[vc_row][vc_column]
Chat GPT , Google ရဲ့ Bard AI တွေက တော်တော်လေးကြမ်းလာတယ်ဆိုပေမယ့် အပြင်ကလူတွေနဲ့ ထိတွေ့လို့မရတဲ့ digital realm ထဲမှာပဲရှိတာဖြစ်ပါတယ်။ တကယ်လို့သာ အဲ့ဒီ AI Chatbot တွေရဲ့ နားလည် သင်ယူနိုင်စွမ်းတွေကို အပြင်မှာတကယ်ထိတွေ့လို့ရတဲ့ robot တွေနဲ့ ပေါင်းလိုက်ရင် လူသားတွေအတွက် အများကြီးအထောက်အကူဖြစ်လာနိုင်တယ်။ အဲ့ဒီအတွက်ကို Google က Robotic Transformer(RT-2) လို့ခေါ်တဲ့ AI learning Model တစ်ခုနဲ့ လေ့ကျင့်ပေးနေတယ်ဆိုတာ သတင်းတွေထွက်လာပါတယ်။
RT 2 ဆိုတာက အရင်က Vision Language Action(VLA) ဆိုတဲ့ model ကိုမှ upgrade လုပ်ထားတဲ့ version အသစ်ပါ။ အဲ့ဒီ AI learning model က robot တွေရဲ့ အမြင်ကတစ်ဆင့် နားလည်နိုင်စွမ်းနဲ့ ဘာသာစကားစွမ်းရည်ရယ်ကို အဓိကလေ့ကျင့်ပေးတာဖြစ်ပါတယ်။ အဲ့ဒါမှပဲ robot တွေက လူတွေခိုင်းတာကို နားလည်နိုင်ပြီး ကောင်းကောင်းလုပ်နိုင်မှာပါ။ RT-2 Model နဲ့လေ့ကျင့်ထားတဲ့ robot arm( စက်ရုပ်လက်) ကို စမ်းသပ်ဖို့ researcher တွေက မောနေတဲ့ လူကို တိုက်ဖို့ red bull အချိုရည် ရွေးခိုင်းတာ၊ ကြောင်နဲ့ ရေဘဝဲအရုပ်ကိုပြထားပြီး ကုန်းနေသတ္တဝါကိုရွေးခိုင်းတာ၊ အမှိုက်ပစ်ခိုင်းတာ လိုမျိုး ခိုင်းစေချက်တွေနဲ့ စမ်းသပ်ပါတယ်။ ဒီလိုခိုင်းစေချက်တွေမှာ ဟိုးအရင် robot တွေလိုမျိုး instructions set တွေနဲ့ ဘာပြီးဘာလုပ်ဆိုပြီး ကြိုတင်သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒီ model အသစ်မှာက internet ပေါ်က web data တွေရယ်၊ robotics data တွေရယ်ကိုပဲ သုံးပြီး လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ ပိုတိတိကျကျပြောရရင် Google ရဲ့ Bard လိုမျိုး Large Language Model နဲ့ Robotic data(ဘာလုပ်ဖို့ ဘယ်အစိတ်အပိုင်းကိုလှုပ်ရှားရမယ်ဆိုတာကို သိစေနိုင်တဲ့ data) တွေကိုပဲ ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။
ပုံမှန်အားဖြင့် robot တွေက လက်တွေ့အပြင်က ပတ်ဝန်းကျင်တွေကို နားလည်နိုင် စွမ်းမရှိကြပါဘူး။လူတွေအတွက်အရမ်းလွယ်တဲ့ ကိစ္စတွေကိုတောင် robot တွေကို ခိုင်းဖို့ instruction sets ပေါင်း အများကြီးပေးထားမှပဲ လုပ်နိုင်တာပါ။ ဒါကြောင့် အရင်က robot တွေကို တစ်ခုခု သင်ပေးဖို့က အချိန်အရမ်းကြာသလို လူအင်အား၊ ငွေအင်အားလဲ အရမ်းကုန်ပါတယ်။ ဒါပေမယ့် အခု RT 2 လိုမျိုး VLA models တွေနဲ့ လေ့ကျင့်ထားတဲ့ အစွမ်းကြောင့် robots တွေက information အများကြီးကို ရယူသုံးစွဲနိုင်ပြီး ဘာပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို အလိုလို သင်ကြားပြီး သိနိုင်စွမ်းရှိလာပါလိမ့်မယ်။
ဆိုတော့ Wall-E fan တွေအတွက် ချစ်စရာကောင်းတဲ့ robot လေးတွေ၊လူတွေကိုကူညီတဲ့ robot လေးတွေ ပေါ်လာနိုင်သလို၊ အခန့်မသင့်ရင်တော့ ခေတ်လွန်သိပ္ပံကားတွေထဲက robot ဆိုးဆိုးကြီးတွေလဲ ပေါ်ကောင်းပေါ်လာနိုင်ပါတယ်။ ဒါမျိုးမဖြစ်လာအောင် AI researcher တွေအချင်းချင်း အပြန်အလှန်တော့ သတိပေးနေကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာ robot တွေက အရင်ကထက် အများကြီး ပိုတိုးတက်လာတော့မှာကတော့ သေချာပါတယ်။
အခု Samsung ရဲ့ Z Flip 5 မတိုင်ခင်အထိကို Flip ဖုန်းတွေက ပြောရရင် fashion accessory တစ်ခုအနေနဲ့ ပိုသုံးကြပြီးတော့ ၊ သိပ်ပြီး main stream ဆီမရောက်လာဘူး။ အရှေ့ဘက် cover display ကလဲ notification ကြည့်ရုံလောက်ကလွဲရင် တခြားသိပ်အသုံးဝင်တယ်လို့မခံစားရဘူး။ ဖြန့်ချလိုက်ရင် အားရစရာ display ကြီးပေါ်လာတဲ့ Fold တွေလိုမျိုးမဟုတ်ဘူးဗျာ။ ဒီ Flip လောကမှာ market leader လို့ပြောရမယ့် Samsung ရဲ့ Z flip 4 ကအစ display သေးသေးလေးနဲ့ ဘာမှသိပ်လုပ်လို့မရခဲ့ဘူး။ ကြားထဲမှာ Oppo ရဲ့ Find N2 Flip လိုမျိုး cover display ပိုကြီးလာတဲ့ ဖုန်းမျိုးတွေပေါ်ခဲ့ပေမယ့် cover screen မှာတော့ widget တွေလောက်ပဲ သုံးလို့ရတယ်။ Main screen မှာလိုမျိုး Fully functional app တွေသုံးလို့မရဘူး။ ( Cover OS ဆိုတဲ့ thirdparty software တွေနဲ့ဆိုရင်တော့ ရတယ်၊ ဒါပေမယ့် native မဟုတ်တော့ အရမ်းတော့ အဆင်ပြေမှာမဟုတ်ဘူး)
မနေ့က မိတ်ဆက်သွားတဲ့ Z flip 5 မှာတော့ အဲ့လိုမဟုတ်တော့ဘူး၊ သူတို့ သတ်မှတ်ထားတဲ့ google maps, youtube, message လိုမျိုး app တစ်ချို့ကို cover display ပေါ်မှာ full app အနေနဲ့ သုံးလို့ရသွားပြီ။ နောက်ပိုင်းမှာလဲ တခြား third party app တွေသုံးလို့ရလာမယ့် သဘောမှာရှိတယ်။ အဲ့လိုသုံးလို့ရဖို့ကိုလဲ Cover display က Zflip 4 ရဲ့ 1.9 inch ကနေ အများကြီးပိုကြီးတဲ့ 3.4 inch cover screen ထည့်ပေးထားတယ်။ အရင်ကလို စာပို့ရင် pre-written text တွေနဲ့ အစား full layout keyboard နဲ့စာရိုက်လို့ရတာတို့ Maps ကို ဖုန်းဖွင့်စရာမလိုဘဲနဲ့ကြည့်လို့ရတာတို့က Flip ဖုန်းတွေကို နည်းနည်းတော့ပိုအသုံးဝင်လာစေတယ်လို့ထင်တယ်။ အော်ပြီးတော့ selfie ကိုလဲ cover display ကနေ main camera နဲ့ရိုက်ဖို့ ပိုအဆင်ပြေသွားတယ်။ တခြားလဲ သုံးတတ်ရင်သုံးတတ်သလောက် cover display လေးက အသုံးဝင်လာမယ့်သဘောမှာရှိတယ်။
တခြား improvement တွေအနေနဲ့ကတော့ hinge ကအရင်ကလို ဟနေတဲ့ gap မရှိတော့ဘူး။ လုံးဝ flat ဖြစ်သွားပြီ။ Performance တော်တော်လေးကောင်းတဲ့ Snapdragon 8 Gen 2 SoC ထည့်ပေးလာတယ်။ ကျန်တဲ့ camera setup တွေတို့ ၊ IP X8 rating ရပြီးရေစိုခံတာတို့၊ 3700 mAh battery တို့ 25W wired/15W wireless charging ပါတာတို့ကတော့တူတူပဲ။
Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။
Z Fold 5 ဆိုရင် ဘာမှတောင်သိပ်မပြောင်းဘူး။ Hinge ကလုံးဝ ပိတ်သွားတဲ့ဟာဖြစ်တာရယ်၊ Snapdragon 8 Gen 2 ဖြစ်သွားတာရယ်၊ screen တွေကို နည်းနည်းပိုအကြမ်းခံတဲ့ Gorilla Glass Victus 2 သုံးပေးလာတာရယ်လောက်ပဲကွာတယ်။ အဲ့ဒါကလွဲရင်က Z Fold 4 နဲ့ အတူတူပဲ။ ဆိုတော့ Fold 4 သမားတွေကတော့ Fold 5 ကို upgrade လုပ်လဲသိပ်မထူးဘူး။