#Lenovo Laptop Promotion

Technoland မှာ Laptop ဝယ်ယူပြီး ပြန်အမ်းငွေ
🔴 ၂ သိန်း ၃ သောင်း ကျပ်
🔴 ၁ သိန်း ၁ သောင်း ကျပ် နဲ့
🔴 ၇ သောင်းကျပ် အသီးသီး ရနိုင်မယ့် ပရိုမိုးရှင်းအစီအစဉ်လေးကို စိတ်ပါဝင်စားတဲ့သူတွေ အရမ်းများတာကြောင့် ယခင် ဇွန်လ ၁၄ ရက်ကနေ အခု ဇွန်လ ၂၅ ရက် အထိ ပရိုမိုးရှင်းကာလကို တိုးမြှင့်ပေးလိုက်ပြီနေ်ာ။ ^_^

၆ လ၊ ၉ လ၊ ၁၂ လ၊ ၁၈ လ အရစ်ကျစနစ်နဲ့ Technoland ဆိုင်ခွဲတွေမှာ လာရောက်ပြီး ဝယ်ယူလို့ရသလို မိုးရာသီမို့ ဆိုင်အထိလာဝယ်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင်လည်း ကျွန်တော်တို့ Technoland က မြို့နယ်အလိုက် အသက်သာဆုံး ပို့ခတွေနဲ့ အိမ်တိုင်ရာရောက် ကားနဲ့ လာပို့ပေးနေပါပြီခင်ဗျာ။
☎ 09 – 97003 5101 ~ 04

ရောင်းချပေးမယ့် Laptop အမျိုးအစားတွေကတော့

🔴 Lenovo IdeaPad 320 – 15IKBRN i5 (၇၀,၀၀၀ ကျပ် discount)
⭕ Intel Core i5 (8th Generation)
⭕ 4GB DDR4 2133 ONBOARD
⭕ 1TB HDD
⭕ 15.6” HD
⭕ Graphic Card – N17S-G1 GDDR5 2G
⭕ 2 Cells 30WH
⭕ Warranty 1 Year
⭕ မူရင်းဈေး – ၈၃၄,၀၀၀ ကျပ် | လက်ရှိဈေး – ၇၆၄,၀၀၀ ကျပ်

🔴 Lenovo IdeaPad 320 – 15IKBRN i7 (၁၁၀,၀၀၀ ကျပ် discount)
⭕ Intel Core i7 (8th Generation)
⭕ 4GB DDR4 2133 ONBOARD
⭕ 1TB HDD
⭕ 15.6” FHD
⭕ Graphic Card – N17S-G1 GDDR5 4G
⭕ 2 Cells 30WH
⭕ Warranty 1 Year
⭕ မူရင်းဈေး – ၁,၀၅၀,၀၀၀ ကျပ် | လက်ရှိဈေး – ၉၄၀,၀၀၀ ကျပ်

🔴 Lenovo Y520 – 15IKBN i7 (၂၃၀,၀၀၀ ကျပ် discount)
⭕ Intel Core i7 (7th Generation)
⭕ 8GB DDR4 2400
⭕ 2TB HDD + 128GB SSD
⭕ 15.6” FHD IPS AG (SLIM)
⭕ N17P-G0 GDDR5 4G
⭕ 4 Cells 45WH
⭕ Warranty 1 Year
⭕ မူရင်းဈေး – ၁,၅၇၅,၀၀၀ ကျပ် | လက်ရှိဈေး – ၁,၃၄၅,၀၀၀ ကျပ်

#HP Laptop Promotion

ဇွန်လထဲမှာ HP laptop ဝယ်ယူပြီး Technoland ကနေ ပြန်အမ်းငွေ ၄၅ ဒေါ်လာ အထိ ရယူလိုက်ပါ။ 😉

Technoland မှာ ဝယ်ယူအားပေးကြတဲ့ ချစ်မိတ်ဆွေတွေကို ဇွန်လအတွင်း

HP Pavilion 15-CC770/71/72TX (i7) ဝယ်ယူမယ်ဆိုရင် ပြန်အမ်းငွေ ၃၀ ဒေါ်လာ
HP Pavilion 15-CC059TX (i7) ဝယ်ယူမယ်ဆိုရင် ပြန်အမ်းငွေ ၃၅ ဒေါ်လာ
HP 14-BS547TU (Pentium) ဝယ်ယူမယ်ဆိုရင် ပြန်အမ်းငွေ ၄၅ ဒေါ်လာ အထိ မေတ္တာလက်ဆောင် ပြန်ပေးနေပါပြီ။

အခြား laptop တွေကိုလည်း ပရိုမိုးရှင်းတွေပေးနေလို့ laptop ဝယ်မယ်ဆိုရင် Technoland ကို အရင်ဆုံး သတိရလိုက်နော် 🙂

HP
15-cc770/1/2TX(i7)
• Intel Core i7-7500U 7th Gen;
(2.7GHz,4MB Cache)
• Window 10 Home
• 8GB DDR4, 1TB HDD
• Nvidia Geforce 940MX 4GB
• 15.6” diagonal FHD SVA anti-glare
• Without Drive
• 3 Cell Battery

မူရင်းဈေး = $843
ယခုဈေး = $813
ပြန်အမ်းငွေ = 15,000Ks
—————————————————–
14-bs547TU (Pentium)
• Intel Pentium N3710 Processor
(1.6GHz,2MB Cache)
• 4GB DDR3L • 500GB HDD
• Intel HD Graphic
• 14″ Diagonal HD Bright
View LED-backlit Display
• Card Reader,USB 2.0,3.1
• 4 Cell Battery

မူရင်းဈေး = $360
ယခုဈေး = $315
ပြန်အမ်းငွေ = 15,000Ks
—————————————————–
HP
15-cc059TX (i7)
• Intel 7th Gen; i7-7500U Processor
(2.7GHz,4MB Cache)
• Windows 10 Home
• 8GB DDR4 Memory • 1TB HDD
• Nvidia Geforce 940MX 4GB
• 15.6″ Diagonal FHD FVA Anti-glare
• 3Cells battery

မူရင်းဈေး = $883
ယခုဈေး = $848
ပြန်အမ်းငွေ = 15,000Ks

အိမ်မှာ Unlimited Internet တပ်သင့်တဲ့အကြောင်းရင်း ၃ ချက်

ဟိုးအရင်တုန်းက ooredoo တို့ telenor တို့ မရှိသေးခင် MPT က ၁ မိနစ်ကို GSM(2G) ဆို ၂ ကျပ် WCDMA (3G) ဆို ၄ ကျပ်နဲ့ သုံးခဲ့ကြရတာကို မှတ်မိကြဦးမှာပါ။ ခုဘာကြောင့် unlimited internet တပ်သင့်လဲဆိုတာကို မပြောခင် အဲဒီအချိန်တုန်းက တစ်ရက်ကို ဘယ်လောက်ကုန်ခဲ့လဲဆိုတာလေး အရင်တွက်ကြည့်လိုက်ရအောင်။ GSM ဆို တစ်ရက်ကို ၂ ကျပ် x ၆၀ မိနစ် x ၂၄ နာရီ = ၂,၈၈၀ ကျပ်၊ WCDMA ဆို ၄ ကျပ် x ၆၀ မိနစ် x ၂၄ နာရီ = ၅,၇၆၀ ကျပ်လောက် ကုန်ခဲ့ပါတယ်။ Speed က လဲ 2G ဆို 500 Kbps (60KB/S) နဲ့ 3G ဆို 1 Mbps (120KB/S) အများဆုံးပဲရပါတယ်။ နောက်ပိုင်း Telenor တို့၊ Ooredoo တို့ရောက်လာတဲ့အချိန်မှာ Data base နဲ့ စပြောင်းတော့ 1MB ကိုရှစ်ကျပ်ပေးခဲ့ရပြီး package ဝယ်မယ်ဆိုရင်တော့ 1GB ကို ၃,၀၀၀ ကျပ် နီးပါးလောက် ပေးရပါတယ်။ Internet speed ကတော့ အထိုက်အလျောက်တက်လာတာပေါ့လေ။ အခုလဲ mobile internet နဲ့သုံးရင် package ဝယ်ရင်တောင် 1 GB ကို ၁,၅၀၀ ကျပ် နဲ့ ၂,၀၀၀ ကျပ် ကြား ပေးနေရတုန်းပါပဲ။ ပြီးတော့ Redlink က မတန်တဆ ဈေးကြီးပေးပြီး သုံးခဲ့ကြရတာကိုရော မှတ်မိကြသေးလားမသိဘူး။ ကျွန်တော်အပေါ်မှာပြောခဲ့တာတွေက ဟိုးအရင်က ကျွန်တော်တို့အင်တာနက်သုံးဖို့အတွက် မတန်တဆတွေ ပေးခဲ့ရပြီး လိုင်းတွေလဲအရမ်းစုတ်ပြတ်ခဲ့တယ်ဆိုတာ ပြန်အမှတ်ရစေဖို့ပါ။ မတူညီတဲ့ Mobile Internet နဲ့ Fiber တို့ Wifi တို့လို Unlimited Internet Provider တွေကို နှိုင်းယှဉ်ပြနေတာမဟုတ်ပါဘူး။ အဲ့တော့ ဘာကြောင့် unlimited internet တပ်သင့်လဲဆိုတာကို အချက် ၃ ချက်နဲ့ကျွန်တော်ရှင်းပြပါမယ်။

1) Price
အရင်က RED Link တို့ ရတနာပုံတယ်လီပို့တို့ ဈေးကြီးတယ်ဆိုတာ အပြိုင်အဆိုင်နည်းလို့ပါ။ အခုနောက်ပိုင်း ISP (Internet Service Provider) တွေမှိုလိုပေါက်လာတဲ့ခေတ်မှာ အပြိုင်အဆိုင် ဈေးတွေလျှော့လာကြပါပြီ။ 2mbps(240KB/s) လိုင်းကိုတစ်လကို ၃၀,၀၀၀ ကျပ် လောက်ပဲပေးရပါတော့တယ်။ 2mbps ဆိုတာ YouTube 720p ကို Streaming ကောင်းကောင်းလုပ်နိုင်ပါတယ်။ ပုံမှန် Social Network တွေပဲသုံးမယ်ဆိုရင် လေးယောက်လောက်ကောင်းကောင်းသုံးလို့ရပါတယ်။ အဲ့တော့ ပြန်တွက်ကြည့်ပါ။ အိမ်ကမိသားစုမှာ အင်တာနက်အတွက် တစ်ရက်ကို ဖုန်းဘေ ဘယ်လောက်ကုန်နေလဲ? နှစ်ယောက်သုံးယောက်ပေါင်းလို့ တစ်ရက် ၂,၀၀၀ ကျပ် လောက်ကုန်နေတယ်ဆိုရင်တောင် Unlimited Internet တပ်လိုက်ရင် တစ်လကိုသုံးသောင်းလောက် ချွေတာပြီးသားဖြစ်သွားမှာပါ။

2) Coverage Area
အရင်က FTTH တို့ WIFI တို့ဆိုတာတွေ သုံးခဲ့ကြတုန်းက Coverage Area က ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက်ပဲ ရခဲ့တာပါ။ အခု လှိုင်သာယာတို့လို၊ မြောက်ဒဂုံတို့လို မြို့စွန်တွေမှာပါ ရနေပါပြီ။ တကယ်လို့ ကိုယ်နေတဲ့ နေရာမှာ Coverage မရသေးဘူးဆိုရင်တောင် တချို့ ISP (Internet Service Provider) တွေက တိုင်ထပ်စိုက်ပြီး ဝန်ဆောင်မှုပေးတာမျိုးရှိပါတယ်။ လိုင်းတွေကလဲ အခုနောက်ပိုင်းတော်တော်လေးငြိမ်လာပါပြီ။ တစ်ခါတလေ လိုင်းကျတာမျိုးရှိတတ်ပေမယ့် အမြဲလိုလိုတော့ လိုင်းအပြည့်ရပါတယ်။

3) Unlimited! Unlimited! Unlimited!!!
အရေးကြီးတာဆိုရင် သုံးခါပြောရပါတယ်။ ဟုတ်ပါတယ် Unlimited (အကန့်အသတ်မဲ့) ပါ။ အချိန်တိုင်းမှာ Internet Access ရနေမယ် (မီးလာနေမယ်ဆိုရင်ပေါ့လေ) ၊ Data ကိုလဲခဏခဏ စစ်ကြည့်နေစရာမလိုဘူး။ ကြိုက်သလောက် video ကြည့်၊ ကြိုက်သလိုသုံးအေးဆေးပါပဲ၊ အိမ်က PC ကို အလုပ်ကနေ ထိန်းချုပ်လို့ရနေမယ်။ Spotify တို့ Youtube တို့ကနေ သီချင်းတွေ တစ်ချိန်လုံးဖွင့်ထားလို့ရမယ်။ ကိုယ်သင်ချင်တာကို လိုင်းပေါ်ကတဆင့် YouTube တို့ How to တို့ကနေ သင်လို့ရမယ်။ လိုချင်တဲ့ file တွေကြိုက်သလောက် Download ဆွဲလို့ရမယ်။ စီးပွားရှာတတ်ရင် Download ဆွဲထားတဲ့ File တွေပါပြန်ရောင်းလို့ရပါသေးတယ်။ 😀 တကယ်ပါ Mobile Data နဲ့သုံးရတဲ့ Feel နဲ့ ဘာမှကိုမဆိုင်ပါဘူး။

ဒီလောက်ဆို ဘာကြောင့် Unlimited Internet တပ်သင့်တယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်။ တကယ်လို့ ကိုယ်က အပြင်ထွက်များတဲ့သူ အင်တာနက်သိပ်မသုံးဖြစ်တဲ့သူဆိုရင်တော့ တပ်သင့်မတပ်သင့်ကို နည်းနည်းတော့ ပြန်စဉ်းစားကြည့်သင့်ပါတယ်။ ဒါပေမယ့် ISP (Internet Service Provider) ရွေးချယ်ရာမှာတော့ သက်ဆိုင်ရာ user group တွေထဲ နည်းနည်းဝင်ကြည့်ပြီးမှ ရွေးချယ်ဆုံးဖြတ်စေချင်ပါတယ်။ ဂျင်း ISP (Internet Service Provider) တွေရှိနေသေးလို့ပါ။ တကယ်လို့ ရွေးချယ်ရခက်နေရင်တော့ သေချာနားလည်ပြီး လက်ရှိအသုံးပြုနေတဲ့သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။ တကယ်လို့ ဒီ Article လေးကိုအသုံးဝင်တယ်လို့ထင်ရင် ကျွန်တော့် Technoland Page လေးကို Like လုပ်ပေးပါဦး။ နောက်လဲ ဒီထက်ပိုကောင်းတဲ့ Article တွေတင်ပေးသွားပါဦးမယ်ဗျ။

Moe Kyaw Aung
Content Writer
Technoland Computer Trading Co., Ltd.

#Technoland Smartphone Promotion

ဇွန်လထဲမှာ မိုဘိုင်းဖုန်းဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒါလေးကို သေချာဖတ်ကြည့်လိုက်နော် !

ဇွန်လအတွင်း ကျွန်တော်တို့ Technoland မှာ Samsung, Huawei, LG နဲ့ Sony စမတ်ဖုန်းဝယ်ယူသူတိုုင်းကို ပြန်အမ်းငွေအဖြစ် ငွေကျပ် ၇ ထောင်ကျပ်ကနေ ၇ သောင်းကျပ်အထိ ပေးမယ့်အပြင် Technoland ရဲ့ အခြား လက်ဆောင် ပစ္စည်းများကိုပါ ထည့်သွင်းပေးသွားမှာပါ။

ဒါကြောင့် ဇွန်လထဲမှာ ဖုန်းဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Technoland ကိုသာ အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

မိုးရွာလို့ ကိုယ်တိုင်လာမဝယ်ချင်ဘူးဆိုရင်လည်း ဖုန်းနံပါတ် 09- 97003 5101 ~ 04 ကို ဖုန်းလေးဆက်ပြီး မှာလိုက်ရုံပါပဲ။ မြို့နယ်အလိုက် အသက်သာဆုံးပို့ခတွေနဲ့ ပို့ပေးနေပြီနော် 😉

ဖုန်းဈေးနှုန်းတွေကို ဒီ link ကနေတဆင့် ဝင်ကြည့်နိုင်ပါတယ်။

#Sony Smartphone Promotion

ဇွန်လ ၁ ရက်နေ့ကစလို့ ၇ ရက်နေ့အထိ ကျွန်တော်တို့ရဲ့ Technoland မှာ Sony ဖုန်းဝယ်ယူအားပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း Sony ကျောပိုးအိတ်လေးနဲ့ ရေဗူးလေးကို ပြန်ပြီး မေတ္တာလက်ဆောင်အဖြစ် ပြန်ပေးသွားမယ်ဆိုတာလေးကို သတင်းကောင်းပါးလိုက်ပါတယ်နော်

#Meizu Smartphone promotion

Technoland မှာ Meizu စမတ်ဖုန်းလေးတွေ ဝယ်ယူအားပေးပြီး ပုံမှာပြထားတဲ့ လက်ဆောင်ပစ္စည်းလေးတွေ ယူကြမယ် ^_^

ပရိုမိုးရှင်းကာလက ဇွန်လ ၁ ရက်ကနေ ၁၀ ရက်နေ့ထိပဲဆိုတော့ မြန်မြန်လေး လာဖို့ ဖိတ်ခေါ်ပါတယ်

#External HDD Promotion

မိုးရာသီကိုရောက်ပြီဆိုတော့ အပြင်သိပ်မထွက်တော့ဘဲ အိမ်မှာနေရင်း ရုပ်ရှင်တို့ ဇာတ်လမ်းတွဲတို့ ကြည့်မယ်လို့ စိတ်ကူးထားရင်တော့ ရုပ်ရှင်တွေ ဇာတ်လမ်းတွဲတွေ ထည့်ဖို့အတွက် External HDD ကောင်းကောင်းလေး တစ်လုံးတော့ လိုနေမှာ အမှန်ပါပဲ။ 😀

ဒါကြောင့်လည်း Technoland က ဇွန်လ ၅ ရက်ကနေ ၃၀ ရက်အထိ External HDD ပရိုမိုးရှင်းလေး လုပ်ပေးလိုက်ပါတယ်နော် ^_^

မိုးရွာနေလို့ ကိုယ်တိုင်လာမဝယ်ချင်ဘူးဆိုရင်လည်း ဖုန်းနံပါတ် 09 97003 5101 ~ 04 ကို ဖုန်းဆက်ပြီး အိမ်အရောက်မှာလို့လည်းရပါတယ်ခင်ဗျာ။ မြို့နယ်အလိုက် အသက်သာဆုံး ပို့ခတွေနဲ့ လိုက်ပို့ပေးနေပါပြီ 😉

ပရိုမိုးရှင်းအစီအစဉ်လေးကတော့

1️⃣️ Transcend အမှတ်တံဆိပ်
🔷1TB/2TB/3TB/4TB ဝယ်ယူသူများကို
🔹 HDD အိတ်, Transcend ထီး နဲ့ TNL ဈေးဝယ်အိတ်

2️⃣️ ADATA အမှတ်တံဆိပ်
🔷1TB ဝယ်ယူသူများကို
🔹 Power Plus Micro USB Cable နဲ့ TNL ဈေးဝယ်အိတ်
🔷2TB ဝယ်ယူသူများကို
🔹Power Plus 3 Ways Extension Cord နဲ့ TNL ဈေးဝယ်အိတ်

3️⃣️ Sillicon Power အမှတ်တံဆိပ်
🔷1TB/2TB/3TB ဝယ်ယူသူများကို
🔹 Silicon Power တီရှပ် နဲ့ TNL ထီး

4️⃣️ WD အမှတ်တံဆိပ်
🔷1TB ဝယ်ယူသူများကို
🔹 Protection Case
🔷2TB/4TB ဝယ်ယူသူများကို
🔹Protection Case နဲ့ Drawstring Bag

5️⃣️ Seagate အမှတ်တံဆိပ်
🔷1TB ဝယ်ယူသူများကို
🔹 HDD အိတ် နဲ့ TNL ထီး
🔷2TB/4TB ဝယ်ယူသူများကို
🔹ဈေးဝယ်အိတ် နဲ့ TNL ထီး
🔷5TB/8TB ဝယ်ယူသူများကို
🔹Water Bottle နဲ့ TNL ထီး တို့ကို မေတ္တာလက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

#Technoland Mid Year SALE Laptop Promotion

မေလ ၂၅ ရက်ကနေ ဇွန်လ ၂၅ ရက်အတွင်း ဝယ်ယူအားပေးသူတိုင်းကိုTechnoland မှာရှိတဲ့ laptop အလုံးတိုင်းကို မူရင်းဈေးထက် ငွေကျပ် တစ်သောင်းခွဲကနေ တစ်သိန်းအထိ သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ Technoland ဆိုင်ခွဲတွေကို အမြန်ဆုံးလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Technoland မှာရရှိနိုင်တဲ့ laptop အမျိုးအစားတွေနဲ့ ဈေးနှုန်းလေးတွေကိုတော့ message box ကနေတဆင့် တောင်းယူနိုင်ပါတယ်ခင်ဗျာ ^_^

ကဲ စိတ်ဝင်စားလို့ ဒီထက်ပိုပြီး အသေးစိတ်ကို သိချင်သွားပြီဆိုရင်တော့ ဖုန်းနံပါတ် 09 -97003 5101 ~ 04 ကို အခုပဲ ဖုန်းဆက်လိုက်တော့နော်! 😉

 

 

 

#Macbook Pro (MPX U2)13-inch Promotion

Window laptop မသုံးချင်ဘူး MacBook ကိုမှ ကိုင်ချင်တယ်ဆိုတဲ့ ချစ်မိတ်ဆွေတွေအတွက် ဒီအချိန်က MacBook ဝယ်ဖို့အတွက် အချိန်ကောင်းလေးပါပဲ
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ Technoland မှာ 13-inch MacBook Pro ကို မူရင်းဈေးထက် ဒေါ်လာ ၁၀၀ သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းပေးနေလို့ပါ။ 😀

ပစ္စည်းအရေအတွက်ကို ကန့်သတ်ထားတာမို့ မြန်မြန်လေး လက်ဦးထားမှ ဖြစ်မယ်နေ်ာ 😉

အရစ်ကျဝယ်ချင်တယ်ဆိုရင်လည်း လစဉ်အရစ်ကျငွေပေးချေစနစ်နဲ့ အများဆုံး ၁၈ လ အထိ ငွေပေးချေလို့ ရနေပါပြီ။

ဒါကြောင့် စိတ်ဝင်စားတယ်ဆိုရင်တော့ Technoland ကို အမြန်ဆုံး ဖုန်းဆက်လိုက်နော် 😉

ဖုန်းနံပါတ် 09 – 97003 5101 ~ 04