
Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?
AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။ AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။ AI Large Language Model တစ်ခုဖြစ်တဲ့ Chat GPT ကလဲ အဲ့လိုပဲ ကိုယ်သုံးတတ်ရင် သုံးတတ်သလောက် ဘယ်နေရာမှာမဆို အသုံးချလို့ရတဲ့ AI tool တစ်ခုပါပဲ။ ဆိုတော့ ဒီနေ့ article မှာ Chat GPT ကို ဘယ်လိုနေရာမျိုးတွေမှာသုံးမလဲ ဆိုတာနဲ့ သက်ဆိုင်ရာနေရာတွေအတွက် ဘယ်လို prompt တွေနဲ့ခိုင်းမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။
Chat GPT ကိုစသုံးဖို့ အတွက် https://openai.com/blog/chatgpt ဒီ link ကိုသွားပြီး try chatgpt ဆိုတာကိုနှိပ်ပြီးတော့ account ဝင်ရပါမယ်။ ပြီးရင်တော့ သုံးလို့ရပါပြီ။
1. ပထမဆုံးတစ်ခုကတော့ fitness coach တစ်ယောက်အနေနဲ့သုံးတာပါ။ Personal Trainer ငှားဖို့ နှမြောတတ်တဲ့သူတွေ၊ အခုမှ gym စဆော့မယ့်၊ calorie counting diet စလုပ်မယ့်လူတွေအတွက် chat gpt ကို fitness coach တစ်ယောက်လို သဘောထားပြီး စမ်းသုံးကြည့်လို့ရပါတယ်။ အတွေ့အကြုံရှိထားပြီးသား personal trainer တစ်ယောက်လောက်တော့ မကောင်းနိုင်ဘူးဆိုပေမယ့် ကိုယ့်ဘာသာ စမ်းတဝါးဝါးလုပ်ကြည့်တာထက်တော့ ပိုအကျိုးရှိမှာပါပဲ။
အဲ့ဒီအတွက်် prompt ကတော့
“You are the best fitness professional in the world and my personal coach, I am a [27 years old male] and my current fitness goal is to get [an athletic body]. My height is [5′ 6″ and I weigh around 140lb]. [I can go to the gym 3 times a week]. Give me the best possible workout plan in a table format and nutrition plan. Make it as detailed as possible.”
ဒီ prompt မှာပဲ ကိုယ့်ရဲ့ အသက်၊ အရပ်အမြင့်၊ အလေးချိန်တွေ ပြောင်းလို့ရတယ်၊ အဲ့ဒါအပြင် gym သွားနိုင်တဲ့ရက်တွေ၊ ကိုယ့်ရဲ့ body goal တွေကိုပြောင်းလို့ရပါတယ်။ မိန်းကလေးတွေဆိုရင်လဲ hourglass body တို့ slim body တို့ပြောင်းလို့ရတယ်။
Home workout အတွက်ဆိုရင်လဲအပေါ်က prompt ကိုပဲ I can do home workout with body weigh 3 times a week ဆိုတာမျိုး ပြောင်းရေးလို့ရပါတယ်။ သူ generate လုပ်ပေးထားတဲ့ Exercies တွေဘယ်လို လုပ်ရလဲဆိုတဲ့ form မသိရင် youtube မှာသေချာပြန်ရှာကြည့်ပြီး လိုက်လေ့ကျင့်တာမျိုးတော့ လုပ်ရမှာပေါ့။
2. ဒုတိယတစ်ခုကတော့ ကျောင်းသားတွေအတွက် စာရှင်းပြခိုင်းတာ၊ ပြသနာတွေကူဖြေရှင်းခိုင်းတာပါပဲ။ Prompt တွေကတော့
ကိုယ်က အကြောင်းအရာတစ်ခုခုကိုနားမလည်ဘူး နားလည်လွယ်ချင်တယ်၊ ဥပမာ အများကြီးနဲ့ ရှင်းပြစေချင်တယ်ဆိုရင် အခု prompt ကိုသုံးလို့ရပါတယ်။
“You are the best teacher in the world, explain me about [speed of light] as if i am [five] with as much example as possible”
[ ] သုံးထားတဲ့နေရာတွေမှာ သက်ဆိုင်တဲ့ topic တွေ၊ ကိုယ် ရှင်းပြစေချင်တဲ့ အသက်အရွယ်တွေ ထည့်လို့ရတယ်။
တကယ်လို့ ကိုယ်က စာပိုဒ်အရှည်ကြီးတွေဆီကနေ အရေးကြီးတဲ့ summary တွေကိုပဲ သိချင်တယ်ဆိုရင်တော့ စာပိုဒ်လိုက် chat gpt ထဲကိုကူးထည့်ပြီးတော့ ဒီ prompt ကိုသုံးလို့ရတယ်။
“Can you provide a summary of the above article? Make it more readable with bullet points.”
ကိုယ်မသိတဲ့ ပြသနာတွေဖြေရှင်းခိုင်းဖို့ကိုတော့ ..
“ I have a problem while solving this exercise, help me solve it” ဆိုတဲ့နောက်မှာ ကိုယ့်ပြသနာကိုရိုက်ထည့်လိုက်ရုံပါပဲ။ Math or Physic homework တွေအတွက် အလုပ်ဖြစ်နိုင်ပါတယ်။
3. တတိယတစ်ခုကတော့ CV တို့ cover letter တို့ရေးခိုင်းတာပါ။ ပုံမှန်အားဖြင့် ကိုယ့် Cover letter ကို ကိုယ်တိုင် ရေးတာ အကောင်းဆုံးဆိုပေမယ့် chat gpt ကိုရေးခိုင်းကြည့်ပြီးမှ လိုတာလိုက်ပြင်တာမျိုးကလဲအလုပ်တော့ဖြစ်ပါတယ်။ Prompt ကတော့
I have 5 years of experience in [marketing] , now I want to apply for a job as a [marketing manager]. My academic qualifications are [ Bachelor in Economic Studies] , [ Diploma in Human Resources ] , [ Bachelor in English ]. Write me a CV and Cover letter which sets me apart from other candidates.
ဒါတွေက Chat GPT ကိုစမ်းသုံးမယ်ဆို စပြီး စမ်းကြည့်သင့်တဲ့ အသုံးပြုပုံတွေပါပဲ။ ကိုယ့် အလုပ် ဒါမှမဟုတ် ဝါသနာတွေပေါ်မူတည်ပြီးတော့ တခြား ဒီထက်အသုံးဝင်တဲ့ use cases တွေလဲအများကြီးရှိနေပါသေးတယ်။
#Technoland #Knowledgeforyou