AT&T accurately predicted the future in 1993

<Zawgyi>
.
.
.
.
အောက်က YouTube Link မှာ AT&T ရဲ့  Original ကြော်ငြာတွေကိုတွေ့မြင်နိုင်ပါတယ်။
.

.

.
.
.

.
.
.
.
.
Ref: AT&T accurately predicted the future in 1993, but can it do it again?
.

.

<Zawgyi>
.
၁၉၉၃ ခုနှစ်က AT&T ရဲ့ အနာဂတ်ခန့်မှန်းချက်တွေဟာ မှန်ကန်ခဲ့သလို ၊ နောက် ၂၅ နှစ်မှာရော ဆက်မှန်နိုင်ဦးမလား?
.
၁၉၉၃ ခုနှစ်တုန်းက အနာဂတ်ကို ကြိုတင်ပြီး စိတ်ကူးယဉ်တဲ့ “You Will” ဆိုတဲ့ ကြော်ငြာစီးရီးတစ်ခုကို AT&T လို့ခေါ်တဲ့ နာမည်ကျော် ကုမ္ပဏီတစ်ခုက ရိုက်ကူးခဲ့ပါတယ်။ အဲဒီကြော်ငြာစီးရီးကို ရိုက်ကူးခဲ့တဲ့သူကတော့ နောင်တစ်ချိန်မှာ Fight Club, Gone Girl, Social Network စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးလာမယ့် ဒါရိုက်တာ David Fincher ဖြစ်ပါတယ်။
ကြော်ငြာတွေရဲ့ အစမှာ အနာဂတ်မှာ အသုံးဝင်လာမယ့် နည်းပညာတွေကို ပြသထားပြီး “ဒီလိုမျိုး လုပ်ဖူးပြီလား” လို့မေးခွန်းထုတ်ထားပါတယ်။ ကြော်ငြာတွေရဲ့ အဆုံးသတ်မှာလည်း “ဖြစ်လာပါလိမ့်မယ်။ အဲဒါကို သင့်ဆီဆောင်ကျဉ်းပေးမယ် ကုမ္ပဏီက AT&T ဖြစ်ပါတယ်” ဆိုတဲ့ စာသားကို ဖော်ပြထားပါတယ်။
.
တကယ်လည်း ဖြစ်လာခဲ့ပါတယ်။ အခုအချိန်မှာ အဲဒီကြော်ငြာတွေထဲမှာပါတဲ့ နည်းပညာတွေကို ကျွန်တော်တို့တွေ သုံးလို့ရနေပါပြီ။ တစ်ခုရှိတာက ဒီနည်းပညာတွေကို တကယ်တမ်း ဖန်တီးပေးခဲ့တာက AT&T မဟုတ်ဘဲ တခြားကုမ္ပဏီတွေ ဖြစ်နေတာပါ။
.
အောက်က Youtube Link မှာ AT&T ရဲ့  Original ကြော်ငြာတွေကိုတွေ့မြင်နိုင်ပါတယ်။
.

.

ကြော်ငြာမှာ မြင်ခဲ့ရတာကတော့
–       Virtual assistant (Google assistant လိုမျိုး ကိုယ်ရေးလက်ထောက်တွေ)
–       Video conferencing ( Video ကတဆင့် meeting လုပ်တာမျိုးတွေ)
–       Smartwatch ( ဖုန်းပြောနိုင်၊အင်တာနက်သုံးနိုင်တဲ့နာရီတွေ)
–       GPS navigation ( ဂြိုလ်တုလမ်းညွှန်စနစ်တွေ)
–       Smart home ( အဆင့်မြင့်အိမ်သုံးပစ္စည်းတွေ)
–       Video-on-demand services ( Netflix လိုမျိုး Online Video Streaming Services တွေ)
–       Real-time translation ( Pixel buds တွေလိုအချိန်နဲ့တစ်ပြေးညီဘာသာပြန်ပေးတဲ့စက်တွေ) ပဲဖြစ်ပါတယ်။
.
၁၉၉၃ ခုနှစ်တုန်းက ဒီနည်းပညာတွေက စိတ်ကူးယဉ်သက်သက်သာ ဖြစ်ခဲ့ပေမဲ့ အခုလက်ရှိမှာတော့ အလွယ်တကူ အသုံးပြုလို့ ရနိုင်နေပါပြီ။
.
ဒီနှစ်ဟာ “You Will” ကြော်ငြာတွေရဲ့ ၂၅ နှစ်ပြည့် နှစ်ပတ်လည်ပဲဖြစ်ပါတယ်။ အဲ့ဒီအထိမ်းအမှတ်ကို ကျင်းပဖို့အတွက် နယ်ပယ်မျိုးစုံကလူတွေနဲ့ ပူးပေါင်းပြီး နောက် ၂၅ နှစ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ နည်းပညာတွေကို ထပ်ပြီး ခန့်မှန်းခဲ့ပါတယ်။ အဲဒီဗီဒီယိုကိုတော့ အောက်မှာကြည့်နိုင်ပါတယ်။
.

.
ဗီဒီယိုထဲမှာပါတဲ့ ခန့်မှန်းချက်တွေကတော့ –
– Device တွေကိုအသုံးပြုပြီးဆက်သွယ်မယ့်အစား မျက်ကပ်မှန်လိုပစ္စည်းမျိုးတွေ အသုံးပြုလာမယ်။ တခြားသူ တစ်ယောက်က   ကိုယ့်ရှေ့မှာရောက်နေသလိုမျိုး ဆက်သွယ်နိုင်မယ်လို့ဆိုပါတယ်။
– အဆောက်အဦးတွေကို Computerized Glass တွေနဲ့ ဆောက်ထားမှာဖြစ်ပြီး ပုံစံမျိုးစုံပြောင်းလဲနိုင်မယ်။
– မြို့တွေမှာ စွမ်းအင်သုံးစွဲမှုပိုနည်းလာမယ် Recycle တွေပိုလုပ်လာမယ်။
– ရုပ်ရှင်တွေ ကြည့်တဲ့အခါမှာလဲ  ဂိမ်းလိုမျိုးကိုယ်တိုင်ပါဝင်ရသလိုဖြစ်လာမယ်၊ ကြည့်ရတဲ့ Camera Angle ကိုထိန်းချုပ်နိုင်မယ်။ ၃၆၀ ဒီဂရီ  လိုမျိုးကိုဆိုလိုတာပါ။
– AI တွေအရမ်းအဆင့်မြင့်လာမယ်။
– လူတွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို Digital Prints အနေနဲ့ကူးယူထားနိုင်မယ်။ ဥပမာ အဖေကသားကို Baseball ကစားနည်း သင်မပေးရသေးခင်မှာပဲ သေသွားတယ်ဆိုရင်တောင် သူ့ရဲ့ ကစားဟန်တွေကို ကူးယူထားပြီး  စက်ကသင်ပေးတာမျိုးဖြစ်လာနိုင်ပါတယ်။
– Smart watch တွေလိုပဲ Smart နည်းပညာသုံးထားတဲ့ အဝတ်အစားတွေပေါ်လာပြီး ကိုယ့်ရဲ့ ကျန်းမာရေးကိုအမြဲစစ်ပေးနေမယ်။
– အလိုအလျောက်မောင်းနှင်နိုင်မယ့် ပို့ဆောင်ရေးယာဉ်တွေပေါ်လာပြီး မတော်တဆမှုတွေကို လျော့ချနိုင်လာလိမ့်မယ်။ အဲ့အတွက် အနာဂတ်မှာကားပိုင်မရှိတော့တဲ့ အထိဖြစ်သွားမယ်။
.
စတဲ့အချက်တွေပဲဖြစ်ပါတယ်။
.
စာဖတ်သူရော အနာဂတ်မှာ ဘာတွေဖြစ်လာမယ် ထင်ပါသလဲ။ သူတို့ခန့်မှန်းထားတာတွေ ဖြစ်လာနိုင်မလား ?
.
အောက်က comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။