Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

Latest News

မကြာခင်ကမိတ်ဆက်သွားတဲ့ Redmi Note 13 series တွေကဘာတွေပိုကောင်းလာလဲ?

ခုခေတ်လို ဖုန်းတွေဈေးအရမ်းတက်နေတဲ့အချိန်မှာ ဈေးအရမ်းမကြီးဘဲနဲ့ Price to Performance အရမ်းကောင်းတဲ့ Redmi Note series တွေက ရွေးချယ်ချင်စရာပါပဲ။ အဲ့လိုဖြစ်အောင်လဲ Xiaomi က တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာတဲ့ hardware တွေနဲ့ဆွဲဆောင်နေပါတယ်။ မနှစ်က Redmi Note 12 series တွေ ကောင်းခဲ့သလိုပဲ သိပ်မကြာခင်က မိတ်ဆက်သွားတဲ့ Redmi Note 13 , Note 13 Pro, Note 13 Pro+ series တွေကလဲ ပိုတောင်ကောင်းလာပါသေးတယ်။

Redmi Note 13 မှာ MTK ရဲ့ midrange chipset ဖြစ်တဲ့ Dimensity 6080 ကိုသုံးလာတယ်။ သူ့ performance က Redmi Note 12 ရဲ့ Snapdragon 4 gen 1 နဲ့ သိပ်မကွာဘူးဆိုတော့ ဈေးပိုသက်သာအောင်သုံးတာဖြစ်နိုင်ပါတယ်။ Display က 120Hz AMOLED panel သုံးထားပြီးတော့ အောက်က bezel(ဘောင်)က redmi note 12 နဲ့ယှဉ်ရင်တော်တော်လေးပါးသွားတယ်။ Camera ကိုလဲ 48MP ကနေ 100MP sensor ပြောင်းသုံးပေးလာတယ်။ Ultrawide camera ကတော့ မပါတော့ပါဘူး။ နောက်ထပ် 2MP depth sensor တစ်ခုပဲထည့်ပေးထားပါတယ်။ 5000 mAh battery ပါတာနဲ့ 33W wired charging ပါတာကလဲမပြောင်းလဲပါဘူး။ ဈေးနှုန်းက CNY 1,199 ကနေစပါမယ်။ လက်ရှိယွမ်ဈေး ၄၇၅ ကျပ်နဲ့ဆို 5 သိန်းဝန်းကျင်ပေါ့။

Redmi note 12 Pro မှာတုန်းက Dimensity 1080 သုံးခဲ့ရတာကနေ အခုအသစ်ထွက်တဲ့ Redmi note 13 Pro မှာတော့ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 7s gen 2 ကိုသုံးလာတယ်။ 7s ဆိုလို့အထင်မကြီးသွားနဲ့ဦး၊ နဂို 7 plus gen 2 ထက် performance ပိုနည်းနိုင်တယ်လို့သတင်းထွက်ထားတယ်။ ဒါပေမယ့် Dimensity 1080 ထက်တော့ performance ပိုကောင်းမယ်၊ efficiency နဲ့ thermal ပိုင်းလဲပိုကောင်းလာနိုင်တယ်။ Display ကလဲ အရင် peak brightness 900 nits ပဲရတဲ့ panel ကနေ 1800 nits အထိရတယ်ဆိုတော့ ၂ ဆနီးပါးလောက် peak brightness ပိုများလာတယ်၊ HDR content တွေအတွက်အများကြီးပိုကောင်းလာမယ့်သဘောရှိတယ်။ Resolution ကလဲ 1080p ကနေ 1.5k ဖြစ်သွားတယ်။ ပြီးတော့ Camera ကလဲ Major upgrade ဖြစ်တယ်လို့ပြောလို့ရတယ်။ 50 MP main sensor ကနေ 200 MP sensor ကိုပြောင်းသုံးထားပြီး OIS လဲရနေတုန်းပဲ။ ကျန်တဲ့ 8MP ultra wide နဲ့ 2MP macro ကတော့ တူတူပါပဲ။ Battery က 5100 mAh ဆိုတော့ 100 mAh ပိုများလာတယ်၊ 67W wired fast charging ကတော့အတူတူပါပဲ။ ဈေးနှုန်းက CNY 1,499 ကနေစမှာဖြစ်ပါတယ်။ ၇ သိန်းဝန်းကျင်လောက်ဖြစ်ပါလိမ့်မယ်။

Note 13 Pro+ မှာတော့ Dimensity 7200-Ultra chipset ကိုသုံးလာတယ်၊ 16GB LPDDR5 RAM နဲ့ UFS 3.1 storage ကိုပါသုံးထားတဲ့အပြင် thermal cooling ပိုင်းအတွက် Vapor Chamber heat sink ကိုပါထည့်ပေးထားတယ်။ Dimensity 7200-Ultra ဆိုတာက ဒီ Note 13 Pro+ မှာမှစပါလာမယ့် SoC အသစ်ဆိုတော့ ဘယ်လိုအခြေအနေရှိမလဲတော့မသိရသေးဘူး။ Display က Note 13 Pro ရဲ့ panel နဲ့အတူတူပဲကိုမှ curved display လုပ်ထားပေးတယ်။ အရှေ့မှန်ကို Gorilla Glass Victus နဲ့ကာကွယ်ပေးထားတယ်။ In-Display fingerprint scanner လဲပါမယ်။ Camera ကတော့ မတိုးတက်လာဘူး အရင် Note 12 Pro+ တုန်းကသုံးထားတဲ့ Samsung ရဲ့ 200MP sensor ပဲ။ 8MP ultrawide နဲ့ 2MP macro ကလဲတူတူပါပဲ။ 5000 mAh battery နဲ့ 120W fast charging ကလဲ မနှစ်ကအတိုင်းပါပဲ။ IP 68 rating ပါလာပြီး ရေစိုခံလာတာကတော့ တော်တော်လေးမိုက်ပါတယ်။ K60 ultra မှာထည့်ပေးတာသိပ်မထူးဆန်းပေမယ့် ဒီလို mid range ဖုန်းမှာပါထည့်ပေးတာကတော့ တော်တော်သဘောကောင်းတယ်ပြောရမှာပါ။ ဈေးနှုန်းက CNY 1,999 ကနေစပါမယ်။ မြန်မာငွေနဲ့ဆို ၉ သိန်းဝန်းကျင်လောက်ကျမှာဖြစ်ပါတယ်။

ဒီဖုန်းတွေကို တရုတ်ပြည်မှာ September 26 ရက်နေ့မှာစရောင်းပါလိမ့်မယ်။ Price to performance အရတော်တော်လေးတန်တဲ့ဖုန်းတွေဆိုတော့ ရောင်းကောင်းဦးမယ့်ပုံပါပဲ။

20230913-new

iPhone 15 Series နဲ့ Apple Watch 9 မှာဘာတွေထူးခြားလာလဲ?

မနေ့ညက iPhone 15 တွေရယ်၊ Apple Watch Series 9 တွေရယ်ကို မိတ်ဆက်သွားတယ်။ ဒီ article မှာတော့ product အသစ်တွေဆီက သိသာတဲ့အပြောင်းအလဲတွေအကြောင်း ပြောပြပေးမှာပါ။

iPhone 15 နဲ့ 15 Plus တွေမှာမနှစ်က pro series တွေမှာပဲပါတဲ့ Dynamic Island ပါလာပြီးတော့ USB-C လဲဖြစ်သွားပြီ။ ဒါပေမယ့် speed ကတော့ USB 2.0 speed ပဲရမယ်။ Performance အတွက်ကို မနှစ်က 14 pro series မှာသုံးထားတဲ့ A16 Bionic Chip ကိုသုံးပေးထားတယ်။ Camera ကိုလဲ 12MP ကနေ 48MP main camera ပြောင်းသုံးပေးထားပြီးတော့၊ 2x zoom မှာ optical zoom နီးပါးကောင်းတဲ့ quality ရမယ်လို့ပြောသွားတယ်။ Display ကလဲ မနှစ်ကထက် ၂ ဆနီးပါးလောက် peak brightness မှာပိုကောင်းလာတယ်။ အရောင် က အမဲ၊ အဝါ၊ အပြာ၊ အစိမ်း၊​ပန်းရောင်ဆိုပြီး ၅ ရောင်ရမယ်၊​ ပန်းရောင်လေးကတော့ hero color ပေါ့။ ဈေးက iPhone 15 ကို $799 နဲ့ iPhone 15 Plus က 899$ ကျမှာဖြစ်ပါတယ်။ September 15 ရက်နေ့မှာ pre-order စလက်ခံမှာဖြစ်ပြီး September 22 မှာ shipping စလုပ်ပေးပါလိမ့်မယ်။ ဆိုတော့ အရင် iPhone 14 ထက်စာရင်တော့ တော်တော်လေးပိုတန်သွားတယ်။ အားမရတာက ခုထိ 60Hz display ပဲဆက်သုံးထားတာပါပဲ။

iPhone 15 Pro နဲ့ Pro Max မှာ mute switch အစား ကိုယ်ကြိုက်တဲ့ shortcut ကိုပါ map လုပ်ထားလို့ရမယ့် action button ပြောင်းသုံးလာတယ်။ Titanium ဘောင်တွေကြောင့် ပိုပေါ့သွားတာ ရော ဘေးဘောင်တွေပိုပါးသွားတာရောက iPhone 15 Pro တွေကိုလက်ထဲမှာကိုင်လို့ပိုကောင်းသွားစေလိမ့်မယ်။Processor ကိုလဲ​ လက်ရှိအချိန်မှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ 3nm based A17 Pro processor ထည့်ပေးထားတယ်။ Processor ထဲမှာ USB-controller သပ်သပ်ပါမှာမို့လို့ ဒီ model တွေမှာတော့ USB-C data transfer speed က 10Gb/s အထိရမယ်။ အဲ့ speed ရဖို့ ကြိုးကတော့ သပ်သပ်ပြန်ဝယ်ရမယ်။ ပြီးတော့ Resident Evil: Village နဲ့ Resident Evil 4 Remake တို့လို Console level game တွေကို iPhone မှာ native ဆော့လို့ရလာမယ်။ အသစ်ထွက်မယ့် Assassin Creed Mirage လိုဂိမ်းပါ iPhone အတွက် ထွက်လာမယ်ဆိုတော့ Mobile Gaming က တစ်ဆင့်မြင့်လာပြီလို့ပြောလို့ရတယ်။ Camera အပိုင်းမှာ 48MP main camera ကိုပဲသုံးထားပေမယ့် aparture ပိုကောင်းတဲ့ lens တွေကြောင့်မို့လို့ low light ရော daylight ရောမှာ image quality ပိုကောင်းလာတယ်။ Vision Pro မှာပြန်ကြည့်လို့ရမယ့် 3D video တွေပါရိုက်လို့ရမယ်။ 15 Pro Max မှာ periscope zoom lens ပါလာပြီး 5x အထိ optical zoom ဆွဲလို့ရမယ်။ အရောင်က ခဲရောင်အရင့်၊ ခဲရောင်အဖျော့၊ အမဲနဲ့ အပြာဆိုပြီး ၄ ရောင်ရမယ်။ ဈေးကလဲ သတင်းတွေထွက်ထားသလိုကြီး အရမ်းတက်သွားတာမျိုးတော့မရှိဘူး။ iPhone 15 Pro က $999 ကနေပဲစမယ်၊ iPhone 15 Pro Max ကတော့ 128GB model မရှိတော့တဲ့အတွက် 256 GB model ကိုပဲ $1,199 နဲ့ရောင်းတော့မယ်။ ဆိုတော့ ဈေးတက်သွားတယ်လို့ပြောလို့ရသလို မတက်သွားဘူးလို့လဲပြောလို့ရတယ်။

Apple Watch Series 9 မှာတော့ အဓိကအပြောင်းအလဲက လက်ညှိုးနဲ့လက်မကို ထိပြီးသုံးရတဲ့ gesture control အသစ်လို့ပြောလို့ရတယ်။ Chipset အသစ်ကြောင့် Siri ကလဲ internet ကိုမမှီခိုတော့ဘဲနဲ့ on-device မှာသုံးလို့ရသွားတယ်။ Health data တွေကိုပါ Siri ကိုတန်းမေးလို့ရမယ်။ Display brightness ကလဲ series 8 ထက် ၂ ဆပိုကောင်းတဲ့ 2000 nits brightness အထိရမယ်။ ဈေးကတော့ $399 ကနေစမယ်။

Apple watch ultra 2 ကတော့ series 9 က function တွေအပြင်ကို brightness က 2000 nits ကနေ 3000 nits အထိဖြစ်သွားတယ်။ ပိုလဲအကြမ်းခံလာမယ်။ Battery life က normal usage မှာဆို ၃၆ နာရီ၊ low power mode မှာဆို ၇၂ နာရီအထိရမယ်။ ဈေးကတော့ $799 ကနေစမယ်။

ဆိုတော့ သတင်းကောင်းကတော့ pro max ဝယ်မယ့်သူတွေအတွက် ဈေးမတက်တာနဲ့ ရိုးရိုး 15 တွေက 14 ထက်တန်လာတာပါပဲ။ ခုဈေးတွေနဲ့က ဒီနှစ် iPhone တွေလဲရောင်းကောင်းဦးမယ့် သဘောရှိပါတယ်။

20230830-new

September မှာထွက်လာမယ့် iPhone 15 series တွေမှာ ဘာတွေထူးလာမလဲ?

iPhone အသစ်ထွက်ခါနီးထုံးစံအတိုင်းပဲ ဘာပါလာမယ်၊ ဘာပြောင်းသွားမယ်ဆိုတဲ့ leak တွေကတော့ မျိုးစုံထွက်နေပြီ။ ဒီနေ့ article လေးမှာတော့ iPhone 15 series ဖုန်းတွေမှာ ပါလာမယ့် features အသစ်တွေရယ် ဈေးနှုန်းအသစ်ရယ်နဲ့ ဘယ်နေ့ ထွက်မလဲဆိုတာရယ်ကို ပြောပြပေးပါမယ်။

iPhone 15 series တွေကို မိတ်ဆက်မယ့် apple event ကျင်းပမယ့်နေ့ကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒါမှမဟုတ် ၁၃ ရက်နေ့လို့ ပြောကြတယ်။ 15 ရက်နေ့မှာ pre-order စလက်ခံပြီးတော့ ၂၂ ရက်နေ့မှာ apple store တွေမှာ စပြီးဝယ်လို့ရမယ်ဆိုတာမျိုး သတင်းတွေထွက်တယ်။ ဒါကြောင့် အခုပြောပြမယ့် leak တွေ မှန်မမှန်သိရဖို့က ၂ ပတ်လောက်ပဲလိုပါတော့တယ်။

ကျွန်တော်တို့ သိထားရသလောက် Rumors တွေ နဲ့ Leaks တွေကတော့

Dynamic Island က iPhone 14 series တွေမှာလို pro နဲ့ pro max မှာပဲပါမှာမဟုတ်တော့ဘဲနဲ့ iPhone 15 model တွေအကုန်လုံးမှာ ထည့်ပေးထားတယ်။ ဒီနှစ်မှာ iPhone X ကနေအစပြုခဲ့တဲ့ notch era ကတော့ အဆုံးသတ်သွားတော့မယ့်ပုံပဲ။

EU law အရ ဒီနှစ်မှာ iPhone 15 တွေအကုန်လုံးက Lightning port မဟုတ်တော့ဘဲနဲ့ Type-C port ဖြစ်သွားမယ်။ ဒါပေမယ့် Pro series တွေမှာပဲ ပိုမြန်တဲ့ tunderbolt speed ရမယ်၊ ရိုးရိုး iPhone 15 တွေကတော့ lightning port မှာရတဲ့ transfer rate ပဲရမယ်။

လျှပ်စစ်ကားတွေမှာသုံးတဲ့ Battery နည်းပညာအသစ်ကြောင့်မို့လို့ Battery ပမာဏပိုများများဆန့်လာမယ်၊ အရင် iPhone 14 series တွေထက် 500 mAh ကနေ 700 mAh နီးပါးလောက်ပိုများလာမယ်။

Design ပိုင်းမှာ bezel အနားသတ်တွေ ခုံးထားတဲ့ rounded edge design ကိုပြန်သုံးလာမယ်၊ Bezels တွေက 1.55mm လောက်အထိပါးသွားမယ်။ Pro series တွေမှာ titanium ဘောင်တွေသုံးထားလို့ အရင်ကထက်ပိုပေါ့မယ်၊ Mute switch အစား Apple watch ultra မှာလိုမျိုး action button ဖြစ်သွားမယ်။

Camera က iPhone 15 ရိုးရိုးတွေမှာရော 48MP main sensor ထည့်ပေးလာတယ်။ ဒါပေမယ့် iPhone 15 Pro နဲ့ Pro Max မှာက Sensor size ပိုကြီးမယ်။ 15 Pro Max မှာ periscope lens ထည့်ပေးထားပြီး 6x optical zoom အထိရမယ်။

iPhone 15 Pro series တွေမှာသုံးလာမယ့် A17 bionic chip က ကမ္ဘာ့ပထမဆုံး 3nm SoC ဖြစ်လာမှာဖြစ်ပြီးတော့ TSMC ပြောပုံအရ 35% လောက် battery efficiency တိုးလာမယ်။ ဆိုတော့ iPhone 15 Pro series တွေက battery တော်တော်လေးခံလာနိုင်တယ်။ Performance အရလဲ Android ဘက်ကအသစ်ထွက်လာမယ့် Snapdragon 8 Gen 3 ထက်ကို သိသိသာသာပိုကောင်းမယ်။

iPhone 15 Pro Max ဆိုတဲ့နာမည်အစားကို iPhone 15 Ultra လို့ နာမည် ပြောင်းသုံးလာနိုင်တယ်။


Charging speed လဲ Pro model တွေမှာ 20W မဟုတ်တော့ဘဲနဲ့ 27W ကနေ 35W အထိတိုးလာနိုင်တယ်။


အရောင်အသစ်တွေအနေနဲ့ Pro model တွေမှာ Dark Red နဲ့ ရိုးရိုး model တွေမှာတော့ mint green မဟုတ်ရင် Cyan ပါလာမယ်။


ဈေးကလဲ အရင်နှစ်က iPhone 14 Pro model တွေထက် iPhone 15 Pro model တွေက $100 ကနေ $200 လောက်ထိဈေးပိုများလာနိုင်တယ်။ ($1,199 for iPhone 15 Pro, $1,299 for iPhone 15 Pro Max/Ultra)

အခု ကျွန်တော်ရေးထားတဲ့ Leak တော်တော်များများက up-to-date ဖြစ်ပြီးတော့ reputable leaker တွေဆီကနေ ထွက်လာတာဆိုတော့ အကုန်မမှန်ရင်တောင် ဖြစ်နိုင်ခြေတော်တော်တော့များတယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ် သေချာအောင်တော့ Apple Event မှာစောင့်ကြည့်ကြရပါဦးမယ်။

Ref; MacRumors.com

20230825-news

Business တွေအတွက် ကိုယ်ပိုင် ChatBot ဖြစ်အောင်လေ့ကျင့်ပေးလို့ရတော့မယ့် Chat GPT-3.5 Turbo

လက်ရှိ ChatGPT ကို တစ်ချို့ business တွေမှာသုံးတာမျိုးရှိပေမယ့် public version က ကိုယ့် လုပ်ငန်းအကြောင်းသေချာမသိတာ၊ product တစ်ခုချင်းစီအကြောင်းတွေ ပြန်မရှင်းပြပေးနိုင်တာ၊ Brand ကလိုချင်တဲ့ tone of voice အတိုင်း ထွက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တကယ်တမ်း AI Chat Bot တစ်ခုကို Business အတွက်သုံးမယ်ဆိုရင်က ကိုယ့် company ရဲ့ ကိုယ်ပိုင် data တွေနဲ့ အရင်လေ့ကျင့်ပြီးမှပဲ သုံးရတာပိုအဆင်ပြေပါတယ်။ ဒါမှ  costomer ကမေးလိုက်တဲ့အကြောင်းအရာတွေကို ပြန်ဖြေတာမှာဖြစ်ဖြစ်၊ email , content တွေရေးပေးတာမှာဖြစ်ဖြစ် ကိုယ့် brand ရဲ့ ပုံစံအတိုင်းသူက ကွက်တိဖြစ်နေမှာပါ။  
 
အဲ့ဒီအတွက်ကို OpenAI က အဲ့လိုမျိုး Company Data တွေကို ထည့်ပြီး custom training လုပ်ပေးလို့ရတဲ့၊ fine-tune လုပ်လို့ရတဲ့ Chat GPT 3.5 Turbo version ကို ကြေငြာသွားပါတယ်။ ဒီ model က တစ်ချို့ လုပ်ဆောင်ချက်တွေမှာ Chat GPT-4 နဲ့ ယှဉ်နိုင်ပြီးတော့ ပိုကောင်းတဲ့နေရာတွေလဲရှိတယ်လို့ပြောသွားတယ်။ ပြီးတော့ ဒီနှစ်ကုန်လောက်မှာ GPT-4 ကိုလဲ ဒါမျိုး custom tuning လုပ်လို့ရမယ့် version ထုတ်ပေးမယ်လို့ ဆိုပါတယ်။
 
ဒီ GPT 3.5 Turbo version ထွက်မလာခင်အချိန်အထိက business clients တွေအနေနဲ့ GPT-3 variants တွေဖြစ်တဲ့ davinci-002 နဲ့ babbage-002 model တွေကိုပဲအသုံးပြုနေခဲ့ရတာဖြစ်ပါတယ်။
 
အခု Business တွေအတွက်ထုတ်ပေးလိုက်တဲ့ GPT-3.5 turbo က GPT-4 လိုမျိုးပဲ September 2021 အထိ data တွေကို သိနိုင်တဲ့ pre-trained model အနေနဲ့ လာမှာပါ။ ပြီးမှ ကိုယ့် company အကြောင်းအသေးစိတ် data တွေနဲ့ပြန် train ပေးရမှာဖြစ်ပါတယ်။ Data privacy and security အတွက်ကိုလဲ company က train ဖို့ထည့်ထားတဲ့ input data ရော၊ AI ကပြန်ထုတ်ပေးတဲ့ output data ရောကို နောက်ထပ် AI models အသစ်တွေ train အတွက် လုံးဝ အသုံးမပြုသွားဘူးလို့ဆိုပါတယ်။ ဆိုလိုတာက Company ရဲ့ data တွေက company က train ထားတဲ့ model မှာပဲရှိနေမှာဖြစ်ပြီး Open AI ဘက်က ရယူသုံးစွဲသွားမှာမဟုတ်ပါဘူးဆိုတဲ့သဘောပါပဲ။ ဒါကလဲ လုပ်ငန်းတော်တော်များများ စိုးရိမ်နေတဲ့ company data တွေအပြင်ကိုပေါက်ကြားသွားနိုင်တယ်ဆိုတဲ့ အချက်ကို ဖြေရှင်းပေးထားတာဖြစ်ပါတယ်။
 
Company ဘက်က fine-tuning လုပ်ထားတဲ့ AI model ကို Brand ရဲ့ tone of voice အတိုင်း ကြော်ငြာတွေရေးတာ၊ internal email တွေမှာ တစ်စိတ်တစ်ပိုင်းရေးခိုင်းတာ၊ Software company တွေမှာ API calls တွေ code တွေကူရေးပေးခိုင်းတာမျိုးတွေအတွက် ကောင်းကောင်း အသုံးပြုနိုင်မှာပါ။
 
Business တွေဘက်က Open AI ကို ဒီ custom model အတွက် ပေးရမယ့် ဈေးနှုန်းတွေကလဲ အရမ်းတော့မများပါဘူး။ Training လုပ်တဲ့အခါသုံးရမယ့် token 1000 အတွက် $0.0080 ကျသင့်မှာဖြစ်ပြီး inpt usage အတွက် token 1000 ကို $0.0120 , output အတွက် tokens 1000 ကို $0.0120 ကျသင့်မှာဖြစ်ပါတယ်။
 
ဆိုတော့ နောက်ပိုင်းမှာ Custom tuned လုပ်ထားတဲ့ AI model တွေက company တွေရဲ့ အလုပ်အစိတ်အပိုင်းတော်တော်များများမှာ နေရာယူလာနိုင်ခြေရှိနေပါတယ်။
 
Source: TheVerge

အသစ်ထွက်လာတဲ့ Redmi K60 Ultra , Mi Pad 6 Max နဲ့ Mi Band 8 Pro တွေကဘာတွေပိုကောင်းလာလဲ?

၁၄ ရက်နေ့ကကျင်းပတဲ့တဲ့ Xiaomi ရဲ့ပွဲမှာ Mi Mix Fold 3 ရယ်၊ Mi Pad 6 Max ရယ် Redmi K60 Ultra ရယ်ကို ပြသွားတယ်။ အဲ့ဒီထဲမှာမှ Redmi K60 Ultra လေးက တော်တော်လေးကိုတန်နေတာ သတိထားမိတယ်ဗျ။ ဘာလို့လဲဆိုတော့ အရင် K50 Ultra ကိုမိတ်ဆက်သွားတဲ့ ဈေးထက်ရော K60 Pro ကို မိတ်ဆက်သွားတဲ့ဈေးထက်ရော သိသိသာသာ ပိုသက်သာနေပြီးတော့ တစ်ချို့အပိုင်းတွေမှာ အများကြီး ပိုကောင်းလာတာတွေရှိနေတာကြောင့်ပါ။

K60 Ultra မှာ ပထမဆုံး သဘောကျမိတဲ့အချက်က IP 68 rating ပါလာတာပါ။ အရင်ကလဲ Redmi ဖုန်းတွေက IP rating သာမပါတာ ရေစိုခံသင့်သလောက်တော့ခံတယ် ဆိုပေမယ့် IP rating ပါတော့ ပိုစိတ်ချလက်ချ ဖြစ်သွားတယ်။ Flagship လဲပိုဆန်လာတယ်။ ပြောရရင် K60 Ultra ရဲ့ hardware ပိုင်းမှာ Flagship မဆန်တဲ့အချက်ဆိုလို့ Camera နဲ့ Wireless charging မပါတာလောက်ပဲရှိတော့တယ်။

Display ကလဲ Peak brightness 2600 nits အထိတောင်ရတဲ့ 1.5K AMOLED 144Hz panel သုံးထားပေးတယ်။ တကယ့် flagship ဖုန်းတွေလို 1 to 144Hz variable refresh rate ရတဲ့ LTPO panel မဟုတ်တာကလွဲရင် spec အရတော့ တော်တော်လေးကောင်းတဲ့ display ပဲ။ နောက်ပြီးထူးခြားတာက သူ့မှာ pixelworks နဲ့ ပူးပေါင်းပြီးထုတ်ထားတဲ့ x7 chip ပါထည့်ထားတယ်။ အဲ့ကောင်လေးက Computer တွေမှာဆို dedicated GPU ပုံစံမျိုးနဲ့ဆင်တယ်။ အဲ့အတိုင်းကွက်တိအလုပ်လုပ်တာတော့မဟုတ်ဘူး။ သူက GPU ကထွက်လာပြီးသား ပုံရိပ်တွေကိုပဲ ကြားထဲက frame တွေကို Alogrithm တွေနဲ့ခန့်မှန်းပြီး ထပ်ထည့်ပေးတဲ့ post processor လို့ပြောလို့ရတယ်။ ဒီကောင်ထည့်ထားတဲ့အတွက် ဂိမ်းတွေကို 144Hz , 144fps မှာ ကောင်းကောင်းဆော့လို့ရသွားမယ်၊ ပိုလဲကြည်လာမယ်လို့ ကြေငြာသွားတယ်။ ဆိုတော့ ဒီအချက်ကလဲ gamer တွေအတွက်တော့ သတင်းကောင်းဖြစ်နိုင်တယ်။ Stereo speaker လဲပါတော့ Multimedia consumption ရော Gaming ရောမှာ ဒီဖုန်းက တော်တော်လေးမိုက်တယ်။

SoC ကလဲ game တွေကို 144fps မှာ ကောင်းကောင်းဆော့လိုရလောက်တဲ့ Dimensity 9200+ ကိုသုံးထားတယ်။ သူ့ performance က Snapdragon ဘက်မှာဆို Snapdragon 8 Gen 2 လောက်ရှိတယ်။ ဆိုတော့ လောလောဆယ် Android ဘက််မှာအကောင်းဆုံး SoC ထဲက တစ်ခုလို့ပြောလို့ရတယ်။

Camera က တော့ နဂိုတည်းက K series ဖုန်းတွေရဲ့အားသာချက်မဟုတ်တော့ သိပ်တော့မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် Main sensor က 50MP Sony IMX800 ကိုသုံးထားတာ။ Mi Mix Fold 3 မှာပါတဲ့ sensor နဲ့တူတူပဲ။ ဒါကြောင့်မို့ အရမ်းမကောင်းရင်တောင် စုတ်တော့ မစုတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ K60 Ultra camera သာမကောင်းရင် သူနဲ့ sensor တူတဲ့ Mix Fold 3 camera လဲ ကောင်းဖို့မလွယ်ဘူး။ 8K video ရိုက်လို့ရတာလဲ ဒီဈေးမှာ မဆိုးဘူးလို့ပြောရမယ်။ ကျန်တဲ့ 8MP ultrawide နဲ့ 2MP macro sensor တွေကတော့ ထုံးစံအတိုင်းပဲ သိပ်မကောင်းမှာသေချာသလောက်ရှိတယ်။ Selfie ကတော့ 20MP ထည့်ပေးထားတယ်။

5000 mAh battery နဲ့ 120W fast charging က 19 min ကို 100% ပြည့်မယ်။ ဒါလဲ ဒီ မီးပျက်တဲ့နိုင်ငံနဲ့တော့ ကွက်တိပဲ။

ဆိုတော့ ဂိမ်းဆော့မယ်၊ flagship level camera မလိုဘူး၊ IP68 rating လိုချင်တယ် ဈေးအရမ်းကြီးတဲ့ flagship တွေလဲမလိုချင်ဘူးဆိုရင် ဒီ K60 Ultra လေးက သူ့ 2599 Yuan ဆိုတဲ့ Launch price မှာမဆိုးဘူးလို့ပြောလို့ရတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၁၄ သိန်းကျော်ကျော်လောက်ကျနိုင်တယ်။

Mi Pad 6 Max ကတော့ ၁၄ လက်မ Tablet အကြီးကြီးပုံစံမျိုးထွက်လာတာ။ iPad Pro 13 inch နဲ့ Samsung Galaxy Tab S9 Ultra လို ပုံစံမျိုးပဲ။ ဈေးကတော့ အဲ့ဒီ ၂ ခုထက် အများကြီးပိုသက်သာတယ်။ Keyboard case နဲ့ Stylus လိုမျိုး Accessories တွေအကုန်ပါမှ ၂၆ သိန်းဝန်းကျင်လောက်ပဲကျမယ်။ သုံးထားတာက Snapdragon 8+ gen 1 SoC ဆိုတော့ performance က မိုက်တယ်။ 120Hz LCD panel ပဲသုံးထားတယ်။ 6.6 mm အထူနဲ့ 750g အလေးချိန်ကလဲ သူ့ size အရတော့ မဆိုးဘူး။ Tab S9 Ultra လောက်တော့ မပါးဘူး ၊ နည်းနည်းလဲပိုလေးတယ်။ လက်ထဲမှာကိုင်ထားတာထက် Keyboard case နဲ့ စားပွဲပေါ်တင်သုံးဖို့တော့ ပိုအဆင်ပြေလိမ့်မယ်။ ဂိမ်းတွေဘာတွေဆော့မယ်ဆိုလဲ ခလုတ်နဲ့ချိတ်ပြီးဆော့လို့ရတဲ့ emulator game တွေနဲ့ ပိုအဆင်ပြေမယ်။

Mi Band 8 Pro ကတော့ အရမ်းမထူးပါဘူး။အရင် Mi Band 7 Pro ထက် display လေးနည်းနည်းပိုကြီးလာတယ်၊ ပို sharp ဖြစ်သွားတယ်။ Brightness ပိုလင်းလာတယ်။ အဲ့လောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နာရီပုံစံမျိုးဝတ်ချင်ပြီးတော့ Mi Band ကို ကြိုက်တဲ့သူတွေအတွက်တော့ သဘောကျဦးမယ့် ပုံစံရှိတယ်။ ဈေးကတော့ ၂ သိန်းကျော်ကျော်လောက်ဖြစ်ပါလိမ့်မယ်။

လောလောဆယ် ဒီကိုမရောက်သေးတဲ့ အဲ့ဒီ product တွေအစား ရှိနေပြီးသား instock product တွေဝယ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Technoland Page ထဲမှာ ဖုန်းတွေ၊ tablet တွေ၊ Laptop တွေနဲ့ computer parts အစုံအလင်ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ပါတယ်။

20230814-news

Internet သုံးရင်း အလိမ်မခံရအောင် ဘာတွေဂရုစိုက်ရမလဲ?

လတ်တလော facebook ပေါ်မှာ internet သုံးရင်း mobile money တွေ အခိုးခံရ၊ အလိမ်ခံရတဲ့ post တွေများလာကြောင့် အဲ့လိုမဖြစ်အောင် ဘာတွေဂရုစိုက်သင့်လဲ ဆိုတာ ပြောပြချင်ပါတယ်။အလိမ်ခံရတဲ့ ပုံစံလေးတွေ တွေ့မိသလောက်အရင်ပြောပြပါမယ်။

ပထမဆုံးတစ်ခုက Cleaning service တို့ အိမ်အကူအချိန်ပိုင်းအငှားတို့အတွက် service ပေးတဲ့ page တို့အယောင်ဆောင်ထားတဲ့ သူတွေပါ။ ကိုယ်က ငှားချင်လို့ ဆက်သွယ်လိုက်ရင် ဖုန်းထဲကို app တစ်ခု ဒေါင်းခိုင်းပါတယ်။ Promotion ရှိလို့ App ကနေ order တင်ရင် 50% ဈေးလျော့ပေးမယ်ဆိုတာမျိုး ပြောပြီး ဆွယ်တာပါ။ ကိုယ်က app download ဆွဲလိုက်ပြီဆိုရင် အဲ့ဒီ app ထဲမှာ ကိုယ့်ဖုန်းရဲ့ files, location, sms, camera, contact စတဲ့ permission အကုန်လုံးနီးပါးကိုတောင်းပါတယ်။ ကိုယ်က user agreement ကိုသေချာမဖတ်ဘဲနဲ့ permission အကုန်ပေးလိုက်မိပြီဆိုရင် mobile money က ပိုက်ဆံတွေပါသွားဖို့က တော်တော်များနေပါပြီ။

ဒုတိယတစ်ခုကတော့ အချိန်ပိုင်းအလုပ်ခေါ်တဲ့ပုံစံမျိုးပါ။ Translator တို့ content writer တို့ အသံသရုပ်ဆောင်တို့အနေနဲ့ခေါ်လေ့ရှိပါတယ်။ အဲ့ဒီကနေ hacker နဲ့ ip address တူတူရောက်ဖို့ vpn တစ်ခုဒေါင်းခိုင်းပြီး ဖုန်းထဲကို file explore software တစ်ခုထည့်ခိုင်းပါတယ်။ အလုပ်အတွက် file တင်ရင် အဲ့ဒီကနေတင်ပေးပါဆိုပြီးတော့ file permission တွေ တောင်းပါတယ်။ ပြီးရင် malware တစ်ခုခု upload နဲ့ထည့်ထားတာမျိုးလုပ်ချင်လုပ်ပါလိမ့်မယ်။ ဒါဆို ကိုယ့်ရဲ့ private photo, videos တွေကိုသူက ကြည့်လို့ရသွားမယ်၊ ပိုဆိုးရင် pasword hash တွေကိုလဲ access ရသွားနိုင်ပါတယ်။ ဒါကတော့ mobile money တွေထက် တစ်ခုခုရှိရင် ငွေညှစ်ဖို့အတွက် ရည်ရွယ်ပြီး လုပ်တဲ့ပုံစံမျိုးလို့ထင်ပါတယ်။

တတိယတစ်ခုကတော့ ချေးငွေလုပ်ငန်းပုံစံ app တွေပါ။ သူတို့မှာလဲ တောင်းတဲ့ permission တွေက တော်တော်ကိုဆိုးပါတယ်။ ပထမပုံစံမျိုးအတိုင်းပါပဲ။ မတူတာက form မှာလဲ information တွေအများကြီးပေးရတဲ့အပြင်ကို ကျွန်တော်သိရသလောက် သူတို့က ငွေတကယ်ချေးပေးပါတယ်။ ဒါပေမယ့် အတိုးအရမ်းများပြီး ဆပ်ချင်တိုင်းလဲပြန်ဆပ်လို့မရပါဘူး။ အချိန်တစ်ခုကြာလို့ ငွေမဆပ်ဘူး၊ အတိုးမပေးဘူးဆိုရင် သူတို့ယူထားတဲ့ permission တွေကနေ ရထားတဲ့ အလုပ်ကဖုန်းနံပါတ်တွေ၊ social media account တွေကို ခြိမ်းခြောက်ပြီး အတင်းငွေတောင်းပါတယ်။ ဥပမာ-အလုပ်က မန်နေဂျာဖုန်းကိုဆက်ပြီး ဒီဝန်ထမ်းက ငွေချေးထားလို့ ပြန်ဆပ်ဖို့ပြောပေးပါဆိုတာမျိုး လုပ်ပါတယ်။ ဆိုတော့ ဒါကတော့ လိမ်တာဆိုတာထက် လူလည်ကျတာမျိုးဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သတိထားဖို့လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့ bank တစ်ခုခုကပို့လိုက်တဲ့ sms လိုပုံစံမျိုးနဲ့ message ပို့တာပါ။ အကောင့်ကမလုံခြုံတာမို့လို့ ဒီ link ထဲဝင်ပြီး password ပြောင်းပါဆိုတာမျိုး ပါလေ့ရှိပါတယ်။ ဒီမှာ တစ်ခုထူးခြားတာက တကယ်ပဲ operator တွေကပို့တဲ့ message တွေလိုမျိုး reply ပြန်လို့မရအောင် sender ID တင်ထားတဲ့ဟာမျိုးတွေပါ ပါနေတာပါပဲ။ တစ်ချို့ကျတော့လဲ app တစ်ခုခုကနေ ကိုယ့်ဖုန်းထဲကို ***-Bank ဆိုပြီး contact မှတ်လိုက်တဲ့ပုံစံမျိုးနဲ့ လုပ်တတ်ကြပါတယ်။ ပို့လိုက်တဲ့ link ထဲဝင်မိပြီး သူတို့ခိုင်းတဲ့ permission တွေပေးတာဖြစ်ဖြစ်၊ password ရိုက်ပေးလိုက်တာဖြစ်ဖြစ် ကိုယ့် mobile money တွေပါသွားဖို့များပါတယ်။

ဆိုတော့ ဒါမျိုးတွေအကုန်လုံးက cyber security term နဲ့ဆိုရင် social engineering သို့မဟုတ် phishing လို့ခေါ်ပါတယ်။ အခုခေတ် နည်းပညာတွေမှာ လုံခြုံမှုတွေမြင့်လာတာနဲ့အမျှ brute force နဲ့ hack ဖို့ဆိုတာက မဖြစ်နိုင်သလောက်ဖြစ်သွားပါပြီ။ အထူးသဖြင့် 2 factor ခံထားတာမျိုးဆိုရင် ဘယ်လိုမှ brute force နည်းလမ်းနဲ့ အဆင်မပြေပါဘူး။ Phishing ကျတော့ user ကိုယ်တိုင်က permission တွေကို လိုလိုလားလားပေးအောင်လုပ်ထားတာမျိုးဆိုတော့ ဒီနည်းလမ်းက အလုပ်ဖြစ်နေတုန်းပါပဲ။ အထူးသဖြင့် နည်းပညာနဲ့အလှမ်းဝေးပြီးတော့ terms and condition(သဘောတူညီချက်) တွေ၊ permission(ခွင့်ပြုချက်) တွေကိုသေချာမဖတ်တတ်တဲ့ သူမျိုးတွေအတွက် ခံနေရဦးမှာပါပဲ။
ဒီအတွက် သတိထားစရာအချက်က ၂ ခုပဲရှိပါတယ်။

ဘယ်က sms ပဲဝင်ဝင်၊ ဘယ်က link ပဲပေးပေး၊ ဘာ link ပဲဖြစ်ဖြစ် ကိုယ်နဲ့ သိတဲ့သူက ပို့တာမဟုတ်ရင် မဝင်ပါနဲ့။ သိတဲ့သူက ပို့ရင်လဲ တကယ်ပို့ထားတာလား ၊ တစ်ခြားတစ်ယောက်ယောက်က ဝင်ပို့သွားတာလားဆိုတာသိရအောင် သူပို့ထားတာဟုတ်မဟုတ် အရင်မေးပါ။ အဲ့လို link တွေကနေ permission တောင်းတာ၊ password တောင်းတာမျိုးဆိုရင် လုံးဝမပေးပါနဲ့။
နောက်တစ်ခုကတော့ Youtube, Facebook တို့လိုမျိုး နာမည်ရှိပြီးသား app မျိုးမှမဟုတ်ရင် ၊ ကိုယ့်ဖုန်းမှာ ဘယ်လို permission တွေတောင်းလဲဆိုတာကို ဂရုစိုက်ပြီးကြည့်ရပါမယ်။ ဥပမာ – media player app တစ်ခုခုက camera permission, sms permission တောင်းတာမျိုးဆိုရင် ယုတ္တိမရှိပါဘူး။ Mobile money တွေအတွက် OTP code က sms ကနေကျတာဖြစ်လို့ SMS permission ကို ကိုယ်မသိတဲ့ ဘယ် app ကိုမှမပေးမိအောင်လဲသတိထားဖို့လိုပါတယ်။

အားလုံးပဲ ဒါလေးတွေသတိထားပြီး ကိုယ့်ချွေးနည်းစာလေးတွေ အလိမ်ခံရခြင်းမှကင်းဝေးပါစေဗျာ။ တခြားသူတွေအလိမ်မခံရအောင်လဲ share လုပ်ပေးသွားပါဦး။

Technoland #TechKnowledge
20230731-news

ကျွန်တော်တို့ သဘောကျတဲ့ ကာတွန်းကား Wall-E ထဲကလိုမျိုး robot တွေရှိလာတော့မှာလား???

Chat GPT , Google ရဲ့ Bard AI တွေက တော်တော်လေးကြမ်းလာတယ်ဆိုပေမယ့် အပြင်ကလူတွေနဲ့ ထိတွေ့လို့မရတဲ့ digital realm ထဲမှာပဲရှိတာဖြစ်ပါတယ်။ တကယ်လို့သာ အဲ့ဒီ AI Chatbot တွေရဲ့ နားလည် သင်ယူနိုင်စွမ်းတွေကို အပြင်မှာတကယ်ထိတွေ့လို့ရတဲ့ robot တွေနဲ့ ပေါင်းလိုက်ရင် လူသားတွေအတွက် အများကြီးအထောက်အကူဖြစ်လာနိုင်တယ်။ အဲ့ဒီအတွက်ကို Google က Robotic Transformer(RT-2) လို့ခေါ်တဲ့ AI learning Model တစ်ခုနဲ့ လေ့ကျင့်ပေးနေတယ်ဆိုတာ သတင်းတွေထွက်လာပါတယ်။

RT 2 ဆိုတာက အရင်က Vision Language Action(VLA) ဆိုတဲ့ model ကိုမှ upgrade လုပ်ထားတဲ့ version အသစ်ပါ။ အဲ့ဒီ AI learning model က robot တွေရဲ့ အမြင်ကတစ်ဆင့် နားလည်နိုင်စွမ်းနဲ့  ဘာသာစကားစွမ်းရည်ရယ်ကို အဓိကလေ့ကျင့်ပေးတာဖြစ်ပါတယ်။ အဲ့ဒါမှပဲ robot တွေက လူတွေခိုင်းတာကို နားလည်နိုင်ပြီး ကောင်းကောင်းလုပ်နိုင်မှာပါ။ RT-2 Model နဲ့လေ့ကျင့်ထားတဲ့ robot arm( စက်ရုပ်လက်) ကို စမ်းသပ်ဖို့ researcher တွေက မောနေတဲ့ လူကို တိုက်ဖို့ red bull အချိုရည် ရွေးခိုင်းတာ၊ ကြောင်နဲ့ ရေဘဝဲအရုပ်ကိုပြထားပြီး ကုန်းနေသတ္တဝါကိုရွေးခိုင်းတာ၊ အမှိုက်ပစ်ခိုင်းတာ လိုမျိုး ခိုင်းစေချက်တွေနဲ့ စမ်းသပ်ပါတယ်။ ဒီလိုခိုင်းစေချက်တွေမှာ ဟိုးအရင် robot တွေလိုမျိုး instructions set တွေနဲ့ ဘာပြီးဘာလုပ်ဆိုပြီး ကြိုတင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒီ model အသစ်မှာက internet ပေါ်က web data တွေရယ်၊ robotics data တွေရယ်ကိုပဲ သုံးပြီး လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ ပိုတိတိကျကျပြောရရင် Google ရဲ့ Bard လိုမျိုး Large Language Model နဲ့ Robotic data(ဘာလုပ်ဖို့ ဘယ်အစိတ်အပိုင်းကိုလှုပ်ရှားရမယ်ဆိုတာကို သိစေနိုင်တဲ့ data) တွေကိုပဲ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် robot တွေက လက်တွေ့အပြင်က ပတ်ဝန်းကျင်တွေကို နားလည်နိုင် စွမ်းမရှိကြပါဘူး။လူတွေအတွက်အရမ်းလွယ်တဲ့ ကိစ္စတွေကိုတောင် robot တွေကို ခိုင်းဖို့ instruction sets ပေါင်း အများကြီးပေးထားမှပဲ လုပ်နိုင်တာပါ။ ဒါကြောင့် အရင်က robot တွေကို တစ်ခုခု သင်ပေးဖို့က အချိန်အရမ်းကြာသလို လူအင်အား၊ ငွေအင်အားလဲ အရမ်းကုန်ပါတယ်။ ဒါပေမယ့် အခု RT 2 လိုမျိုး VLA models တွေနဲ့ လေ့ကျင့်ထားတဲ့ အစွမ်းကြောင့် robots တွေက information အများကြီးကို ရယူသုံးစွဲနိုင်ပြီး ဘာပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို အလိုလို သင်ကြားပြီး သိနိုင်စွမ်းရှိလာပါလိမ့်မယ်။

ဆိုတော့ Wall-E fan တွေအတွက် ချစ်စရာကောင်းတဲ့ robot လေးတွေ၊လူတွေကိုကူညီတဲ့ robot လေးတွေ ပေါ်လာနိုင်သလို၊ အခန့်မသင့်ရင်တော့ ခေတ်လွန်သိပ္ပံကားတွေထဲက robot ဆိုးဆိုးကြီးတွေလဲ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ ဒါမျိုးမဖြစ်လာအောင် AI researcher တွေအချင်းချင်း အပြန်အလှန်တော့ သတိပေးနေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ robot တွေက အရင်ကထက် အများကြီး ပိုတိုးတက်လာတော့မှာကတော့ သေချာပါတယ်။

20230728-news-01

Flip ဖုန်းတွေသုံးတဲ့ပုံစံကိုပြောင်းသွားစေမယ့် Samsung ရဲ့ Z Flip 5

အခု Samsung ရဲ့ Z Flip 5 မတိုင်ခင်အထိကို Flip ဖုန်းတွေက ပြောရရင် fashion accessory တစ်ခုအနေနဲ့ ပိုသုံးကြပြီးတော့ ၊ သိပ်ပြီး main stream ဆီမရောက်လာဘူး။ အရှေ့ဘက် cover display ကလဲ notification ကြည့်ရုံလောက်ကလွဲရင် တခြားသိပ်အသုံးဝင်တယ်လို့မခံစားရဘူး။ ဖြန့်ချလိုက်ရင် အားရစရာ display ကြီးပေါ်လာတဲ့ Fold တွေလိုမျိုးမဟုတ်ဘူးဗျာ။ ဒီ Flip လောကမှာ market leader လို့ပြောရမယ့် Samsung ရဲ့ Z flip 4 ကအစ display သေးသေးလေးနဲ့ ဘာမှသိပ်လုပ်လို့မရခဲ့ဘူး။ ကြားထဲမှာ Oppo ရဲ့ Find N2 Flip လိုမျိုး cover display ပိုကြီးလာတဲ့ ဖုန်းမျိုးတွေပေါ်ခဲ့ပေမယ့် cover screen မှာတော့ widget တွေလောက်ပဲ သုံးလို့ရတယ်။ Main screen မှာလိုမျိုး Fully functional app တွေသုံးလို့မရဘူး။ ( Cover OS ဆိုတဲ့ thirdparty software တွေနဲ့ဆိုရင်တော့ ရတယ်၊ ဒါပေမယ့် native မဟုတ်တော့ အရမ်းတော့ အဆင်ပြေမှာမဟုတ်ဘူး)

မနေ့က မိတ်ဆက်သွားတဲ့ Z flip 5 မှာတော့ အဲ့လိုမဟုတ်တော့ဘူး၊ သူတို့ သတ်မှတ်ထားတဲ့ google maps, youtube, message လိုမျိုး app တစ်ချို့ကို cover display ပေါ်မှာ full app အနေနဲ့ သုံးလို့ရသွားပြီ။ နောက်ပိုင်းမှာလဲ တခြား third party app တွေသုံးလို့ရလာမယ့် သဘောမှာရှိတယ်။ အဲ့လိုသုံးလို့ရဖို့ကိုလဲ  Cover display က Zflip 4 ရဲ့ 1.9 inch ကနေ အများကြီးပိုကြီးတဲ့ 3.4 inch cover screen ထည့်ပေးထားတယ်။ အရင်ကလို စာပို့ရင် pre-written text တွေနဲ့ အစား full layout keyboard နဲ့စာရိုက်လို့ရတာတို့ Maps ကို ဖုန်းဖွင့်စရာမလိုဘဲနဲ့ကြည့်လို့ရတာတို့က Flip ဖုန်းတွေကို နည်းနည်းတော့ပိုအသုံးဝင်လာစေတယ်လို့ထင်တယ်။ အော်ပြီးတော့ selfie ကိုလဲ cover display ကနေ main camera နဲ့ရိုက်ဖို့ ပိုအဆင်ပြေသွားတယ်။ တခြားလဲ သုံးတတ်ရင်သုံးတတ်သလောက် cover display လေးက အသုံးဝင်လာမယ့်သဘောမှာရှိတယ်။

တခြား improvement တွေအနေနဲ့ကတော့ hinge ကအရင်ကလို ဟနေတဲ့ gap မရှိတော့ဘူး။ လုံးဝ flat ဖြစ်သွားပြီ။ Performance တော်တော်လေးကောင်းတဲ့ Snapdragon 8 Gen 2 SoC ထည့်ပေးလာတယ်။ ကျန်တဲ့ camera setup တွေတို့ ၊ IP X8 rating ရပြီးရေစိုခံတာတို့၊ 3700 mAh battery တို့ 25W wired/15W wireless charging ပါတာတို့ကတော့တူတူပဲ။

Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။

Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။

20230725-news-01

2024 မှာ ခေတ်နောက်ကျမကျန်ခဲ့ဖို့ သိထားသင့်တဲ့ နည်းပညာတွေ …

နည်းပညာတွေက နယ်ပယ်ပေါင်းစုံမှာ အရမ်းမြန်မြန်တိုးတက်နေတဲ့အတွက် နေရာတိုင်းမှာ ကိုယ်က လိုက်သိနေ၊ up to date ဖြစ်နေဖို့က မလွယ်ပါဘူး။ ဒါပေမယ့် တစ်ခုမှမသိရင်လဲ တခြားသူတွေနောက်မှာ ကျန်နေခဲ့မှာကြောက်ရပါတယ်။ ဆိုတော့ ဒီနေ့ article လေးမှာတော့ အခု ၂၀၂၃ ခုနှစ်နဲ့ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ တီးမိခေါက်မိရှိအောင် လေ့လာထားသင့်၊ သိထားသင့်တဲ့ နည်းပညာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးတစ်ခုကတော့ ဒီနှစ်ထဲမှာ အရမ်းကိုတိုးတက်လာတဲ့ Generative AI လို့ပဲပြောရမှာပါပဲ။ ခုလိုအချိန်မျိုးမှာ Chat GPT နဲ့ Google Bard တို့လိုမျိုး ကိုယ်မေးတဲ့မေးခွန်းတွေကို စာနဲ့ပြန်ဖြေပေးနိုင် text generative AI တွေကို​ဘယ်လိုမျိုး ကောင်းကောင်းအသုံးချရမလဲဆိုတာ ကောင်းကောင်း သိထားသင့်ပါပြီ။ ဥပမာ – အလုပ်ကိစ္စနဲ့ပတ်သက်လို့ email ပြန်ပို့တဲ့အခါ ကိုယ်က လွယ်လွယ်ကူကူ casual sentenses တွေနဲ့ရေးပြီး Chat GPT ကို professional ဆန်တဲ့အသုံးအနှုန်းတွေအဖြစ်ပြန်ရေးခိုင်းတာမျိုး ဒါမှမဟုတ်လဲ ဘာသာရပ်အသစ်တွေလေ့လာတဲ့အချိန်မှာ learning roadmap တွေ​ schedule တွေချခိုင်းတာမျိုးပေါ့။ တခြား ပုံတွေထုတ်ပေး၊​ပြင်ပေးနိုင် တဲ့ generative AI တွေ၊​ Code ကူရေးပေးနိုင်တဲ့ AI တွေကိုပါ ဘယ်လိုအသုံးချရမလဲဆိုတာတွေလဲ သိထားရင် ပိုကောင်းပါလိမ့်မယ်။ အဲ့ဒီအတွက် အဓိကလိုအပ်တာကတော့ Prompt ကောင်းကောင်းရေးတတ်ဖို့ပါပဲ။ အဲ့လို prompt တွေရေးနိုင်ဖို့ English skill အနည်းငယ် ကောင်းဖို့လိုအပ်ပြီး သူများတွေ ဘယ်လို promt ရေးကြလဲ၊ AI က promt တစ်ခုချင်းစီအလိုက်ဘယ်လို တုန့်ပြန်လဲဆိုတာမျိုးတွေ လေ့လာထားသင့်ပါတယ်။

ဒုတိယတစ်ခုကတော့ Mixed Reality နည်းပညာပါ။ Augmented reality နဲ့ Virtual Reality ၂ ခုပေါင်းထားတဲ့ ဒီ နည်းပညာကို Apple လိုမျိုး ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုကပါ အနာဂတ်လို့ သတ်မှတ်ထားပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံထားပါတယ်။ Apple ကနေထွက်လာမယ့် Vision Pro က အနာဂတ် computer သုံးစွဲမှုပုံစံတွေ၊ entertainment system တွေကိုအများကြီး လှုပ်ခတ်သွားစေဦးမှာပါ။ ဒီအတွက်ကို AR နဲ့ VR ဆိုတာဘာတွေလဲ၊ ဘယ်လိုသုံးကြလဲဆိုတာ နည်းနည်းပြောပြချင်ပါတယ်။

AR ဆိုတာက Argumented Reality ကိုပြောတာ၊ ပြောရရင် ကိုယ်မြင်နေရတဲ့ တကယ့် အပြင်က Physical Space ပုံရိပ်တွေမှာ digital ပုံရိပ်တွေပေါင်းထည့်တာမျိုးပေါ့။ AR headset ထဲမှာ ကိုယ့်အိမ်၊ ကိုယ့်မီးဖိုချောင်ကိုပဲမြင်နေရပြီးတော့ အဲ့မှာမှ အပြင်မှာ တကယ်မရှိတဲ့ display တွေ၊ 3D holographic object တွေပေါ်လာတာမျိုးကိုခေါ်တာဖြစ်ပါတယ်။

AR မှာက ပိုကောင်းကောင်းလုပ်ထားလေ ကိုယ် မြင်နေရတဲ့ digital object တွေက အမြင်အရရော၊ ထိန်းချုပ်ရတာမှာရော အစစ်အမှန်နဲ့ပိုတူပြီး အသက်ဝင်လာလေပါပဲ။ AR technology ကိုအသုံးပြီးတော့ online ကနေ ပစ္စည်းတွေကိုတကယ် ရှိနေသလို မြင်ရစေပြီး ဈေးဝယ်တာ၊ အပြင်မှာ တကယ်မရှိတဲ့ computer display တွေအများကြီးသုံးတာ၊ Display အကြီးကြီးနဲ့ ရုပ်ရှင်ကြည့်တာ မျိုးက သိပ်မကြာခင် ထွက်လာမယ့် Apple Vision Pro မှာ လူသုံးများလာမယ့် features တွေပါပဲ။

VR ဆိုတာကတော့ Virtual Reality ကိုပြောတာ၊ VR မှာကျတော့ ကိုယ်က တခြားနေရာတစ်ခုခုကို တကယ်ရောက်သွားတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပိုတူတယ်။ ဥပမာ – အိမ်မှာနေရင်းနဲ့ ကမ်းခြေရောက်သွားတယ်​ ဒါမှမဟုတ် ဖန်တီးထားတဲ့ virtual space တစ်ခုခုထဲရောက်သွားတယ်ဆိုတာမျိုးပေါ့။ VR မှာကတော့ ပိုကောင်းကောင်းလုပ်ထားလေ ကိုယ်က အဲ့ဒီနေရာကို တကယ်ရောက်သွားတယ်လို့ခံစားရလေပါပဲ။ VR ကိုသုံးပြီး အပြင်မှာတကယ်ရှိတဲ့ tourist attraction တွေဆီကို သွားလည်တာ၊ ဒါမှမဟုတ် interactive VR games တွေနဲ့ တခြားလောကတစ်ခုကိုအလည်သွားတာတွေလုပ်လို့ရမှာဖြစ်ပါတယ်။

ဒီနည်းပညာတွေက ရှိနေတာလဲကြာပြီဆိုပေမယ့် Vision Pro ထွက်လာပြီးနောက်ပိုင်း အနာဂတ်မှာ ဆက်ပြီး တိုးတက်လာဦးမှာဖြစ်တဲ့အတွက် သိထားသင့်ပါတယ်။

တတိယတစ်ခုကတော့ နည်းနည်းပိုပြီး ခေတ်ရှေ့ပြေးပါတယ်။ အဲ့ဒါကတော့ Quantum Computer တွေအကြောင်းပါ။ ။လက်ရှိအခြေအနေအရ Quantum computer တွေက ပုံမှန် computer တွေကိုအစားထိုးလာမှာမျိုး ထက် နယ်ပယ်အသစ်တွေကို ရှာဖွေ တွက်ချက်ဖို့ တွဲဖက်တည်ရှိလာမယ့်ပုံစံမျိုးပါပဲ။ ဥပမာ – ကားတွေကို ကုန်းပေါ်မှာသွားဖို့သုံးကြသလို၊ သင်္ဘော တွေကိုရေထဲမှာသွားဖို့သုံး တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ ပိုပြီးတိုးတက်ကောင်းမွန်လာတဲ့ Quantum computer တွေရှိလာတာကြောင့် ကျွန်တော်တို့အရင်က ဖြေရှင်းရခက်နေတဲ့ သိပ္ပံမေးခွန်းတွေ၊ တွက်ချက်မှုတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလာနိုင်ပါတော့မယ်။ အခုနောက်ဆုံးထွက်ထားတဲ့ Google ရဲ့ Quantum Computer မှာ qubits ပေါင်း ၇၀ အထိ ပါဝင်လာပြီးတော့ တစ်ချို့သော calculations တွေကို မထင်ထားလောက်တဲ့အမြန်နှုန်းတွေနဲ့ တွက်ချက်ပေးနိုင်ပါတယ်။ ဘယ်လောက်ထိ မြန်လဲဆိုတာကို ဥပမာတစ်ခုပေးပါမယ်။ Frontier လို့နာမည်ပေးထားတဲ့ supercomputer က လက်ရှိကမ္ဘာ့အမြန်ဆုံး super computer ဖြစ်ပါတယ်။ အဲ့ဒီ computer မှာ တွက်ချက်မှုအတွက် ကြာချိန် ၄၇ နှစ်တွက်ပြီးမှရလာမယ့် အဖြေကို Sycamore လို့ခေါ်တဲ့ 53 qubits ရှိတဲ့ Quantum computer က စက္ကန့်အနည်းငယ်အတွင်းမှာ အဖြေထုတ်ပေးနိုင်ပါတယ်။ ဆိုတော့ လက်ရှိ Qubits ပေါင်း 70 ပါတဲ့ quantum computer က ဘယ်လောက်မြန်နိုင်မလဲဆိုတာ စဥ်းစားကြည့်လို့ရပါတယ်။ Data တွေရှာတာ၊ password တွေ decrypt လုပ်တာ၊ possibilities တွေတွက်ချက်တာလိုမျိုး ကိစ္စတွေမှာ Quantum computer တွေက ရိုးရိုး computer တွေထက် အဆပေါင်းများစွာပိုမြန်ပါတယ်။ စမ်းသပ်ချက်တစ်ခုအရ solar panel တွေ wind turbine တွေကို ဘယ်နေရာမှာထားရင် နေရောင်ခြည်၊ လေအား အများဆုံး၊ အကောင်းဆုံးရမယ်ဆိုတာကို တွက်ချက်တာမျိုးမှာ သာမန် computer တစ်လုံးက 11 နာရီကြာတဲ့အချိန်မှာ Quantum computer က 16 min ပဲကြာပါတယ်။ ဒါပေမယ့် တခြား use cases တွေအရ သုံးစွဲရမယ့် ပုံစံချင်းမတူတာမို့လို့ လက်ရှိ computer တွေကိုတော့အစားထိုးလာနိုင်ဦးမှာမှာမဟုတ်ပါဘူး။

GD-laptop

Video Editing ဒါမှမဟုတ် Graphic Design အတွက်ဘယ်လို laptop မျိုးရွေးဝယ်သင့်လဲ?

Video editor ဒါမှမဟုတ် Graphic Designer လိုမျိုး Content Creator တွေအနေနဲ့ laptop ရွေးချယ်တဲ့နေရာမှာ လက်တွဲဖော်ရွေးတာလောက်နီးနီးကို ဂရုစိုက်ဖို့လိုပါတယ်။ နေ့စဉ် ထိတွေ့နေရတဲ့ Laptop ကိုမှရွေးချယ်မှုမှားယွင်းသွားရင် တစ်ခုမဟုတ်တစ်ခု အပြစ်ရှာနေတတ်တဲ့ အိမ်ထောင်ဘက်ကိုရထားသလိုပဲ ဟိုဟာဖြစ်လိုက် ဒီဟာဖြစ်လိုက်နဲ့ စိတ်ချမ်းသာရမှာမဟုတ်ဘူး။ ဆိုတော့ … content creation အတွက် laptop ဝယ်တဲ့အခါမှာ ဘာတွေသတိထားပြီးကြည့်ရမလဲ?

📌Display
Content Creation works တွေအတွက် အဓိကအရေးကြီးတာက နေ့စဥ်ကြည့်နေမြင်နေရမယ့် display ပါ။ ဝဲတဲ စုတ်ချာနေတဲ့ display တွေပါတဲ့ laptop တွေနဲ့ဆိုရင် ကိုယ့်ရဲ့ ဖန်တီးမှုက ဘယ်လောက်လှတယ်၊ ဘယ်လောက်ထိ မိုက်နေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တောင်ခံစားလို့မရနိုင်ပါဘူး။ အဲ့ဒါကိုမှ color ကလဲမမှန်ဘူးဆိုရင် ကိုယ့် laptop display မှာအနီရောင်ဖျော့ဖျော့က သူများဆီမှာ ပန်းရောင်ဖြစ်နေတာမျိုးနဲ့ တလွဲတချော်တွေဖြစ် နေပြီး လှသင့်သလောက်မလှတဲ့ ပုံတွေ၊ video တွေပဲထွက်လာပါလိမ့်မယ်။ ဆိုတော့ ဖြစ်နိုင်ရင် IPS panel type သုံးထားပြီး sRGB 100% ဝန်းကျင်လောက် coverage ရှိတဲ့ display နဲ့ laptop တွေကိုရွေးချယ်သင့်ပါတယ်။ ဒီနေရာမှာလုပ်လေ့ရှိတဲ့အမှားကတော့ performance ဦးစားပေးထားတဲ့ budget gaming laptop တွေဝယ်တာပါပဲ။ Budget gaming laptop အများစုက sRGB 60% ဝန်းကျင်လောက်ပဲရှိတတ်ပြီး color မှန်လေ့မရှိပါဘူး။ ပြီးတော့ Content creation အတွက် laptop ဝယ််မယ်ဆိုရင် display size ကို 15.6” အောက်လုံးဝမရွေးသင့်ပါဘူး။ အထူးသဖြင့် ကိုယ်က external monitor နဲ့ သုံးဖို့လုံးဝအစီအစဉ်မရှိဘူးဆိုရင်ပေါ့။ ကိုယ့်မျက်လုံးကိုသနားရင် 13” laptop ပေါ်မှာ photo, video edit လုပ်ဖို့မစဥ်းစားပါနဲ့။ Resolution ကတော 1080p(Full HD) အထက်ဆိုရင်ပုံမှန်အားဖြင့်အဆင်ပြေပါတယ်။

📌Performance
ဒီနေရာမှာတော့ Photo editing က Video editing လောက် performance မလိုပါဘူး။ ဒါပေမယ့် ၂ မျိုးစလုံးမှာ အဓိကအသုံးပြုတဲ့ အစိတ်အပိုင်းက Central Processing Unit (CPU) ဖြစ်ပါတယ်။ Photo editing အတွက် များသောအားဖြင့် core count ပိုများများပါတာထက် clock speed ပိုမြင့်တဲ့ CPU တွေက အကျိုးကျေးဇူးပိုရှိတတ်ပြီးတော့ Video Editing အတွက်ကတော့ clock speed ရော core count ရော ၂ မျိုးစလုံးလိုပါတယ်။ ဆိုတော့ ကိုယ်က graphic design ပဲလုပ်မယ်ဆိုရင် 4 to 8 cores CPU တွေနဲ့လုံလောက်နိုင်ပြီးတော့ video editing ပါလုပ်မယ်စိတ်ကူးရင် 8 to 16 cores လောက်ပါတဲ့ CPU တွေကိုရွေးချယ်သင့်ပါတယ်။ ဖြစ်နိုင်ရင် H series တွေလိုမျိုး 30-50W ဝန်းကျင် TDP ရှိတဲ့ CPU တွေကို ရွေးပါ။ U series CPU တွေက 15W လောက်ပဲ power draw ရှိလို့ ပုံမှန်အားဖြင့် performance ပိုနည်းလေ့ရှိပါတယ်။ ဈေးအရမ်းမကြီးဘဲနဲ့ photo, video editing အတွက် တော်တော်လေး capable ဖြစ်တဲ့ laptop CPU တွေကတော့ AMD Ryzen 5600H CPU ဒါမှမဟုတ် Intel 12700H, 12500H တွေပါပဲ။ အဲ့ဒါကို အခြေပြုပြီး ကိုယ်ပိုတတ်နိုင်ရင် တတ်နိုင်သလောက် AMD Ryzen 9 7945HX ဒါမှမဟုတ် Intel Core i9-13950HX တွေအထိသွားလို့ရပါတယ်။

GPU ကတော့ Davinci Resolve လိုမျိုး တစ်ချို့ Video editing software တွေမှာ သုံးလေ့ရှိပေမယ့် များသောအားဖြင့် အရမ်းအမြင့်ကြီးမလိုပါဘူး။ GTX 1650, 1660 ဒါမှမဟုတ်ပိုသုံးချင်ရင် RTX 3060 ဝန်းကျင်လောက်နဲ့တင်တော်တော်လေးအဆင်ပြေပါတယ်။ GPU အရမ်းပိုကောင်းသွားလို့ video or photo editing မှာ သိသိသာသာပိုမြန်သွားတယ်ဆိုတာမျိုးမဟုတ်ဘူး ဆိုတော့ ကိုယ်က 3D graphic rendering တွေမလုပ်ဘူး၊ ဂိမ်းအကြမ်းကြီးတွေမဆော့ဘူးလို့ဆုံးဖြတ်ထားရင် GPU အကြမ်းစားကြီးတွေမလိုပါဘူး။ CPU ပိုအားသာတဲ့ကောင်ကိုပဲရွေးဝယ်ရမှာပါ။
RAM ကတော့ photoediting အတွက်အနည်းဆုံး 8 GB to 16GB, video editing အတွက် 16GB to 32 GB လိုအပ်ပါတယ်။ ဒီနေရာမှာ RAM speed တွေ၊ cl timing တွေထက် amount ကပဲပိုအဓိကကျပါတယ်။ RAM က လုံလုံလောက်လောက်ရှိနေတဲ့အချိန်မှာ ဘယ်အရာကိုမှပိုမမြန်သွားစေနိုင်ပေမယ့် မလုံလောက်တဲ့အချိန်မှာတော့ အကုန်လုံးကိုနှေးသွားစေပါတယ်။ ဆိုတော့ minimum ram 8GB ကနေ 4k edit လုပ်မယ်စိတ်ကူးရင် 32GB အထက် လောက်ထိ ရှိနေတာ အကောင်းဆုံးပါပဲ။

Storage အတွက်တော့ ပုံမှန်အားဖြင့် SSD ပါတဲ့ laptop ဆိုအဆင်ပြေပါတယ်။ ပမာဏကတော့ ကိုယ့် project တွေပေါ်မူတည်ပြီး အနည်းဆုံး 256 to 512GB လောက်ရှိသင့်တယ်။ လိုအပ်ရင် external ssd နဲ့သုံးလို့ရတာဖြစ်တဲ့အတွက် အရမ်းစဉ်းစားစရာတော့မလိုပါဘူး။ HDD နဲ့ laptop တွေကတော့ ခုခေတ်မှာဝယ်ကိုမဝယ်သင့်တော့တဲ့ထဲပါနေပါပြီ။

📌Battery life
Battery life ကလဲ creator တွေအတွက်အရေးကြီးတဲ့ထဲမှာပါပါတယ်။ မီးတွေပျက်နေတဲ့အချိန်အလုပ်ကောင်းကောင်းဆက်လုပ်နိုင်ဖို့က laptop က အားခံဖို့လိုပါတယ်။ များသောအားဖြင့် 10 နာရီဝန်းကျင်ခံတယ်လို့ ကြေငြာထားတဲ့ laptop တွေက ပုံမှန် web browsing , video playback လိုမျိုး performance သိပ်မစားတဲ့ task တွေမှာစမ်းထားတာပါ။ ကိုယ့် video ,photo edit လို performance task တွေသုံးမယ်ဆို သူတို့ကြေငြာထားတဲ့အချိန်ကို ၃ နဲ့စားကြည့်လိုက်ပါ။များသောအားဖြင့်က အဲ့လောက်ပဲခံပါလိမ့်မယ်။ ဥပမာ ၁၀ နာရီ video playback ရတဲ့ laptop က video edit မှာ ၃ နာရီလောက်ပဲအများဆုံးရမှာပါ။ အဲ့လိုကြိုမှန်းထားနိုင်မှပဲတော်ကာကျပါတယ်။အခုနောက်ပိုင်း Mid-range Gaming laptop တော်တော်များများက Color မှန်တဲ့ Display ကောင်းကောင်းတွေထည့်ပေးလာပြီးတော့ photo, video editing အတွက်ပါ ကောင်းကောင်းသုံးလို့ရအောင်လုပ်ပေးထားကြပါတယ်။ ဆိုတော့ အပေါ်က ဦးစားပေးရမယ့်အချက်တွေကို ကြည့်ပြီး mid-range gaming laptop တွေထဲကရွေးမယ်ဆို ကိုယ်နဲ့အနီးစပ်ဆုံးကိုက်ညီတဲ့ editing laptop တစ်လုံးရနိုင်ပါတယ်။ ဒါမှမဟုတ်လဲ ပိုဈေးကြီးတဲ့ ultra-book, work-station laptop တွေထဲက စဉ်းစားလို့ရတယ်။
အပေါ်ကရေးထားတာတွေအကုန်လုံးဘာမှမစဥ်းစားချင်ရင် ပိုရိုးရှင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။
အဲ့ဒါကတော့ Apple Silicon Mac တွေဝယ်ဖို့ပါပဲ။ M1 Macbook Air နဲ့အထက် Apple Silicon Mac အကုန်လုံးက content creation အတွက် ဘာမှလှည့်ကြည့်စရာမလိုလောက်အောင် အဆင်ပြေပါတယ်။ Performance ကောင်းကောင်းကို power efficient ဖြစ်ဖြစ်နဲ့ရတာဆိုရင် ဒီကောင်တွေပဲရှိမှာပါ။ ဆိုတော့ battery life မှာ တခြား ဘယ် laptop တွေနဲ့ယှဉ်ယှဉ်ပိုသာပါတယ်။ ကျန်တဲ့ display ဘာညာကလဲ color မှန်ဖို့၊ resolution ကောင်းဖို့ လိုက်ကြည့်နေစရာမလိုပါဘူး။ အားနည်းချက်ကတော့ ဈေးကြီးပါတယ်၊ လိုချင်တဲ့ spec ရောက်ဖို့ parts upgrade လုပ်ရင်ပိုဈေးကြီးပါတယ်။ ပြီးတော့ game ဆော့လို့မရပါဘူး။ Editing laptop ကို Game ပါဆော့ချင်တယ်ဆိုရင်က Mac ဝယ်တာထက် Windows Laptop တွေထဲကပဲ ရွေးရမှာပါပဲ… ။
အဲ့လိုမျိုး စိတ်ကြိုက်ရွေးချယ်နိုင်ဖို့အတွက်ကို Laptop Brand အမျိုးအစားအစုံအလင်နဲ့ Specification အမျိုးမျိုး Technoland မှာ ရှိပါတယ်။ လာရောက်လေ့လာပြီး ဝယ်ယူလို့ရသလို၊ online ကနေလဲ အိမ်အရောက်မှာယူလို့ရကြောင်း သတင်းကောင်းပါးလိုက်ပါတယ်…
#Knowledge #Technoland

Wishlist

Shopping Cart

Subtotal: Ks
x