Advantages of Apple’s macOS

Advantages of Apple’s macOS
.
.
Computer Operating System ေတြထဲမွာ Microsoft ရဲ႕ Windows OS ဟာ လူသုံးအမ်ားဆုံး OS တစ္ခုအျဖစ္ရွိေနတယ္ဆိုေပမယ့္ macOS ကလည္း လူေတာ္ေတာ္မ်ားမ်ားကို ဆြဲေဆာင္ထားႏိုင္ပါေသးတယ္။ ႏွစ္ခုစလုံးကေတာ့ သူ႔အားသာခ်က္နဲ႔သူဆိုေပမဲ့ ဒီ article ေလးမွာေတာ့ macOS ကိုသုံးရတာ ဘာေတြေကာင္းလဲ ဆိုတာကိုေျပာျပေပးမွာျဖစ္ပါတယ္။ ေအာက္မွာ တခ်က္ဆက္ၾကည့္ရေအာင္….။
.
1. ႐ိုးရွင္းၿပီး သုံးရလြယ္ကူတဲ့ GUI (Graphical User Interface)
.
macOS မွာေရာ Windows မွာပါ ႐ိုးရွင္းတဲ့ user interface ရွိတယ္ဆိုေပမဲ့ macOS ရဲ႕ GUI က Windows ထက္ပိုၿပီးေတာ့ သုံးရလြယ္ကူပါတယ္။ အထူးသျဖင့္ iOS အသုံးျပဳေနက် သူေတြအတြက္ macOS ရဲ႕ GUI ကိုရင္းႏွီးၿပီးသားျဖစ္ေနမွာပါ။ App install , update, delete စတာေတြမွာ macOS ကပိုၿပီးလြယ္လြယ္ကူကူ လုပ္ေဆာင္ႏိုင္ပါတယ္။ Windows မွာလို folder paths ေတြရွာတာတို႔ shortcut icons ေတြလုပ္ရတာတို႔ လုပ္စရာမလိုအပ္ပါဘူး။ App ေတြအေနနဲ႔လည္း App Store ကေန download ဆြဲၿပီး install လုပ္လိုက္တာနဲ႔ launpad မွာတစ္ခါတည္းေပၚလာမွာပါ။ Details ေတြကို Applications ဆိုတဲ့ folder ထဲမွာပဲအလြယ္တကူ ၾကည့္ႏိုင္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ macOS ရဲ႕ GUI ဟာလူႀကိဳက္မ်ားေနရတာပါ။
.
2. Security ပိုေကာင္းၿပီး၊ virus မရွိသေလာက္နည္းပါတယ္
.
macOS ရဲ႕အဓိကအားသာခ်က္က Windows ထက္အမ်ားႀကီးပိုၿပီး security ေကာင္းတာပါ။ License Windows ေတြမွာေတာ့ security ေကာင္းေပမယ့္ ႐ိုး႐ိုး crack version ေတြမွာ virus ေတြ ရန္ကိုေၾကာက္ေနရမွာပါ။ macOS ကိုတိုက္ခိုက္ႏိုင္တဲ့ virus ေတြရွိတယ္ဆိုေပမယ့္ Windows နဲ႔ယွဥ္လိုက္ရင္အမ်ားႀကီးပိုနည္းပါတယ္။ ဒါေၾကာင့္ Mac user ေတြမွာ anti-virus ေတြထည့္စရာမလိုအပ္ပါဘူး။ ၿပီးေတာ့ Windows မွာလို မၾကာခဏ virus scan, driver update လုပ္ရတာေတြမရွိတဲ့အျပင္ bloatware ေတြရန္ကလည္း ကင္းေဝးပါတယ္။
.
3. Software နဲ႔ Hardware ကတစ္သားတည္းျဖစ္ေနပါတယ္
.
Software developer ေရာ device manufacturer ေရာက Apple တစ္ခုတည္းပဲျဖစ္တဲ့အတြက္ macOS ကို အေကာင္းဆုံး optimised လုပ္ထားႏိုင္ပါတယ္။ Windows OS ကိုအသုံးျပဳတဲ့ devices ေတြမွာလဲ နာမည္ႀကီးတဲ့ manfacturer ေတြရွိတယ္ဆိုေပမယ့္ သူတို႔က hardware coponents ေတြကိုပဲ laptop or desktop တစ္ခုျဖစ္ေအာင္ေပါင္းစပ္ေပးတာပါ။ ဒါေၾကာင့္ compatibility or optimisation အပိုင္းမွာ ျပႆနာေတြ အနည္းနဲ႔အမ်ားရွိတတ္ပါတယ္။ Mac PC ေတြဟာ Windows PC ေတြထက္ပိုၿပီးၾကာရွည္ခံတယ္ ဆိုတာ ဒီအခ်က္ေၾကာင့္လည္းပါပါတယ္။
.
4. ႐ုံးသုံး software ေတြက macOS နဲ႔အတူပါဝင္လာပါတယ္။
.
Windows OS မွာ Microsoft office suite က တစ္ခါတည္းပါဝင္ေလ့မရွိပါဘူး။ သပ္သပ္ဝယ္ယူရတာ ျဖစ္ပါတယ္။ Macbook Pro နဲ႔ Mac desktop ေတြမွာေတာ့ macOS အျပင္ တျခားအသုံးဝင္တဲ့ office applications ေတြျဖစ္တဲ့ Pages,Numbers, Keynote, Safari, Mail, Messages နဲ႔ Facetime စတာေတြ ပါဝင္ၿပီးသားျဖစ္ပါတယ္။ ဒါ့အျပင္ photo editing အတြက္ iPhoto နဲ႔ video-editing အတြက္ iMovie လည္းပါဝင္ပါေသးတယ္။ Music production အတြက္လည္း GarageBand ဆိုတဲ့ application ပါဝင္လို႔ professional အမ်ားစုအတြက္ ဘာ application မွထပ္ဝယ္စရာမလိုအပ္ပဲ အဆင္သင့္အသုံးျပဳႏိုင္ပါတယ္။
.
5. Multitasking ပိုင္းမွာ Windows ထက္ပိုအဆင္ေျပပါတယ္။
.
Mac Computer ေတြဟာ multitasking အတြက္ရည္႐ြယ္ၿပီးထုတ္ထားတာျဖစ္လို႔ built-in shortcut keys ေတြနဲ႔ track-pad gesture ေတြမွာ Windows ထက္အမ်ားႀကီးပိုေကာင္းပါတယ္။ Windows မွာလည္း shortcut ေတြအသုံးျပဳၿပီး Windows ေတြကို switch လုပ္လို႔ရေပမဲ့ Mac မွာက responsive နဲ႔ smooth ပိုျဖစ္ပါတယ္။ Workspace ေတြအမ်ားႀကီးခြဲထားလို႔ရတဲ့ feature ကိုလည္း Windows 10 မွာသိပ္မၾကာခင္ကမွ ရတာျဖစ္ေပမဲ့ macOS မွာရေနတာၾကာပါၿပီ။
.
အေပၚကအခ်က္ေတြကေတာ့ macOS ရဲ႕ေကာင္းကြက္ေတြဆိုေပမဲ့ တျခားမေကာင္းတဲ့ အခ်က္ေတြလည္း ရွိေနပါတယ္။ ေနာက္ article မွာေတာ့ macOS ရဲ႕မေကာင္းတဲ့အခ်က္ေတြကို ဗဟုသုတအျဖစ္ ေဖာ္ျပေပးမွာျဖစ္လို႔ page ကို like and see first လုပ္ထားဖို႔တိုက္တြန္းခ်င္ပါတယ္။
.

.
<Unicode>
.
Advantages of Apple’s macOS
..
Computer Operating System တွေထဲမှာ Microsoft ရဲ့ Windows OS ဟာ လူသုံးအများဆုံး OS တစ်ခုအဖြစ်ရှိနေတယ်ဆိုပေမယ့် macOS ကလည်း လူတော်တော်များများကို ဆွဲဆောင်ထားနိုင်ပါသေးတယ်။ နှစ်ခုစလုံးကတော့ သူ့အားသာချက်နဲ့သူဆိုပေမဲ့ ဒီ article လေးမှာတော့ macOS ကိုသုံးရတာ ဘာတွေကောင်းလဲ ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ အောက်မှာ တချက်ဆက်ကြည့်ရအောင်….။
.
1. ရိုးရှင်းပြီး သုံးရလွယ်ကူတဲ့ GUI (Graphical User Interface)
.
macOS မှာရော Windows မှာပါ ရိုးရှင်းတဲ့ user interface ရှိတယ်ဆိုပေမဲ့ macOS ရဲ့ GUI က Windows ထက်ပိုပြီးတော့ သုံးရလွယ်ကူပါတယ်။ အထူးသဖြင့် iOS အသုံးပြုနေကျ သူတွေအတွက် macOS ရဲ့ GUI ကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ App install , update, delete စတာတွေမှာ macOS ကပိုပြီးလွယ်လွယ်ကူကူ လုပ်ဆောင်နိုင်ပါတယ်။ Windows မှာလို folder paths တွေရှာတာတို့ shortcut icons တွေလုပ်ရတာတို့ လုပ်စရာမလိုအပ်ပါဘူး။ App တွေအနေနဲ့လည်း App Store ကနေ download ဆွဲပြီး install လုပ်လိုက်တာနဲ့ launpad မှာတစ်ခါတည်းပေါ်လာမှာပါ။ Details တွေကို Applications ဆိုတဲ့ folder ထဲမှာပဲအလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒီအချက်တွေကြောင့် macOS ရဲ့ GUI ဟာလူကြိုက်များနေရတာပါ။
.
2. Security ပိုကောင်းပြီး၊ virus မရှိသလောက်နည်းပါတယ်
.
macOS ရဲ့အဓိကအားသာချက်က Windows ထက်အများကြီးပိုပြီး security ကောင်းတာပါ။ License Windows တွေမှာတော့ security ကောင်းပေမယ့် ရိုးရိုး crack version တွေမှာ virus တွေ ရန်ကိုကြောက်နေရမှာပါ။ macOS ကိုတိုက်ခိုက်နိုင်တဲ့ virus တွေရှိတယ်ဆိုပေမယ့် Windows နဲ့ယှဉ်လိုက်ရင်အများကြီးပိုနည်းပါတယ်။ ဒါကြောင့် Mac user တွေမှာ anti-virus တွေထည့်စရာမလိုအပ်ပါဘူး။ ပြီးတော့ Windows မှာလို မကြာခဏ virus scan, driver update လုပ်ရတာတွေမရှိတဲ့အပြင် bloatware တွေရန်ကလည်း ကင်းဝေးပါတယ်။
.
3. Software နဲ့ Hardware ကတစ်သားတည်းဖြစ်နေပါတယ်
.
Software developer ရော device manufacturer ရောက Apple တစ်ခုတည်းပဲဖြစ်တဲ့အတွက် macOS ကို အကောင်းဆုံး optimised လုပ်ထားနိုင်ပါတယ်။ Windows OS ကိုအသုံးပြုတဲ့ devices တွေမှာလဲ နာမည်ကြီးတဲ့ manfacturer တွေရှိတယ်ဆိုပေမယ့် သူတို့က hardware coponents တွေကိုပဲ laptop or desktop တစ်ခုဖြစ်အောင်ပေါင်းစပ်ပေးတာပါ။ ဒါကြောင့် compatibility or optimisation အပိုင်းမှာ ပြဿနာတွေ အနည်းနဲ့အများရှိတတ်ပါတယ်။ Mac PC တွေဟာ Windows PC တွေထက်ပိုပြီးကြာရှည်ခံတယ် ဆိုတာ ဒီအချက်ကြောင့်လည်းပါပါတယ်။
.
4. ရုံးသုံး software တွေက macOS နဲ့အတူပါဝင်လာပါတယ်။
.
Windows OS မှာ Microsoft office suite က တစ်ခါတည်းပါဝင်လေ့မရှိပါဘူး။ သပ်သပ်ဝယ်ယူရတာ ဖြစ်ပါတယ်။ Macbook Pro နဲ့ Mac desktop တွေမှာတော့ macOS အပြင် တခြားအသုံးဝင်တဲ့ office applications တွေဖြစ်တဲ့ Pages,Numbers, Keynote, Safari, Mail, Messages နဲ့ Facetime စတာတွေ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် photo editing အတွက် iPhoto နဲ့ video-editing အတွက် iMovie လည်းပါဝင်ပါသေးတယ်။ Music production အတွက်လည်း GarageBand ဆိုတဲ့ application ပါဝင်လို့ professional အများစုအတွက် ဘာ application မှထပ်ဝယ်စရာမလိုအပ်ပဲ အဆင်သင့်အသုံးပြုနိုင်ပါတယ်။
.
5. Multitasking ပိုင်းမှာ Windows ထက်ပိုအဆင်ပြေပါတယ်။
.
Mac Computer တွေဟာ multitasking အတွက်ရည်ရွယ်ပြီးထုတ်ထားတာဖြစ်လို့ built-in shortcut keys တွေနဲ့ track-pad gesture တွေမှာ Windows ထက်အများကြီးပိုကောင်းပါတယ်။ Windows မှာလည်း shortcut တွေအသုံးပြုပြီး Windows တွေကို switch လုပ်လို့ရပေမဲ့ Mac မှာက responsive နဲ့ smooth ပိုဖြစ်ပါတယ်။ Workspace တွေအများကြီးခွဲထားလို့ရတဲ့ feature ကိုလည်း Windows 10 မှာသိပ်မကြာခင်ကမှ ရတာဖြစ်ပေမဲ့ macOS မှာရနေတာကြာပါပြီ။
.
အပေါ်ကအချက်တွေကတော့ macOS ရဲ့ကောင်းကွက်တွေဆိုပေမဲ့ တခြားမကောင်းတဲ့ အချက်တွေလည်း ရှိနေပါတယ်။ နောက် article မှာတော့ macOS ရဲ့မကောင်းတဲ့အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးမှာဖြစ်လို့ page ကို like and see first လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်။