Asus brings ROG Phone to India

<Zawgyi>
.
Asus ရဲ႕ ROG gaming ဖုန္းကို အိႏၵိယေဈးကြက္တြင္မိတ္ဆက္
.
ထိုင္ဝမ္မွာ က်င္းပခဲ့တဲ့ Computex 2018 ပြဲတုန္းက ျပသခဲ့တဲ့ Asus ရဲ႕ ROG gaming ဖုန္း ကို အိႏၵိယေဈးကြက္မွာ ဝယ္လို႔ရေတာ့မွာျဖစ္ပါတယ္။ Replic of Gamers (ROG) ဆိုတဲ့အတိုင္း gamer ေတြအတြက္ ရည္႐ြယ္တာျဖစ္ၿပီး Xiaomi ရဲ႕ Black Shark, Razer Phone နဲ႔ Nubia Red Magic တို႔လို gaming ဖုန္းေတြနဲ႔ ယွဥ္ၿပိဳင္မွာပါ။ အိႏၵိယႏိုင္ငံေမွာေတာ့ အေပၚမွာေျပာခဲ့တဲ့ ဖုန္းေတြကို ေရာင္းခ်ေနတာမ်ိဳး မရွိတဲ့အတြက္ေၾကာင့္ အိႏၵိယေဈးကြက္အတြက္ ပထမဆုံး gaming ဖုန္းလို႔ ေျပာလို႔ရမွာျဖစ္ပါတယ္။ ေဈးကြက္ထဲမွာ Huawei ရဲ႕ Honor Play ေတာ့ ရွိတယ္ဆိုေပမဲ့ သူ႔ကို gaming ဖုန္းအေနနဲ႔ ထည့္ၿပီးစဥ္းစားဖို႔ေတာ့ နည္းနည္းခက္ပါတယ္။
.
Republic of Gamers
.
ROG ဒါမွမဟုတ္ Republic of Gamers ဆိုတာက Asus ကပိုင္တဲ့ အမွတ္တံဆိပ္တစ္ခုျဖစ္ၿပီး gaming အတြက္ရည္႐ြယ္တဲ့ အရည္အေသြးျမင့္ထုတ္ကုန္ေတြ ထုတ္လုပ္ပါတယ္။ Gaming laptop ေတြ၊ စပ္ဆက္ပစၥည္းေတြကို ROG အမွတ္တံဆိပ္ေအာက္မွာ ထုတ္လုပ္ေလ့ရွိၿပီး အလွဆင္တဲ့အေနနဲ႔ RGB lighting ေတြလည္း ထည့္သြင္းထားတတ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ROG ဖုန္းနဲ႔အတူ စမတ္ဖုန္းေလာကမွာပါ စတင္ေနရာယူလာပါၿပီ။ ROG ဖုန္းကို Branding ေတြ RGB lighting ေတြသာမကပဲ specification ပိုင္းမွာလည္း စြမ္းေဆာင္ရည္ ပိုေကာင္းေအာင္ လုပ္ထားပါတယ္။
.
အေနာက္ဖက္ျခမ္းမွာ မီးလင္းေနမယ့္ ROG လိုဂိုနဲ႔အတူ ၾကည့္လိုက္တာနဲ႔ gaming ဖုန္းတစ္လုံးမွန္း သိသာေစမယ့္ ဒီဇိုင္းက ကြၽန္ေတာ္တို႔ ျမင္ဖူးတဲ့ တျခား gaming ဖုန္းေတြထက္ ပိုၿပီး ထူးျခားေနပါတယ္။ ဖုန္းရဲ႕ ေအာက္ဖက္ျခမ္းမွာေတာ့ USB Type C port နဲ႔ headphone jack ရွိပါတယ္။ ထူးျခားခ်က္ကေတာ့ ဖုန္းရဲ႕ ဘယ္ဘက္အျခမ္းမွာ USB C အေပါက္တစ္ခု ထပ္ၿပီး ထည့္ေပးထားတာပါ။ အဲဒီ USB C အေပါက္ကို သုံးၿပီး Ausu ကထုတ္ထားတဲ့ စပ္ဆက္ပစၥည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီး သုံးႏိုင္မွာျဖစ္ပါတယ္။
.
Asus ROG ဖုန္းမွာ လက္ေ႐ြးစင္ေ႐ြးထုတ္ထားတဲ့ 2.96GHz Snapdragon 845 chipset , 8GB RAM, 128 ဒါမွမဟုတ္ 512GB storage နဲ႔ 4000 mAh battery တို႔ ပါဝင္ပါတယ္။ Display ကိုလည္း refresh rate 90Hz ရွိတဲ့ AMOLES display ကို သုံးေပးထားတဲ့အတြက္ အ႐ုပ္ေတြရဲ႕ လႈပ္ရွားမႈက ပိုမိုေခ်ာေမြ႕မွာျဖစ္ၿပီး အေရာင္နဲ႔ contrast ပိုင္းမွာလည္း သာမန္ LCD display ေတြထက္ ပိုေကာင္းပါတယ္။ Display size ကေတာ့ ၆ လက္မ ရွိၿပီး 2160×1080 resolution နဲ႔ပါ။ Camera ကိုေတာ့ Zenphone 5Z ရဲ႕ 12MP + 8MP wide angle lens setup အတိုင္းပဲ သုံးေပးထားပါတယ္။ Selfie camera ကေတာ့ 8MP ပါ။
.
Gamer ေတြအတြက္ဘာေတြပိုေကာင္းလာမလဲ?
.
Asus ရဲ႕ ROG ဖုန္းမွာ AirTrigger လို႔ေခၚတဲ့ touch button ေတြ ထည့္ေပးထားပါတယ္။ ဒါေၾကာင့္ PUBG လို ဂိမ္းေတြေဆာ့တဲ့အခါမွာ AirTrigger button ေတြကို သုံးၿပီး ေသနတ္ပစ္လို႔ ရမွာပါ။ ခလုပ္ေတြကို ႀကိဳက္တဲ့ function ထားလို႔ရၿပီး app ေတြကို ဖြင့္ခိုင္းတာမ်ိဳးေတြလည္း လုပ္လို႔ရပါတယ္။ Gaming အတြက္ အသုံးဝင္တဲ့ feature ေနာက္တစ္ခုကေတာ့ clock speed ကို ျမႇင့္ေပးတဲ့ X mode ပါ။ X mode ဖြင့္ထားရင္ တျခား task ေတြကို ပိတ္ေပးမွာ ျဖစ္တဲ့အတြက္ စြမ္းေဆာင္ရည္လည္း ပိုေကာင္းလာမွာ ျဖစ္ပါတယ္။ UI ကိုလည္း Gaming အတြက္ အထူးျပဳလုပ္ထားတဲ့ ROG UI ကို သုံးေပးထားပါတယ္။
.
Accessories
.
Asus ရဲ႕ ROG ဖုန္းကိုတျခား gaming ဖုန္းေတြနဲ႔ ကြဲျပားေစတဲ့အခ်က္ကေတာ့ သူနဲ႔ ခ်ိတ္ဆက္လို႔ရတဲ့ စပ္ဆက္ပစၥည္းေတြျဖစ္ပါတယ္။
● ဖုန္းကို အေအးခံေပးတဲ့ AeroActive cooler
● Secondary display ပါဝင္တဲ့ Twinview handheld dock
● 6,000 mAh battery
● Desktop dock နဲ႔
● Game Vice Controller တို႔လို စပ္ဆက္ပစၥည္းေတြ ရွိေနၿပီျဖစ္တဲ့အျပင္ ေနာက္ထပ္လည္း အသစ္အဆန္းေတြ ထပ္ၿပီး ထြက္လာႏိုင္ပါေသးတယ္။ ROG gaming ဖုန္း ဒီဇိုင္းနဲ႔ စပ္ဆက္ပစၥည္းတစ္ခုခ်င္းစီကို ေအာက္ကဗီဒီယိုမွာ ၾကည့္ႏိုင္ပါတယ္။
.

.
ROG ဖုန္းကိုလက္ရွိအခ်ိန္မွာေတာ့ အိႏၵိယေဈးကြက္မွာ RAM 8GB/ 128GB ပဲဝယ္လို႔ရဦးမွာျဖစ္ၿပီး ေဈးက $1,000 ေလာက္ က်သင့္မွာပါ။ စပ္ဆက္ပစၥည္းေတြကေတာ့ Game Vice Controller က $86, Twinview dock က $315, Desktop dock က $186 နဲ႔ phone case က $35 က်သင့္မွာျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံမွာ ေရာင္းခ်မယ့္ ေဈးေတြကိုေတာ့ မသိရေသးသလို ဝင္လာဖို႔၊ မလာဖို႔ကလည္း ေလာေလာဆယ္ မသိရေသးပါဘူး။)
.
Ref: Asus brings ROG Phone to India
.

.
Asus ရဲ့ ROG gaming ဖုန်းကို အိန္ဒိယဈေးကွက်တွင်မိတ်ဆက်
.
ထိုင်ဝမ်မှာ ကျင်းပခဲ့တဲ့ Computex 2018 ပွဲတုန်းက ပြသခဲ့တဲ့ Asus ရဲ့ ROG gaming ဖုန်း ကို အိန္ဒိယဈေးကွက်မှာ ဝယ်လို့ရတော့မှာဖြစ်ပါတယ်။ Replic of Gamers (ROG) ဆိုတဲ့အတိုင်း gamer တွေအတွက် ရည်ရွယ်တာဖြစ်ပြီး Xiaomi ရဲ့ Black Shark, Razer Phone နဲ့ Nubia Red Magic တို့လို gaming ဖုန်းတွေနဲ့ ယှဉ်ပြိုင်မှာပါ။ အိန္ဒိယနိုင်ငံမှောတော့ အပေါ်မှာပြောခဲ့တဲ့ ဖုန်းတွေကို ရောင်းချနေတာမျိုး မရှိတဲ့အတွက်ကြောင့် အိန္ဒိယဈေးကွက်အတွက် ပထမဆုံး gaming ဖုန်းလို့ ပြောလို့ရမှာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ Huawei ရဲ့ Honor Play တော့ ရှိတယ်ဆိုပေမဲ့ သူ့ကို gaming ဖုန်းအနေနဲ့ ထည့်ပြီးစဉ်းစားဖို့တော့ နည်းနည်းခက်ပါတယ်။
.
Republic of Gamers
.
ROG ဒါမှမဟုတ် Republic of Gamers ဆိုတာက Asus ကပိုင်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး gaming အတွက်ရည်ရွယ်တဲ့ အရည်အသွေးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ပါတယ်။ Gaming laptop တွေ၊ စပ်ဆက်ပစ္စည်းတွေကို ROG အမှတ်တံဆိပ်အောက်မှာ ထုတ်လုပ်လေ့ရှိပြီး အလှဆင်တဲ့အနေနဲ့ RGB lighting တွေလည်း ထည့်သွင်းထားတတ်ပါတယ်။ အခုအချိန်မှာတော့ ROG ဖုန်းနဲ့အတူ စမတ်ဖုန်းလောကမှာပါ စတင်နေရာယူလာပါပြီ။ ROG ဖုန်းကို Branding တွေ RGB lighting တွေသာမကပဲ specification ပိုင်းမှာလည်း စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ထားပါတယ်။
.
အနောက်ဖက်ခြမ်းမှာ မီးလင်းနေမယ့် ROG လိုဂိုနဲ့အတူ ကြည့်လိုက်တာနဲ့ gaming ဖုန်းတစ်လုံးမှန်း သိသာစေမယ့် ဒီဇိုင်းက ကျွန်တော်တို့ မြင်ဖူးတဲ့ တခြား gaming ဖုန်းတွေထက် ပိုပြီး ထူးခြားနေပါတယ်။ ဖုန်းရဲ့ အောက်ဖက်ခြမ်းမှာတော့ USB Type C port နဲ့ headphone jack ရှိပါတယ်။ ထူးခြားချက်ကတော့ ဖုန်းရဲ့ ဘယ်ဘက်အခြမ်းမှာ USB C အပေါက်တစ်ခု ထပ်ပြီး ထည့်ပေးထားတာပါ။ အဲဒီ USB C အပေါက်ကို သုံးပြီး Ausu ကထုတ်ထားတဲ့ စပ်ဆက်ပစ္စည်းတွေနဲ့ ချိတ်ဆက်ပြီး သုံးနိုင်မှာဖြစ်ပါတယ်။
.
Asus ROG ဖုန်းမှာ လက်ရွေးစင်ရွေးထုတ်ထားတဲ့ 2.96GHz Snapdragon 845 chipset , 8GB RAM, 128 ဒါမှမဟုတ် 512GB storage နဲ့ 4000 mAh battery တို့ ပါဝင်ပါတယ်။ Display ကိုလည်း refresh rate 90Hz ရှိတဲ့ AMOLES display ကို သုံးပေးထားတဲ့အတွက် အရုပ်တွေရဲ့ လှုပ်ရှားမှုက ပိုမိုချောမွေ့မှာဖြစ်ပြီး အရောင်နဲ့ contrast ပိုင်းမှာလည်း သာမန် LCD display တွေထက် ပိုကောင်းပါတယ်။ Display size ကတော့ ၆ လက်မ ရှိပြီး 2160×1080 resolution နဲ့ပါ။ Camera ကိုတော့ Zenphone 5Z ရဲ့ 12MP + 8MP wide angle lens setup အတိုင်းပဲ သုံးပေးထားပါတယ်။ Selfie camera ကတော့ 8MP ပါ။
.
Gamer တွေအတွက်ဘာတွေပိုကောင်းလာမလဲ?
.
Asus ရဲ့ ROG ဖုန်းမှာ AirTrigger လို့ခေါ်တဲ့ touch button တွေ ထည့်ပေးထားပါတယ်။ ဒါကြောင့် PUBG လို ဂိမ်းတွေဆော့တဲ့အခါမှာ AirTrigger button တွေကို သုံးပြီး သေနတ်ပစ်လို့ ရမှာပါ။ ခလုပ်တွေကို ကြိုက်တဲ့ function ထားလို့ရပြီး app တွေကို ဖွင့်ခိုင်းတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ Gaming အတွက် အသုံးဝင်တဲ့ feature နောက်တစ်ခုကတော့ clock speed ကို မြှင့်ပေးတဲ့ X mode ပါ။ X mode ဖွင့်ထားရင် တခြား task တွေကို ပိတ်ပေးမှာ ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်လည်း ပိုကောင်းလာမှာ ဖြစ်ပါတယ်။ UI ကိုလည်း Gaming အတွက် အထူးပြုလုပ်ထားတဲ့ ROG UI ကို သုံးပေးထားပါတယ်။
.
Accessories
.
Asus ရဲ့ ROG ဖုန်းကိုတခြား gaming ဖုန်းတွေနဲ့ ကွဲပြားစေတဲ့အချက်ကတော့ သူနဲ့ ချိတ်ဆက်လို့ရတဲ့ စပ်ဆက်ပစ္စည်းတွေဖြစ်ပါတယ်။
● ဖုန်းကို အအေးခံပေးတဲ့ AeroActive cooler
● Secondary display ပါဝင်တဲ့ Twinview handheld dock
● 6,000 mAh battery
● Desktop dock နဲ့
● Game Vice Controller တို့လို စပ်ဆက်ပစ္စည်းတွေ ရှိနေပြီဖြစ်တဲ့အပြင် နောက်ထပ်လည်း အသစ်အဆန်းတွေ ထပ်ပြီး ထွက်လာနိုင်ပါသေးတယ်။ ROG gaming ဖုန်း ဒီဇိုင်းနဲ့ စပ်ဆက်ပစ္စည်းတစ်ခုချင်းစီကို အောက်ကဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။
.

.
ROG ဖုန်းကိုလက်ရှိအချိန်မှာတော့ အိန္ဒိယဈေးကွက်မှာ RAM 8GB/ 128GB ပဲဝယ်လို့ရဦးမှာဖြစ်ပြီး ဈေးက $1,000 လောက် ကျသင့်မှာပါ။ စပ်ဆက်ပစ္စည်းတွေကတော့ Game Vice Controller က $86, Twinview dock က $315, Desktop dock က $186 နဲ့ phone case က $35 ကျသင့်မှာဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှာ ရောင်းချမယ့် ဈေးတွေကိုတော့ မသိရသေးသလို ဝင်လာဖို့၊ မလာဖို့ကလည်း လောလောဆယ် မသိရသေးပါဘူး။)
.
Ref: Asus brings ROG Phone to India
.