- နှစ်ဟောင်းကုန်လို့နှစ်သစ်ရောက်ပြီဆိုတော့ ဒီ ၂၀၂၁ မှာခေတ်စားလာဦးမယ့် နည်းပညာတွေအကြောင်း ကျွန်တော်တို့ ခန့်မှန်းလို့ရသလောက်ဆွေးနွေးကြည့်ကြမယ်။ ဒါက ဖြစ်ကိုဖြစ်လာမယ်လို့တပ်အပ်ပြောတာမျိုး ထက် ဖြစ်လာနိုင်တာကို အကျိုးသင့်အကြောင်းသင့် စဉ်းစားမှာဖြစ်တဲ့အတွက် အတိအကျမှန်ချင်မှမှန်မယ် ဒါပေမယ့် ၂၀၂၁ ကိုပုံဖော်ပေးမယ့် technology တွေအကြောင်းကိုတော့ အနီးစပ်ဆုံး သိနိုင်ဖို့အထောက်အကူ ပြုပါလိမ့်မယ်။
- 5G
2020 မှာ 5G smartphone တွေအများအပြားထွက်ခဲ့သလိုပဲ 2021 မှာလဲ 5G က mainstream technology တစ်ခုအနေနဲ့ခေတ်စားဦးမယ့်သဘောရှိပါတယ်။ ပိုမြန်လာမယ့် data speed တွေ၊ coverage ပိုကောင်းလာမှာတွေနဲ့အတူ အရင်က 5G မရသေးတဲ့နေရာတွေမှာ 5G ရဖို့ကြိုးစားလာမှာတွေကို ၂၀၂၁ အတွင်း မှာတွေ့လာရမယ်။ ထို့အတူပဲ 5G handset တွေလဲ အရင်ကထက်ပိုပြီး ဈေးသက်သာလာမှာသေချာပါတယ်။ 5G အတွက် $1000 လောက်ပေးခဲ့ရတဲ့ခေတ်တွေက ကုန်ခဲ့ပြီး Pixel 4a 5G လို One Plus Nord လိုမျိုး 5G ရပြီးဈေးသက်သာတဲ့ device တွေမနှစ်ကထွက်ခဲ့သလိုပဲ ဒီနှစ်မှာလဲ Snapdragon 400 series နဲ့ 5G ရလာ မယ့် ဈေးအသက်သာဆုံးဖုန်းတွေထွက်လာနိုင်ပါတယ်။
- Affordable foldable, rollable phones
2020 က ခေါက်လို့ရတဲ့ foldable ဖုန်းတွေရဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ပြောရင်မမှားပါဘူး။ Samsung ရဲ့ Galaxy Fold 2 လိုမျိုး လက်တွေ့ဘဝမှာ practical ဖြစ်ဖြစ်သုံးလို့ရတဲ့ foldable ဖုန်းတွေကိုတွေ့ခဲ့ရပြီး ဈေးကြီးလွန်းနေတာကလွဲရင် တခြားအားနည်းချက်တွေပျောက်ကွယ်စ ပြုလာပြီလို့ပြောလို့ရတယ်။ နည်းပညာတစ်ခုက mature ဖြစ်လာတာနဲ့အမျှ ဈေးသက်သာလာလေ့ရှိတယ်ဆိုတဲ့အတွက် 2021 မှာ တော့ foldable ဖုန်းတွေထဲမှာမှ $1000 အောက်ဖုန်းတွေပေါ်လာမယ့် အခြေအနေရှိပါတယ်။ ပြီးတော့ LG တို့ Oppo တို့ကနေ လိပ်လို့ရတဲ့ rollable ဖုန်းတွေကို concept အသစ်တွေအနေနဲ့မြင်တွေ့ခဲ့ရသလို တခြား company တွေဆီကနေအခုထက်ပိုကောင်းမယ့် foldable ဖုန်းတွေမြင်တွေ့လာရနိုင်ပါတယ်။
- Under-display selfie camera
New Tech အကြောင်းပြောတဲ့အချိန်မှာ Under-display selfie camera တွေအကြောင်းချန်ခဲ့လို့လဲ မဖြစ်ပါဘူး။ Under display selfie camera 2020 မှာ ZTE ကနေထုတ်တဲ့ Axon 20 5G မှာတော့ ပထမဆုံးပါလာပြီ ဒါပေမယ့် camera quality က အားရလောက် တဲ့အထိတော့မကောင်းသေးပါဘူး။ Xiaomi, Oppo , Samsung စတဲ့ company တွေလဲ ဒီ နည်းပညာကို သုံးလာမယ့် အရိပ်အယောင်မျိုးတွေရှိတဲ့အတွက် 2021 က Under display selfie camera တွေခေတ်စားလာမယ့်နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။ အဲ့အချိန်မတိုင် ခင်အထိတော့ ကျွန်တော်တို့ display ပေါ်က punch-hole အပေါက်တွေကိုပဲမြင်နေရဦးမှာပါ။
- Flagship compact phones
2020 တုန်းကထွက်ခဲ့တဲ့ဖုန်းတွေထဲမှာ compact ဖြစ်တဲ့ဖုန်းတွေက လူကြိုက်များခဲ့တယ်။ ဥပမာ – Pixel 4a တို့၊ iPhone SE တို့လိုမျိုးပေါ့။ ပြီးတော့ Sony Xperia 5II တို့ iPhone 12 mini တို့လိုမျိုး compact flagship ဖုန်းတွေလဲ ကောင်းကောင်းမွန်မွန်ပြန်ထွက်လာတာကိုကြည့်မယ်ဆိုရင် display အကြီးကြီး ၊ battery အကြီးကြီးနဲ့ဖုန်းတွေကိုလူတွေ ငြီးငွေ့လာပြီဆိုတာကိုပြပါတယ်။ ဆိုတော့ 2021 ဟာ compact ဖုန်းတွေကို weight သိပ်လျော့ထားတာမျိုးမရှိဘဲ camera setup အကြမ်းစားတွေနဲ့ထွက်လာတာမျိုးမြင်ရမယ့်နှစ်တစ် နှစ်ဖြစ်လာနိုင်ပါတယ်။
Leave Your Comment