Get an extra 10% off or more on select hotels with Member Pricing Join now, it’s free!
logo
0

My Cart

0 Item(s) -Ks

There are 0 item(s) in your cart
Subtotal: Ks
HOME

ညကပြုလုပ်သွားတဲ့ “Apple Far Out Event” September 2022 မှာ Apple က ဘာတွေ မိတ်ဆက်သွားခဲ့သလဲ ?

Apple-New-Website

မနေ့က Apple event မှာ Apple Watch Series 8, AirPods pro အသစ်နဲ့ iPhone အသစ် ၄ လုံးကိုမိတ်ဆက်သွားပါတယ်။ အဲ့ဒါတွေအကုန်လုံးမှာ တော်တော်လေးမိုက်တဲ့ အပြောင်းအလဲတွေ၊ features အသစ်တွေလဲ ပါလာတယ်။ ဆိုတော့ iPhone အသစ်တွေမှာ ဘာတွေထူးမလဲ ကြည့်ရအောင်…
ပထမဆုံးမိတ်ဆက်သွားတဲ့
#iPhone 14
iPhone 14 ကတော့ ဘာမှအရမ်းကြီးသိပ်မထူးဘူး ၊ အရင် design နဲ့ 6.1-inch display ကိုမှ notch လဲပါနေတုန်းပဲ။ Display က 1200 nits အထိရတဲ့ Super Retina XDR OLED ပါတယ်။iPhone 14 plus က 6.7 inches ဖြစ်မယ်။ iPhone 13 Pro မှာသုံးထားတဲ့ A15 bionic chip ကိုဆက်သုံးထားပြီးတော့ 5 core GPU ဖြစ်သွားတယ်။ A15 ရဲ့ computational photography ကြောင့် camera ပိုကောင်းလာတယ်။ 12MP main camera မှာ ပိုကြီးတဲ့ sensor ထည့်ပေးလာပြီး 1.9-micron pixels ရှိမယ်, f1.5 aperture နဲ့ sensor-shift OIS တွေပါတယ်။ ဆိုတော့ အလင်းရောင်အားနည်းတဲ့နေရာတွေမှာရိုက်ရင် 50% လောက်ပိုကောင်းလာတယ်။ ပြီးတော့ Deep Fusion ကို processing ရဲ့ အစောပိုင်းတွေမှာလုပ်မှာမို့လို့ ပုံမှာ detail အများကြီးကျန်မယ်၊ အဲ့ဒါကို photonic engine လို့ apple ကခေါ်တယ်။ Photonic engine ကြောင့် lowlight မှာ ultrawide နဲ့ front camera က 2ဆ ပိုကောင်းလာမယ်၊ main camera မှာက ၂ ဆခွဲလောက်ပိုကောင်းလာမယ်လို့ပြောသွားတယ်။ front-facing camera မှာလဲ auto focus ကိုတိုးတက်အောင်လုပ်ထားတယ်။ Emergency SOS via Satellite ဆိုတာပါလာတယ်။,Connection လုံးဝမရှိတဲ့နေရာမှာ တစ်ခုခု အရေးပေါ်ဖြစ်ရင် ဖုန်းကို satellite ရှိတဲ့နေရာကိုချိန်ထားပြီး message ပို့ရမှာ၊ ဖုန်းမှာပါတဲ့ SoS software က ဘယ်နေရာကိုချိန်ရမလဲဆိုတာကိုပြောပြပေးမယ်လို့ပြောတယ်။ ဒီမှာအလုပ်ဖြစ်မလားမဖြစ်မလားတော့ မသိရသေးဘူး။ အဲ့ဒီ feature ကို ၂ နှစ် free ရမယ်။ အဲ့ဒါကုန်လို့ ဝယ်သုံးရရင်ဘယ်လောက်ပေးရမလဲတော့မပြောသွားဘူး။ ဈေးတွေက Apple’s iPhone 14 က $799 , iPhone 14 Plus က $899 ကျမယ်။ iPhone 14 ကို Sept. 16 နဲ့ iPhone 14 Plus ကို Oct. 7 မှာစရောင်းမယ်။ အရောင်က midnight, starlight, blue, purple, red ဆိုပြီး ၅ မျိုးရွေးလို့ရမယ်။
#iPhone 14Pro & ProMax
iPhone 14 pro နဲ့ pro max မှာတော့ design အပြောင်းအလဲကိုမြင်ရမယ်။ punch hole ပုံစံမျိုးဖြစ်သွားပေမယ့် နေရာယူထားတာတော့ အလယ်တစ်ခုလုံးဆိုတော့ ကြီးနေတုန်းပဲ။ ဒါပေမယ့် Dynamic island လို့ခေါ်တဲ့ information တွေကို punch hole ကနေပြပေးတဲ့ပုံစံတွေ၊ animation တွေက တော်တော်ကြီးကို မိုက်တယ်၊ fluid ဖြစ်လွန်းတယ်။ Dynamic island က Background activity တွေ phone call တွေကိုပါပြပေးနိုင်တယ်။ Face unlock အတွက်သုံးတဲ့ True-depth camera က 30% ပိုသေးသွားတယ်၊ proximity sensor ကိုလဲ display အောက်ကိုရွှေ့လိုက်တယ်။ 14 Pro display က 6.1 inches နဲ့ Pro Max က 6.7 inches ရှိမယ်။ Pro display XDR လိုမျိုး 1600 nits brightness အထိရမယ်။ အများဆုံး 2,000 nits အထိရောက်နိုင်တယ်လို့ပြောတယ်။ Lock screen မှာ always on display ပါမယ်။ Always on display မှာ wallpaper မှာထားထားတဲ့လူရဲ့ အသားအရောင် skin tone ကိုပါထိန်းပေးထားတာမျိုးလုပ်ပေးထားနိုင်တာက တော်တော်လေးမိုက်တယ်။ SoC အသစ်ဖြစ်တဲ့ A16 bionic chip ပါလာပြီး လောလောဆယ် smartphone တစ်လုံးမှာ အမြန်ဆုံး chip ဖြစ်တယ်။ power efficiency, display နဲ့ camera တွေကို focus လုပ်ထားတယ်။ 4nm process ပေါ်မှာတည်ဆောက်ထားပြီးတော့ အရင်ကထက် ပိုမြန်မယ်၊ ပိုလဲ အားခံမယ်လို့ဆိုတယ်။ 6 core CPU ကိုသုံးထားပြီး high-performance core 2 ခုပါမယ်။ A 16 က CPU, GPU, neural engine နဲ့ ISP တွေကိုသုံးပြီး ပုံတစ်ခုကို 4 trillion process အထိ လုပ်နိုင်တယ်။
Camera ပိုင်းမှာ Main camera က 48 MP quad-pixel sensor ကိုသုံးထားတယ်။ iPhone 13 pro ထက် 65% ပိုကြီးလာတယ်၊ 24mm focal length ရှိမယ်။ Main camera က low light photos တွေမှာ ၂ ဆပိုကောင်းလာမယ်လို့ပြောတယ်။ Colors, light နဲ့ detail တွေလဲပိုကောင်းလာမယ်။ ပြီးတော့ 48MP ProRAW နဲ့ရိုက်လို့ရတဲအ့တွက် Crop လုပ်တဲ့အခါမှာ detail တွေအများကြီးကျန်မယ်။ 2x telephoto camera ကလဲပိုကောင်းလာတယ်။ quad-pixel sensor ကိုသုံးပြီးတော့ 0.5x, 1x, 2x နဲ့ 3x ဆိုပြီး zoom options တွေပေးထားမယ်။ 3x အထိ optical-quality ရမယ်။ ပြီးတော့ telephoto lens နဲ့ပဲ 4k ရိုက်လို့ရမယ်။ Ultrawide camera အသစ်က light capture လုပ်တာနဲ့ macro photo ရိုက်တာတွေမှာတိုးတက်လာတဲ့အပြင် flash မှာလဲ ပိုကောင်းတဲ့ LED array တွေကြောင့်မို့လို့ အရင်ကထက် ပိုလင်းမယ်။
Video capture မှာလဲ 4K HDR ကို 24fps နဲံရိုက်လို့ရမယ်။ ပြီးတော့ iPhone 14 Pro တွေမှာပါတဲ့ Action mode က gimbal နဲ့ရိုက်ထားတာနီးပါးလောက်ကို stable ဖြစ်တယ်လို့ပြောသွားတယ်။ Battery life က all-day battery life လို့ကြေငြာသွားပြီးတော့ iPhone 14 pro က video playback မှာ 23 hours နဲ့ pro max က 29 hours အထိရမယ်။ Apple watch မှာလိုပဲ ကားတိုက်ရင် သိနိုင်မယ့် crash detection ပါတယ်။ ဈေးတွေကတော့ iPhone 14 Pro က $999 ကျမယ် iPhone 14 Pro Max က $1099 ကျမယ်။ Sept. 16 ရက်နေ့မှာစရောင်းမယ်။ ကျွန်တော်ကတော့ iPhone 14 Pro ကလူအများစုအတွက် ရွေးချယ်ချင်စရာ အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်။ ဈေးကလဲ iPhone 14 Plus ထက် $200 လောက်ပဲပိုများတာဆိုတော့ iPhone 14 Plus က လူကြိုက်နည်းလောက်မယ်။
Gadgets အသစ်တွေအနေနဲ့
#AirpodsPro
Airpods pro အသစ် မှာ H2 chips ဖြစ်သွားတယ်။ Sound quality အတွက် ပိုကောင်းတဲ့ driver နဲ့ amplifier ပါလာတယ်။ ခေါင်းအရွယ်အစားနဲ့ နားရွက်ကို iPhone က camera နဲ့တိုင်းပြီး ပိုတိကျ၊ ပိုမိုက်တဲ့ personalize spatial audio ရမယ်။ Chip အသစ်ကြောင့် ANC မှာ AI ကိုသုံးပြီး noise cancellation က ၂ ဆအထိပိုကောင်းလာမယ်။ Extra small size ear tips ပါလာတယ်။ 48,000 times per sec compute လုပ်နေတာမို့လို့ ANC ကတော်တော်ကြမ်းတယ်။ Control အသစ်အတွက်ကို touch နဲ့ volume up down လုပ်လို့ရသွားပြီ။ ဒါက fan အများစုလိုချင်နေတဲ့ feature လို့ပြောလို့ရတယ်။ အားက 6 နာရီအထိခံမယ်။ အရင်ကထက် 33% အားပိုခံလာတဲ့သဘောပဲ။ ဆိုတော့ Total playtime 30 hours အထိဖြစ်သွားတယ်။ Find my နဲ့ Charging case ကိုပါရှာလို့ရမယ်။ ရှာရလွယ်အောင် Case မှာ speaker လဲပါလာတယ်။ ဈေးက 249$ ကျမယ်၊ Sep 23 မှာစရောင်းမှာဖြစ်ပါတယ်။
#watchseries8
Watch series 8 မှာ Temperature sensor ပါလာပြီးတော့ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကိုတိုင်းတာပေးနိုင်ပြီး ဘယ်အချိန်မှာ မ မျိုးဥကြွေမလဲဆိုတာကို ခန့်မှန်းပေးနိုင်မယ်။ ကလေးလိုချင်တဲ့သူတွေအတွက် အကူအညီဖြစ်လိမ့်မယ်။ ကားတိုက်တာကို သိနိုင်တဲ့ Car crash detection လဲပါလာတယ်။ ကားတိုက်တာနဲ့ အလိုအလျောက် emergency service တွေကိုခေါ်ပေးမယ်၊ location ပို့ပေးမယ်၊ emergency contact ကိုလဲ အကြောင်းကြားပေးနိုင်တယ်။ ဒါက တော်တော်လေးကို အသုံးဝင်တယ်လို့ပြောရမယ်။ ဈေးတွေက 399$ for GPS နဲ့ 499$ for cellular ကျသင့်မှာဖြစ်ပြီးတော့ Sep 16 မှာစရောင်းမှာပါ။
Apple watch series 8 နဲ့ အတူ ultra ကိုလဲမိတ်ဆက်သွားတယ်။ Ultra မှာ Design ကလုံးဝပြောင်းသွားပြီးတော့ အကြမ်းအခံဆုံးနဲ့ အကောင်းဆုံး apple watch ဖြစ်လာတယ်။ Body ကို Aerospace grade titanium နဲ့ တည်ဆောက်ထားပြီး sapphire glass နဲ့အုပ်ထားတယ်။ 49 mm ဆိုတော့ size က တော်တော်လေးကြီးတယ်။ Display ကလဲ brightness ပိုများပြီး ပိုကြီးလာတယ်။ digital crown အပြင်ကို နောက်ထပ် customizable Action button ပါပါလာတယ်။ cellular built-in နဲ့ပဲလာမယ်။ Battery ကလဲ အားတစ်ခါသွင်းထားရင် 36 နာရီခံမယ်။ low battery mode နဲ့ဆို နာရီ ၆၀ အထိရမယ်။ မတူညီတဲ့ adventure တွေအတွက် special bands တွေလုပ်ပေးထားတယ်။ အဆောက်အဦးတွေကြားထဲမှာတောင် ပိုတိတိကျကျ တိုင်းနိုင်ဖို့ dual-frequency GPS ပါလာတယ်။ WR100 water resistant ပါတဲ့အတွက် ပေ ၁၃၀ ထိ ရေငုပ်ခံနိုင်တယ်။ ဈေးနှုန်းက 799$ နဲ့ september 23 မှာစရောင်းမှာဖြစ်ပါတယ်။
ယခုလိုမျိုး Artical လေး​ တွေကို ဖတ်ရှု့နိုင်ဖို့အတွက် Technoland Facebook Page ,Website နဲ့ Telegram Channel တွေကို Like & Join လုပ်ထားဖို့တော့လိုမယ်နော်

AUTHOR

RELATED NEWS

may-23-news-01

Chat GPT AI ကို ဘယ်လိုနေရာတွေမှာ ဘယ်လိုမျိုး အကျိုးရှိရှိသုံးမလဲ?

AI က ကျွန်တော်တို့ကိုအစားထိုးလာမယ်ဆိုတဲ့ ခေတ်မရောက်သေးခင်မှာ သူတို့ကို ကိုယ့် အလုပ်တွေပိုပြီးအောင်.. ကိုယ့်အတွက်အကျိုးရှိအောင် အသုံးချလို့ရတဲ့ခေတ်က ရှိနေဦးမှာပါပဲ။  AI ကိုသုံးတတ်တဲ့သူတွေက အလုပ်ပိုမြန်မြန်ပြီးမယ်၊ သက်သာမယ်၊ တခြားပိုအရေးကြီးတဲ့အလုပ်တွေ လုပ်ဖို့အချိန်တွေပိုထွက်လာပါလိမ့်မယ်။

may-10-news

iPad တွေနဲ့ယှဉ်ပြိုင်ဖို့ထွက်လာတဲ့ One Plus Pad

ဒီဘက်နှစ်တွေမှာ Android Tablet တွေတဖြည်းဖြည်းရွေးချယ်စရာနည်းလာပြီးတော့ tablet market မှာ iPad တွေပဲ မင်းမူနေတာ သတိထားမိကြမှာပါ။ Hardware performance ချင်းသိပ်မကွာရင်တောင် Apple ecosystem

Article-Phone-Lost

Color Printer သုံးတဲ့သူတွေ Error နည်းအောင်သိထားသင့်တဲ့အချက်များ

Color Printer သုံးတဲ့သူတွေ error နည်းအောင်သိထားသင့်တဲ့အချက်များ ပုံမှန်အားဖြင့် Color printer တွေမှာဖြစ်လေ့ရှိတဲ့ error တွေကတော့.. မှင်မထင်တာအရောင်မမှန်တာစာရွက်ညှပ်တာPrinter ကိုစက်ကမသိတာ စတာတွေဖြစ်ပါတယ်။ ဆိုတော့ မှင်မထင်တာနဲ့ပတ်သက်တဲ့ဖြေရှင်းနည်းကတော့

Leave a Reply

Your email address will not be published. Required fields are marked *

Wishlist

Shopping Cart

Subtotal: Ks
x