Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

အသစ်ထွက်လာတဲ့ Redmi K60 Ultra , Mi Pad 6 Max နဲ့ Mi Band 8 Pro တွေကဘာတွေပိုကောင်းလာလဲ?

၁၄ ရက်နေ့ကကျင်းပတဲ့တဲ့ Xiaomi ရဲ့ပွဲမှာ Mi Mix Fold 3 ရယ်၊ Mi Pad 6 Max ရယ် Redmi K60 Ultra ရယ်ကို ပြသွားတယ်။ အဲ့ဒီထဲမှာမှ Redmi K60 Ultra လေးက တော်တော်လေးကိုတန်နေတာ သတိထားမိတယ်ဗျ။ ဘာလို့လဲဆိုတော့ အရင် K50 Ultra ကိုမိတ်ဆက်သွားတဲ့ ဈေးထက်ရော K60 Pro ကို မိတ်ဆက်သွားတဲ့ဈေးထက်ရော သိသိသာသာ ပိုသက်သာနေပြီးတော့ တစ်ချို့အပိုင်းတွေမှာ အများကြီး ပိုကောင်းလာတာတွေရှိနေတာကြောင့်ပါ။

K60 Ultra မှာ ပထမဆုံး သဘောကျမိတဲ့အချက်က IP 68 rating ပါလာတာပါ။ အရင်ကလဲ Redmi ဖုန်းတွေက IP rating သာမပါတာ ရေစိုခံသင့်သလောက်တော့ခံတယ် ဆိုပေမယ့် IP rating ပါတော့ ပိုစိတ်ချလက်ချ ဖြစ်သွားတယ်။ Flagship လဲပိုဆန်လာတယ်။ ပြောရရင် K60 Ultra ရဲ့ hardware ပိုင်းမှာ Flagship မဆန်တဲ့အချက်ဆိုလို့ Camera နဲ့ Wireless charging မပါတာလောက်ပဲရှိတော့တယ်။

Display ကလဲ Peak brightness 2600 nits အထိတောင်ရတဲ့ 1.5K AMOLED 144Hz panel သုံးထားပေးတယ်။ တကယ့် flagship ဖုန်းတွေလို 1 to 144Hz variable refresh rate ရတဲ့ LTPO panel မဟုတ်တာကလွဲရင် spec အရတော့ တော်တော်လေးကောင်းတဲ့ display ပဲ။ နောက်ပြီးထူးခြားတာက သူ့မှာ pixelworks နဲ့ ပူးပေါင်းပြီးထုတ်ထားတဲ့ x7 chip ပါထည့်ထားတယ်။ အဲ့ကောင်လေးက Computer တွေမှာဆို dedicated GPU ပုံစံမျိုးနဲ့ဆင်တယ်။ အဲ့အတိုင်းကွက်တိအလုပ်လုပ်တာတော့မဟုတ်ဘူး။ သူက GPU ကထွက်လာပြီးသား ပုံရိပ်တွေကိုပဲ ကြားထဲက frame တွေကို Alogrithm တွေနဲ့ခန့်မှန်းပြီး ထပ်ထည့်ပေးတဲ့ post processor လို့ပြောလို့ရတယ်။ ဒီကောင်ထည့်ထားတဲ့အတွက် ဂိမ်းတွေကို 144Hz , 144fps မှာ ကောင်းကောင်းဆော့လို့ရသွားမယ်၊ ပိုလဲကြည်လာမယ်လို့ ကြေငြာသွားတယ်။ ဆိုတော့ ဒီအချက်ကလဲ gamer တွေအတွက်တော့ သတင်းကောင်းဖြစ်နိုင်တယ်။ Stereo speaker လဲပါတော့ Multimedia consumption ရော Gaming ရောမှာ ဒီဖုန်းက တော်တော်လေးမိုက်တယ်။

SoC ကလဲ game တွေကို 144fps မှာ ကောင်းကောင်းဆော့လိုရလောက်တဲ့ Dimensity 9200+ ကိုသုံးထားတယ်။ သူ့ performance က Snapdragon ဘက်မှာဆို Snapdragon 8 Gen 2 လောက်ရှိတယ်။ ဆိုတော့ လောလောဆယ် Android ဘက််မှာအကောင်းဆုံး SoC ထဲက တစ်ခုလို့ပြောလို့ရတယ်။

Camera က တော့ နဂိုတည်းက K series ဖုန်းတွေရဲ့အားသာချက်မဟုတ်တော့ သိပ်တော့မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် Main sensor က 50MP Sony IMX800 ကိုသုံးထားတာ။ Mi Mix Fold 3 မှာပါတဲ့ sensor နဲ့တူတူပဲ။ ဒါကြောင့်မို့ အရမ်းမကောင်းရင်တောင် စုတ်တော့ မစုတ်လောက်ဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ K60 Ultra camera သာမကောင်းရင် သူနဲ့ sensor တူတဲ့ Mix Fold 3 camera လဲ ကောင်းဖို့မလွယ်ဘူး။ 8K video ရိုက်လို့ရတာလဲ ဒီဈေးမှာ မဆိုးဘူးလို့ပြောရမယ်။ ကျန်တဲ့ 8MP ultrawide နဲ့ 2MP macro sensor တွေကတော့ ထုံးစံအတိုင်းပဲ သိပ်မကောင်းမှာသေချာသလောက်ရှိတယ်။ Selfie ကတော့ 20MP ထည့်ပေးထားတယ်။

5000 mAh battery နဲ့ 120W fast charging က 19 min ကို 100% ပြည့်မယ်။ ဒါလဲ ဒီ မီးပျက်တဲ့နိုင်ငံနဲ့တော့ ကွက်တိပဲ။

ဆိုတော့ ဂိမ်းဆော့မယ်၊ flagship level camera မလိုဘူး၊ IP68 rating လိုချင်တယ် ဈေးအရမ်းကြီးတဲ့ flagship တွေလဲမလိုချင်ဘူးဆိုရင် ဒီ K60 Ultra လေးက သူ့ 2599 Yuan ဆိုတဲ့ Launch price မှာမဆိုးဘူးလို့ပြောလို့ရတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၁၄ သိန်းကျော်ကျော်လောက်ကျနိုင်တယ်။

Mi Pad 6 Max ကတော့ ၁၄ လက်မ Tablet အကြီးကြီးပုံစံမျိုးထွက်လာတာ။ iPad Pro 13 inch နဲ့ Samsung Galaxy Tab S9 Ultra လို ပုံစံမျိုးပဲ။ ဈေးကတော့ အဲ့ဒီ ၂ ခုထက် အများကြီးပိုသက်သာတယ်။ Keyboard case နဲ့ Stylus လိုမျိုး Accessories တွေအကုန်ပါမှ ၂၆ သိန်းဝန်းကျင်လောက်ပဲကျမယ်။ သုံးထားတာက Snapdragon 8+ gen 1 SoC ဆိုတော့ performance က မိုက်တယ်။ 120Hz LCD panel ပဲသုံးထားတယ်။ 6.6 mm အထူနဲ့ 750g အလေးချိန်ကလဲ သူ့ size အရတော့ မဆိုးဘူး။ Tab S9 Ultra လောက်တော့ မပါးဘူး ၊ နည်းနည်းလဲပိုလေးတယ်။ လက်ထဲမှာကိုင်ထားတာထက် Keyboard case နဲ့ စားပွဲပေါ်တင်သုံးဖို့တော့ ပိုအဆင်ပြေလိမ့်မယ်။ ဂိမ်းတွေဘာတွေဆော့မယ်ဆိုလဲ ခလုတ်နဲ့ချိတ်ပြီးဆော့လို့ရတဲ့ emulator game တွေနဲ့ ပိုအဆင်ပြေမယ်။

Mi Band 8 Pro ကတော့ အရမ်းမထူးပါဘူး။အရင် Mi Band 7 Pro ထက် display လေးနည်းနည်းပိုကြီးလာတယ်၊ ပို sharp ဖြစ်သွားတယ်။ Brightness ပိုလင်းလာတယ်။ အဲ့လောက်ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် နာရီပုံစံမျိုးဝတ်ချင်ပြီးတော့ Mi Band ကို ကြိုက်တဲ့သူတွေအတွက်တော့ သဘောကျဦးမယ့် ပုံစံရှိတယ်။ ဈေးကတော့ ၂ သိန်းကျော်ကျော်လောက်ဖြစ်ပါလိမ့်မယ်။

လောလောဆယ် ဒီကိုမရောက်သေးတဲ့ အဲ့ဒီ product တွေအစား ရှိနေပြီးသား instock product တွေဝယ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Technoland Page ထဲမှာ ဖုန်းတွေ၊ tablet တွေ၊ Laptop တွေနဲ့ computer parts အစုံအလင်ကို စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ကြောင်းလဲ သတင်းကောင်းပါးလိုက်ပါတယ်။

AUTHOR

RELATED NEWS

မကြာခင်ကမိတ်ဆက်သွားတဲ့ Redmi Note 13 series တွေကဘာတွေပိုကောင်းလာလဲ?

ခုခေတ်လို ဖုန်းတွေဈေးအရမ်းတက်နေတဲ့အချိန်မှာ ဈေးအရမ်းမကြီးဘဲနဲ့ Price to Performance အရမ်းကောင်းတဲ့ Redmi Note series တွေက ရွေးချယ်ချင်စရာပါပဲ။ အဲ့လိုဖြစ်အောင်လဲ Xiaomi က တစ်နှစ်ထက်တစ်နှစ်

20230830-new

September မှာထွက်လာမယ့် iPhone 15 series တွေမှာ ဘာတွေထူးလာမလဲ?

iPhone အသစ်ထွက်ခါနီးထုံးစံအတိုင်းပဲ ဘာပါလာမယ်၊ ဘာပြောင်းသွားမယ်ဆိုတဲ့ leak တွေကတော့ မျိုးစုံထွက်နေပြီ။ ဒီနေ့ article လေးမှာတော့ iPhone 15 series ဖုန်းတွေမှာ ပါလာမယ့် features

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x