Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

ဖုန်းပြင်ဆိုင်တွေမပို့ခင် factory reset ချစရာမလိုတော့အောင်လုပ်ပေးမယ့် Google ❗

20231031-02

Factory reset မချဘဲနဲ့ ကိုယ့်ဖုန်းကို သူများလက်ထဲထည့်ပေးလိုက်တာက ကိုယ့် data တွေကို “ရော့ ယူပါ” ဆိုပြီးပေးလိုက်တာနဲ့ အတူတူပါပဲ။ အထူးသဖြင့် ဖုန်းပြင်ရမယ်ဆိုရင် မပြင်ခင်မှာ အထဲက photo လိုမျိုး private data တွေကို တစ်ခုခုထဲ backup ယူထားပြီး factory reset ချပြီးမှ သွားပြင်သင့်ပါတယ်။ မဟုတ်လို့ ethic မရှိတဲ့ ဖုန်းပြင်ဆိုင်နဲ့တိုးရင် ဟိုတစ်လောက video တွေပေါက်ကြားတဲ့ ဖြစ်ရပ်လိုမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ ဖုန်း display ပျက်သွားတာလိုမျိုး၊ ဒါမှမဟုတ် လုံးဝ အလုပ်မလုပ်တာလိုမျိုး factory reset ချလို့မရတဲ့ အခြေအနေမျိုးလဲရှိနိုင်ပါတယ်။ အဲ့လိုမျိုးအတွက် Technician ကို Pin တွေ Password တွေမပေးခင် Factory reset ချစရာမလိုဘဲနဲ့ ဖုန်းပြင်တဲ့ technician တွေကို အထဲက data တွေမမြင်ရအောင်၊ ကူးယူလို့မရအောင် ကာကွယ်ပေးတဲ့ feature တစ်ခု Android မှာ build in ပါလာနိုင်ခြေရှိနေတယ်လို့ဆိုပါတယ်။ Google က အဲ့ဒါကို “Repair Mode” လို့ နာမည်ပေးထားပြီးတော့ AOSP repository ထဲက code တွေထဲမှာ စတွေ့နေရပြီဖြစ်ပါတယ်။ လက်ရှိသိရသလောက်တော့ repair mode က Samsung ဖုန်းတွေမှာပါနေတဲ့ maintenance mode နဲ့ အတော်လေးဆင်တူပါတယ်။ Repair Mode active ဖြစ်နေတဲ့အချိန်မှာ ဖုန်းက factory reset ချထားသလိုပုံစံမျိုး ဘာ data , app မှ မပါဘဲနဲ့ အသစ်လိုဖြစ်နေမှာဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ password နဲ့ repair mode ကိုပြန်ပိတ်ပြီးမှပဲ အထဲက data တွေပြန်ပေါ်လာမှာပါ။

ဒီ repair mode အလုပ်လုပ်တဲ့ပုံစံကတော့ Google က device ပေါ်မှာ နဂို user နဲ့မသက်ဆိုင်တဲ့ user account အသစ်တစ်ခုဖန်တီးလိုက်တာမျိုး ဖြစ်ဖို့များပါတယ်။ လောလောဆယ်တော့ ဒီ feature က စမ်းသပ်နေတုန်းအဆင့်မှာပဲရှိပြီးတော့ Android 14 QPR1 Beta builds မှာစပါလာပါပြီ။ ဒါပေမယ့် အဲ့ဒီ feature ကို ဘယ်လိုဖွင့်ရမလဲ၊ ဘယ်လိုသုံးရမလဲဆိုတဲ့ instruction တွေထည့်ထားတဲ့ setting ကတော့ develope လုပ်နေဆဲအဆင့်မှာပဲရှိပါသေးတယ်။

Repair mode feature သာ Android ဖုန်းတွေအကုန်လုံးမှာ ပါလာရင် Technician တွေအနေနဲ့လဲ ဖုန်းကို ပြင်ပြီးရင် hardware တွေအလုပ် လုပ်မလုပ် သေချာစမ်းလို့ရမှာဖြစ်ပြီးတော့ user တွေအနေနဲ့လဲ အထဲက data တွေပေါက်ကြားမှာ မပူရတော့ပါဘူး၊ backup လုပ်ဖို့လဲအလုပ်မရှုပ်တော့ဘူးပေါ့။

AUTHOR

RELATED NEWS

google-drive

User တစ်ချို့ Google Drive မှာသိမ်းထားတဲ့ data တွေပျောက်သွားလို့ ပြသနာအရှာခံနေရတဲ့ Google

ခုခေတ်မှာ Google drive လို cloud storage တွေက တစ်ချို့လူတွေအတွက် အဓိက file သိမ်းဆည်းတဲ့ နေရာတစ်ခုအဖြစ်နေရာယူထားပါတယ်။ Cloud storage တွေရဲ့အားသာချက်ဖြစ်တဲ့ အင်တာနက်ရှိတဲ့

20231128-01

SoC တွေပေါ်မှာ On Device AI တွေအပြိုင်အဆိုင်ထည့်ပေးလာတဲ့ Qualcomm နဲ့ Mediatek

SoC တွေပေါ်မှာ On Device AI တွေအပြိုင်အဆိုင်ထည့်ပေးလာတဲ့ Qualcomm နဲ့ Mediatek ChatGPT လိုမျိုး Generative AI တွေက ခုချိန်မှာတော့ တကယ့်စတားတွေပါပဲ။ လူတွေက

2023113-news

ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … )

နိုင်ငံတစ်ချို့မှာ ကြော်ငြာမတက်စေချင်ရင် ပိုက်ဆံပေးပြီးသုံးလို့ရတော့မယ့် Facebook နဲ့ Instagram (ဈေးတော့ နည်းနည်း များမယ် … ) Meta က အဓိကအားဖြင့် ကြော်ငြာတွေကနေ ပိုက်ဆံရှာတာဆိုပေမယ့်

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x