- Xiaomi ကတော့ လတ်တလောထွက်ထားတဲ့ Mi 11 နဲ့ Mi fan တွေရဲ့ အကြိုက်တွေ့ခြင်းခံနေရသလို MIUI 12.5 beta မှာပါတဲ့ code တစ်ချို့ အရ Xiaomi အနေနဲ့ 67W wireless charging ကို နောက်ထွက်လာမယ့် ဖုန်းအသစ်နှစ်လုံးမှာထည့်ပေးလာမယ်လို့ သတင်းထွက်နေတယ်။ Code name တွေအရ “star” နဲ့ “ mars” လို့နာမည်ပေးထားတဲ့ ဒီဖုန်း ၂ လုံးက ဘယ် model တွေအနေနဲ့ထွက်လာမလဲဆိုတာ စိတ်ဝင်စား စရာပါပဲ။
- ပထမတစ်လုံးကတော့ သိပ်မကြာခင်ထွက်လာဖို့ရှိနေတဲ့ Mi 11 Pro ဖြစ်နိုင်ပြီး တစ်ခြားတစ်ခုကိုတော့ မသိရသေးဘူး။ အရင် Lineup တွေအရပြန်ကြည့်မယ်ဆိုရင်တော့ Mi 11 Ultra များဖြစ်လာမလား? စောင့်ကြည့်ရဦးမယ်။ ဒါမှမဟုတ်ဖုန်းအတူတူကိုမှပဲ region ကွဲနေလို့ code name ကွာနေတာမျိုးလဲ ဖြစ် တော့ဖြစ်နိုင်တယ်။ သေချာတာကတော့ ဒီဖုန်း ၂ ခုလုံးမှာ Snapdragon 888 SoC ကိုသုံးထားတယ်။
- အခုနောက်ဆုံး 67W wireless charging နဲ့ထွက်လာမယ်ဆိုတဲ့ သတင်းမထွက်ခင်မှာ Mi 11 Pro မှာ 80W wireless charging ပါလာမယ်ဆိုတဲ့ သတင်းမျိုးထွက်ထားတာလဲရှိနေတယ်။ ဆိုတော့ Xiaomi အနေနဲ့ 80W wireless charging ကို အကြောင်းတစ်ခုခုကြောင့်များ 67W အနေနဲ့ပြောင်းလိုက်တာမျိုးဖြစ်မလား ? စောင့်ကြည့်ရပါဦးမယ်။ 67 W wireless charging နဲ့ဖုန်းတွေမထွက်လာခင်တော့ လောလောဆယ်မှာ 50W wireless charging တွေကအမြန်ဆုံးဖြစ်ပြီး Mi 11 နဲ့ Mi 10 Ultra တွေမှာသုံးထားပါတယ်။
Leave Your Comment