Disadvantages of Apple’s macOS

Disadvantages of Apple’s macOS
.
.

macOS ဟာ Windows ထက္ပိုေကာင္းတဲ့အခ်က္ေတြရွိေပမယ့္ အားနည္းခ်က္ေတြလည္း အနည္းနဲ႔အမ်ားေတာ့ရွိေနပါတယ္။ ဒီ article ေလးမွာေတာ့ macOS ရဲ႕ အားနည္းခ်က္ေတြကို ေဖာ္ျပေပးသြားပါမယ္။ ဘယ္အခ်က္ေတြမွာ mac က Windows ကိုမယွဥ္ႏိုင္လဲ ဆိုတာ တခ်က္ ၾကည့္လိုက္ရေအာင္….။
.
1. Mac Computers ေတြက ေဈးႀကီးပါတယ္။
.
Apple ဟာသူရဲ႕ product ေတြကို ေဈးႀကီးႀကီးနဲ႔ေရာင္းခ်တယ္ဆိုတာလူတိုင္းအသိပါပဲ။ Hardware component ခ်င္းတူရင္ေတာင္ Windows PC ေတြဟာ Mac PC ေတြထက္ေဈးအမ်ားႀကီးပိုသက္သာ ေလ့ရွိပါတယ္။ MacOS ဟာ ပုံမွန္အားျဖင့္ Mac PC ေတြမွာပဲ အသုံးျပဳခြင့္ရတဲ့အတြက္ ေငြကုန္ေၾကးက်မ်ားပါတယ္။ (Hackintosh လုပ္ၿပီးၿပီး Windows PC ေတြမွာလည္း macOS ကိုအသုံးျပဳလို႔ရပါတယ္။)
2. Hardware upgrade လုပ္ရတာအဆင္မေျပပါဘူး။
Mac Computer ေတြမွာသုံးထားတဲ့ Hardware component ေတြဟာ design အရေသခ်ာျပဳလုပ္ထားတာ ျဖစ္တဲ့အတြက္ upgrade လုပ္ဖို႔မလြယ္ကူပါဘူး။ Windows pc ေတြမွာေတာ့ design ကိုေရာ component ေတြကိုေရာစိတ္ႀကိဳက္ျပဳျပင္ေျပာင္းလဲႏိုင္ပါတယ္။ ဒါဟာ pc ရဲ႕ တာရွည္ခံမႈမွာလဲအက်ိဳးသက္ေရာက္မႈရွိပါ တယ္။ Mac မွာအစိတ္အပိုင္းတစ္ခုပ်က္သြားတာနဲ႔ device တစ္ခုလုံးသုံးလို႔မရတာမ်ိဳးျဖစ္သြားႏိုင္ၿပီး Apple ရဲ႕ Tech support လိုအပ္မွာပါ။ Windows မွာေတာ့ ပ်က္တဲ့အစိတ္အပိုင္းကို ကိုယ့္ဘာသာလဲလို႔ရႏိုင္ပါတယ္။
.
3. Game ေဆာ့ဖို႔အဆင္မေျပပါဘူး။
.
Game ေတြဟာ MacOS အတြက္ထက္ Windows အတြက္ထြက္တာပိုမ်ားတဲ့အတြက္ MacOS ေပၚမွာ ဂိမ္းေတြသိပ္မစုံပါဘူး။ ၿပီးေတာ့ hardware အရလည္း Windows computer ေတြမွာဆို အလြယ္တကူ upgrade လုပ္လို႔ရတဲ့အတြက္ GPU မလုံေလာက္တဲ့အခါ GPU ဝယ္လဲလိုက္တာနဲ႔အဆင္ေျပေပမဲ့ Mac မွာေတာ့ အဲ့လိုလုပ္လို႔မရပါဘူး။ ဒါေၾကာင့္ macOS ဟာ gamer ေတြအတြက္လုံးဝမသင့္ေတာ္ဘူးလို႔ေျပာလို႔ရပါတယ္ ။
.
4. macOS မွာ Windows ေလာက္ software မမ်ားပါဘူး။
.
MacOS ရဲ႕ Appstore မွာ software ဘယ္ေလာက္ပဲမ်ားလာတယ္ေျပာေျပာ developer ေတြ၊ အထူးသျဖင့္ software companies အေသးေလးေတြက software တစ္ခုေရးေတာ့မယ္ဆိုရင္ Windows ကို အရင္ target ထားေနတုန္းပါပဲ။ ဒါေၾကာင့္ Windows မွာ macOs ေပၚမေရာက္ေသးတဲ့ Software ေတြအမ်ားႀကီးရွိေန ပါေသးတယ္။ အေပၚမွာေျပာခဲ့သလို Game ေတြကလည္း Windows မွာပိုၿပီးမ်ားပါတယ္။
.
5. Windows product ေတြနဲ႔ကိုက္ညီမႈမရွိပါဘူး။
.
Mac OS ကေန Windows ကို word documents ေတြကူးလို႔ရႏိုင္ေပမယ့္ အရမ္းေတာ့အဆင္မေျပ ပါဘူး။ သင့္အေနနဲ႔ mac က Word document ကို print ထုတ္ဖို႔အတြက္ Windows computer မွာကူးလိုက္ရင္ format ေတြအကုန္ေျပာင္းၿပီး ေနရာတက်မျဖစ္ေတာ့ပါဘူး။ ဒါေၾကာင့္ သင့္အေနနဲ႔ file ေတြကို computer ေတြေျပာင္းၿပီးအသုံးျပဳေနရတဲ့သူဆိုရင္ေတာ့ Operating system တစ္ခုတည္းပဲအသုံးျပဳတာက ပိုအဆင္ေျပပါလိမ့္မယ္။

<Unicode>
.
Disadvantages of Apple’s macOS
..
macOS ဟာ Windows ထက်ပိုကောင်းတဲ့အချက်တွေရှိပေမယ့် အားနည်းချက်တွေလည်း အနည်းနဲ့အများတော့ရှိနေပါတယ်။ ဒီ article လေးမှာတော့ macOS ရဲ့ အားနည်းချက်တွေကို ဖော်ပြပေးသွားပါမယ်။ ဘယ်အချက်တွေမှာ mac က Windows ကိုမယှဉ်နိုင်လဲ ဆိုတာ တချက် ကြည့်လိုက်ရအောင်….။
.
1. Mac Computers တွေက ဈေးကြီးပါတယ်။
.
Apple ဟာသူရဲ့ product တွေကို ဈေးကြီးကြီးနဲ့ရောင်းချတယ်ဆိုတာလူတိုင်းအသိပါပဲ။ Hardware component ချင်းတူရင်တောင် Windows PC တွေဟာ Mac PC တွေထက်ဈေးအများကြီးပိုသက်သာ လေ့ရှိပါတယ်။ MacOS ဟာ ပုံမှန်အားဖြင့် Mac PC တွေမှာပဲ အသုံးပြုခွင့်ရတဲ့အတွက် ငွေကုန်ကြေးကျများပါတယ်။ (Hackintosh လုပ်ပြီးပြီး Windows PC တွေမှာလည်း macOS ကိုအသုံးပြုလို့ရပါတယ်။)
2. Hardware upgrade လုပ်ရတာအဆင်မပြေပါဘူး။
Mac Computer တွေမှာသုံးထားတဲ့ Hardware component တွေဟာ design အရသေချာပြုလုပ်ထားတာ ဖြစ်တဲ့အတွက် upgrade လုပ်ဖို့မလွယ်ကူပါဘူး။ Windows pc တွေမှာတော့ design ကိုရော component တွေကိုရောစိတ်ကြိုက်ပြုပြင်ပြောင်းလဲနိုင်ပါတယ်။ ဒါဟာ pc ရဲ့ တာရှည်ခံမှုမှာလဲအကျိုးသက်ရောက်မှုရှိပါ တယ်။ Mac မှာအစိတ်အပိုင်းတစ်ခုပျက်သွားတာနဲ့ device တစ်ခုလုံးသုံးလို့မရတာမျိုးဖြစ်သွားနိုင်ပြီး Apple ရဲ့ Tech support လိုအပ်မှာပါ။ Windows မှာတော့ ပျက်တဲ့အစိတ်အပိုင်းကို ကိုယ့်ဘာသာလဲလို့ရနိုင်ပါတယ်။
.
3. Game ဆော့ဖို့အဆင်မပြေပါဘူး။
.
Game တွေဟာ MacOS အတွက်ထက် Windows အတွက်ထွက်တာပိုများတဲ့အတွက် MacOS ပေါ်မှာ ဂိမ်းတွေသိပ်မစုံပါဘူး။ ပြီးတော့ hardware အရလည်း Windows computer တွေမှာဆို အလွယ်တကူ upgrade လုပ်လို့ရတဲ့အတွက် GPU မလုံလောက်တဲ့အခါ GPU ဝယ်လဲလိုက်တာနဲ့အဆင်ပြေပေမဲ့ Mac မှာတော့ အဲ့လိုလုပ်လို့မရပါဘူး။ ဒါကြောင့် macOS ဟာ gamer တွေအတွက်လုံးဝမသင့်တော်ဘူးလို့ပြောလို့ရပါတယ် ။
.
4. macOS မှာ Windows လောက် software မများပါဘူး။
.
MacOS ရဲ့ Appstore မှာ software ဘယ်လောက်ပဲများလာတယ်ပြောပြော developer တွေ၊ အထူးသဖြင့် software companies အသေးလေးတွေက software တစ်ခုရေးတော့မယ်ဆိုရင် Windows ကို အရင် target ထားနေတုန်းပါပဲ။ ဒါကြောင့် Windows မှာ macOs ပေါ်မရောက်သေးတဲ့ Software တွေအများကြီးရှိနေ ပါသေးတယ်။ အပေါ်မှာပြောခဲ့သလို Game တွေကလည်း Windows မှာပိုပြီးများပါတယ်။
.
5. Windows product တွေနဲ့ကိုက်ညီမှုမရှိပါဘူး။
.
Mac OS ကနေ Windows ကို word documents တွေကူးလို့ရနိုင်ပေမယ့် အရမ်းတော့အဆင်မပြေ ပါဘူး။ သင့်အနေနဲ့ mac က Word document ကို print ထုတ်ဖို့အတွက် Windows computer မှာကူးလိုက်ရင် format တွေအကုန်ပြောင်းပြီး နေရာတကျမဖြစ်တော့ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ file တွေကို computer တွေပြောင်းပြီးအသုံးပြုနေရတဲ့သူဆိုရင်တော့ Operating system တစ်ခုတည်းပဲအသုံးပြုတာက ပိုအဆင်ပြေပါလိမ့်မယ်။