Best Manual Camera Apps for Android

<Zawgyi>



1. CAMERA FV-5 LITE




2. Open Camera




3. Footej camera





မကြာသေးတဲ့နှစ်တွေကစလို့ စမတ်ဖုန်းထုတ်လုပ်သူတွေက ကင်မရာတွေဘက်ကို ပိုအာရုံထားပြီး ကောင်းအောင်လုပ်လာကြပါတယ်။ ဒါကြောင့်လည်း အခုလက်ရှိဈေးကွက်က စမတ်ဖုန်းတွေကိုကြည့်ရင် ကင်မရာတွေ တော်တော်ကောင်းလာတာကို တွေ့ရမှာပါ။

ဒါပေမဲ့ ဖုန်းမှာ နဂိုထဲကပါတဲ့ Camera app တွေက Auto mode နဲ့ပဲ ရိုက်လို့ရတာ များပါတယ်။ Camera setting တွေကိုလည်း စိတ်ကြိုက်ချိန်လို့ မရပါဘူး။ Auto mode နဲ့ရိုက်ရင်လည်း ပုံကောင်းကောင်းထွက်တယ်ဆိုပေမဲ့ manual နဲ့ရိုက်တာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပြီး ပုံထွက်ပိုကောင်းနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ manual ရိုက်လို့ရမယ့် အလန်းစား Camera app ၃ ခုကို ပြောပြပေးသွားမှာပါ။

1. CAMERA FV-5 LITE

DSLR settings တွေနဲ့ ရင်းနှီးတဲ့သူတွေအတွက်တော့ Camera FV-5 lite app ရဲ့ UI က အရမ်းအဆင်ပြေစေမှာပါ။ လိုအပ်တဲ့ setting အကုန်လုံးကို screen ပေါ်မှာပဲ ပြပေးထားလို့ သပ်သပ်လိုက်ရှာ နေစရာလည်း မလိုတော့ပါဘူး။

ဒီ app ကို သုံးပြီး light metering mode, focus mode, white balance နဲ့ ISO တွေကို လိုသလို ထိန်းချုပ်လို့ ရပါတယ်။ Time lapses နဲ့ time-controlled picture တွေလည်း ဖန်တီးနိုင်မှာပါ။ Manual shutter speed သုံးလို့ရလို့ light trail တွေ ရိုက်လို့ရပါတယ်။ Free app မှာ အပေါ်က feature တွေအကုန်ထည့်ပေး ထားတယ်ဆိုပေမဲ့ resolution ကိုတော့ 3.1 MP နဲ့ပဲ ရိုက်လို့ရပါတယ်။ Resolution ကို unlock လုပ်ဖို့နဲ့ RAW နဲ့ ရိုက်ဖို့အတွက်တော့ 3$ ကျသင့်မှာဖြစ်ပါတယ်။

CAMERA FV-5 LITE ကို ဒေါင်းရန် နှိပ်ပါ။

2. Open Camera

Open Camera မှာ manual camera controls တွေ အားလုံးပါ ပါတယ်။ ပြီးတော့ open source app တစ်ခုဖြစ်တဲ့အတွက် feature တွေ အကုန်လုံးကို ပိုက်ဆံလုံးဝမကုန်ပဲ free ရနိုင်မှာပါ။ In-app purchase တွေ၊ ကြော်ငြာတွေလည်း ပါမှာမဟုတ်ပါဘူး။

အပေါ်မှာ ပြောခဲ့တဲ့ Camera FV-5 Lite မှာ သုံးလို့ရတဲ့ features တွေ အကုန်းလုံးကို Open Camera မှာလည်း သုံးလို့ရပါတယ်။ White balance, exposure compensation/ lock, scene modes စတာတွေအပြင် face detection တောင် ပါဝင်ပါသေးတယ်။ နောက်ထပ် cool ဖြစ်တာကတော့ voice command ပေးပြီး ဒါမှမဟုတ် လေချွန်လိုက်ရုံနဲ့ ဓာတ်ပုံရိုက်လို့ရတာပါ။ ပုံတွေမှာလည်း date, timestamp, location coordinates တွေလည်း ထည့်လို့ရတဲ့အပြင် timer, burst mode, HDR နဲ့ home screen ပေါ်တင်ထားလို့ရပြီး တစ်ချက်နှိပ်လိုက်တာနဲ့ ပုံရိုက်ပေးတဲ့ widget function တွေလည်း ပါဝင်ပါတယ်။

Open Camera ကို ဒေါင်းရန် နှိပ်ပါ။

3. Footej camera

အပေါ်က app နှစ်ခုနဲ့ မတူတာက ဒီ app မှာ manual controls တွေ အများကြီး မပါ ပါဘူး။ ဒါပေမဲ့ UI ကတော့ အများကြီး ပိုရှင်းသွားပါတယ်။ Manual options တွေကို menu ထဲ ပို့လိုက်တဲ့အတွက် ရိုက်မယ်ဆိုရင်တော့ အချိန်နည်းနည်း ပိုပေးရပါတယ်။ Exposure, timer, grids, multiple photo နဲ့ scenes စတဲ့ function တွေ ပါဝင်ပြီး GIFs တွေနဲ့ slowmotion video တွေပါ ဖန်တီးနိုင်မှာပါ။ RAW format support လုပ်တဲ့အပြင် video ရိုက်နေတုန်း photo snap လည်း ရိုက်ယူနိုင်ပါတယ်။

Footej camera ကို ဒေါင်းရန် နှိပ်ပါ။

အပေါ်ကကင်မရာသုံးခုမှာ Open Camera ကတော့အကောင်းဆုံးဖြစ်ပြီး ၊ ရိုးရှင်းတာကြိုက်တဲ့သူတွေ အတွက်တော့ Footej camera ကအသုံးဝင်မှာပါ။ 3$ လောက်ပေးရတာပြသနာမရှိဘူး ဝယ်မယ်ဆိုတဲ့သူတွေ အတွက်တော့ Camera FV5- lite က အဆင်ပြေစေမှာဖြစ်ပါတယ်။

Ref: 7 Best Manual Camera Apps for Android