- Xiaomi ကထုတ်တဲ့ Mi Band တွေက ဈေးသက်သာတဲ့အပြင် function ပိုင်းရော၊ design ပိုင်းရော ကောင်းမွန်တဲ့အတွက် smart band တွေထဲမှာရေပန်းအစားဆုံးလို့ပြောလို့ရပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Mi Band 5 ကလဲ လူကြိုက်များသလို တော်တော်လေးလဲကောင်းတယ်။ ဒါပေမယ့် ထွက်ထားတာက နည်းနည်း ကြာနေပြီဆိုတော့ အခုအချိန်မှ Mi Band 5 ဝယ်မယ်စိတ်ကူးနေတဲ့ သူတွေအတွက်တော့ နောက်အသစ်ထွက်မယ့် Mi Band 6 စောင့်ချင်ရင် စောင့်လို့ရနေပြီ။ Mi Band 6 နဲ့ပတ်သက်တဲ့ leak သတင်းတွေလဲ ထွက်နေပါပြီ။
- ဆိုတော့ Mi Band 6 က Mi Band 5 ထက်ဘာတွေပိုကောင်းလာမလဲ?Leak တွေအရတော့ MI Band 6 က design ပိုင်းမှာ MI Band 5 နဲ့အရမ်းမကွာဘူး။ ထုံးစံအတိုင်းပဲ Chinese version မှာ ငွေပေးချေတာတွေလုပ်ဖို့ NFC support ပါလာမှာဖြစ်ပြီး global version မှာတော့ NFC မပါဘူး။
- ထူးခြားချက်တစ်ခုက MI Band 6 Global version မှာ Amazon ရဲ့ virtual assistant ဖြစ်တဲ့ Alexa ကို သုံးလို့ရမယ်လို့သတင်းထွက်နေတယ်။ ဆိုတော့ ဒီတစ်ချက်က Mi Band 6 ကို Alexa အသုံးများတဲ့ အနောက်နိင်ငံတွေမှာ ထိုးဖောက် နိုင်ဖို့အထောက်အကူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သွေးတွင်းအောက်စီဂျင်ပါဝင်မှုပမာဏကိုတိုင်းတာတဲ့ SpO2 sensor လဲပါဝင်လာမှာပါ။ ဒီအချက်ကလဲ Global market အတွက် big selling point ဖြစ်လာနိုင်ပါတယ်။ Built-in GPS ပါလာမယ်လို့ တစ်ချို့သတင်းတွေမှာတွေ့ရပေမယ့် တစ်ချို့သတင်းတွေမှာတော့ မပါဘူးလို့တွေ့တယ်။ ဆိုတော့ အဲ့ဒါတော့ သိပ်မသေချာသေးဘူး။ Display အပိုင်းမှာလဲ MI Band 6 က Mi Band 5 ရဲ့ 1.1 inches display ထက်ပို ကြီးလာမယ်လို့ဆိုတယ်။ အဲ့ဒါကတော့ leaked ဖြစ်လာတဲ့ watch face တွေက Mi Band 5 မှာတုန်းကထက် resolution ပိုများနေတာကိုကြည့်ပြီး ကောက်ချက်ချထားတာဖြစ်ပါတယ်။ အလုပ်လုပ်ရာမှာအထောက်အကူ ဖြစ်စေမယ့် pomodoro timer အပြင် sleep data တွေကိုလဲ mi band 6 ပေါ်မှာပဲတိုက်ရိုက်ကြည့်လို့ရမယ်။
- ပြီးတော့ အရင် Mi Band 5 မှာတုန်းက အားကစားလုပ်ဖို့အတွက် activity tracking modes 11 ခုပဲပါတာက နေအခု Mi Band 6 မှာ 30 activity modes အထိပါလာမယ်။ အသစ်ပါလာတဲ့ထဲမှာ dance, zumba, circket, basketball နဲ့ kickboxing tracking တွေပါမယ်လို့သိရပါတယ်။
- ဈေးနှုန်းနဲ့ ထွက်မယ့်ရက်ကတော့ သိရဖို့နည်းနည်းလေးစောနေသေးတယ်။ အရင် Mi Band 5 ကို June လ 2020 မှာမိတ်ဆက်သွားတာဖြစ်တဲ့အတွက် Mi Band 6 ကိုလဲ အဲ့ဒီအချိန်ဝန်းကျင်လောက်မှာပဲတွေ့ရကောင်း တွေ့ရနိုင်သလို၊ နည်းနည်းပိုစောပြီးမိတ်ဆက်လာတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Leave Your Comment