2019 to be the year of 48MP Camera
<Zawgyi>
Ref: First Sony, now Samsung — expect 2019 to be the year of 48-megapixel camera
<Unicode>
၂၀၁၉ ခုနှစ်က 48 Megapixel ကင်မရာတွေရဲ့ နှစ်တစ်နှစ် ဖြစ်လာမှာလား?
Samsung ရဲ့ နောက်ထွက်လာမယ့် ဖုန်းတွေမှာ 48 Megapixel နဲ့ 32 Megapixel ရှိတဲ့ camera sensor နှစ်ခုကို သုံးလာတော့မယ်လို့ သိရပါတယ်။ အဲဒီ camera sensor တွေကို ဒီနှစ်ရဲ့ နောက်ဆုံးသုံးလပတ်အတွင်းမှာ အရေအတွက်မာျးများ ထုတ်လုပ်ဖို့အတွက် Samsung က စိုင်းပြင်းနေပုံကိုထောက်ရင် နောက်နှစ်ထွက်လာမယ့် Galaxy S10 မှာ ထည့်ပြီးသုံးမယ့် အလားအလာရှိပါတယ်။
Samsung တင် မဟုတ်ပါဘူး။ ၂၀၁၉ မှာ အခြား ဖုန်းထုတ်လုပ်သူတွေလည်း ဒီ 48MP sensor တွေကို သုံးလာနိုင်ချေရှိပါတယ်။ Samsung က သူ့ရဲ့ camera sensor တွေကို အရေအတွက် တိုးထုတ်လာပြီး Xiaomi အပါအဝင် တခြားဖုန်းထုတ်လုပ်သူတွေကိုလည်း ရောင်းချပေးပါတယ်။ ဒါ့အပြင် စမတ်ဖုန်းတွေအတွက် camera sensor တွေကို အများဆုံးထုတ်လုပ်ပေးနေတဲ့ Sony ကလည်း သူ့ရဲ့ 48MP ရှိတဲ့ ကိုယ်ပိုင် sensor တစ်ခုကို ကြေညာထားတာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။
တကယ်လို့ အဲ့ဒီ camera sensors တွေကို လာမယ့်နှစ်မှာ ထွက်လာမယ့် ဖုန်းတွေမှာ သုံးဖြစ်မယ်ဆိုရင် အရင်ထွက်ခဲ့သမျှ Android Phone တွေ အားလုံးထက် Megapixel အရေအတွက် ပိုများလာမှာပါ။ လက်ရှိမှာ Megapixel အများဆုံးဆိုတဲ့ P20 Pro တောင်မှ 40MP ပဲရှိပါတယ်။ လက်ရှိ Samsung ရဲ့ အမြင့်ပိုင်းဖုန်းတွေမှာတောင် 12MP ကင်မရာတွေကိုပဲ သုံးထားတာဆိုတော့ အများကြီး ကွာခြားသွားမှာပါ။
Sensor အသစ်တွေရဲ့ pixel size ကလည်း 0.8µm သာရှိလို့ S9 မှာသုံးခဲ့တဲ့ 1.4µm ထက် ပိုသေးပါတယ်။ pixel size သေးလေ camera sensor မှာထည့်လို့ရမယ့် pixel အရေအတွက်များလေဖြစ်လို့ camera module ရဲ့ အရွယ်အစားကိုတိုးစရာမလိုပဲ resolution ပိုများစေနိုင်မှာပါ။ ဒါကြောင့် camera sensor ကို နေရာပေးဖို့အတွက် တခြား အစိတ်အပိုင်းတွေ (ဥပမာ -headphone jack) ကို ဖြုတ်စရာမလိုတဲ့အပြင် multiple camera setup တွေ ထည့်ရတာ ပိုလွယ်သွားစေပါတယ်။
Pixel size ပိုသေးတဲ့ sensors တွေ ဖန်တီးတဲ့နေမှာ ကြုံတွေ့ရတဲ့အခက်အခဲကတော့ pixel တစ်ခုချင်းစီ က ဖမ်းယူနိုင်တဲ့ အလင်းရောင် အားနည်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် pixel တွေကြားထဲက အလင်းထွက်တာ ကိုတားဆီးပေးနိုင်မဲ့ pixel isolation tech ကောင်းမွန်ဖို့အရေးကြီးတာဖြစ်ပါတယ်။ Samsung အနေနဲ့ အဲ့ဒီပြသနာကိုဖြေရှင်းဖို့အတွက် pixel တွေကို ပိုင်းခြားထားပေးတဲ့ metal barriers တွေရဲ့ နေရာမှာ fujifilm က တီထွင်ထားတဲ့ material အသစ်နဲ့ အစားထိုးမယ့် Isocell Plus technology ကိုအသုံးပြုထားတယ်လို့ ဆိုထားပါတယ်။ Sony ကတော့ သူ့ရဲ့ 48 MP sensor မှာ Quad Bayar color filter array ဆိုတဲ့ နည်းပညာ ကိုသုံးထားမှာဖြစ်ပြီး pixel size သေးနေရင်တောင်မှ အလင်းရောင်ကို အာရုံခံနိုင်စွမ်း မြင့်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Samsung ရဲ့ 32 MP sensor မှာ video ရိုက်တဲ့အချိန်နဲ့ တိုက်ရိုက်လွှင့်တဲ့အချိန်တွေမှာ HDR ရိုက်ကူးတဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းလာစေမယ့် real-time HDR feature ပါဝင်လာမယ်လို့ သိရပါတယ်။ Sony ရဲ့ sensor မှာတော့ 4K ကို 90fps နဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။
ဒီနှစ်ရဲ့ smartphone တွေမှာ multiple camera တွေ software tricks တွေခေတ်စားခဲ့ပေမယ့် နောက်နှစ်မှာတော့ megapixel count အများကြီနဲ့ ကင်မရာတွေ ခေတ်စားလာမယ်လို့ ခန့်မှန်းထားကြပါတယ်။