Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

webmaster

20240329-news-01

Las Vegas က ဘောလုံးပုံ display ကြီးမှာ ဘယ်လိုနည်းပညာတွေသုံးထားလဲ?

တော်ယုံ Technology ဘာညာကိုစိတ်မဝင်စားတဲ့သူတွေတောင်မှပဲ Las Vegas က ချစ်စရာကောင်းတဲ့ အလန်းစား animation တွေနဲ့ The Sphere ကို video တွေမှာတွေ့ဖူးကြမှာပါ။ လူပေါင်း 18,600 ဆန့်ပြီး ဒေါ်လာ 2.3 bilion အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီ entertainment arena ကြီးရဲ့အတွင်းဘက်မှာ 16K resolution ရှိတဲ့ wraparound LED screen တွေအပြင်ကို beamforming speakers တွေပါထည့်သွင်းတည်ဆောက်ထားပါတယ်။ အပြင်ဘက်ခြမ်းမှာလဲ 580000 sq ft ရှိတဲ့ LED displays တွေတပ်ထားပါသေးတယ်။

The Sphere ကိုဖန်တီးခဲ့တဲ့ Sphere Entertainment က သူတို့သုံးထားတဲ့ display တွေရဲ့ specification တွေကို မတ်လ ၁၇ ရက်နေ့က ဖော်ပြလာပါတယ်။ The Sphere မှာသုံးထားတဲ့ display ကို SACO Technologies က ထုတ်လုပ်ပေးထားဖြစ်ပါတယ်။ Resolution က 16K , 16,000 x 16,000 pixel ရှိပြီးတော့ သူ့မှာပြနေတဲ့ video တွေကိုသိမ်းဖို့ storage က 4 petabytes တောင်ရှိပါတယ်။ အဲ့ဒီအတွက်ကို 27 node ရှိတဲ့ Hitachi Vantra file system ကိုသုံးထားတာဖြစ်ပါတယ်။ 1 petabytes ကို 1000 terabytes ဆိုတော့ 4000 terabyte နဲ့ညီမျှတဲ့ အနေအထားပါ။ GB နဲ့ ဆို 4,000,000GB ပေါ့ ။ အဲ့ဒီ storage ကနေ 7th Sense Actor media servers နဲ့ 4K 60fps stream ပေါင်း ၄၀ လောက်တစ်ပြိုင်တည်းထုတ်ပေးပြီး sphere ရဲ့ display ကြီးမှာပြပေးတာဖြစ်ပါတယ်။ Sphere မှာ 12-bit color depth, 4:4:4 subsampling နဲ့ ရုပ်ရှင်ပြဖို့အတွက် 400GB per second နဲ့ stream လုပ်ရမှာဖြစ်ပါတယ်။

Audio အပိုင်းမှာလဲ 464 Holoplot X1 MD90 နဲ့ MD80s modules တွေကို main stage speakers တွေအနေနဲ့တပ်ဆင်ပေးထားပါတယ်။ Holoplot X1 Speakers ပေါင်း 1600 လောက်ကိုလဲ LED panels တွေအနောက်မှာတပ်ဆင်ထားပြီးတော့ speaker drivers စုစုပေါင်း အလုံး 167,000 ရှိပါတယ်။

Moore’s Law အရသာဆိုရင် graphics card performance တွေနဲ့ display resolution တွေရဲ့ အရှိန်အဟုန်နဲ့တိုးတက်မှုက ၁၀ စုနှစ်တစ်ခုမှာ တစ်ခါဖြစ်တာဆိုတော့ အခု Las Veags Sphere မှာသုံးထားသလိုမျိုး 16K technology တွေက ဈေးသက်သာလာပြီး လူတိုင်းသုံးနိုင်ဖို့ 2032 ခုနှစ်လောက်အထိတော့ စောင့်ရဦးမယ်ထင်ပါတယ်။ 2024 အထိတော့ 4K monitor နဲ့ TV တွေက standard ပုံစံမျိုးဖြစ်နေတုန်းပါပဲ။ အခုလောလောဆယ်သုံးဖို့ 4K monitor တွေလိုအပ်နေတယ်ဆိုရင်တော့ Technoland website မှာ စိတ်ကြိုက်ဝင်ရောက်ကြည့်ရှု ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Ref; https://www.notebookcheck.net/Sphere-Entertainment…
https://en.wikipedia.org/wiki/Sphere_(venue)

macbook-M3

M3 MacBook Air ထွက်လာပြီ❗

Apple က ဒီတစ်ခေါက် M3 chipset သုံးထားတဲ့ MacBook Air တွေကို ဘာ event မှမလုပ်တော့ဘဲနဲ့ ဒီတိုင်းပဲရောင်းလိုက်ပါတယ်။ ဒီနေ့ pre order စမှာလို့ရပြီးတော့ March 8th မှာစပြီး ပို့ပေးမှာဖြစ်ပါတယ်။ Model က 13 inch နဲ့ 15 inch ဆိုပြီး ၂ မျိုးရှိမယ်။ M3 chipset သုံးထားတာမို့လို့ M1 Air နဲ့ယှဉ်ရင် up to 60% faster လို့ပြောသွားတယ်။ M2 နဲ့ယှဉ်ရင်တော့ raw performance က အရမ်းကြီးမကွာလောက်ဘူး 20% လောက်ပဲကွာမယ်ထင်တယ်။ Battery life ကိုတော့ Apple က up to 18 hours လို့ပြောတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဒီနှစ် Air တွေမှာ external display ၂ ခုထိသုံးလို့ရသွားပြီ။ ဒါပေမယ့် laptop display ကိုတော့ ပိတ်ထားရမယ်။ ဒီအချက်က အိမ်မှာ dual monitor နဲ့ setup ဆင်ထားပြီးတော့ laptop mount လုပ်ပြီးသုံးနေတဲ့သူတွေအတွက်တော့ တော်တော်လေးမိုက်သွားတယ်ပြောရမယ်။ M3 chip ကြောင့် Wifi 6E suppot ရသွားမယ်၊ 16 core Neural Engine ပါလာတာမို့လို့ optimized AI models တွေ run နိုင်မယ်၊ GPU ကလဲ hw accelarated mesh shading နဲ့ ray tracing လဲ support လုပ်မယ်။

ကျန်တာတော့အများကြီးပြောင်းသွားတာမျိုးမရှိဘူး။ Display ကလဲ 500 nits brightness ရမယ့် Liquid retina display ပဲ။ MagSafe charging နဲ့ thunderbolt port ၂ ခုထည့်ပေးထားတာလဲ M2 Air နဲ့အတူတူပဲ။ startlight, silver, space gray နဲ့ midnight ဆိုပြီး အရောင်က ၄ ရောင်ရမယ်။ ဒီ midnight color မှာ လက်ရာထင်တာကိုလျော့ချပေးတဲ့ anodization seal ပါတယ်။ ဆိုတော့ လက်ရာတော့သိပ်မထင်တော့ဘူးလို့ မျှော်လင့်ရတာပဲ။

ထုံးစံအတိုင်းပဲ Pro တွေထက်ဈေးအများကြီးသက်သာပြီးတော့ လူအများစုနဲ့ သင့်လျော်တဲ့ M3 MacBook Air က လူတော်တော်များများစောင့်နေကြတဲ့ product တစ်ခုလို့ပြောလို့ရတယ်။ ပြီးတော့ M3 MacBook Air ထွက်ပြီဆိုတော့ M2 MacBook Air ကို ဈေးပိုသက်သက်သာသာနဲ့ဝယ်လို့ရသွားပြီ။ 13-inch M3 MacBook Air Base model ကို M2 MacBook Air တုန်းကရောင်းတဲ့ဈေး $1,099 နဲ့ပဲဝယ်လို့ရမယ်။ M2 MacBook Air ကိုတော့ $100 ဈေးလျော့ပေးလိုက်ပြီးတော့ $999 နဲ့ဝယ်လို့ရမယ်။ 15-inch M3 MacBook Air ကတော့ $1,299 ကျမယ်။

Base model က 30W USB-C adapter နဲ့လာမယ်၊ upgraded version တွေဆိုရင်တော့ 35W dual-port charger ဒါမှမဟုတ် 70W adapter ထည့်ပေးထားမယ်။ $20 ထပ်ပေးရင် 256GB version ကိုပဲ 35W dual-port ဒါမှမဟုတ် 70W adapter နဲ့ရမယ်။ RAM က based ကို 8GB , နောက်ထပ် 8GB ထပ်တိုးချင်ရင် $200 ထပ်ပေးရမယ်၊ 24GB RAM နဲ့ဆို $400 ပေးရမယ်။ Storage ကလဲအဲ့အတိုင်းပဲ 512GB ကိုတိုးချင်ရင် $200, 1TB ဆို $400, 2TB ဆို $800 ကျမယ်။ ဆိုတော့ ကျွန်တော့်အမြင်အရတော့ M3 MacBook Air based model ဝယ်မယ့်အစားကို M2 MacBook Air ဝယ်ပြီး RAM 16GB လောက်တိုးလိုက်တာက ပိုပြီး well rounded ဖြစ်မယ်။ အထူးသဖြင့် RAM လိုတဲ့ video editing, 3D modeling, parallel လိုမျိုးတွေသုံးမယ်ဆို 8GB က ဘယ်လိုမှမလောက်ဘူး။ Storage ကတော့ external SSD နဲ့သုံးလဲအဆင်ပြေတော့ မတိုးလို့ရတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီအချိန်က M2 MacBook Air ဝယ်ဖို့စဥ်းစားနေတဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ Dual monitor နဲ့သုံးမှာတို့ ၊ latest and greatest မှတို့ ဆိုရင်တော့လဲ M3 MacBook Air တွေကလဲ ရွေးချယ်ချင်စရာပါပဲ။

#macbookairm3 #Technoland

galaxy-ring-news

MWC 2024 မှာ Galaxy Ring ကိုမိတ်ဆက်လိုက်တဲ့ Samsung❗

Samsung S24 series launch မှာတုန်းက teaser သဘောမျိုး ပြသွားတဲ့ Galaxy ring က နောက်ဆုံးမှာတော့ တကယ်ထွက်လာပါပြီ။ Galaxy Ring အတွက်ရနိုင်မယ့် size နဲ့ color options, battery life တွေအပြင် launch date ကိုလဲ Samsung ကကြေငြာသွားပါတယ်။

Launch date ကတော့ အတိအကျမဟုတ်ဘဲနဲ့ ဒုတိယနှစ်ဝက်ထဲမှာဖြစ်မယ်လို့ဆိုပါတယ်။

Size အနေနဲ့ standard ring size 5 ကနေ 13 အထိရှိမှာဖြစ်ပြီးတော့ S to XL လို့ လက်စွပ်မှာရေးထားတာတွေ့ရပါတယ်။ အရောင်ကတော့ Ceramic Black, Platinum Silver နဲ့ Gold ဆိုပြီး ၃ ရောင်ရှိမှာပါ။ Galaxy Ring က ဘာတွေထူးလဲဆိုတော့ heart rate နဲ့ sleep ကို track လုပ်ပေးနိုင်မယ်၊ ပြီးတော့ တကယ်လို့ ကိုယ့်မှာ Galaxy Watch ရှိပြီးသားဆိုရင်လဲ health and activity tracking မှာ watch နဲ့ အတူတူ အလုပ်လုပ်ပြီးတော့ ပိုတိတိကျကျတိုင်းပေးနိုင်မယ်။ ဆိုတော့ ၂ မျိုးစလုံးဝယ်ထားတဲ့သူတွေအတွက်တော့ မိုက်တယ်။ လောလောဆယ်တော့ ဒီ smart ring က Samsung Galaxy ဖုန်းတွေနဲ့ပဲသုံးလို့ရဦးမယ်လို့သိရတယ်၊ နောက်ပိုင်းမှာတော့ တခြား Android phone တွေနဲ့ပါရလာနိုင်တယ်။ iOS အတွက်ရနိုင်မရနိုင်ကိုတော့ မပြောသွားဘူး။

နောက်တစ်ခုက ဒါမျိုး smart ring သေးသေးလေးမှာ ထည့်ထားတဲ့ battery ကတကယ်ရော အဆင်ပြေပါ့မလားဆိုတာမျိုး မေးခွန်းထုတ်စရာရှိတယ်။ ဒါကို Samsung က တရားဝင်ထုတ်ပြောတာမျိုးမဟုတ်ပေမယ့် 5 ရက်ကနေ ၉ ရက်လောက်အထိ ခံမယ်လို့တော့ အကြမ်းဖျင်းပြောသွားတယ်။ ဆိုတော့ ကြည့်ရတာ သုံးစွဲတဲ့ပုံစံရယ်၊ လက်စွပ် size ရယ်ပေါ်မူတည်ပြီး အပြောင်းအလဲရှိတာမျိုးဖြစ်နိုင်တယ်။ ၅ ရက် ကနေ ၉ ရက်ဆိုတာက သိပ်တော့မများပေမယ့် လက်စွပ်လို form factor အနေနဲ့ကတော့ နောက်ထပ် battery tech အသစ်မပေါ်မချင်း ဒီထက်ပိုခံဖို့မလွယ်လှဘူး။ ဆိုတော့ နေ့တိုင်းအားသွင်းစရာမလိုတာနဲ့တင် မဆိုးဘူးလို့ပြောလို့တော့ရပါတယ်။

Launch date က ဒုတိယနှစ်ဝက်ထဲမှာလို့ပြောပေမယ့် သိပ်တော့နောက်ကျမှာမဟုတ်ဘူး။ July လမှာကျင်းပမယ့် Galaxy Unpacked မှာပဲ ထွက်လာနိုင်တယ်လို့ သတင်းတွေထွက်ထားတာရှိတယ်။ ဆိုတော့ ဒီ Galaxy Ring ထွက်ပြီးတဲ့နောက်ပိုင်းမှာ Smart Ring တွေကလဲ လူတွေပိုအာရုံစိုက်လာဦးမယ့် gadget အမျိုးအစားဖြစ်လာမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref; https://www.fudzilla.com/…/58543-samsung-officially…

#galaxyring #SamsungGalaxyRing #Technoland

20240219-news

Video အလန်းစားတွေဖန်တီးပေးမယ့် Open AI ရဲ့ Sora❗️

Chat GPT လို text based AI , Dall-E လိုမျိုး Photo generative AI တွေထုတ်ပြီးတော့ AI အရွေ့ကိုဦးဆောင်နေတဲ့ Open Ai က နောက်ထပ် AI model တစ်မျိုးထုတ်ပေးလိုက်ပါတယ်။ Sora လို့ခေါ်တဲ့ video generative AI ပါ၊ သူက Dall E တို့ဘာတို့လိုပဲ prompt ရေးလိုက်ရင် စာကနေ video အဖြစ်ပြောင်းထုတ်ပေးပါတယ်။ ဆိုတော့ Sora မှာ အားသာချက် အားနည်းချက်ဘာတွေရှိမလဲ ကြည့်ရအောင်…

အားသာချက်အနေနဲ့ Sora က 1080p resolution video တွေကို ကြိုက်တဲ့ aspect ratio နဲ့ထုတ်ပေးနိုင်ပြီးတော့ အချိန်အားဖြင့်လဲ ​၁ မိနစ်အထိ generate လုပ်လို့ရပါတယ်။ ကိုယ်ထည့်သွင်းလိုက်တဲ့ ပုံကို video အဖြစ်အသွင်ပြောင်းပေးနိုင်ပြီး၊ ရိုက်ပြီးသား video တွေကို လဲအချိန်ပိုကြာအောင် generate လုပ်ပေးနိုင်ပါတယ်၊ Background ပြောင်းတာ၊ video ၂ ခုကို တစ်ခုတည်းအဖြစ်ထပ်တာ၊ Cinematic looks ရအောင် lighting, film grain , camera angle တွေပြောင်းပေးတာမျိုးလဲလုပ်နိုင်ပါတယ်။ လူတွေတင်မကဘဲဲနဲ့ Background environment တွေနဲ့ အရာဝတ္တုတော်တော်များများကိုပါ AI generate လုပ်ထားတယ်လို့ မထင်ထားရလောက်အောင် natural ဆန်တာမို့လို့ လောလောဆယ် အကြမ်းဆုံး video generative AI လို့ပြောရမှာပါပဲ။

အားနည်းချက်ကတော့ AI photo တွေမှာဖြစ်လေ့ရှိတဲ့အတိုင်းပဲ လူတွေရဲ့ ၊ လက်တွေ ၊​မျက်လုံးတွေက တစ်ခါတစ်လေမှာ သဘာဝမကျတာမျိုးဖြစ်နေနိုင်ပါသေးတယ်။ ပြီးတော့ physic ကိုမလိုက်နာတာမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ – ခွေး ၁ ကောင်ကနေ ၅ ကောင်လောက်ပွားသွားတာမျိုးတို့၊ အအေးခွက်ထဲက အအေးဖိတ်ကျတာမှာ သဘာဝမဆန်တာမျိုးတို့ပေါ့။ ဒါကြောင့်မို့လို့ Sora ကို ကြော်ငြာတို့၊ Youtube video တို့မှာ stock footage အနေနဲ့ နည်းနည်းပါးပါးသုံးတာမျိုးဖြစ်နိုင်ပေမယ့် အချိန်အရမ်းကြာတဲ့ ရုပ်ရှင်တို့ ၊ video တို့မှာ ထည့်သုံးဖို့ကတော့ မဖြစ်နိုင်သေးဘူးပြောရမှာပါ။ အချိန်ကြာလေ အားနည်းချက်တွေကပိုသိသာလေဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် မေ့ထားလို့မရတာက will smith eating spaghetti ဆိုတဲ့ ရုပ်ဆိုးပန်းဆိုး AI generated video လိုမျိုးကနေ Sora ဖြစ်လာဖို့ အချိန် ၁ နှစ်ကျော်ပဲကြာတယ်။ ဆိုတော့ Sora ရဲ့ အားနည်းချက်တွေကိုလဲ သိပ်မကြာခင် ပျောက်အောင်လုပ်နိုင်မယ်လို့မျှော်လင့်ရတာပါပဲ။ အဲ့လိုသာဆိုရင် Videography လောကက အလုပ်အကိုင်တစ်ချို့ကိုလဲ ခြိမ်းခြောက်လာနိုင်ချေရှိပါတယ်။

Sora ရဲ့ လုပ်နိုင်စွမ်းတွေ ကြောင့် “အနာဂတ်မှာ ကျွန်တော်တို့က ကိုယ်ကြည့်ချင်တဲ့ ဇာတ်လမ်းကို ကိုယ့်ဘာသာ ဖန်တီးပြီးကြည့်လို့ရလာနိုင်မယ်” လို့ပြောလာရင်တောင် သိပ်အံ့သြမိတော့မှာမဟုတ်ပါဘူး။ လောလောဆယ်တော့ Sora ကို public မှာမထုတ်ပေးထားသေးတဲ့အတွက် Open AI က ရွေးချယ်ထားတဲ့သူတစ်ချို့ပဲသုံးလို့ရပါသေးတယ်။ နောက်ပိုင်းမှာတော့ safety ပိုင်းစိတ်ချရပြီဆိုရင် subscription ကြေးနဲ့ဝယ်သုံးလို့ရလာနိုင်ခြေရှိပါတယ်။

Sora အကြောင်းအသေးစိတ်နဲ့ ဖန်တီးပေးထားတဲ့ video တွေကို ကြည့်ချင်ရင်တော့ ဒီ link မှာသွားကြည့်လို့ရပါတယ်။

https://openai.com/sora

#Technoland #knowledgesharing

20231211-new

Chat GPT ထက်ပိုကြမ်းမယ့် Google ရဲ့ Gemini Generative AI

ChatGPT ထွက်လာပြီးတဲ့နောက် 2022 – 2023 အတွင်းမှာ Text focus Generative AI ခေတ်တစ်ခုကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ပြီးပါပြီ။ သိချင်တာတွေကို website တွေမှာလိုက်ရှာကြည့်စရာမလိုဘဲ AI ကိုတိုက်ရိုက်မေးပြီး သိနိုင်တဲ့ AI ခေတ်ဦးကာလပေါ့။ အခုတော့ အဲ့ဒီထက်အများကြီးပိုပြီး လုပ်နိုင်စွမ်းရှိလာမယ့် Multimodel generative AI တွေရဲ့ ခေတ်ကို Google ရဲ့ Project Gemini နဲ့အတူ ကျွန်တော်တို့မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ChatGPT လိုမျိုး Large Language Model နဲ့ Gemini လို natively multimodel AI ရဲ့အဓိကကွာခြားချက်ကတော့ Chat GPT က data တွေကို text တွေကနေပဲ ရယူနိုင်တာဖြစ်ပေမယ့် Gemini ကတော့ audio, video နဲ့ image တွေကိုပါ နားလည် သင်ယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။ Text တွေဆီကနေပဲ သင်ယူလေ့ကျင့်ထားတဲ့ Chat GPT ရဲ့စွမ်းဆောင်ရည်နဲ့တင် လူသားတွေကို အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုပေးနိုင်တာကို ကြုံခဲ့ရပြီးပါပြီ။ ဒါပေမယ့် တစ်ဖက်မှာလဲ text only ကနေရနိုင်တဲ့ information တွေကအကန့်အသတ်ရှိတဲ့အပြင်ကို မမှန်ကန်တဲ့ information တွေကိုထုတ်ပေးတာ၊ ကိုယ်တိုင်စဥ်းစားနိုင်တဲ့ reasoning အားနည်းတာ၊ security ယိုပေါက်တွေရှိတာစတဲ့ အားနည်းချက်တွေလဲရှိနေတုန်းပါပဲ

Google ရဲ့ Gemini မှာတော့ response တွေကိုပိုပြီးမှန်ကန်တိကျဖို့နဲ့ ကိုယ်တိုင်စဥ်းစားတွေခေါ်နိုင်တဲ့ reasoning capabilities တွေဘက်ကို ပိုအားစိုက်ထားတယ်၊ အဲ့ဒါကို Google ရဲ့ Gemini ကိုစမ်းပြထားတဲ့ trial video မှာတွေ့နိုင်သလို benchmark တွေမှာလဲ နေရာတော်တော်များများမှာ ChatGPT ထက်ပိုသာနေတာကိုတွေ့ရတယ်။ step ပိုများများကိုလဲတစ်ခါတည်းလုပ်ပေးနိုင်တယ်။ ဥပမာ – product တစ်ခုကို market research လုပ်ပေးပါလို့ခိုင်းလိုက်ရင် Gemini က web မှာတစ်ခါတည်းသူ့ဟာသူ search လုပ်ပြီး analysis တွေနဲ့ ဘယ်လိုပိုကောင်းအောင်လုပ်လို့ရမလဲဆိုတဲ့ idea တွေကို တန်းပြီးပြပေးနိုင်မယ်လို့ဆိုပြီး Chat GPT ကတော့ နည်းနည်းပိုပြီး တိကျတဲ့ instruction တွေကို step by step ပေးရဦးမှာပဲဖြစ်ပါတယ်။ ဆိုတော့လောလောဆယ်ဈေးကွက်ထဲရောက်လာမယ့် AI တွေထဲမှာတော့ Gemini က အကောင်းဆုံး Multimodel Generative AI လို့ပြောရမှာပါပဲ။ ဒါပေမယ့် ChatGPT ရဲ့ဖန်တီးရှင် OpenAI  ဆီနေကလဲ Q* လို့ခေါ်တဲ့ ဘယ်လောက်ပိုကောင်းလာမလဲ သေချာတိတိကျကျ မသိရသေးတဲ့ project တစ်ခုရှိနေသေးတာဖြစ်လို့ AI တွေရဲ့ အားပြိုင်မှုကို ကျွန်တော်တို့ဆက်စောင့်ကြည့်ရဦးမှာပါ။

Gemini အတွက်ကို Ultra, Pro နဲ့ Nano ဆိုပြီး မတူညီတဲ့ sizes တွေရှိပြီး Data centers တွေကနေ smartphones တွေအထိ ကောင်းကောင်းသုံးလို့ရအောင် optimized လုပ်ထားတယ်လို့ဆိုပါတယ်။ Gemini Nano က Google ရဲ့ efficient အဖြစ်ဆုံး model ဖြစ်ပြီးတော့ on-device tasks တွေအတွက်ထုတ်ထားတာဖြစ်ပါတယ်။ Gemini Nano ကို Google ရဲ့နောက်ဆုံးထွက်ထားတဲ့ Pixel 8 Pro ဖုန်းပေါ်မှာ သိပ်မကြာခင် သုံးလို့ရမှာပါ။ On device AI ဖြစ်တဲ့အတွက် data တွေကို ပြင်ပမရောက်အောင်ထိန်းသိမ်းပေးတာ၊ အင်တာနက်မလိုဘဲသုံးလို့ရတာစတဲ့ အကျိုးကျေးဇူးတွေလဲရမှာဖြစ်ပါတယ်။ နောက်နှစ် Pixel ဖုန်းတွေမှာလဲ Gemini models တွေကို Bard assistant နဲ့အတူ သုံးလို့ရမှာဖြစ်တဲ့အတွက် Gemini model ရဲ့အောင်မြင်မှုပေါ်မှာမူတည်ပြီးတော့ pixel ဖုန်းတွေလဲ ဒီထက်ပိုပြီး ရောင်းအားကောင်းလာနိုင်ချေရှိပါတယ်။
#Technoland
google-drive

User တစ်ချို့ Google Drive မှာသိမ်းထားတဲ့ data တွေပျောက်သွားလို့ ပြသနာအရှာခံနေရတဲ့ Google

ခုခေတ်မှာ Google drive လို cloud storage တွေက တစ်ချို့လူတွေအတွက် အဓိက file သိမ်းဆည်းတဲ့ နေရာတစ်ခုအဖြစ်နေရာယူထားပါတယ်။ Cloud storage တွေရဲ့အားသာချက်ဖြစ်တဲ့ အင်တာနက်ရှိတဲ့ ဘယ်နေရာမှာမဆို file တွေကို ပြန်ယူလို့ရတာ၊ နေရာအနှံ့အပြားမှာ data center တွေနဲ့ backup တွေရှိလို့လုံခြုံစိတ်ချရတာစတာတွေက လူကြိုက်များတဲ့အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လိုဆိုတိုင်းလဲ ကိုယ့်ရဲ့ အရေးကြီး data တွေကို cloud ပေါ်မှာပဲအပြည့်အဝ သိမ်းဆည်းတာမျိုးတော့ မလုပ်သင့်ပါဘူး။

အခုဖြစ်နေတဲ့ဖြစ်ရပ်မှာဆိုရင် Google Drive user တစ်ချို့က သူတို့ရဲ့ personal file တွေပျောက်ဆုံးနေတဲ့အပေါ်မှာ Google ကို တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။ User တစ်ချို့ဆိုရင် သူတို့ရဲ့ google drive က data တွေဟာ May လလောက်အထိပဲ ကျန်နေပြီး ကျန်တဲ့လတွေက data တွေပျောက်ဆုံးသွားတယ်လို့ဆိုပါတယ်။ လောလောဆယ် အလားတူဖြစ်ရပ်မျိုးဖြစ်နေတဲ့ user ပေါင်း 192 ယောက်အထက်ရှိနေပြီးတော့ တစ်ချို့တွေက data တွေပြန်မရမှာကို စိုးရိမ်တဲ့ comment တွေ ment ထားတာလဲတွေ့ရပါတယ်။ Google support team က DriveFS folder ကို restore လုပ်ဖို့ လမ်းညွှန်ချက်တွေပေးတဲ့အတိုင်း လုပ်ကြပေမယ့် data တွေတော့ အခုချိန်အထိ ပြန်မရကြသေးပါဘူး။

Google ဘက်ကတော့ ဒီပြသနာက Google drive desktop version 84.0.0.0 ကနေ 84.0.40 အထိဖြစ်နေတဲ့ Sync issue လို့ ပြောထားပြီး Community support thread အရလဲ Google Drive Desktop ကိုအသုံးပြုတဲ့ user တွေမှာ အဓိကဖြစ်တာလို့ သိရပါတယ်။ ဆိုတော့ တကယ်လို့များအခုစာဖတ်နေတဲ့သူက PC သို့မဟုတ် Mac မှာ Google Drive Desktop  ကိုအသုံးပြုတဲ့သူဆိုရင်တော့ ကိုယ့်ဖိုင်တွေ ပျောက်နေတာရှိမရှိ စစ်ဆေးသင့်ပါတယ်။ ပျောက်နေတယ်ဆိုရင်တော့ Google Drive Desktop မှာ disconnect account ဆိုတာကိုမနှိပ်ဖို့နဲ့ အောက်ကပြထားတဲ့ app data folder ကို သွားမထိဖို့ သတိပေးထားတာရှိပါတယ်။ ဖြစ်နိုင်ရင် လိုရမယ်ရ copy ကူးပြီးတစ်နေရာမှာသိမ်းထားတာပိုကောင်းပါလိမ့်မယ်။

Windows: %USERPROFILE%\AppData\Local\Google\DriveFS
macOS: ~/Library/Application Support/Google/DriveFS

Google လို company ကြီးတစ်ခုအနေနဲ့ကတော့ Backup တွေကအမြဲတမ်းရှိနေမှာဖြစ်လို့ ဒါမျိုး ပြသနာကို အဆင်ပြေအောင် ပြန်ဖြေရှင်းပေးနိုင်ဖို့မျှော်လင့်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တကယ်မရှိမဖြစ်အရေးကြီးတဲ့ ပျောက်ဆုံးပျက်စီးလို့မရတဲ့ data တွေဆိုရင် အနည်းဆုံးတော့ cloud ရော local storage ရော ၂ နေရာစလုံး မှာ သိမ်းဖို့ကို အကြံပေးချင်ပါတယ်။

Local storage မှာသိမ်းဖို့ storage မလုံလောက်တဲ့ပြသနာဖြစ်နေရင်တော့ high speed, high capacity SSD နဲ့ HDD တွေမျိုးစုံရနိုင်တဲ့ Technoland ကိုသာလာခဲ့လိုက်ပါ။

Ref; TheVerge

20231128-01

SoC တွေပေါ်မှာ On Device AI တွေအပြိုင်အဆိုင်ထည့်ပေးလာတဲ့ Qualcomm နဲ့ Mediatek

SoC တွေပေါ်မှာ On Device AI တွေအပြိုင်အဆိုင်ထည့်ပေးလာတဲ့ Qualcomm နဲ့ Mediatek
 
ChatGPT လိုမျိုး Generative AI တွေက ခုချိန်မှာတော့ တကယ့်စတားတွေပါပဲ။ လူတွေက Generative AI တွေနဲ့ စပြီးရင်းနှီးလာပြီ၊ ကောင်းကောင်းလဲအသုံးချတတ်လာပါပြီ။ ဒါကြောင့်မို့လို့ အင်တာနက် connection မလိုဘဲ ဖုန်းပေါ်မှာပဲ တိုက်ရိုက်သုံးလို့ရမယ့် Chat GPT နဲ့တူတဲ့ Ondevice AI တွေရှိလာဖို့လဲ တောင်းဆိုလာကြပါတယ်။ ဒီတောင်းဆိုချက်ကိုအရင်ဆုံးဖြည့်ဆည်းပေးလိုက်တာကတော့ Qualcomm ပါ။
 
On device AI ရဲ့ အဓိကအားသာချက် ၅ ခုရှိပါတယ်။ ပထမတစ်ခု က cloud မသုံးဘဲနဲ့ တိုက်ရိုက် device ပေါ်မှာ generate လုပ်တာဖြစ်လို့ ကြာချိန်(latency) ပိုနည်းပါတယ်၊ ဒုတိယအချက်ကတော့ ကိုယ့် data တွေက ဖုန်းရဲ့ပြင်ပကိုမထွက်သွားတော့တာမို့လို့ ပိုလုံခြုံပါတယ်၊ တတိယကတော့ အင်တာနက်မသုံးတာဖြစ်လို့ data မစားပါဘူး၊ စတုတ္ထအချက်ကတော့ ကိုယ့် device မှာရှိတဲ့ personal data တွေကိုကြည့်ပြီး ပိုကောင်းတဲ့လမ်းညွှန်ချက်တွေပေးနိုင်ပါတယ်၊ နောက်ဆုံးကတော့ ပါဝါစားသုံးမှုပိုနည်းပါတယ်။ 
 
Oct 26 ရက်နေ့က Hawaii မှာကျင်းပါတဲ့ Qualcomm ရဲ့ Snapdragon 8 Gen 3 မိတ်ဆက်ပွဲမှာ On-device Generative AI ကိုအဓိကထားပြီးမိတ်ဆက်သွားပါတယ်။ Snapdragon 8 Gen 3 မှာ Large Language Models (LLM) , Language Vision Models (LVM) နဲ့ transformer network-based automatic speech recognition(ASR) စတာတွေကို cloud အကူအညီမပါဘဲနဲ့ device ပေါ်မှာ တိုက်ရိုက် run နိုင်ဖို့ အာရုံစိုက်ထားတယ်လို့ပြောထားပါတယ်။ ဒါကြောင့်မို့လို့ Snapdragon 8 Gen 3 က 10 billion parameters လောက်ရှိတဲ့ LLM models တွေကို 20 tokens per second လောက်နဲ့ on device ပေါ်မှာတင် run နိုင်ပြီလို့ဆိုပါတယ်။ Parter တွေအနေနဲ့ Llama 2 နဲ့ Microsfot ရဲ့ Stable Diffusion တွေလဲပါဝင်လာပါတယ်။ Snapdragon 8 Gen 3 လို SoC သေးသေးလေးမှာ အင်တာနက်မလိုအပ်ဘဲနဲ့ Stable Diffusion AI ကို သုံးပြီး ပုံတွေကို 1 စက္ကန့်အတွင်း ထုတ်ပေးနိုင်တယ်ဆိုတာက တော်တော်လေးအထင်ကြီးစရာအချက်ပါ။ 
 
တကယ်လို့ Manufacturer တွေအနေနဲ့ ကိုယ်ပိုင် AI model တွေကိုသုံးချင်တယ်ဆိုရင်လဲ သုံးလို့ရနိုင်ဖို့ SDK level support ပါထည့်ပေးထားပါတယ်။ LLM နဲ့ LVM ပေါင်းထားတဲ့ Cognitive AI တွေက user experience အတွက်အကောင်းဆုံးဖြစ်ပြီးတော့ Xiaomi ရဲ့ model မှာ six bilion parameters အထိပါဝင်ပါတယ်။ Honor ရဲ့ Magic 6 series မှာပါဝင်လာမယ့် on-device LLM က seven bilion parameters အထိပါလာမှာဖြစ်ပါတယ်။ 
 
ပုံတွေကနေ မလိုချင်တဲ့ object တွေကိုဖျောက်တာတို့၊ ပုံကို zoom out လုပ်ပြီး generative AI နဲ့လိုနေတဲ့အပိုင်းတွေ ဖြည့်လိုက်တာတို့ကို device ပေါ်မှာပဲ on device AI နဲ့လုပ်လို့ရပါမယ်။ ပြီးတော့ ပုံတစ်ပုံက အစစ်လား၊ AI generated လားဆိုတာကို သိနိုင်ဖို့ Qualcomm က Truepic ဆိုတဲ့ company တစ်ခုနဲ့လဲ လက်တွဲထားပါသေးတယ်။ 
 
သိပ်မကြာခင်က ထပ်မိတ်ဆက်လိုက်တဲ့ Mid range chipset Snapdragon 7 Gen 3 မှာလဲ အပေါ်မှာပြောခဲ့တဲ့ on-device AI integration တွေစပြီးပါလာပြီ ဆိုတော့ ဒီ generation က SoC အသစ်တွေအကုန်လုံးမှာ on device AI ရလာမယ့်အနေအထားပါ။ 
 
MediaTek ဘက်ကလဲ Qualcomm လိုပဲ On device AI တွေကို သူတို့ရဲ့ SoC အသစ်တွေမှာထည့်ပေးလာပါပြီ။ MediaTek ရဲ့ Flagship SoC ဖြစ်တဲ့ Dimensity 9300 မှာ Qualcomm Snapdragon 8 gen 3 နဲ့ performance ချင်းဆင်တူတဲ့ on device generative AI ထည့်ပေးထားပါတယ်။ အခု အသစ်ထွက်လာမယ့် upper mid range SoC Dimensity 8300 မှာလဲ အဲ့လိုမျိုး on device AI ထည့်ပေးထားမယ်လို့သိရပြီးတော့ flagship SoC ထက်တော့ performance အနည်းငယ်လျော့နည်းမယ်လို့ဆိုပါတယ်။ 
 
ဆိုတော့ ဖုန်းတွေမှာ ရိုးရိုး Google assistant လိုမျိုး voice assistant ရိုးရိုးတွေအစား တကယ့်ကို မေးချင်ရာမေး ချက်ချင်းဖြေပေးနိုင်မယ့် လိုချင်တဲ့ ပုံတွေဆွဲပေးနိုင်မယ့် on device generative AI တွေရလာဖို့အချိန်ရောက်လာပါပြီ။
 
2023113-news

ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … )

နိုင်ငံတစ်ချို့မှာ ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … )

Meta က အဓိကအားဖြင့် ကြော်ငြာတွေကနေ ပိုက်ဆံရှာတာဆိုပေမယ့် Europe ဘက်မှာ EU privacy regulations အသစ်တစ်ချို့နဲ့ သွားငြိနေတာမျိုးရှိတယ်။ ဆိုတော့ သက်ဆိုင်ရာ region တွေမှာ ကြော်ငြာတွေကို ဖြုတ်ပေးပြီး လစဥ်ကြေးကောက်တဲ့ option တစ်ခု ထပ်ထည့်ပေးတဲ့နည်းကို ရွေးလိုက်ပုံရပါတယ်။ အဲ့ဒီအတွက်ကို လာမယ့်နှစ်မှာ official စထည့်ပေးတော့မှာဖြစ်ပြီး တစ်ချို့ Instagram account တွေမှာတော့ လစဥ်ကြေးနဲ့ subscribe လုပ်မလား၊ ကြော်ငြာတွေကြည့်ပြီး အလကား ဆက်သုံးမလားဆိုတာကိုရွေးလို့ရတဲ့ ခုပြထားသလိုမျိုး prompt လေးတွေပေါ်နေပါပြီ။

2023113-news-01

ကြော်ငြာမပါဘဲအသုံးပြုဖို့အတွက်ကို လစဥ်ကြေးအနေနဲ့ €9.99 ပေးရမှာဖြစ်ပြီးတော့ ၊ တကယ်လို့ Google ဒါမှမဟုတ် Apple ရဲ့ app stores တွေကနေတစ်ဆင့်ဝယ်မှာဆိုရင် €12.99 ကျသင့်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ ဒီဈေးနှုန်းက linked လုပ်ထားတဲ့ account အားလုံးအတွက်အကြုံးဝင်နေပါသေးတယ်။

ဒါပေမယ့် 2024 March လ ၁ ရက်နေ့ကနေစပြီးတော့ Meta Account Center မှာ linked လုပ်ထားတဲ့ profile တစ်ခုချင်းစီအတွက် €6 ထပ်ပေးရမယ်လို့ ပြောထားပါတယ်၊ App stores တွေကနေဝယ်ရင် €8 ကျမှာပါ။ နောက်တစ်ခုကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသား သူတွေရဲ့ account မှာပဲ ဒီ ad-free service offer က ပေါ်မှာပါ။ ၁၈ နှစ်အောက်တွေသုံးလို့မရပါဘူး။

Meta ကပေါ်လာတဲ့ prompt အရတော့ ဒါမျိုးရွေးချယ််မှုပေးတာက သက်ဆိုင်ရာ region တွေမှာ ဥပဒေအပြောင်းအလဲတွေရှိတာကြောင့် လို့ပြောထားပါတယ်။ ဆိုတော့ ဥပဒေအပြောင်းအလဲမရှိတဲ့ နိုင်ငံတွေမှာတော့ ဒီ prompt လိုမျိုး ပိုက်ဆံပေးပြီး ads တွေပိတ်လို့ရတဲ့ option ပေါ်လာချင်မှပဲပေါ်လာမှာပါ။ ပေါ်လာခဲ့ရင်တောင် တစ်လကို $20 ဝန်းကျင်လောက်ပေးရမယ်ဆိုတာက ကျွန်တော်တို့နိုင်ငံလို ဝင်ငွေနည်းတဲ့ နိုင်ငံမျိုးတွေအတွက်တော့ ဈေးအရမ်းများလွန်းနေပါသေးတယ်။

Ref: The Verge

20231031-02

ဖုန်းပြင်ဆိုင်တွေမပို့ခင် factory reset ချစရာမလိုတော့အောင်လုပ်ပေးမယ့် Google ❗

Factory reset မချဘဲနဲ့ ကိုယ့်ဖုန်းကို သူများလက်ထဲထည့်ပေးလိုက်တာက ကိုယ့် data တွေကို “ရော့ ယူပါ” ဆိုပြီးပေးလိုက်တာနဲ့ အတူတူပါပဲ။ အထူးသဖြင့် ဖုန်းပြင်ရမယ်ဆိုရင် မပြင်ခင်မှာ အထဲက photo လိုမျိုး private data တွေကို တစ်ခုခုထဲ backup ယူထားပြီး factory reset ချပြီးမှ သွားပြင်သင့်ပါတယ်။ မဟုတ်လို့ ethic မရှိတဲ့ ဖုန်းပြင်ဆိုင်နဲ့တိုးရင် ဟိုတစ်လောက video တွေပေါက်ကြားတဲ့ ဖြစ်ရပ်လိုမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ ဖုန်း display ပျက်သွားတာလိုမျိုး၊ ဒါမှမဟုတ် လုံးဝ အလုပ်မလုပ်တာလိုမျိုး factory reset ချလို့မရတဲ့ အခြေအနေမျိုးလဲရှိနိုင်ပါတယ်။ အဲ့လိုမျိုးအတွက် Technician ကို Pin တွေ Password တွေမပေးခင် Factory reset ချစရာမလိုဘဲနဲ့ ဖုန်းပြင်တဲ့ technician တွေကို အထဲက data တွေမမြင်ရအောင်၊ ကူးယူလို့မရအောင် ကာကွယ်ပေးတဲ့ feature တစ်ခု Android မှာ build in ပါလာနိုင်ခြေရှိနေတယ်လို့ဆိုပါတယ်။ Google က အဲ့ဒါကို “Repair Mode” လို့ နာမည်ပေးထားပြီးတော့ AOSP repository ထဲက code တွေထဲမှာ စတွေ့နေရပြီဖြစ်ပါတယ်။ လက်ရှိသိရသလောက်တော့ repair mode က Samsung ဖုန်းတွေမှာပါနေတဲ့ maintenance mode နဲ့ အတော်လေးဆင်တူပါတယ်။ Repair Mode active ဖြစ်နေတဲ့အချိန်မှာ ဖုန်းက factory reset ချထားသလိုပုံစံမျိုး ဘာ data , app မှ မပါဘဲနဲ့ အသစ်လိုဖြစ်နေမှာဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ password နဲ့ repair mode ကိုပြန်ပိတ်ပြီးမှပဲ အထဲက data တွေပြန်ပေါ်လာမှာပါ။

ဒီ repair mode အလုပ်လုပ်တဲ့ပုံစံကတော့ Google က device ပေါ်မှာ နဂို user နဲ့မသက်ဆိုင်တဲ့ user account အသစ်တစ်ခုဖန်တီးလိုက်တာမျိုး ဖြစ်ဖို့များပါတယ်။ လောလောဆယ်တော့ ဒီ feature က စမ်းသပ်နေတုန်းအဆင့်မှာပဲရှိပြီးတော့ Android 14 QPR1 Beta builds မှာစပါလာပါပြီ။ ဒါပေမယ့် အဲ့ဒီ feature ကို ဘယ်လိုဖွင့်ရမလဲ၊ ဘယ်လိုသုံးရမလဲဆိုတဲ့ instruction တွေထည့်ထားတဲ့ setting ကတော့ develope လုပ်နေဆဲအဆင့်မှာပဲရှိပါသေးတယ်။

Repair mode feature သာ Android ဖုန်းတွေအကုန်လုံးမှာ ပါလာရင် Technician တွေအနေနဲ့လဲ ဖုန်းကို ပြင်ပြီးရင် hardware တွေအလုပ် လုပ်မလုပ် သေချာစမ်းလို့ရမှာဖြစ်ပြီးတော့ user တွေအနေနဲ့လဲ အထဲက data တွေပေါက်ကြားမှာ မပူရတော့ပါဘူး၊ backup လုပ်ဖို့လဲအလုပ်မရှုပ်တော့ဘူးပေါ့။

20231031-01

ဒီနေ့ Apple ရဲ့ Scary Fast Event မှာကြေငြာသွားသမျှ

M3 Family

Apple Silicon တွေရဲ့ နောက်မျိုးဆက်တစ်ခုဖြစ်တဲ့ M3, M3 Pro နဲ့ M3 Max တွေကို မိတ်ဆက်သွားပါတယ်။ Computer တွေပေါ်မှာရနိုင်တဲ့ ပထမဆုံး 3nm architecture chips တွေဖြစ်ပြီးတော့ M1 နောက်ပိုင်းမှာ အများဆုံးသိသာတဲ့ upgrades ပါပဲ။​Hardware accelerated ray tracing နဲ့ mesh shading လို feature မျိုးတွေပါလာပါတယ်။ M1 တုန်းကထက် rendering performance မှာ ၂ ဆခွဲလောက်ပိုမြန်ပါတယ်။ CPU cores တွေက Performance core ဆိုရင် M1 ထက် 30% ပိုမြန်ပြီးတော့ efficiency cores တွေကတော့ 50% လောက်အထိပိုမြန်လာပါတယ်။ Performance per watt ပိုကောင်းလာတာမို့လို့ M1 တုန်းကရမယ့် CPU,GPU multitcore performance အနေအထားလောက်ကို ပါဝါစားသုံးမှုတစ်ဝက်လောက်နဲ့ရမှာဖြစ်ပါတယ်။ Neural engine performance မှာ 60% ပိုမြန်လာပါတယ်။ အောက်မှာ M3 family ရဲ့ specification တွေကိုဖော်ပြပေးထားပါမယ်။

M3 – 8-core CPU (4-power and 4-efficiency), 10-core GPU (6/4) and up to 24GB RAM.

M3 Pro – 12-core CPU and 18-core GPU is up to 40% faster and up to 48GB of RAM.

M3 Max – 16-core CPU, 40-core GPU, and up to 128GB of memory

New MacBook Pro Models

အပေါ်က ကြေငြာသွားတဲ့ M3 chips တွေထည့်ထားတဲ့ MacBook Pro models အသစ်တွေပါ မိတ်ဆက်သွားပါတယ်။ 16” နဲ့ 14” MacBook Pro တွေကို M3 familiy chip တွေနဲ့စပြီးဝယ်လို့ရတော့မှာဖြစ်ပါတယ်။ 14 inch MacBook Pro မှာ M3 chip ကနေစဝယ်လို့ရပြီးတော့ M3 Max အထိရွေးလို့ရမယ်၊ 13 inch M1 Macbook Pro ထက် 60% ပိုမြန်တယ်လို့ပြောပါတယ်။ 16 inch MacBook Pro မှာတော့ M3 Pro ကနေစဝယ်လို့ရပါမယ်၊ M1 Pro သုံးထားတဲ့ 16 inch model ထက် 40% ပိုမြန်မှာပါ။ M3 Max သုံးထားတဲ့ 16 inch MacBook Pro ကတော့ M1 Max တုန်းကထက် ၂ ဆခွဲပိုမြန်မယ်လို့ဆိုပါတယ်။ M3 Max တွေက 128 GB unified memory အထိ support လုပ်ပါတယ်။ Battery က အများဆုံး ၂၂ နာရီအထိခံမယ်လို ပြောပါတယ်။ အရောင်အသစ်ကတော့ ထူးထူးခြားခြား space black ဆိုတဲ့အရောင်ပါ၊ 100% recycle aluminium နဲ့ လုပ်ထားပြီး အရမ်းအကြမ်းခံမယ်၊ dark aluminium finish က လက်ရာတွေထင်တာကိုလဲ ကာကွယ်ပေးထားပါတယ်။

ဈေးက 14 inch MacBook Pro starting price က $1599 ဖြစ်ပြီးတော့ 16 inch ဆိုရင် $2499 ကနေစမှာပါ။

iMac

24 inch iMac အသစ်တွေကိုလဲ M3 chip တွေနဲ့ update လုပ်ထားပါတယ်။ Design အပြောင်းအလဲမရှိသလို အရောင် ၇ ရောင်လဲရနေဦးမယ်၊ performance ကတော့ M1 တုန်းကထက် ၂ ဆပိုမြန်လာတယ်လို့ဆိုပါတယ်။ ဈေးကတော့ $1299 ကနေစမှာပါ။ တစ်ခုရှိတာက Apple Magic Mouse , Keyboard နဲ့ Trackpad တွေကို type C မပြောင်းပေးသေးပါဘူး၊ lightning ports တွေ နဲ့ပဲအားသွင်းရဦးမှာဖြစ်ပါတယ်။

မကြာခင်ကမိတ်ဆက်သွားတဲ့ Redmi Note 13 series တွေကဘာတွေပိုကောင်းလာလဲ?

ခုခေတ်လို ဖုန်းတွေဈေးအရမ်းတက်နေတဲ့အချိန်မှာ ဈေးအရမ်းမကြီးဘဲနဲ့ Price to Performance အရမ်းကောင်းတဲ့ Redmi Note series တွေက ရွေးချယ်ချင်စရာပါပဲ။ အဲ့လိုဖြစ်အောင်လဲ Xiaomi က တစ်နှစ်ထက်တစ်နှစ် ပိုပိုကောင်းလာတဲ့ hardware တွေနဲ့ဆွဲဆောင်နေပါတယ်။ မနှစ်က Redmi Note 12 series တွေ ကောင်းခဲ့သလိုပဲ သိပ်မကြာခင်က မိတ်ဆက်သွားတဲ့ Redmi Note 13 , Note 13 Pro, Note 13 Pro+ series တွေကလဲ ပိုတောင်ကောင်းလာပါသေးတယ်။

Redmi Note 13 မှာ MTK ရဲ့ midrange chipset ဖြစ်တဲ့ Dimensity 6080 ကိုသုံးလာတယ်။ သူ့ performance က Redmi Note 12 ရဲ့ Snapdragon 4 gen 1 နဲ့ သိပ်မကွာဘူးဆိုတော့ ဈေးပိုသက်သာအောင်သုံးတာဖြစ်နိုင်ပါတယ်။ Display က 120Hz AMOLED panel သုံးထားပြီးတော့ အောက်က bezel(ဘောင်)က redmi note 12 နဲ့ယှဉ်ရင်တော်တော်လေးပါးသွားတယ်။ Camera ကိုလဲ 48MP ကနေ 100MP sensor ပြောင်းသုံးပေးလာတယ်။ Ultrawide camera ကတော့ မပါတော့ပါဘူး။ နောက်ထပ် 2MP depth sensor တစ်ခုပဲထည့်ပေးထားပါတယ်။ 5000 mAh battery ပါတာနဲ့ 33W wired charging ပါတာကလဲမပြောင်းလဲပါဘူး။ ဈေးနှုန်းက CNY 1,199 ကနေစပါမယ်။ လက်ရှိယွမ်ဈေး ၄၇၅ ကျပ်နဲ့ဆို 5 သိန်းဝန်းကျင်ပေါ့။

Redmi note 12 Pro မှာတုန်းက Dimensity 1080 သုံးခဲ့ရတာကနေ အခုအသစ်ထွက်တဲ့ Redmi note 13 Pro မှာတော့ မကြာခင်ကမှ မိတ်ဆက်ထားတဲ့ Snapdragon 7s gen 2 ကိုသုံးလာတယ်။ 7s ဆိုလို့အထင်မကြီးသွားနဲ့ဦး၊ နဂို 7 plus gen 2 ထက် performance ပိုနည်းနိုင်တယ်လို့သတင်းထွက်ထားတယ်။ ဒါပေမယ့် Dimensity 1080 ထက်တော့ performance ပိုကောင်းမယ်၊ efficiency နဲ့ thermal ပိုင်းလဲပိုကောင်းလာနိုင်တယ်။ Display ကလဲ အရင် peak brightness 900 nits ပဲရတဲ့ panel ကနေ 1800 nits အထိရတယ်ဆိုတော့ ၂ ဆနီးပါးလောက် peak brightness ပိုများလာတယ်၊ HDR content တွေအတွက်အများကြီးပိုကောင်းလာမယ့်သဘောရှိတယ်။ Resolution ကလဲ 1080p ကနေ 1.5k ဖြစ်သွားတယ်။ ပြီးတော့ Camera ကလဲ Major upgrade ဖြစ်တယ်လို့ပြောလို့ရတယ်။ 50 MP main sensor ကနေ 200 MP sensor ကိုပြောင်းသုံးထားပြီး OIS လဲရနေတုန်းပဲ။ ကျန်တဲ့ 8MP ultra wide နဲ့ 2MP macro ကတော့ တူတူပါပဲ။ Battery က 5100 mAh ဆိုတော့ 100 mAh ပိုများလာတယ်၊ 67W wired fast charging ကတော့အတူတူပါပဲ။ ဈေးနှုန်းက CNY 1,499 ကနေစမှာဖြစ်ပါတယ်။ ၇ သိန်းဝန်းကျင်လောက်ဖြစ်ပါလိမ့်မယ်။

Note 13 Pro+ မှာတော့ Dimensity 7200-Ultra chipset ကိုသုံးလာတယ်၊ 16GB LPDDR5 RAM နဲ့ UFS 3.1 storage ကိုပါသုံးထားတဲ့အပြင် thermal cooling ပိုင်းအတွက် Vapor Chamber heat sink ကိုပါထည့်ပေးထားတယ်။ Dimensity 7200-Ultra ဆိုတာက ဒီ Note 13 Pro+ မှာမှစပါလာမယ့် SoC အသစ်ဆိုတော့ ဘယ်လိုအခြေအနေရှိမလဲတော့မသိရသေးဘူး။ Display က Note 13 Pro ရဲ့ panel နဲ့အတူတူပဲကိုမှ curved display လုပ်ထားပေးတယ်။ အရှေ့မှန်ကို Gorilla Glass Victus နဲ့ကာကွယ်ပေးထားတယ်။ In-Display fingerprint scanner လဲပါမယ်။ Camera ကတော့ မတိုးတက်လာဘူး အရင် Note 12 Pro+ တုန်းကသုံးထားတဲ့ Samsung ရဲ့ 200MP sensor ပဲ။ 8MP ultrawide နဲ့ 2MP macro ကလဲတူတူပါပဲ။ 5000 mAh battery နဲ့ 120W fast charging ကလဲ မနှစ်ကအတိုင်းပါပဲ။ IP 68 rating ပါလာပြီး ရေစိုခံလာတာကတော့ တော်တော်လေးမိုက်ပါတယ်။ K60 ultra မှာထည့်ပေးတာသိပ်မထူးဆန်းပေမယ့် ဒီလို mid range ဖုန်းမှာပါထည့်ပေးတာကတော့ တော်တော်သဘောကောင်းတယ်ပြောရမှာပါ။ ဈေးနှုန်းက CNY 1,999 ကနေစပါမယ်။ မြန်မာငွေနဲ့ဆို ၉ သိန်းဝန်းကျင်လောက်ကျမှာဖြစ်ပါတယ်။

ဒီဖုန်းတွေကို တရုတ်ပြည်မှာ September 26 ရက်နေ့မှာစရောင်းပါလိမ့်မယ်။ Price to performance အရတော်တော်လေးတန်တဲ့ဖုန်းတွေဆိုတော့ ရောင်းကောင်းဦးမယ့်ပုံပါပဲ။

20230913-new

iPhone 15 Series နဲ့ Apple Watch 9 မှာဘာတွေထူးခြားလာလဲ?

မနေ့ညက iPhone 15 တွေရယ်၊ Apple Watch Series 9 တွေရယ်ကို မိတ်ဆက်သွားတယ်။ ဒီ article မှာတော့ product အသစ်တွေဆီက သိသာတဲ့အပြောင်းအလဲတွေအကြောင်း ပြောပြပေးမှာပါ။

iPhone 15 နဲ့ 15 Plus တွေမှာမနှစ်က pro series တွေမှာပဲပါတဲ့ Dynamic Island ပါလာပြီးတော့ USB-C လဲဖြစ်သွားပြီ။ ဒါပေမယ့် speed ကတော့ USB 2.0 speed ပဲရမယ်။ Performance အတွက်ကို မနှစ်က 14 pro series မှာသုံးထားတဲ့ A16 Bionic Chip ကိုသုံးပေးထားတယ်။ Camera ကိုလဲ 12MP ကနေ 48MP main camera ပြောင်းသုံးပေးထားပြီးတော့၊ 2x zoom မှာ optical zoom နီးပါးကောင်းတဲ့ quality ရမယ်လို့ပြောသွားတယ်။ Display ကလဲ မနှစ်ကထက် ၂ ဆနီးပါးလောက် peak brightness မှာပိုကောင်းလာတယ်။ အရောင် က အမဲ၊ အဝါ၊ အပြာ၊ အစိမ်း၊​ပန်းရောင်ဆိုပြီး ၅ ရောင်ရမယ်၊​ ပန်းရောင်လေးကတော့ hero color ပေါ့။ ဈေးက iPhone 15 ကို $799 နဲ့ iPhone 15 Plus က 899$ ကျမှာဖြစ်ပါတယ်။ September 15 ရက်နေ့မှာ pre-order စလက်ခံမှာဖြစ်ပြီး September 22 မှာ shipping စလုပ်ပေးပါလိမ့်မယ်။ ဆိုတော့ အရင် iPhone 14 ထက်စာရင်တော့ တော်တော်လေးပိုတန်သွားတယ်။ အားမရတာက ခုထိ 60Hz display ပဲဆက်သုံးထားတာပါပဲ။

iPhone 15 Pro နဲ့ Pro Max မှာ mute switch အစား ကိုယ်ကြိုက်တဲ့ shortcut ကိုပါ map လုပ်ထားလို့ရမယ့် action button ပြောင်းသုံးလာတယ်။ Titanium ဘောင်တွေကြောင့် ပိုပေါ့သွားတာ ရော ဘေးဘောင်တွေပိုပါးသွားတာရောက iPhone 15 Pro တွေကိုလက်ထဲမှာကိုင်လို့ပိုကောင်းသွားစေလိမ့်မယ်။Processor ကိုလဲ​ လက်ရှိအချိန်မှာ အကောင်းဆုံးလို့ပြောလို့ရတဲ့ 3nm based A17 Pro processor ထည့်ပေးထားတယ်။ Processor ထဲမှာ USB-controller သပ်သပ်ပါမှာမို့လို့ ဒီ model တွေမှာတော့ USB-C data transfer speed က 10Gb/s အထိရမယ်။ အဲ့ speed ရဖို့ ကြိုးကတော့ သပ်သပ်ပြန်ဝယ်ရမယ်။ ပြီးတော့ Resident Evil: Village နဲ့ Resident Evil 4 Remake တို့လို Console level game တွေကို iPhone မှာ native ဆော့လို့ရလာမယ်။ အသစ်ထွက်မယ့် Assassin Creed Mirage လိုဂိမ်းပါ iPhone အတွက် ထွက်လာမယ်ဆိုတော့ Mobile Gaming က တစ်ဆင့်မြင့်လာပြီလို့ပြောလို့ရတယ်။ Camera အပိုင်းမှာ 48MP main camera ကိုပဲသုံးထားပေမယ့် aparture ပိုကောင်းတဲ့ lens တွေကြောင့်မို့လို့ low light ရော daylight ရောမှာ image quality ပိုကောင်းလာတယ်။ Vision Pro မှာပြန်ကြည့်လို့ရမယ့် 3D video တွေပါရိုက်လို့ရမယ်။ 15 Pro Max မှာ periscope zoom lens ပါလာပြီး 5x အထိ optical zoom ဆွဲလို့ရမယ်။ အရောင်က ခဲရောင်အရင့်၊ ခဲရောင်အဖျော့၊ အမဲနဲ့ အပြာဆိုပြီး ၄ ရောင်ရမယ်။ ဈေးကလဲ သတင်းတွေထွက်ထားသလိုကြီး အရမ်းတက်သွားတာမျိုးတော့မရှိဘူး။ iPhone 15 Pro က $999 ကနေပဲစမယ်၊ iPhone 15 Pro Max ကတော့ 128GB model မရှိတော့တဲ့အတွက် 256 GB model ကိုပဲ $1,199 နဲ့ရောင်းတော့မယ်။ ဆိုတော့ ဈေးတက်သွားတယ်လို့ပြောလို့ရသလို မတက်သွားဘူးလို့လဲပြောလို့ရတယ်။

Apple Watch Series 9 မှာတော့ အဓိကအပြောင်းအလဲက လက်ညှိုးနဲ့လက်မကို ထိပြီးသုံးရတဲ့ gesture control အသစ်လို့ပြောလို့ရတယ်။ Chipset အသစ်ကြောင့် Siri ကလဲ internet ကိုမမှီခိုတော့ဘဲနဲ့ on-device မှာသုံးလို့ရသွားတယ်။ Health data တွေကိုပါ Siri ကိုတန်းမေးလို့ရမယ်။ Display brightness ကလဲ series 8 ထက် ၂ ဆပိုကောင်းတဲ့ 2000 nits brightness အထိရမယ်။ ဈေးကတော့ $399 ကနေစမယ်။

Apple watch ultra 2 ကတော့ series 9 က function တွေအပြင်ကို brightness က 2000 nits ကနေ 3000 nits အထိဖြစ်သွားတယ်။ ပိုလဲအကြမ်းခံလာမယ်။ Battery life က normal usage မှာဆို ၃၆ နာရီ၊ low power mode မှာဆို ၇၂ နာရီအထိရမယ်။ ဈေးကတော့ $799 ကနေစမယ်။

ဆိုတော့ သတင်းကောင်းကတော့ pro max ဝယ်မယ့်သူတွေအတွက် ဈေးမတက်တာနဲ့ ရိုးရိုး 15 တွေက 14 ထက်တန်လာတာပါပဲ။ ခုဈေးတွေနဲ့က ဒီနှစ် iPhone တွေလဲရောင်းကောင်းဦးမယ့် သဘောရှိပါတယ်။

20230830-new

September မှာထွက်လာမယ့် iPhone 15 series တွေမှာ ဘာတွေထူးလာမလဲ?

iPhone အသစ်ထွက်ခါနီးထုံးစံအတိုင်းပဲ ဘာပါလာမယ်၊ ဘာပြောင်းသွားမယ်ဆိုတဲ့ leak တွေကတော့ မျိုးစုံထွက်နေပြီ။ ဒီနေ့ article လေးမှာတော့ iPhone 15 series ဖုန်းတွေမှာ ပါလာမယ့် features အသစ်တွေရယ် ဈေးနှုန်းအသစ်ရယ်နဲ့ ဘယ်နေ့ ထွက်မလဲဆိုတာရယ်ကို ပြောပြပေးပါမယ်။

iPhone 15 series တွေကို မိတ်ဆက်မယ့် apple event ကျင်းပမယ့်နေ့ကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့ ဒါမှမဟုတ် ၁၃ ရက်နေ့လို့ ပြောကြတယ်။ 15 ရက်နေ့မှာ pre-order စလက်ခံပြီးတော့ ၂၂ ရက်နေ့မှာ apple store တွေမှာ စပြီးဝယ်လို့ရမယ်ဆိုတာမျိုး သတင်းတွေထွက်တယ်။ ဒါကြောင့် အခုပြောပြမယ့် leak တွေ မှန်မမှန်သိရဖို့က ၂ ပတ်လောက်ပဲလိုပါတော့တယ်။

ကျွန်တော်တို့ သိထားရသလောက် Rumors တွေ နဲ့ Leaks တွေကတော့

Dynamic Island က iPhone 14 series တွေမှာလို pro နဲ့ pro max မှာပဲပါမှာမဟုတ်တော့ဘဲနဲ့ iPhone 15 model တွေအကုန်လုံးမှာ ထည့်ပေးထားတယ်။ ဒီနှစ်မှာ iPhone X ကနေအစပြုခဲ့တဲ့ notch era ကတော့ အဆုံးသတ်သွားတော့မယ့်ပုံပဲ။

EU law အရ ဒီနှစ်မှာ iPhone 15 တွေအကုန်လုံးက Lightning port မဟုတ်တော့ဘဲနဲ့ Type-C port ဖြစ်သွားမယ်။ ဒါပေမယ့် Pro series တွေမှာပဲ ပိုမြန်တဲ့ tunderbolt speed ရမယ်၊ ရိုးရိုး iPhone 15 တွေကတော့ lightning port မှာရတဲ့ transfer rate ပဲရမယ်။

လျှပ်စစ်ကားတွေမှာသုံးတဲ့ Battery နည်းပညာအသစ်ကြောင့်မို့လို့ Battery ပမာဏပိုများများဆန့်လာမယ်၊ အရင် iPhone 14 series တွေထက် 500 mAh ကနေ 700 mAh နီးပါးလောက်ပိုများလာမယ်။

Design ပိုင်းမှာ bezel အနားသတ်တွေ ခုံးထားတဲ့ rounded edge design ကိုပြန်သုံးလာမယ်၊ Bezels တွေက 1.55mm လောက်အထိပါးသွားမယ်။ Pro series တွေမှာ titanium ဘောင်တွေသုံးထားလို့ အရင်ကထက်ပိုပေါ့မယ်၊ Mute switch အစား Apple watch ultra မှာလိုမျိုး action button ဖြစ်သွားမယ်။

Camera က iPhone 15 ရိုးရိုးတွေမှာရော 48MP main sensor ထည့်ပေးလာတယ်။ ဒါပေမယ့် iPhone 15 Pro နဲ့ Pro Max မှာက Sensor size ပိုကြီးမယ်။ 15 Pro Max မှာ periscope lens ထည့်ပေးထားပြီး 6x optical zoom အထိရမယ်။

iPhone 15 Pro series တွေမှာသုံးလာမယ့် A17 bionic chip က ကမ္ဘာ့ပထမဆုံး 3nm SoC ဖြစ်လာမှာဖြစ်ပြီးတော့ TSMC ပြောပုံအရ 35% လောက် battery efficiency တိုးလာမယ်။ ဆိုတော့ iPhone 15 Pro series တွေက battery တော်တော်လေးခံလာနိုင်တယ်။ Performance အရလဲ Android ဘက်ကအသစ်ထွက်လာမယ့် Snapdragon 8 Gen 3 ထက်ကို သိသိသာသာပိုကောင်းမယ်။

iPhone 15 Pro Max ဆိုတဲ့နာမည်အစားကို iPhone 15 Ultra လို့ နာမည် ပြောင်းသုံးလာနိုင်တယ်။


Charging speed လဲ Pro model တွေမှာ 20W မဟုတ်တော့ဘဲနဲ့ 27W ကနေ 35W အထိတိုးလာနိုင်တယ်။


အရောင်အသစ်တွေအနေနဲ့ Pro model တွေမှာ Dark Red နဲ့ ရိုးရိုး model တွေမှာတော့ mint green မဟုတ်ရင် Cyan ပါလာမယ်။


ဈေးကလဲ အရင်နှစ်က iPhone 14 Pro model တွေထက် iPhone 15 Pro model တွေက $100 ကနေ $200 လောက်ထိဈေးပိုများလာနိုင်တယ်။ ($1,199 for iPhone 15 Pro, $1,299 for iPhone 15 Pro Max/Ultra)

အခု ကျွန်တော်ရေးထားတဲ့ Leak တော်တော်များများက up-to-date ဖြစ်ပြီးတော့ reputable leaker တွေဆီကနေ ထွက်လာတာဆိုတော့ အကုန်မမှန်ရင်တောင် ဖြစ်နိုင်ခြေတော်တော်တော့များတယ်။ ဒါပေမယ့် တကယ်ဟုတ်မဟုတ် သေချာအောင်တော့ Apple Event မှာစောင့်ကြည့်ကြရပါဦးမယ်။

Ref; MacRumors.com

20230825-news

Business တွေအတွက် ကိုယ်ပိုင် ChatBot ဖြစ်အောင်လေ့ကျင့်ပေးလို့ရတော့မယ့် Chat GPT-3.5 Turbo

လက်ရှိ ChatGPT ကို တစ်ချို့ business တွေမှာသုံးတာမျိုးရှိပေမယ့် public version က ကိုယ့် လုပ်ငန်းအကြောင်းသေချာမသိတာ၊ product တစ်ခုချင်းစီအကြောင်းတွေ ပြန်မရှင်းပြပေးနိုင်တာ၊ Brand ကလိုချင်တဲ့ tone of voice အတိုင်း ထွက်မလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တကယ်တမ်း AI Chat Bot တစ်ခုကို Business အတွက်သုံးမယ်ဆိုရင်က ကိုယ့် company ရဲ့ ကိုယ်ပိုင် data တွေနဲ့ အရင်လေ့ကျင့်ပြီးမှပဲ သုံးရတာပိုအဆင်ပြေပါတယ်။ ဒါမှ  costomer ကမေးလိုက်တဲ့အကြောင်းအရာတွေကို ပြန်ဖြေတာမှာဖြစ်ဖြစ်၊ email , content တွေရေးပေးတာမှာဖြစ်ဖြစ် ကိုယ့် brand ရဲ့ ပုံစံအတိုင်းသူက ကွက်တိဖြစ်နေမှာပါ။  
 
အဲ့ဒီအတွက်ကို OpenAI က အဲ့လိုမျိုး Company Data တွေကို ထည့်ပြီး custom training လုပ်ပေးလို့ရတဲ့၊ fine-tune လုပ်လို့ရတဲ့ Chat GPT 3.5 Turbo version ကို ကြေငြာသွားပါတယ်။ ဒီ model က တစ်ချို့ လုပ်ဆောင်ချက်တွေမှာ Chat GPT-4 နဲ့ ယှဉ်နိုင်ပြီးတော့ ပိုကောင်းတဲ့နေရာတွေလဲရှိတယ်လို့ပြောသွားတယ်။ ပြီးတော့ ဒီနှစ်ကုန်လောက်မှာ GPT-4 ကိုလဲ ဒါမျိုး custom tuning လုပ်လို့ရမယ့် version ထုတ်ပေးမယ်လို့ ဆိုပါတယ်။
 
ဒီ GPT 3.5 Turbo version ထွက်မလာခင်အချိန်အထိက business clients တွေအနေနဲ့ GPT-3 variants တွေဖြစ်တဲ့ davinci-002 နဲ့ babbage-002 model တွေကိုပဲအသုံးပြုနေခဲ့ရတာဖြစ်ပါတယ်။
 
အခု Business တွေအတွက်ထုတ်ပေးလိုက်တဲ့ GPT-3.5 turbo က GPT-4 လိုမျိုးပဲ September 2021 အထိ data တွေကို သိနိုင်တဲ့ pre-trained model အနေနဲ့ လာမှာပါ။ ပြီးမှ ကိုယ့် company အကြောင်းအသေးစိတ် data တွေနဲ့ပြန် train ပေးရမှာဖြစ်ပါတယ်။ Data privacy and security အတွက်ကိုလဲ company က train ဖို့ထည့်ထားတဲ့ input data ရော၊ AI ကပြန်ထုတ်ပေးတဲ့ output data ရောကို နောက်ထပ် AI models အသစ်တွေ train အတွက် လုံးဝ အသုံးမပြုသွားဘူးလို့ဆိုပါတယ်။ ဆိုလိုတာက Company ရဲ့ data တွေက company က train ထားတဲ့ model မှာပဲရှိနေမှာဖြစ်ပြီး Open AI ဘက်က ရယူသုံးစွဲသွားမှာမဟုတ်ပါဘူးဆိုတဲ့သဘောပါပဲ။ ဒါကလဲ လုပ်ငန်းတော်တော်များများ စိုးရိမ်နေတဲ့ company data တွေအပြင်ကိုပေါက်ကြားသွားနိုင်တယ်ဆိုတဲ့ အချက်ကို ဖြေရှင်းပေးထားတာဖြစ်ပါတယ်။
 
Company ဘက်က fine-tuning လုပ်ထားတဲ့ AI model ကို Brand ရဲ့ tone of voice အတိုင်း ကြော်ငြာတွေရေးတာ၊ internal email တွေမှာ တစ်စိတ်တစ်ပိုင်းရေးခိုင်းတာ၊ Software company တွေမှာ API calls တွေ code တွေကူရေးပေးခိုင်းတာမျိုးတွေအတွက် ကောင်းကောင်း အသုံးပြုနိုင်မှာပါ။
 
Business တွေဘက်က Open AI ကို ဒီ custom model အတွက် ပေးရမယ့် ဈေးနှုန်းတွေကလဲ အရမ်းတော့မများပါဘူး။ Training လုပ်တဲ့အခါသုံးရမယ့် token 1000 အတွက် $0.0080 ကျသင့်မှာဖြစ်ပြီး inpt usage အတွက် token 1000 ကို $0.0120 , output အတွက် tokens 1000 ကို $0.0120 ကျသင့်မှာဖြစ်ပါတယ်။
 
ဆိုတော့ နောက်ပိုင်းမှာ Custom tuned လုပ်ထားတဲ့ AI model တွေက company တွေရဲ့ အလုပ်အစိတ်အပိုင်းတော်တော်များများမှာ နေရာယူလာနိုင်ခြေရှိနေပါတယ်။
 
Source: TheVerge

အသစ်ထွက်လာတဲ့ Redmi K60 Ultra , Mi Pad 6 Max နဲ့ Mi Band 8 Pro တွေကဘာတွေပိုကောင်းလာလဲ?

၁၄ ရက်နေ့ကကျင်းပတဲ့တဲ့ Xiaomi ရဲ့ပွဲမှာ Mi Mix Fold 3 ရယ်၊ Mi Pad 6 Max ရယ် Redmi K60 Ultra ရယ်ကို ပြသွားတယ်။ အဲ့ဒီထဲမှာမှ Redmi K60 Ultra လေးက တော်တော်လေးကိုတန်နေတာ သတိထားမိတယ်ဗျ။ ဘာလို့လဲဆိုတော့ အရင် K50 Ultra ကိုမိတ်ဆက်သွားတဲ့ ဈေးထက်ရော K60 Pro ကို မိတ်ဆက်သွားတဲ့ဈေးထက်ရော သိသိသာသာ ပိုသက်သာနေပြီးတော့ တစ်ချို့အပိုင်းတွေမှာ အများကြီး ပိုကောင်းလာတာတွေရှိနေတာကြောင့်ပါ။

K60 Ultra မှာ ပထမဆုံး သဘောကျမိတဲ့အချက်က IP 68 rating ပါလာတာပါ။ အရင်ကလဲ Redmi ဖုန်းတွေက IP rating သာမပါတာ ရေစိုခံသင့်သလောက်တော့ခံတယ် ဆိုပေမယ့် IP rating ပါတော့ ပိုစိတ်ချလက်ချ ဖြစ်သွားတယ်။ Flagship လဲပိုဆန်လာတယ်။ ပြောရရင် K60 Ultra ရဲ့ hardware ပိုင်းမှာ Flagship မဆန်တဲ့အချက်ဆိုလို့ Camera နဲ့ Wireless charging မပါတာလောက်ပဲရှိတော့တယ်။

Display ကလဲ Peak brightness 2600 nits အထိတောင်ရတဲ့ 1.5K AMOLED 144Hz panel သုံးထားပေးတယ်။ တကယ့် flagship ဖုန်းတွေလို 1 to 144Hz variable refresh rate ရတဲ့ LTPO panel မဟုတ်တာကလွဲရင် spec အရတော့ တော်တော်လေးကောင်းတဲ့ display ပဲ။ နောက်ပြီးထူးခြားတာက သူ့မှာ pixelworks နဲ့ ပူးပေါင်းပြီးထုတ်ထားတဲ့ x7 chip ပါထည့်ထားတယ်။ အဲ့ကောင်လေးက Computer တွေမှာဆို dedicated GPU ပုံစံမျိုးနဲ့ဆင်တယ်။ အဲ့အတိုင်းကွက်တိအလုပ်လုပ်တာတော့မဟုတ်ဘူး။ သူက GPU ကထွက်လာပြီးသား ပုံရိပ်တွေကိုပဲ ကြားထဲက frame တွေကို Alogrithm တွေနဲ့ခန့်မှန်းပြီး ထပ်ထည့်ပေးတဲ့ post processor လို့ပြောလို့ရတယ်။ ဒီကောင်ထည့်ထားတဲ့အတွက် ဂိမ်းတွေကို 144Hz , 144fps မှာ ကောင်းကောင်းဆော့လို့ရသွားမယ်၊ ပိုလဲကြည်လာမယ်လို့ ကြေငြာသွားတယ်။ ဆိုတော့ ဒီအချက်ကလဲ gamer တွေအတွက်တော့ သတင်းကောင်းဖြစ်နိုင်တယ်။ Stereo speaker လဲပါတော့ Multimedia consumption ရော Gaming ရောမှာ ဒီဖုန်းက တော်တော်လေးမိုက်တယ်။

SoC ကလဲ game တွေကို 144fps မှာ ကောင်းကောင်းဆော့လိုရလောက်တဲ့ Dimensity 9200+ ကိုသုံးထားတယ်။ သူ့ performance က Snapdragon ဘက်မှာဆို Snapdragon 8 Gen 2 လောက်ရှိတယ်။ ဆိုတော့ လောလောဆယ် Android ဘက််မှာအကောင်းဆုံး SoC ထဲက တစ်ခုလို့ပြောလို့ရတယ်။

Camera က တော့ နဂိုတည်းက K series ဖုန်းတွေရဲ့အားသာချက်မဟုတ်တော့ သိပ်တော့မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် Main sensor က 50MP Sony IMX800 ကိုသုံးထားတာ။ Mi Mix Fold 3 မှာပါတဲ့ sensor နဲ့တူတူပဲ။ ဒါကြောင့်မို့ အရမ်းမကောင်းရင်တောင် စုတ်တော့ မစုတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ K60 Ultra camera သာမကောင်းရင် သူနဲ့ sensor တူတဲ့ Mix Fold 3 camera လဲ ကောင်းဖို့မလွယ်ဘူး။ 8K video ရိုက်လို့ရတာလဲ ဒီဈေးမှာ မဆိုးဘူးလို့ပြောရမယ်။ ကျန်တဲ့ 8MP ultrawide နဲ့ 2MP macro sensor တွေကတော့ ထုံးစံအတိုင်းပဲ သိပ်မကောင်းမှာသေချာသလောက်ရှိတယ်။ Selfie ကတော့ 20MP ထည့်ပေးထားတယ်။

5000 mAh battery နဲ့ 120W fast charging က 19 min ကို 100% ပြည့်မယ်။ ဒါလဲ ဒီ မီးပျက်တဲ့နိုင်ငံနဲ့တော့ ကွက်တိပဲ။

ဆိုတော့ ဂိမ်းဆော့မယ်၊ flagship level camera မလိုဘူး၊ IP68 rating လိုချင်တယ် ဈေးအရမ်းကြီးတဲ့ flagship တွေလဲမလိုချင်ဘူးဆိုရင် ဒီ K60 Ultra လေးက သူ့ 2599 Yuan ဆိုတဲ့ Launch price မှာမဆိုးဘူးလို့ပြောလို့ရတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၁၄ သိန်းကျော်ကျော်လောက်ကျနိုင်တယ်။

Mi Pad 6 Max ကတော့ ၁၄ လက်မ Tablet အကြီးကြီးပုံစံမျိုးထွက်လာတာ။ iPad Pro 13 inch နဲ့ Samsung Galaxy Tab S9 Ultra လို ပုံစံမျိုးပဲ။ ဈေးကတော့ အဲ့ဒီ ၂ ခုထက် အများကြီးပိုသက်သာတယ်။ Keyboard case နဲ့ Stylus လိုမျိုး Accessories တွေအကုန်ပါမှ ၂၆ သိန်းဝန်းကျင်လောက်ပဲကျမယ်။ သုံးထားတာက Snapdragon 8+ gen 1 SoC ဆိုတော့ performance က မိုက်တယ်။ 120Hz LCD panel ပဲသုံးထားတယ်။ 6.6 mm အထူနဲ့ 750g အလေးချိန်ကလဲ သူ့ size အရတော့ မဆိုးဘူး။ Tab S9 Ultra လောက်တော့ မပါးဘူး ၊ နည်းနည်းလဲပိုလေးတယ်။ လက်ထဲမှာကိုင်ထားတာထက် Keyboard case နဲ့ စားပွဲပေါ်တင်သုံးဖို့တော့ ပိုအဆင်ပြေလိမ့်မယ်။ ဂိမ်းတွေဘာတွေဆော့မယ်ဆိုလဲ ခလုတ်နဲ့ချိတ်ပြီးဆော့လို့ရတဲ့ emulator game တွေနဲ့ ပိုအဆင်ပြေမယ်။

Mi Band 8 Pro ကတော့ အရမ်းမထူးပါဘူး။အရင် Mi Band 7 Pro ထက် display လေးနည်းနည်းပိုကြီးလာတယ်၊ ပို sharp ဖြစ်သွားတယ်။ Brightness ပိုလင်းလာတယ်။ အဲ့လောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နာရီပုံစံမျိုးဝတ်ချင်ပြီးတော့ Mi Band ကို ကြိုက်တဲ့သူတွေအတွက်တော့ သဘောကျဦးမယ့် ပုံစံရှိတယ်။ ဈေးကတော့ ၂ သိန်းကျော်ကျော်လောက်ဖြစ်ပါလိမ့်မယ်။

လောလောဆယ် ဒီကိုမရောက်သေးတဲ့ အဲ့ဒီ product တွေအစား ရှိနေပြီးသား instock product တွေဝယ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Technoland Page ထဲမှာ ဖုန်းတွေ၊ tablet တွေ၊ Laptop တွေနဲ့ computer parts အစုံအလင်ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ပါတယ်။

Wishlist

Shopping Cart

Subtotal: Ks
x