8K TV: All You Need to Know

<ZawGyi>
.
အသစ္ထြက္လာတဲ့ 8K TV ေတြနဲ႔ ပတ္သတ္ၿပီး ဘာေတြသိထားဖို႔ လိုမလဲ?
.
လက္ရွိအခ်ိန္မွာ 4K TV ေတြကို ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာင္ လူတိုင္းမၾကည့္ႏိုင္ေသးပါဘူး။ ဒါေပမဲ့ နည္းပညာေတြကေတာ့ အၿမဲတိုးတက္ေနတာျဖစ္လို႔ 8K TV ေတြဆီကို ေျခလွမ္းစေနၾကပါၿပီ။ ဒီေန႔မွာေတာ့ 8K resolution က 4K ထက္ ဘယ္ေလာက္ပိုေကာင္းလာသလဲဆိုတာနဲ႔ ကြၽန္ေတာ္တို႔ သိထားဖို႔သင့္တဲ့ အခ်က္ေလးေတြကို ေျပာျပေပးမွာပါ။
.
8K ဆိုတာ ဘာလဲ? 4K တို႔ HD တို႔နဲ႔ ႏႈိင္းယွဥ္ၾကည့္ရင္ ဘယ္လိုေနမလဲ?
.
.
ခပ္႐ိုး႐ိုးပဲေတြးၾကည့္မယ္ဆိုရင္ 8K ဆိုေတာ့ 4K Resolution ရဲ႕ ႏွစ္ဆ ရွိမယ္လို႔ ထင္ခ်င္စရာပါ။ ဒါေပမဲ့ Resolution ကို တိုင္းတာတဲ့ပုံစံက နည္းနည္းရႈပ္ေထြးတဲ့အတြက္ အဲဒီလိုတြက္လို႔မရပါဘူး။ 8K ဆိုတာဟာ TV ရဲ႕ အလ်ားလိုက္ resolution ကိုပဲ ရည္ၫႊန္းတာျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ဘယ္ဘက္အစြန္ကေန ညာဘက္အစြန္ထိ pixel အေရအတြက္ ဘယ္ေလာက္ရွိလဲဆိုတာကိုပါ။ ဒါေၾကာင့္ ေဒါင္လိုက္ pixel ကို ထည့္တြက္လိုက္တဲ့အခါမွာ 8K TV ေတြဟာ 4K ထက္ pixel အေရအတြက္ ေလးဆအထိ ပိုမ်ားပါတယ္။ 1080p Full HD နဲ႔ယွဥ္ရင္ တစ္ဆယ့္ေျခာက္ဆအထိပိုမ်ားမွာျဖစ္ပါတယ္။ ဒါဟာ ေတာ္ေတာ္ကိုမ်ားတဲ့ pixel အေရအတြက္ပါ။ HD ကေန 8K ထိ Pixel ဘယ္ေလာက္ရွိလဲဆိုရင္ –
.
720p (HD) = 1280×720 pixels
1080p (FHD) = 1920×1080 pixels
4K (UHD) = 3840×2160 pixels
8K = 7680×4320 pixels
.
ဒါကိုၾကည့္လိုက္မယ္ဆိုရင္ 720p ရဲ႕ အထက္မွာရွိတဲ့ resolution ေတြဟာ အလ်ားလိုက္ေရာ၊ ေဒါင္လိုက္ေရာကို ထည့္တြက္ရတာျဖစ္တဲ့အတြက္ ေလးဆစီ ျဖစ္သြားတာကိုေတြ႕ႏိုင္ပါတယ္။
.
8K TV ကိုဝယ္သင့္သလား?
.
.
ခပ္တိုတိုပဲေျဖရမယ္ဆိုရင္ လုံး၀ မဝယ္သင့္ေသးပါဘူး။ အခုအခ်ိန္ဟာ 4K TV ေတြ ေဈးက်လာၿပီး လူတိုင္းတတ္ႏိုင္တဲ့ေဈးတစ္ခုကို သိပ္မၾကာခင္ေရာက္လာမယ့္ အခ်ိန္ပါ။ ဒါ့အျပင္ HDR ကိုလည္း 4K TV ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕လာရပါၿပီ။ ဒါေၾကာင့္ TV အသစ္တစ္ခုကို လက္ရွိအခ်ိန္မွာဝယ္မယ္ဆိုရင္ 4K HDR TV ပဲ ျဖစ္သင့္ပါတယ္။ 8K ကို မဝယ္သင့္တဲ့အခ်က္ေတြကို ေအာက္မွာဆက္ၾကည့္ရေအာင္။
.
Japan မွာကလြဲၿပီး 8K ကိုအေထာက့္အပံ့ေပးတဲ့ Video ေတြမရွိေသးပါဘူး။
.
ဒီျပသနာဟာ 4K ေတြေပၚခါစမွာလည္း ျဖစ္ခဲ့ဖူးပါတယ္။ 4K TV ေတာ့ရွိပါရဲ႕ ၾကည့္စရာ 4K Video ေတြ မရွိေတာ့ သိပ္အသုံးမဝင္သလို ျဖစ္ေနခဲ့တာပါ။ လက္ရွိအခ်ိန္မွာ 8K နဲ႔ ႐ိုက္ကူးထားတဲ့ ႐ုပ္ရွင္ေတြဟာ လက္ခ်ိဳးေရ လို႔ ရေလာက္ေအာင္ နည္းေနပါေသးတယ္။ Japan မွာေတာ့ 8K ကို အေထာက္အပံ့ေပးတဲ့ ႐ုပ္သံလိုင္းတစ္ခုကို မိတ္ဆက္ထားတာ မၾကာေသးပါဘူး။ ဒါေပမဲ့ 8K ႐ုပ္သံလိုင္းကို ၾကည့္ဖို႔အတြက္ 8K TV အျပင္ သီးသန႔္ satellite တစ္ခု လိုဦးမွာပါ။ 8K ဟာ သာမာန္လူတစ္ေယာက္အတြက္ ေဈးအရမ္းမ်ားေနပါေသးတယ္။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံကေတာ့ ၂၀၂၀ အိုလံပစ္ၿပိဳင္ပြဲကို 8K နဲ႔ ထုတ္လႊင့္ဖို႔ ႀကိဳးစားေနတယ္လို႔ေတာ့ သိထားရပါတယ္။
.
Upscaling လုပ္တာကမလုံေလာက္ပါဘူး။
.
Upscaling ဆိုတာက resolution နည္းတဲ့ Video ေတြကို နည္းပညာအကူအညီနဲ႔ ပိုၿပီးၾကည့္ေကာင္းလာေအာင္ အဆင့္ျမႇင့္တင္လိုက္တာပါ။ 4K TV ေတြမွာလည္း 1080p Video ေတြကို upscale လုပ္ၿပီး ၾကည့္ရေလ့ရွိပါတယ္။ ဒါဟာ ၾကည့္စရာရွားပါးတဲ့ျပႆနာကို အထိုက္အေလ်ာက္ ေျဖရွင္းႏိုင္တယ္ဆိုေပမဲ့ မူရင္း 4K ဗီဒီယိုေတြေလာက္ေတာ့ ၾကည့္ရတာအဆင္မေျပပါဘူး။ 8K မွာလည္း အဲ့ဒီျပႆနာ ရွိေနႏိုင္ပါတယ္။
.
Streaming လုပ္ဖို႔အတြက္ အင္တာနက္အရမ္းေကာင္းဖို႔လိုမွာပါ။
.
ျမန္မာႏိုင္ငံမွာ လူအမ်ားစု လက္ရွိ သုံးေနၾကတဲ့ အင္တာနက္ bandwidth ဟာ 4K resolution ရွိတဲ့ ႐ုပ္ရွင္ေတြကိုေတာင္ တိုက္႐ိုက္ stream လုပ္ၿပီး ၾကည့္ဖို႔ သိပ္အဆင္မေျပေသးပါဘူး။ ဒါေၾကာင့္ 4K ထက္ pixel အေရအတြက္ ေလးဆပိုမ်ားတဲ့ 8K ကို ၾကည့္ဖို႔အတြက္ဆိုရင္ အင္တာနက္လိုင္းက အရမ္းကိုေကာင္းမွရမွာပါ။ 4K ကို Stream ဖို႔ 20 Mbps ရွိတဲ့အင္ တာနက္လိုင္း လိုအပ္ပါတယ္။ ဒါေၾကာင့္ 8K အတြက္ေတာ့ အနည္းဆုံး 50mbps လိုမွာျဖစ္ပါတယ္။ 50 Mbps ဆိုတဲ့ bandwidth ဟာ US လို ႏိုင္ငံမ်ိဳးမွာေတာင္ လူတိုင္းမသုံးႏိုင္ၾကေသးပါဘူး။
.
8K TV ေတြဟာ စထြက္ခါစမွာ အရမ္းေဈးႀကီးေနဦးမွာပါ။
.
နည္းပညာပစၥည္းအသစ္ေတြဟာ စထြက္ခါစမွာ အရမ္းေဈးႀကီးေလ့ရွိၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် ေဈးသက္သာလာတတ္ပါတယ္။ 4K TV ေတြ ပထမဆုံးထြက္လာခ်ိန္မွာ $20000 ဝန္းက်င္ က်သင့္ခဲ့ပါတယ္။ 8K TV ကေတာ့ စထြက္ခါစအခ်ိန္မွာ 4K ေတြေလာက္ေဈးမႀကီးေပမဲ့ $15000 ဝန္းက်င္ရွိေနပါေသးတယ္။ ဒါေၾကာင့္ 8K TV တစ္လုံးအတြက္ $15000 သုံးမယ္လို႔ စိတ္ကူးထားရင္ေတာင္ အေကာင္းဆုံး 4K TV ႏွစ္လုံးနဲ႔ Sound System တစ္ခုဝယ္လိုက္တာက ပိုတန္ဦးမွာျဖစ္ပါတယ္။
.
ဒါဆို 8K TV ေတြကအက်ိဳးမရွိဘူးလား?
.
အဲ့လိုေတာ့မဟုတ္ပါဘူး။ 8K TV ေတြက Resolution မ်ားတဲ့အတြက္ Screen size ကို အႀကီးႀကီး ခ်ဲ႕လိုက္လို႔ရပါတယ္။ လက္မ 70 ရွိတဲ့ Screen size မွာ 1080p Resolution နဲ႔ဆိုရင္အနီးကပ္ၾကည့္တဲ့အခါ မ်ိဳးမွာ ဘယ္လိုမွအဆင္မေျပပါဘူး။ 4K TV ေတြနဲ႔ေတာင္ ဆယ္ေပအကြာေလာက္က ၾကည့္မွ ေခ်ာေခ်ာေမြ႕ေမြ႕ ျမင္ရပါတယ္။ 8K TV ေတြကေတာ့ screen size အရမ္းႀကီးေနရင္ေတာင္ အနီးကပ္ၾကည့္လို႔အဆင္ေျပႏိုင္ မွာပါ။ Screen technology ေတြအရလည္း 8K TV ေတြမွာပါမယ့္ နည္းပညာေတြဟာ အေကာင္းဆုံးျဖစ္ေနဦးမွာပါ။ Sony ရဲ႕ 10000 nits Brightness အထိ ထုတ္ေပးႏိုင္တဲ့ 8K TV, Samsung ရဲ႕ room lighting အလိုက္ ခ်ိန္ညႇိေပးၿပီး မသုံးတဲ့အခ်ိန္မွာ ႐ိုး႐ိုးနံရံလိုပဲျဖစ္ေနမယ့္ 8K TV ေတြလိုမ်ိဳးပါ။ ဒါေပမဲ့ အခုမွအစျပဳတဲ့ နည္းပညာေတြ ျဖစ္တဲ့အတြက္ သာမန္အိမ္ေတြမွာသုံးဖို႔ေတာ့ ႏွစ္အနည္းငယ္အခ်ိန္ေပးရဦးမွာပဲ ျဖစ္ပါတယ္။
.

.
<Unicode>
.
အသစ်ထွက်လာတဲ့ 8K TV တွေနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့ လိုမလဲ?
.
လက်ရှိအချိန်မှာ 4K TV တွေကို နိုင်ငံတော်တော်များများမှာတောင် လူတိုင်းမကြည့်နိုင်သေးပါဘူး။ ဒါပေမဲ့ နည်းပညာတွေကတော့ အမြဲတိုးတက်နေတာဖြစ်လို့ 8K TV တွေဆီကို ခြေလှမ်းစနေကြပါပြီ။ ဒီနေ့မှာတော့ 8K resolution က 4K ထက် ဘယ်လောက်ပိုကောင်းလာသလဲဆိုတာနဲ့ ကျွန်တော်တို့ သိထားဖို့သင့်တဲ့ အချက်လေးတွေကို ပြောပြပေးမှာပါ။
.
.
8K ဆိုတာ ဘာလဲ? 4K တို့ HD တို့နဲ့ နှိုင်းယှဉ်ကြည့်ရင် ဘယ်လိုနေမလဲ?
.
ခပ်ရိုးရိုးပဲတွေးကြည့်မယ်ဆိုရင် 8K ဆိုတော့ 4K Resolution ရဲ့ နှစ်ဆ ရှိမယ်လို့ ထင်ချင်စရာပါ။ ဒါပေမဲ့ Resolution ကို တိုင်းတာတဲ့ပုံစံက နည်းနည်းရှုပ်ထွေးတဲ့အတွက် အဲဒီလိုတွက်လို့မရပါဘူး။ 8K ဆိုတာဟာ TV ရဲ့ အလျားလိုက် resolution ကိုပဲ ရည်ညွှန်းတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘယ်ဘက်အစွန်ကနေ ညာဘက်အစွန်ထိ pixel အရေအတွက် ဘယ်လောက်ရှိလဲဆိုတာကိုပါ။ ဒါကြောင့် ဒေါင်လိုက် pixel ကို ထည့်တွက်လိုက်တဲ့အခါမှာ 8K TV တွေဟာ 4K ထက် pixel အရေအတွက် လေးဆအထိ ပိုများပါတယ်။ 1080p Full HD နဲ့ယှဉ်ရင် တစ်ဆယ့်ခြောက်ဆအထိပိုများမှာဖြစ်ပါတယ်။ ဒါဟာ တော်တော်ကိုများတဲ့ pixel အရေအတွက်ပါ။ HD ကနေ 8K ထိ Pixel ဘယ်လောက်ရှိလဲဆိုရင် –
.
720p (HD) = 1280×720 pixels
1080p (FHD) = 1920×1080 pixels
4K (UHD) = 3840×2160 pixels
8K = 7680×4320 pixels
.
ဒါကိုကြည့်လိုက်မယ်ဆိုရင် 720p ရဲ့ အထက်မှာရှိတဲ့ resolution တွေဟာ အလျားလိုက်ရော၊ ဒေါင်လိုက်ရောကို ထည့်တွက်ရတာဖြစ်တဲ့အတွက် လေးဆစီ ဖြစ်သွားတာကိုတွေ့နိုင်ပါတယ်။
.
8K TV ကိုဝယ်သင့်သလား?
.
.
ခပ်တိုတိုပဲဖြေရမယ်ဆိုရင် လုံး၀ မဝယ်သင့်သေးပါဘူး။ အခုအချိန်ဟာ 4K TV တွေ ဈေးကျလာပြီး လူတိုင်းတတ်နိုင်တဲ့ဈေးတစ်ခုကို သိပ်မကြာခင်ရောက်လာမယ့် အချိန်ပါ။ ဒါ့အပြင် HDR ကိုလည်း 4K TV တော်တော်များများမှာ တွေ့လာရပါပြီ။ ဒါကြောင့် TV အသစ်တစ်ခုကို လက်ရှိအချိန်မှာဝယ်မယ်ဆိုရင် 4K HDR TV ပဲ ဖြစ်သင့်ပါတယ်။ 8K ကို မဝယ်သင့်တဲ့အချက်တွေကို အောက်မှာဆက်ကြည့်ရအောင်။
.
Japan မှာကလွဲပြီး 8K ကိုအထောက့်အပံ့ပေးတဲ့ Video တွေမရှိသေးပါဘူး။
.
ဒီပြသနာဟာ 4K တွေပေါ်ခါစမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ 4K TV တော့ရှိပါရဲ့ ကြည့်စရာ 4K Video တွေ မရှိတော့ သိပ်အသုံးမဝင်သလို ဖြစ်နေခဲ့တာပါ။ လက်ရှိအချိန်မှာ 8K နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေဟာ လက်ချိုးရေ လို့ ရလောက်အောင် နည်းနေပါသေးတယ်။ Japan မှာတော့ 8K ကို အထောက်အပံ့ပေးတဲ့ ရုပ်သံလိုင်းတစ်ခုကို မိတ်ဆက်ထားတာ မကြာသေးပါဘူး။ ဒါပေမဲ့ 8K ရုပ်သံလိုင်းကို ကြည့်ဖို့အတွက် 8K TV အပြင် သီးသန့် satellite တစ်ခု လိုဦးမှာပါ။ 8K ဟာ သာမာန်လူတစ်ယောက်အတွက် ဈေးအရမ်းများနေပါသေးတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံကတော့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို 8K နဲ့ ထုတ်လွှင့်ဖို့ ကြိုးစားနေတယ်လို့တော့ သိထားရပါတယ်။
.
Upscaling လုပ်တာကမလုံလောက်ပါဘူး။
.
Upscaling ဆိုတာက resolution နည်းတဲ့ Video တွေကို နည်းပညာအကူအညီနဲ့ ပိုပြီးကြည့်ကောင်းလာအောင် အဆင့်မြှင့်တင်လိုက်တာပါ။ 4K TV တွေမှာလည်း 1080p Video တွေကို upscale လုပ်ပြီး ကြည့်ရလေ့ရှိပါတယ်။ ဒါဟာ ကြည့်စရာရှားပါးတဲ့ပြဿနာကို အထိုက်အလျောက် ဖြေရှင်းနိုင်တယ်ဆိုပေမဲ့ မူရင်း 4K ဗီဒီယိုတွေလောက်တော့ ကြည့်ရတာအဆင်မပြေပါဘူး။ 8K မှာလည်း အဲ့ဒီပြဿနာ ရှိနေနိုင်ပါတယ်။
.
Streaming လုပ်ဖို့အတွက် အင်တာနက်အရမ်းကောင်းဖို့လိုမှာပါ။
.
မြန်မာနိုင်ငံမှာ လူအများစု လက်ရှိ သုံးနေကြတဲ့ အင်တာနက် bandwidth ဟာ 4K resolution ရှိတဲ့ ရုပ်ရှင်တွေကိုတောင် တိုက်ရိုက် stream လုပ်ပြီး ကြည့်ဖို့ သိပ်အဆင်မပြေသေးပါဘူး။ ဒါကြောင့် 4K ထက် pixel အရေအတွက် လေးဆပိုများတဲ့ 8K ကို ကြည့်ဖို့အတွက်ဆိုရင် အင်တာနက်လိုင်းက အရမ်းကိုကောင်းမှရမှာပါ။ 4K ကို Stream ဖို့ 20 Mbps ရှိတဲ့အင် တာနက်လိုင်း လိုအပ်ပါတယ်။ ဒါကြောင့် 8K အတွက်တော့ အနည်းဆုံး 50mbps လိုမှာဖြစ်ပါတယ်။ 50 Mbps ဆိုတဲ့ bandwidth ဟာ US လို နိုင်ငံမျိုးမှာတောင် လူတိုင်းမသုံးနိုင်ကြသေးပါဘူး။
.
8K TV တွေဟာ စထွက်ခါစမှာ အရမ်းဈေးကြီးနေဦးမှာပါ။
.
နည်းပညာပစ္စည်းအသစ်တွေဟာ စထွက်ခါစမှာ အရမ်းဈေးကြီးလေ့ရှိပြီး အချိန်ကြာလာတာနဲ့အမျှ ဈေးသက်သာလာတတ်ပါတယ်။ 4K TV တွေ ပထမဆုံးထွက်လာချိန်မှာ $20000 ဝန်းကျင် ကျသင့်ခဲ့ပါတယ်။ 8K TV ကတော့ စထွက်ခါစအချိန်မှာ 4K တွေလောက်ဈေးမကြီးပေမဲ့ $15000 ဝန်းကျင်ရှိနေပါသေးတယ်။ ဒါကြောင့် 8K TV တစ်လုံးအတွက် $15000 သုံးမယ်လို့ စိတ်ကူးထားရင်တောင် အကောင်းဆုံး 4K TV နှစ်လုံးနဲ့ Sound System တစ်ခုဝယ်လိုက်တာက ပိုတန်ဦးမှာဖြစ်ပါတယ်။
.
ဒါဆို 8K TV တွေကအကျိုးမရှိဘူးလား?
.
အဲ့လိုတော့မဟုတ်ပါဘူး။ 8K TV တွေက Resolution များတဲ့အတွက် Screen size ကို အကြီးကြီး ချဲ့လိုက်လို့ရပါတယ်။ လက်မ 70 ရှိတဲ့ Screen size မှာ 1080p Resolution နဲ့ဆိုရင်အနီးကပ်ကြည့်တဲ့အခါ မျိုးမှာ ဘယ်လိုမှအဆင်မပြေပါဘူး။ 4K TV တွေနဲ့တောင် ဆယ်ပေအကွာလောက်က ကြည့်မှ ချောချောမွေ့မွေ့ မြင်ရပါတယ်။ 8K TV တွေကတော့ screen size အရမ်းကြီးနေရင်တောင် အနီးကပ်ကြည့်လို့အဆင်ပြေနိုင် မှာပါ။ Screen technology တွေအရလည်း 8K TV တွေမှာပါမယ့် နည်းပညာတွေဟာ အကောင်းဆုံးဖြစ်နေဦးမှာပါ။ Sony ရဲ့ 10000 nits Brightness အထိ ထုတ်ပေးနိုင်တဲ့ 8K TV, Samsung ရဲ့ room lighting အလိုက် ချိန်ညှိပေးပြီး မသုံးတဲ့အချိန်မှာ ရိုးရိုးနံရံလိုပဲဖြစ်နေမယ့် 8K TV တွေလိုမျိုးပါ။ ဒါပေမဲ့ အခုမှအစပြုတဲ့ နည်းပညာတွေ ဖြစ်တဲ့အတွက် သာမန်အိမ်တွေမှာသုံးဖို့တော့ နှစ်အနည်းငယ်အချိန်ပေးရဦးမှာပဲ ဖြစ်ပါတယ်။
.