Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

တစ်နေ့တာ အလုပ်တွေပုံနေတတ်တဲ့သူဆိုရင် အောက်က မိုဘိုင်းအက်လေးတွေက ကူညီပေးနိုင်ပါတယ်နော်…

viber_image_2022-08-06_15-25-04-674

Todoist

အသုံးပြုရတာ ရိုးရှင်း လွယ်ကူတဲ့အပြင် တစ်နေ့တာ လုပ်ငန်းစဥ်ကို
Deadline နဲ့အညီ သတ်မှတ်
ထားနိုင်လို့ Todoist နဲ့ဆိုရင်
အရေးကြီးတဲ့ အလုပ်တွေကို မေ့ကျန်တော့မှာ မဟုတ်ပါဘူး။

Forest

မကိုင်ရမနေနိုင် ဖုန်းတွေ
ကြောင့် အလုပ်တွေ နှေးကွေးနေရတယ်ဆိုရင် Forest ဆိုတဲ့ App လေးနဲ့ အပင်လေး စိုက်ထားလိုက်ပါ။ ဖုန်းနဲ့ ဝေးနေသမျှ အပင်လေးက ကြီးထွားလာမှာဖြစ်ပြီး အချိန်မတိုင်ခင် App လေးကို ထွက်လိုက်ရင်တော့ အပင်လေးက သေသွားမို့ အာရုံတွေ မများစေတော့ဘူးပေါ့။

Trello

Team လိုက်၊ Group လိုက် အလုပ်တွေလုပ်ဖို့ စဥ်းစားနေရင်တော့ Trello က စနစ်ကျစေပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အလုပ်တာဝန်တွေ သာမက
အသင်းလိုက် အဖွဲ့လိုက်ရဲ့ အလုပ်တွေကိုပါ သတ်မှတ်ထားနိုင်လို့ လွဲချော်တာမျိုး မရှိအောင် ကူညီပေးနိုင်ပါတယ်။

Pocket

Google မှာ ရှာရင်းဖွေရင်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းလေးတွေ့ရင် နောက်မှ ဖတ်မယ်ဆိုပြီး ပျောက်သွားတဲ့ အဖြစ်တွေကြုံဖူးတယ်မလား? Pocket App လေးနဲ့ဆို Category အလိုက် web page လေးတွေကို သိမ်းထားနိုင်လို့ အလုပ်အတွက် အထောက်အကူပြုတဲ့ အကြောင်းအရာလေးတွေဆို အချိန်မရွေး ပြန်ဝင်ကြည့်လို့ ရပါတယ်။

ဒါဆိုရင် အခု Technoland က ဖော်ပြပေးလိုက်တဲ့ မိုဘိုင်းအက်လေးတွေရဲ့ အကူအညီနဲ့ နေ့ရက်တိုင်းကို Productive ဖြစ်နိုင်ကြပါစေ…

AUTHOR

RELATED NEWS

may-23-news-01

Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?

AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။  AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။

may-10-news

iPad တွေနဲ့ယှဉ်ပြိုင်ဖို့ထွက်လာတဲ့ One Plus Pad

ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem

Article-Phone-Lost

Color Printer သုံးတဲ့သူတွေ Error နည်းအောင်သိထားသင့်တဲ့အချက်များ

Color Printer သုံးတဲ့သူတွေ error နည်းအောင်သိထားသင့်တဲ့အချက်များ ပုံမှန်အားဖြင့် Color printer တွေမှာဖြစ်လေ့ရှိတဲ့ error တွေကတော့.. မှင်မထင်တာအရောင်မမှန်တာစာရွက်ညှပ်တာPrinter ကိုစက်ကမသိတာ စတာတွေဖြစ်ပါတယ်။ ဆိုတော့ မှင်မထင်တာနဲ့ပတ်သက်တဲ့ဖြေရှင်းနည်းကတော့

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x