Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

Color Printer သုံးတဲ့သူတွေ Error နည်းအောင်သိထားသင့်တဲ့အချက်များ

Article-Phone-Lost

Color Printer သုံးတဲ့သူတွေ error နည်းအောင်သိထားသင့်တဲ့အချက်များ

ပုံမှန်အားဖြင့် Color printer တွေမှာဖြစ်လေ့ရှိတဲ့ error တွေကတော့..

မှင်မထင်တာ
အရောင်မမှန်တာ
စာရွက်ညှပ်တာ
Printer ကိုစက်ကမသိတာ

စတာတွေဖြစ်ပါတယ်။

ဆိုတော့ မှင်မထင်တာနဲ့ပတ်သက်တဲ့ဖြေရှင်းနည်းကတော့ print-heads တွေကို သန့်ရှင်းရေးလုပ် ကြည့်ဖို့ပါပဲ။ inkjet color printer တွေမှာ မသုံးတာကြာရင် မှင်တွေခြောက်ပြီး print-head တွေကိုပိတ်နေတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်ပါ။ catridge မှာ print-head ပါပြီးသား printer တွေဆိုရင်တော့ မှင်ဘူး(ink cartridge)လဲလိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။ ဒါမျိုးထပ်မဖြစ်အောင် printer တွေကိုနေ့စဉ် ပုံမှန် သုံးပေးနေဖို့လိုပါတယ်။

အရောင်မမှန်တာကလဲ color printer တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာပါပဲ။ ကိုယ်က ထုတ်ချင်တဲ့အရောင်က တစ်မျိုး၊ ထွက်လာတဲ့အရောင်ကတစ်မျိုး ဖြစ်နေတတ်တာမျိုးပေါ့။ ဖြေရှင်းနည်းကတော့ ink cartridge တွေမှာ တစ်ချို့အရောင်တွေက နည်းနေပြီလားဆိုတာကိုစစ်ကြည့်ဖို့ပါ။ မှင်နည်းနေတာ ဒါမှမဟုတ် ink cartridge တွေရက်လွန်သွားတာမျိုးတွေမှာ အရောင်မမှန်တဲ့ပြသနာဖြစ်လေ့ရှိပါတယ်။ နောက်ပြီး setting ရွေးချယ်ရာမှာ printer မှာထည့်ထားတဲ့မှင်အရောင်မဟုတ်တာမျိုးရွေးမိရင်လဲ အရောင်တွေမမှန်တတ်ပါဘူး။

စာရွက်ညှပ်တာကတော့ printer တိုင်းလိုလိုဖြစ်တတ်ပါတယ်။ စာရွက်ကိုထည့်တဲ့အခါမှာ သေချာညီအောင် စီထည့်တာ၊ အရမ်းအများကြီးမထည့်တာမျိုးက ဒီပြသနာကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ခါတစ်လေမှာ ထည့်ထားတဲ့ စာရွက်နဲ့ print ထုတ်တဲ့ setting က မတူတဲ့အခါမျိုးမှာလဲ စာရွက်ညှပ်တာဖြစ်တတ်ပါသေးတယ်။

Printer ကိုစက်ကမသိတာကတော့ များသောအားဖြင့် driver ပြသနာဖြစ်နိုင်ပါတယ်။ Printer ဝယ်တုန်းက ပါလာတဲ့ driver အခွေရှိမယ်ဆို driver install ပြန်လုပ်လိုက်ရင် အဆင်ပြေသွားတတ်တယ်။ ဒါမှမဟုတ် driver က outdated ဖြစ်သွားတာမျိုးဆိုရင်လဲ driver update လုပ်လိုက်ရင်ရသွားနိုင်ပါတယ်။ driver update လုပ်ဖို့ ကိုတော့ သက်ဆိုင်ရာ driver ကို ကိုယ်ဝယ်ထားတဲ့ printer ပေါ်မှာမူတည်ပြီး download အရင်လုပ်ရပါမယ်။ နောက်ထပ်ဖြစ်နိုင်တာက Printer နဲ့ PC နဲ့ချိတ်ထားတဲ့ကြိုးကြောင့်ပါ။ Driver update လုပ်ပြီးလို့မှ စက်က မသိသေးဘူးဆိုရင်တော့ ကြိုးလဲပြီးစမ်းကြည့်သင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ Printer မှာဖြစ်လေ့ရှိတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းရမလဲ ဘယ်လို မဖြစ်အောင် ကာကွယ်ရမလဲဆိုတာသိလောက်ပါပြီ။

AUTHOR

RELATED NEWS

may-23-news-01

Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?

AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။  AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။

may-10-news

iPad တွေနဲ့ယှဉ်ပြိုင်ဖို့ထွက်လာတဲ့ One Plus Pad

ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x