွားနှိုင်း ယှဉ်ရမှာ တော်တော်ကိုစိတ်ညစ်ဖို့ကောင်းပါတယ်။ dual monitor နဲ့ဆိုရင်တော့ product နှစ်ခုလုံးကို side by side ထားပြီး သေချာ compare လုပ်လို့ရနိုင်ပြီး ကွဲပြားချက်တွေ၊ ဘယ်ဟာပိုကောင်းတယ်ဆိုတဲ့ဟာတွေ သေချာမြင်နိုင်ပါတယ်။
- 6. Game ဆော့ရတာပိုကောင်းစေတယ် Monitor တစ်ခုတည်းမှာဂိမ်းဆော့တာထက်စာရင် monitor နှစ်ခုမှာဂိမ်းဆော့ရတာပိုကောင်းတာက တော့သေချာပါတယ်။ တချို့ gamer တွေဆို triple monitor setup တွေတောင်လုပ်ထားကြတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ပြောရရင် သင်ဟာ map awareness အားနည်းတဲ့သူဆိုရင် mini-map ကို တခြား monitor ပေါ်မှာ အကြီးကြီးပေါ်နေစေတာမျိုးက အဆင်ပြေစေမှာပါ။ dual monitor နဲ့ဆိုရင် screen size လဲပိုကြီးသွား လို့ ပိုပြီး immersive ဖြစ်တဲ့ experience ကိုရစေပါတယ်။ ဒါမှမဟုတ်လဲ monitor တစ်ခုနဲ့ game ဆော့နေတုန်းမှာ တခြား monitor မှာ gaming content တွေ၊ guide တွေဖွင့်ထားလို့ရတာက အားသာချက်တစ်ခုပါပဲ။
- ဆိုတော့ monitor အဟောင်းက သုံးလို့ရနေသေးတယ်ဆိုရင် အသစ်ထပ်ဝယ်တိုင်း monitor အဟောင်းကိုဖြုတ်ပစ်တာမျိုးထက် ၂ ခုလုံးကိုတပ်ထားပြီး dual monitor setup ဆင်ထားတာမျိုးလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်။
Leave Your Comment